ဇာတ်သိမ်းပိုင်းဒီနေ့ကမိုးလေကင်းလွတ်သောလရာသီရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ထို့ကြောင့်လပြည့်နေ့ရောက်တိုင်းနှစ်စဥ်ရိုးရာမပျက်ရွာဦးစေတီမှာကျင်းပတဲ့ဆီမီးထွန်းပွဲကိုမိုးညိုတို့မိသားစုသွားကြမှာဖြစ်၏။
" ဖေ...ရာရို့..."
" ခဏလေးပါ သားရယ်...ဖေ...ဒီမှာအိမ်တံခါးပိတ်လိုက်ဦးမယ်..."
အသည်းအသန်ကိုလက်ယပ်ခေါ်နေတဲ့သူ့ရဲ့သားတော်မောင်ကိုရွှေမဟာရယ်ပါ...။ပုံစံကမသိရင်စျေးဆိုင်တွေမှာထားတဲ့လာဘ်ခေါ်ကြောင်လေးတစ်ကောင်လိုမျိုးဖြစ်နေ၏။သားတော်မောင်ရဲ့အမူအရာကိုကြည့်ပြီးမိုးညိုခေါင်းရမ်းလိုက်မိသည်။
ဒီကလေးအတော့်ကိုသွားချင်နေလေပြီ...။
ဝတ်ထားတဲ့ပိုးပုဆိုးလေးကိုလက်နှစ်ဖက်နဲ့မ,ကိုင်ပြီးဟိုပြေး၊ဒီပြေးလုပ်နေတဲ့သားဖြစ်သူကိုမိုးညိုသဘောတွေကျနေမိသည်။သူ့ခမျာလမ်းမထက်ကလူအုပ်ကြီးကိုအပြေးလေးသွားကြည့်လိုက်၊အိမ်တံခါးသော့ခတ်နေတဲ့သူ့ကိုအသည်းအသန်လာပြေးခေါ်လိုက်နဲ့တစ်ယောက်တည်းဗျာများနေရသည်။
အခုလည်းသူ့ကိုခေါ်ပြီးတာနဲ့ခြံဝကိုပြေးသွားပြန်ပြီ...။
သို့သော်မျက်နှာလေးကတော့အရင်လိုကြည်ကြည်လင်လင်မရှိတော့ပေ...။" ခဏနေပါဦး " လို့ပြောလိုက်မိတာကြောင့်မျက်နှာလေးကစူပုပ်ပုပ်လေးဖြစ်သွားတဲ့အပြင်နှုတ်ခမ်းလုံးလုံးလေးကလည်းအရှေ့ကိုထော်ထွက်သွားလေ၏။မငိုချလိုက်လို့သာတော်သေးသည်။
ဖအေဖြစ်သူရဲ့စကားကြောင့်မဟာကနှုတ်ခမ်းလေးကိုမသိမသာစူလိုက်၏။အရမ်းကိုသွားချင်နေပါပြီဆို " ခဏနေပါဦး " တဲ့လား...။တော်ကြာနောက်ကျသွားလို့ဆီမီးထွန်းပွဲပြီးသွားရင်ဘယ်လိုလုပ်မလဲ...။ပြီးတော့သူလိုချင်တဲ့သေနတ်လည်းအဲဒီအချိန်ကျရင်ရှိတော့မှာမဟုတ်ပေ...။ဒါကြောင့်သူအလျင်လိုနေမိတာဖြစ်သည်။
တစ်နှစ်မှတစ်ခါသာကျင်းပတဲ့ဆီမီးထွန်းပွဲကိုသူသွားချင်နေပြီ...။ပြီးတော့စျေးတန်းမှာချရောင်းတဲ့သေနတ်ကြီးကိုလည်းသူဝယ်ချင်နေပြီ...။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...