အခန်း(၄၆)
" အမေ...သားစိတ်ချမယ်နော်..."
" စိတ်ချစမ်းပါသားရယ်...ပေး...မြေးလေးတွေကို..."
သူ(မ)ကိုစိုးရိမ်သလိုကြည့်နေတဲ့သားဖြစ်သူကိုဒေါ်ချိုမြစိတ်မရှည်တော့ပေ...။တကယ်ဆိုသူ(မ)လည်းမိခင်တစ်ယောက်သာပင်...။ပြီးတော့အမြွှာလေးနှစ်ယောက်ရဲ့အဖွားရင်းခေါက်ခေါက်...။
ဒါကိုဒီကလေးဘာတွေစိုးရိမ်နေလည်းမသိပေ...။
" အဲဒါဆို...သားသွားတော့မယ်နော် အမေ...အမြွှာလေးတွေနိုးလာရင်တိုက်ဖို့အိတ်ထဲမှာနို့ဘူးရှိတယ်..."
" အေးပါ..."
သွားမယ်လို့သာပါးစပ်ကပြောတာ၊လူကတော့အမြွှာလေးတွေရဲ့အနားကနေမခွာနိုင်ပေ...။ဒီအတိုင်းသာရဝေရပ်နေမိသည်။
" ဟိုလေ...အမေ...အမြွှာလေးနှစ်ယောက်ကနိုးလာရင်လေငိုတတ်..."
" ကဲ...ရဝေ...နင်ဒီတစ်သက်ကျောင်းသွားဖြစ်ဦးမှာလား..."
ခပ်ရွဲ့ရွဲ့လေးမေးလာတဲ့အမေ့ရဲ့စကားကြောင့်ရဝေရယ်ကျဲကျဲဖြစ်သွားရသည်။အမေကသူ့ကိုစိတ်မရှည်တော့ဘူးဖြစ်မည်။မျက်စောင်းတွေတရစပ်ပစ်လာ၏။
သူကလည်းသူပဲ...။
ဘာကိုတွေးပူလို့တွေးပူနေမှန်းကိုမသိပေ...။
" ငါလည်းမိခင်တစ်ယောက်ပါပဲဟယ်...ကလေးတစ်ယောက်ကိုဘယ်လိုထိန်းရမလဲဆိုတာကောင်းကောင်းကြီးငါနားလည်တယ်...အဲတော့...နင်သွားစရာရှိတာကိုစိတ်ဖြောင့်ဖြောင့်နဲ့သွား..."
ဒီတစ်ခါတော့သူတကယ်သွားမှရတော့မည်။ဆက်ပြီးအထွန့်တက်နေလို့မဖြစ်တော့ပေ...။တော်ကြာ " ရော့...နင့်ကလေးငါမထိန်းပေးတော့ဘူး..." ဆိုမှဒုက္ခ...။
ပြောလို့ရတာမဟုတ်ဘူး...။ဒေါ်ချိုမြဆိုတဲ့သူ့ရဲ့အမေကအများနဲ့မတူတဲ့ကွမ်းတောရွာသူ...။
ဒီနေ့မှကိုမိုးညိုကော၊သူပါမအားကြပေ...။ကျောင်းဖွင့်ရက်မို့သူလည်းကျောင်းသွားရမှာဖြစ်သလို၊ကိုမိုးညိုကလည်းမနက်အစောကြီးလယ်ထဲဆင်းကာစပါးရိတ်နေရ၏။နှစ်ယောက်လုံးမအားကြတော့အမြွှာလေးနှစ်ယောက်ကိုအမေ့ဆီမှာလာထားရတော့သည်။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...