အခန်း(၃၅)
ဟင်...။
လူတွေ...။
အိမ်ရှေ့ခြံဝင်းထဲမှာမတ်တပ်ရပ်နေကြတဲ့လူတွေကမနည်းမနောပါလား...။
သူတို့ကိုကြည့်ရတာတစ်ခုခုဖြစ်နေပုံရသည်။ဟိုတစ်စု၊ဒီတစ်စုနဲ့တွတ်ထိုးနေကြ၏။ဒါ့အပြင်အိမ်အောက်ကစားပွဲဝိုင်းမှာလည်းလူတွေပြည့်ကြပ်ကာတစ်ယောက်နဲ့တစ်ယောက်ကအသည်းအသန်ငြင်းခုံနေကြသည်။
ဒါကြောင့်အသံတွေဆူညံနေပါတယ်လို့...။
လတ်စသတ်တော့ခြံထဲမှာလူတွေကပွဲတော်ကြီးတစ်ခုလိုစည်းကားနေတာကိုး...။များပြားလှတဲ့လူအုပ်ကြီးကိုကြည့်ပြီးလူကပြန်ပြီးမေ့လဲချင်သွားရသည်။
များလိုက်တဲ့လူအုပ်...။
အိမ်မှာအလှူလည်းမလုပ်ပဲနဲ့ဘာကြောင့်လူတွေကဒီလောက်တောင်များနေတာလဲမသိပေ...။ဒါမှမဟုတ်ကိုမိုးညိုတစ်ခုခုလုပ်နေတာများလား...။ဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုစဥ်စားရင်းလူကခေါင်းတွေထူပူလာခဲ့၏။
" ကိုမိုးညို...ကိုမိုးညို..."
အခုထက်ထိအရိပ်တောင်မမြင်ရသေးတဲ့ကိုမိုးညိုကိုအော်ခေါ်ရင်းလူကိုသူလိုက်ရှာနေမိသည်။သို့သော်အခေါ်သာရှိပြီးပြန်ထူးမလာခဲ့ပေ...။
ကျစ်...ကိုမိုးညိုတစ်ယောက်ကတော့...။
ဘယ်ချောင်မှာသွားကပ်နေလို့သူခေါ်တာကိုမကြားရတာလဲ...။သူ့ဘေးနားကအမေကလည်းထိုလူအုပ်ကြီးကိုကြည့်ပြီးမျက်လုံးပြူး၊မျက်ဆံပြူးဖြစ်နေ၏။ထိုစဥ်လှေကားအတက်အဆင်းမှာမတ်တပ်ရပ်နေကြတဲ့သူနဲ့အမေ့ကိုအိမ်ရှေ့မြေကွက်လပ်မှာစုဝေးနေကြတဲ့လူတွေရော၊စားပွဲဝိုင်းမှာကြပ်ညှပ်ထိုင်နေကြတဲ့လူတစ်ချို့ကပါသတိထားမိသွားဟန်တူ၏။ကွက်ကြည့်၊ကွက်ကြည့်နဲ့လှည့်ကြည့်လာကြလေသည်။
ပြီးတော့သူ့ကိုလှည့်လှည့်ကြည့်ကာဘာတွေပြောနေကြလည်းမသိပေ...။သူတို့ရဲ့မျက်နှာကိုကြည့်ရတာတစ်ခုခုကိုစိုးရိမ်နေဟန်ရှိသည်။ဘာတွေဖြစ်နေကြလည်းမသိပေမယ့်တစ်ခုခုတော့ပြဿနာတက်နေပြီဆိုတာသူသိလိုက်သည်။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...