အခန်း(၃၁)
" အာစိ...ဗျို့...အာစိ..."
ပူပြင်းလှတဲ့နေရောင်ကိုအံတုကာခြေလှမ်းကျဲကြီးတွေနဲ့နေရာတစ်ခုဆီဦးတည်လျှောက်လှမ်းနေတဲ့မိုးညိုကိုဝတုတ်ကထန်းတောထဲကနေလှမ်းခေါ်လိုက်၏။အာစိကိုကြည့်ရတာလယ်ထဲကနေပြန်လာပုံရသည်။
" ဝေ့..."
" ဘယ်သွားမလို့တုန်းဗျ...လာပါဦး..."
အာစိကိုထန်းတောထဲလာတယ်လို့သူတို့ကထင်နေတာ...။
တကယ်တော့မဟုတ်ပေ...။
အာစိကထန်းတောထဲဝင်မလာပဲရွာထဲကိုသွားနေတာဖြစ်သည်။ထန်းတောကိုမမြင်ယောင်ချင်ယောင်ဆောင်ပြီးသွားနေတဲ့အာစိကိုပထမဆုံးအကြိမ်သူတို့တွေ့ရခြင်းပင်...။
မိုးလင်းကနေမိုးချုပ်ထိထန်းတောမှာပဲအချိန်ကုန်ခဲ့တဲ့သူတို့ရဲ့အာစိကအခုတော့ထန်းတောကိုသူစိမ်းဆန်နေပြီတဲ့လား...။
အိမ်ထောင်ကျသွားလို့များလား..။
ထန်းတောထဲကနေသူ့ကိုလှမ်းခေါ်နေတဲ့တပည့်ကျော်နှစ်ကောင်ရှိရာဆီမိုးညိုလျှောက်သွားလိုက်သည်။ဒီကောင်တွေကသူ့ထက်တောင်ဝီရိယကောင်းနေပါလား...။
သူ့မှာတော့ထန်းတောဘက်ကိုမလှည့်နိုင်တာနှစ်ရက်တောင်ရှိနေပြီဖြစ်သည်။အိမ်ထောင်ကျသွားပြီးကတည်းကဆိုပါတော့...။
" ဘယ်ကပြန်လာတာတုန်းအာစိရဲ့...ထိုင်ပါဦး..."
" ငခွေးတို့ဆီကပြန်လာတာလေကွာ..."
ထန်းတောကိုဖြတ်သန်းတိုက်ခတ်လာတဲ့လေကပူနေတာကြောင့်ခေါင်းမှာဆောင်းထားတဲ့ခမောက်ကိုချွတ်ကာမိုးညိုကယက်ခပ်လိုက်သည်။အရိပ်ထဲရောက်လာပေမယ့်လည်းအပူရှိန်ကမကျသေးတဲ့အတွက်လူကတစ်ကိုယ်လုံးပူအိုက်နေ၏။ခန္ဓာကိုယ်တစ်ခုလုံးလည်းချွေးတို့ကရေချိုးထားသလားအောက်မေ့ရအောင်စီးကျနေလေရဲ့...။
" ရော့...အာစိ...အမောပြေလေးလုပ်လိုက်..."
ငကျော်ကမ်းပေးတဲ့ခွက်ကိုမိုးညိုကလှမ်းယူလိုက်သည်။ပြီးနောက်အချစ်ဦးလေးကိုမသောက်ခင်အရင်ဆုံးသူနမ်းလိုက်သည်။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...