အခန်း(၂၀)
" ဟောဟဲ...ဟောဟဲ..."
ထန်းတောကနေဝေလေးတို့အိမ်ကိုရောက်တဲ့အထိမရပ်မနားပြေးလာခဲ့တာကြောင့်အပေါ်လေနဲ့အောက်လေကပြတ်ချင်သလိုလိုပင်ဖြစ်သွားမိသည်။ထို့ကြောင့်ခြံထဲကိုမဝင်သေးပဲခြံဝမှာခဏနားနေရသည်။
" ဟောဟဲ...ဝေလေး...ဟူး...ဝေလေး..."
ဝင်သက်ထွက်သက်တွေကမြန်နေတာကြောင့်အသံကလိုသလောက်ထွက်လို့မရဖြစ်နေ၏။သို့နှင့်မြင့်ချည်၊နိမ့်ချည်ဖြစ်နေဆဲရင်ဘက်ကိုလျစ်လျူရှုပြီးခြံထဲကိုမိုးညိုပြေးဝင်လိုက်သည်။
ကိုမိုးညိုလာပြီ ဝေလေး...။
မနှေးမမြန်ခြေလှမ်းတွေနဲ့အိမ်ထဲကိုပြေးဝင်လာပြီးတဲ့နောက်အိမ်ပေါ်ကိုတက်ဖို့ခြေလှမ်းပြင်လိုက်စဥ်....
" အဟင့်...အီး...ဟီး...ရွှတ်..."
အိမ်ပေါ်ကနေထွက်လာတဲ့ငိုသံသဲ့သဲ့...။လှေကားထစ်မှာပဲမိုးညိုရဲ့ခြေထောက်တွေကခွေကျသွားရသည်။
တကယ်ပဲဝေလေးကသူ့ကိုထားခဲ့ပြီလား...။
ထိန်းချုပ်မရတဲ့အတွေးတို့ကြောင့်လူကရင်ထဲမှာဝုန်းဒိုင်းကြဲကာနှလုံးခုန်သံတွေလည်းအရင်ကထက်မြန်ဆန်လာခဲ့၏။ကိုယ်မြတ်နိုးရတဲ့လူသားလေးကအခုလိုရုတ်တရပ်ထဖြစ်သွားတယ်ဆိုတော့သူဘယ်လိုဖြေသိမ့်ရမလဲ...။
ကိုမိုးညိုဘာမှတောင်မဘာရသေးပါလား ဝေလေးရယ်...။
" ဟင့်...အီး...ရွှတ်...ဗျစ်...ရွှတ်..."
ငိုသံနဲ့ရောပြီးထွက်လာတဲ့နှာချေးညှစ်သံကြားတော့မှဝေလေးဆီကိုသွားကြည့်ဖို့သူသတိရတော့သည်။သို့နှင့်ကျဥ်နေတဲ့ခြေထောက်ကိုတစ်ချက်နှစ်ချက်ထုပြီးအိမ်ပေါ်ကိုဖြည်းဖြည်းချင်းမိုးညိုတက်လိုက်သည်။
" ဟင့်...ဟီး...ရွှတ်..ဗျစ်..."
အိမ်ပေါ်ရောက်ရောက်ချင်းပထမဆုံးမြင်လိုက်ရတာကစောင်နဲ့ဖုံးထားတဲ့ဝေလေးရဲ့ခြေထောက်နှစ်ချောင်း...။
တကယ်ပဲလား ဝေလေးရယ်...။
လက်မခံချင်ပေမယ့်လည်းကိုယ့်မျက်စိရှေ့တည့်တည့်မှာမြင်နေရတဲ့အရာကြောင့်သူလက်ခံရပေတော့မည်။မခံစားနိုင်တော့တဲ့အဆုံးအိမ်တံခါးမကြီးလက်သီးနဲ့သူထုချလိုက်မိသည်။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...