အခန်း(၄၀)

29.5K 2.3K 75
                                    

အခန်း(၄၀)

🎶🎶 မယားကိုစိန်နားကပ်🎶🎶အမေ့အတွက်ပဲကြီးလှော်🎶🎶ငါ့သားလေးတော်တော်🎶🎶 တော်တော်🎶🎶အမေ့အတွက်ပဲကြီးလှော်🎶🎶

မနက်ခင်းနေရောင်ခြည်ဖြိုးဖျဖျအောက်ရှိကျယ်ဝန်းတဲ့ခြံကြီးတစ်ခုထဲတွင်လူတစ်ယောက်ရဲ့သီချင်းဆိုသံကဆူညံလို့နေ၏။ထိုလူ့ရဲ့ပုံစံကိုကြည့်ရတာအရမ်းကိုပျော်နေပုံရသည်။မျက်နှာကလည်းပြုံဖြီးနေလိုက်တာများရွှေထုတ်ကြီးကောက်ရထားတဲ့အတိုင်းပင်...။

အင်္ကျီရင်ဘတ်ဟပြဲနဲ့လုံချည်ကိုကျစ်နေအောင်ခါးတောင်းကျိုက်ထားတဲ့ထိုလူကကိစ္စတစ်ခုကိုသဲကြီးမဲကြီးလုပ်နေလေရဲ့...။

" ဖောင်း...ဖောင်း..."

လက်ထဲကအဖြူရောင်ပိတ်စတွေကိုသန့်သွားအောင်ခပ်နာနာလေးသူရိုက်လျှော်လိုက်သည်။ပြီးနောက်ဘေးနားမှာရှိတဲ့စည်ပိုင်းထဲကရေတစ်ခွက်ခပ်ကာထိုအနှီးတွေပေါ်ကိုလောင်းချလိုက်၏။

" အင်...ဒီလောက်ဆိုရပြီ..."

လက်ထဲကလျှော်ပြီးသားအနှီးတွေကိုရေစစ်သွားအောင်အားနဲ့မိုးညိုညစ်လိုက်၏။ပြီးနောက်ပြောင်လာ၊မပြောင်လားပိုသေချာအောင်လျှော်ထားတဲ့အနှီးတွေကိုနမ်းကြည့်လိုက်သည်။ဘာအနံ့မှမနံတော့ဘူးဆိုတော့ပြောင်လောက်ပါပြီ...။

" ရပြီ..."

သို့နှင့်လျှော်ထားတဲ့အနှီးတွေကိုဘေးနားကအမဲရောင်ရေပုံးထဲကိုပစ်ထည့်လိုက်၏။လျှော်ရမယ့်အနှီးတွေကနှစ်ယောက်စာဆိုတော့မနည်းမနောပေ...။ဇလားတစ်လုံးအပြည့်နီးပါးပင်...။ထိုအနှီးတွေကိုမနက်ကတည်းကသူလျှော်နေတာအခုနေ့လယ်ခင်းရောက်တဲ့ချိန်အထိဖြစ်သည်။အခုတော့လျှော်ဖို့ကျန်သေးတဲ့အနှီးကသုံးလေးခုလောက်သာရှိတော့သည်။

" ဟက်...ဟက်...ငါ့သားတွေကပေါက်တာလည်းကြမ်းသလို၊ပါတာလည်းကြမ်းပါလားဟေ့..."

အဖြူရောင်ပိတ်စ​မှာပေါ်နေတဲ့အဝါရောင်အကွက်ကြီးကိုကြည့်ပြီးမိုးညိုခေါင်းရမ်းလိုက်မိသည်။အမြွှာဆိုတဲ့အတိုင်သူ့ရဲ့ကြက်ပေါက်လေးတွေကတစ်ယောက်ပါရင်၊နောက်တစ်ယောက်ထွက်ပြီးသားပင်...။တစ်ညလုံးပေါက်လိုက်၊ပါလိုက်ဆိုတော့မနက်မိုးလင်းလို့လျှော်ဖို့ကြည့်လိုက်ရင်အနှီးထုပ်ကတပွေ့တပိုက်ကြီးဖြစ်သည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now