အခန်း(၆)

44.4K 4.1K 285
                                    

အခန်း(၆)

မနေ့ကဘုန်းကြီးကျောင်းကအပြန်ဖိုးစီရဲ့ထန်းတောဆီခြေဆန့်လိုက်မိတာကြောင့်လူကမိုးချုပ်မှအိမ်ပြန်ရောက်လာခဲ့သည်။အိမ်ပြန်ရောက်တော့ရေမိုးချိုး၊ဟိုလုပ်၊ဒီလုပ်တာနဲ့ပင်သူ့ရဲ့အိပ်ချိန်ကညဥ့်နက်သွားတော့သည်။ပုံမှန်ဆိုဒီလိုညဥ့်နက်မှအိပ်တဲ့အတွက်သူ့ရဲ့အိပ်ယာထချိန်ကနေလယ်ခင်းမှဖြစ်သည်။သို့သော်ဒီနေ့တော့နေ့လယ်ထိအိပ်လို့မရ​ပေ...။

သူကြီးကသူ့အိမ်ကို(၉)နာရီထိုးလာဖို့မနေ့ကမောင်းခတ်ထားတာကြောင့်ဒီမနက်သူစောစောထရသည်။အဲဒီတော့မနေ့ကအမူးမပြေသေးတဲ့ခေါင်းကအိပ်ယာစောစောထရတဲ့အတွက်ကြောင့်နောက်တောက်တောက်ဖြစ်နေတော့သည်။စိတ်ရှိတိုင်းဆိုသူပြန်အိပ်လိုက်ချင်ပေမယ့်ဆရာတော်ကမိန့်ထားတဲ့အတွက်သူကြီးအိမ်ကိုမသွားလို့မဖြစ်ပေ...။သူသွားမှရမည်။

မိုးညိုမောင်ဆိုတဲ့သူကလူကသာအမူးသမားဖြစ်နေပေမယ့်ရပ်ကျိုး၊ရွာကျိုးဆိုရှေ့ဆုံးကနေတက်တက်ကြွကြွပါဝင်လှုပ်ရှားတတ်တဲ့သူမဟုတ်လား...။

သို့နှင့်သူလည်းပြန်အိပ်ချင်တဲ့စိတ်ကိုအတင်းချိုးနှိမ်ပြီးအိပ်ယာကနေကုန်းရုန်းထလိုက်၏။ပြီးနောက်ရေလဲလုံချည်တစ်ထည်ကိုပခုံးပေါ်ကောက်တင်ကာရေတွင်းကုန်းကိုသူထွက်လာခဲ့လိုက်သည်။ခေါင်းကအမူးမပြေသေးပေမယ့်ရေနဲ့ထိလိုက်တော့ကြည်ကြည်လင်လင်ရှိလာခဲ့၏။သို့နှင့်သူလည်းရေကိုအားရပါးရတဗွမ်း​ဗွမ်းလောင်းချိုးလိုက်ပြီးရေချိုးခြင်းကိုအဆုံးသတ်လိုက်သည်။

ရေချိုးနေတုန်းကတော့အကောင်း...။

အဝတ်အစားလဲတော့မှမနေ့ကတည်းကအရည်ပဲဝင်ထားတဲ့ဗိုက်ကအချက်ပေးသံတွေညံထွက်လာခဲ့တော့သည်။ချက်ထားတာလည်းဘာမှမရှိတာကြောင့်ဗိုက်ထဲကအသံကိုလျစ်လျူရှုကာအဝတ်အစားကိုကမန်းကတန်းဝတ်ပြီးသူကြီးအိမ်ကိုသုတ်ခြေတင်လာလိုက်တော့သည်။ဝတုတ်နဲ့ငကျော်တို့အိမ်ကသူ့အိမ်နဲ့ဆိုတောင်နဲ့မြောက်ဖြစ်နေတဲ့အတွက်သူလည်းတစ်ယောက်တည်းသာထွက်လာခဲ့လိုက်သည်။

" ကျစ်...အရေးထဲချီးကပါချင်ပြန်ပြီ..."

သူကြီးအိမ်ကိုသွားနေရင်းနဲ့မနေ့ကတည်းကအဖက်မဝင်ပဲအရည်ပဲဝင်ထားတဲ့ဗိုက်ကရုတ်တရက်ရစ်ပြီးနာလာ၏။စောက်ကျိုးနည်းဗိုက်...။အရည်ပဲဝင်ထားတာတောင်ချီးကပါချင်ရတယ်လို့...။သူ့ခမျာအောင့်အီးပြီးလမ်းလျှောက်နေပေမယ့်လည်းကိစ္စကထိပ်ဝကိုရောက်လာလေသည်။အောင့်ထားလို့ဘယ်လိုမှမရတဲ့အဆုံးသူလည်းအနီးနားကခြုံပုတ်တစ်ခုထဲကိုဝင်ပြီးလွယ်ထားသမျှတွေကိုဖြေလျှော့ချလိုက်ရတော့သည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now