အခန်း(၃၇)

31.8K 2.5K 155
                                    

အခန်း(၃၇)

" ဗျို့...ကိုကြီးညို..."

​နွားစာစဥ်းနေတဲ့ကျွဲကြီးကပခုံးပေါ်မှာထမင်းတောင်းကြီးကိုထမ်းကာရေးကြီးသုတ်ပြာသွားနေတဲ့မိုးညိုကိုလှမ်းမြင်လိုက်တာကြောင့်အော်ခေါ်လိုက်၏။ကိုကြီးညိုကိုကြည့်ရတာအရမ်းကိုအရေးကြီးနေပုံရသည်။ခြေလှမ်းတွေကလိုတာထက်ကိုပိုမြန်လို့နေ၏။

" ဟေ..."

" ထုံးစံအတိုင်းပဲလား..."

" အေး...ထုံးစံအတိုင်းပဲပေါ့ကျွဲကြီးရာ..."

" ဟား...ဟား..."

ကျွဲကြီးရဲ့အမေးကိုဖြေပြီးတာနဲ့တန့်သွားတဲ့ခြေလှမ်းတွေကိုခပ်သွက်သွက်လေးမိုးညိုအရှိန်ပြန်တင်လိုက်၏။သူ့အကြောင်းကိုသိတဲ့ကျွဲကြီးကတော့အနောက်မှာတဟားဟားနဲ့အော်ရယ်ရင်းကျန်နေခဲ့လေသည်။

မလှမ်းလို့လည်းမရ...။

ဝေလေးရဲ့နေ့လယ်ခင်းကျောင်းဆင်းတဲ့အချိန်ကနီးနေပြီဖြစ်သည်။ဒါကြောင့်သူ့ခြေလှမ်းတွေကပုံမှန်ထက်ကိုသွက်နေတာဖြစ်၏။အခုဆိုဝေလေးရဲ့ကိုယ်ဝန်က(၄)လကျော်(၅)လထဲကိုရောက်လာပြီမို့အချိန်တိုင်းစိတ်ပူနေရတဲ့အပြင်ဒီခလေးရဲ့စားချိန်၊အိပ်ချိန်၊ဆေးသောက်ချိန်မှန်အောင်လည်းသူအမြဲဂရုစိုက်ပေးနေရသည်။

သူ့သဘောအတိုင်းဆိုရင်တော့ကျောင်းကိုမသွားစေချင်တော့ပေ...။ကိုယ့်မှာလည်းမပေါ့မပါးကြီးနဲ့မဟုတ်လား...။ဒါပေမယ့်ဒီခလေးကအရမ်းကိုခေါင်းမာလွန်းသည်။

" မွေးခါနီးနှစ်လအလိုလောက်မှခွင့်ယူမယ် " တဲ့လေ...။

အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးဝေလေးနဲ့သူအကြီးအကျယ်စကားများရသေးသည်။သို့သော်လည်းနောက်ဆုံးမှာ​သူ့သဘောအတိုင်းကိုယ်ကပဲအ​လျှော့ပေးလိုက်ရ၏။အဲ့ဒီနောက်မှာတော့သူလည်းလယ်ကိုဟိုနှစ်ကောင်ရဲ့လက်ထဲထိုးထည့်ပြီးဝေလေးသွားလေရာနောက်ကိုတကောက်ကောက်လိုက်ရတော့သည်။

ကျောင်းဖွင့်တဲ့ရက်တွေဆိုဝေလေးရောသူပါကျောင်းမှာတစ်နေကုန်ရှိနေတတ်သည်။ဝေလေးစာသင်နေတဲ့အချိန်ဆိုကိုယ်ကသူ့ဘေးနားမှာထိုင်ပြီးစောင့်ကြည့်နေရ၏။တစ်ခါတစ်လေဒီခလေးကဗိုက်ကိုမေ့ပြီးလုပ်ချင်ရာကိုလုပ်နေတဲ့အတွက်သူမှာအမြဲစိတ်ပူနေရသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now