အခန်း(၁၀)
ဒီနေ့တော့မိုးညိုနဲ့ရဝေတို့နှစ်ယောက်မြို့တက်ပြီးလိုအပ်တဲ့ပစ္စည်းတွေဝယ်ရမယ့်နေ့ဖြစ်သည်။ရဝေကတော့မသိ...။မိုးညိုတစ်ယောက်ကတော့မြို့တက်ရမယ်ဆိုလို့ညကတည်းကအိပ်လို့မပျော်ပေ...။အုန်းမောင်းမခေါက်ခင်အချိန်ပိုင်းအလိုလေးမှသာတစ်မှေးအိပ်ပျော်သွားလေသည်။
အိပ်လို့မပျော်တာအခြားကြောင့်တော့မဟုတ်ပေ...။လူချောလေးနဲ့နှစ်ယောက်အတူမြို့တက်ရမယ်ဆိုလို့စိတ်လှုပ်ရှားနေခြင်းသာဖြစ်သည်။အိပ်ရေးပျက်ပေမယ့်လည်းလူချောလေးရဲ့မျက်နှာကိုတွေ့လိုက်ရတဲ့အတွက်လူကအားတွေချက်ခြင်းပြည့်လာခဲ့၏။
" ကိုမိုးညို..."
" ဗျာ...."
" သူကြီးပေးလိုက်တဲ့ငွေနဲ့စာရင်းစာရွက်ပျောက်မယ်နော်...သေချာလည်းသိမ်းဦး..."
" မပျောက်စေရပါဘူး လူချောလေးရာ...ဒီကကိုမိုးညိုကသေချာသိမ်းထားပါတယ်..."
" အဲတာဆိုလည်းပြီးတာပဲ..."
စိတ်ပူလို့ပြောလိုက်ပေမယ့်မိုးညိုဆိုတဲ့လူကရင်ဘက်ကိုပုတ်ပြပြီးအာမခံနေတဲ့အတွက်သူလည်းထပ်မပြောတော့ပေ...။တကယ်ဆိုဒီလူကသူ့ထက်အငယ်မှမဟုတ်တာ...။ပြီးတော့သူ့ထက်လည်းလည်ဝယ်သည်။
" ဟေ့...မိုးညို...ငါဘယ်အချိန်လောက်လာပြန်ကြိုရမလဲ...မင်းတို့ကို..."
သူတို့နှစ်ယောက်ကိုလှည်းနဲ့ရွာထိပ်အထိလိုက်ပို့ပေးတဲ့ကိုထင်ပေါ်ကပြန်ခါနီးလာကြိုရမယ့်အချိန်ကိုလှမ်းမေးလေသည်။ကိုထင်ပေါ်ရဲ့အမေးကိုမိုးညိုကချက်ခြင်းပြန်မဖြေသေးပဲမြို့ရောက်ရင်ဝယ်ရခြမ်းရမယ့်အချိန်ရယ်၊ပစ္စည်းကတစ်နေရာတည်မှာအကုန်မရနိုင်တဲ့အတွက်လိုက်ဝယ်ရမယ့်အချိန်ကိုခဏစဥ်းစားပြီးတွက်ချက်နေမိသည်။
" နွားရိုင်းသွင်းချိန်လောက်လာကြိုလိုက် ကိုထင်ပေါ်...သြော်...ပြီးတော့ ခင်ဗျားတစ်ယောက်တည်းမလာခဲ့နဲ့...ရွာကကာလသားလေး၊ငါးယောက်လောက်ပါခေါ်ခဲ့လိုက်..."
" ပစ္စည်းတွေကနည်းမှာမဟုတ်ဘူး...လှည်းငါးစီးလောက်နဲ့မှဆံ့မှာ...ကျွန်တော်ပြောတာနားလည်လား..."
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...