အခန်း(၂)

53.2K 4.7K 112
                                    

အခန်း(၂)

" ဟျောင့်...မြန်မြန်လာစမ်း..."

" လာပါပြီ ကိုကြီးညိုရဲ့..."

ကိုကြီးညိုထိုင်နေတဲ့ဝိုင်းကိုခလုတ်မတိုက်ရုံတမယ်ဖိုးစီပြေးသွားရသည်။ထို့နောက်ယူလာတဲ့ထန်းရည်အိုးကိုစားပွဲခုံပေါ်ကိုချပေးဖို့လုပ်တုန်းမိုးညိုကဖျက်ခနဲ့ဆွဲယူလိုက်လေသည်။ကြွက်ကင်ပန်းကန်ကိုကြည့်တော့လည်းပန်းကန်ပြားသာရှိတော့သည်။ကြွက်ကင်ကမိုးညိုလက်ထဲမှာခန့်ခန့်ကြီး...။

ပြောပါတယ်...။

'မိုးညိုမောင်'ဆိုတာလက်ကမော်တာတပ်ထားသလိုမြန်ပါတယ်ဆိုတာ...။

" လခွီး...ကြွက်ကလည်းအရင်ဘဝကမော်ဒယ်သေလို့ဝင်စားတာလားမသိဘူး...ပိန်လိုက်တာမှ..."

မိုးညိုရဲ့စကားကြောင့်ဖိုးစီမျက်နှာကရွဲခနဲ့ဖြစ်သွားလေသည်။သို့သော်မိုးညိုရှေ့မှာတော့မရွဲ့ရဲပေ...။မျက်နှာလေးစောင်းပြီးတော့ရွဲ့ရသည်။တော်ကြာကိုကြီးညိုကိုင်ထားတဲ့ထန်းရည်အိုးကဖိုးစီရဲ့ခေါင်းကိုလာကျီစယ်လိမ့်မည်။

သူ့ကြွက်ကိုများပိန်တယ်လို့ပြောရက်ပါ့...။ဒီနယ်တခွင်မှာဖိုးစီဆိုင်ကကြွက်ကင်ဆို'လေထိုးထားသလားအောက်မေ့ရအောင်ဝတယ်'လို့စားတဲ့သူတိုင်းချီးမွှန်းနေကျ...။

သူ့အလှည့်ကျမှ...။

မိုးညိုအပေါ်ဖိုးစီရဲ့မကျေနပ်ချက်တွေကရင်ထဲမှာတော့မီးလိုလောင်ကျွမ်းလို့နေ၏။

" ဟျောင့်...ဖိုးစီ..."

" ဗျာ...ကိုကြီးညို..."

မကျေနပ်တာကမကျေနပ်တာပဲ..။မိုးညိုခေါ်ရင်တော့ချက်ခြင်းထူးရမှာကဖိုးစီရဲ့တာဝန်...။

" သွား...နောက်တစ်အိုးသွားယူ..."

" ဟုတ်ကဲ့ ကိုကြီးညို..."

မိုးညိုရဲ့ခိုင်းစေချက်ကြောင့်ဖိုးစီကအနားကနေခပ်သုတ်သုတ်လေးပြေးထွက်သွားလေ၏။ဗိုက်ထဲကိုအရည်လေးဝင်သွားတော့မှပဲလူကနေသာထိုင်သာရှိသွားတော့သည်။မဟုတ်ရင်လူကဘာလုပ်လုပ်အဆင်ကိုပြေမနေပေ...။ထိုစဥ်မိုးညိုရဲ့အနားကိုခပ်ကုတ်ကုတ်လေးလာနေကြတဲ့ဝတုတ်နဲ့ငကျော်...။ဝတုတ်နဲ့ငကျော်ဆိုတာကမိုးညိုရဲ့ဘက်လက်ရုံးနဲ့ညာလက်ရုံးသောက်ဖော်၊သောက်ဖက်တပည့်ကျော်တွေဖြစ်သည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now