အခန်း(၃၃)

32.9K 2.6K 129
                                    

အခန်း(၃၃)

(၂) လခန့်ကြာပြီးတဲ့နောက်....

" ဝေ...မသွားပါနဲ့ကွာ...နော်..."

" နော်လို့...ဝေ..."

" ကျစ်...ကိုမိုးညို..."

အနောက်ကနေတကောက်ကောက်လိုက်ပြီးပွစိပွစိလုပ်နေတဲ့ကိုမိုးညိုကြောင့်သူစိတ်တွေတိုလာရသည်။သူအိမ်ရှေ့ထွက်လည်းအနောက်ကလိုက်သည်။အိမ်အောက်ဆင်းလည်းအနောက်ကလိုက်ပြန်သည်။အခုလည်းမီးဖိုးဆောင်ထဲမှာလူကအလုပ်ရှုပ်နေပါတယ်ဆိုအနောက်ကနေထပ်ကြပ်မကွာလိုက်ကာခလေးတစ်ယောက်လိုတတွတ်တွတ်နဲ့လုပ်နေ၏။ကြာတော့လူကနားတွေပူလာခဲ့တော့သည်။

ဒီလူကြီးတစ်ယောက်ကတော့လေ...။

လူကအချိန်မရှိတော့ပါဘူးဆို...။

ဒီနေ့ကကျောင်းစဖွင့်တဲ့နေ့ဖြစ်တာကြောင့်ကျောင်းသွားဖို့အတွက်သူပြင်ဆင်နေခြင်းဖြစ်သည်။ကျောင်းနဲ့အိမ်ကနည်းနည်းလှမ်းတဲ့အတွက်ထမင်းချိုင့်ထည့်သွားမှရမည်။မဟုတ်ရင်လူကအသွားအပြန်နဲ့တင်အချိန်တွေပုပ်သွားနိုင်၏။ထို့ကြောင့်မနက်အစောကြီးထကာထမင်းချိုင့်အတွက်ရော၊ကိုမိုးညိုအတွက်ပါသူပြင်ဆင်ချက်ပြုတ်ရသည်။

မနက်စာချက်နေတုန်းကတော့အကောင်း...။

ကျောင်းသွားဖို့ထမင်းချိုင့်ထည့်ခါနီးမှဇာတ်လမ်းကစလာ၏။အကြောင်းအရင်းကတော့မနေ့ကသူခေါင်းတွေမူးပြီးခဏခဏအန်တာကစသည်။အစားလည်းမမှား၊တစ်ခါမှလည်းဖျားတာနာတာမရှိတာကိုရုတ်တရပ်ထဖြစ်ရတယ်လို့...။ရင်ထဲမှာလည်းတလှပ်လှပ်ဖြစ်ကာခပ်စူးစူးအနံ့ရတာနဲ့ကိုအန်လေသည်။အဲ့ဒီအခြေအနေကြောင့်လူကတစ်နေကုန်အိပ်ယာထဲမှာလဲနေရ၏။

ရုတ်တရပ်ကျန်းမာရေးထဖောက်တဲ့သူ့ကို,ကိုမိုးညိုက "စိတ်ပူလို့ " ဆိုကာကျောင်းမသွားဖို့ပြောတော့သည်။ပြောနေတာကဒီနေ့မှမဟုတ်၊မနေ့ကတည်းကကိုပြောနေတာဖြစ်သည်။သူလည်း " နာအေးရင်ပြီးရော " ဆိုပြီးမနေ့ကပြောသမျှကိုခေါင်းငြိမ့်လက်ခံလိုက်ပေမယ့်ဒီနေ့တော့ " ဘူး " တစ်လုံးသာခံနေမိသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now