အခန်း(၄)" ကိုကြီးညိုရေ့...ဗျို့...ကိုကြီးညို..."
အသံကနားထဲကိုကျယ်ကျယ်လောင်လောင်တိုးဝင်လာခဲ့တာကြောင့်အိပ်ပျော်နေရာမှမိုးညိုနိုးလာခဲ့သည်။သို့သော်ပြန်မထူးပဲဆက်ပြီးမှိန်းနေလိုက်၏။
" ကိုကြီးညို..."
အသံကသူ့ဘေးနားကနေနောက်တစ်ခေါက်ထွက်လာလေတဲ့အခါမျက်လုံးဖွင့်ကြည့်လိုက်တော့ရွာဦးကျောင်းကဘုန်းကြီးကျောင်းသားငပွေးဖြစ်နေ၏။ငပွေးသူ့ဆီကိုလာပုံထောက်ရင်တော့ဘုန်းကြီးကျောင်းမှာကိစ္စတစ်ခုခုရှိလို့ပဲဖြစ်ရမည်။
" ဟျောင့် ငပွေး...ဘာလဲ..."
ညကဘောလုံးပွဲကြည့်ပြီးအိပ်ရေးပျက်ထားတော့လူကစိတ်မကြည်ပေ...။ထို့ကြောင့်ဘုန်းကြီးကျောင်းသားငပွေးကိုခပ်ဆက်ဆက်လေးသူမေးလိုက်၏။
" ကိုကြီးညိုကို ဆရာတော်ကခေါ်ခိုင်းလိုက်လို့..."
သူ့ကိုခေါ်ခိုင်းတယ်ဆိုတော့အလှူခံဖို့ပဲနေမှာပေါ့...။
" အေ...နေ့လည်မှလာခဲ့မယ်လို့ ဆရာတော်ကိုပြန်လျှောက်လိုက်..."
" ဟုတ်ကဲ့...ကိုကြီးညို..."
ငပွေးကသူ့ကိုခေါင်းငြိမ့်ပြပြီးခြံထဲကနေတဟုန်ထိုးပြေးထွက်သွားလေသည်။ထို့နောက်သူလည်းအိပ်ရေးမဝသေးတဲ့အတွက်ပြန်အိပ်ဖို့ပြင်လိုက်စဥ်...
" အာစိရေ...အာစိ...ဗျို့...အာစိ..."
" ကျစ်..."
ညာသံပေးပြီးသူ့ခြံထဲကိုဝင်လာကြတဲ့ငကျော်နဲ့ဝတုတ်...။
လာပြန်ပြီ...။
ဒီနေ့အဖို့တော့သူဆက်အိပ်လို့ရတော့မှာမဟုတ်ပေ...။
" ဟျောင့်တွေ...ခြံဝကနေအော်မနေနဲ့..."
လူကစိတ်မရှည်တော့ပေ...။ထို့ကြောင့်ခြံဝကနေအော်ကြီးဟစ်ကျယ်လှမ်းခေါ်နေတဲ့ဝတုတ်နဲ့ငကျော်ကိုသူလှမ်းကာငေါက်လိုက်၏။ထိုအခါမှသာသကောင့်သားနှစ်ကောင်ကပါးစပ်ကိုလက်နဲ့အသာပိတ်ပြီးသူ့ဆီကိုခပ်ကုတ်ကုတ်လေးလျှောက်လာလေသည်။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...