အခန်း(၂၅)

35.1K 3K 123
                                    

အခန်း(၂၅)

" ဟာ...ဟျောင့်တွေ..."

" ဟင်...အာစိ..."

ဆံပင်ကဖရိုဖရဲဖြစ်နေတဲ့အပြင်နှုတ်ခမ်းထောင့်မှာလည်းသွေးကြောင်းလေးစီးကျနေတဲ့မိုးညိုရဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါဝတုတ်တို့နှစ်ယောက်ကြက်သေသေနေမိကြသည်။နှစ်ယောက်လုံးကိုယ်ဗလာနဲ့ဖြစ်ကာအာစိကိုဟိုကောင်လေးကတက်ခွပြီးကြိတ်နေပုံရသည်။အာစိခမျာ​အောက်မှာပြားပြားလေးဝပ်နေရ၏။

သူတို့မှာတော့အာစိတစ်ယောက်ဗလကြီးနဲ့ဟိုကောင်လေးကျွေးသမျှကိုအားရပါးရစားနေရပြီထင်နေတာ...။စားတော့စားနေရသည်။ဟိုဟာတော့မဟုတ်...။ဟိုကောင်လေးကျွေးတဲ့လက်သီးကိုစားနေရတာဖြစ်၏။

အာစိရဲ့ပုံစံကိုကြည့်ပြီးသူတို့ခမျာငိုရမလိုလို၊ရယ်ရမလိုလိုပင်...။တစ်ရွာလုံးကိုဗိုလ်ကျခဲ့တဲ့အာစိကဒီကောင်လေးနဲ့တွေ့မှပဲလက်အုပ်ချီနေရ၏။

ရယ်ချင်လိုက်တာ...အဲ...စိတ်မကောင်းလိုက်တာ အာစိရယ်...။

" မင်တို့တွေအခန်းထဲကိုဘာလာဝင်လုပ်ကြတာလဲကွ...ဟမ်..."

အခုမှအာစိကသတိပြန်ဝင်လာပုံရသည်။ဘေးနားမှာပုံကျနေတဲ့စောင်ကိုကမန်းကတန်းဆွဲယူပြီးနှစ်ယောက်လုံးရဲ့ကိုယ်ပေါ်ကိုဖုံးချလိုက်လေသည်။

အံမယ်...။

အောက်မှာပြားပြားဝပ်နေရပေမယ့်အသံကတော့ရွာဦးကျောင်းကဖွင့်တဲ့ဓာတ်စက်သံလိုဟိန်းနေတုန်းပါပဲလား...။အာစိတစ်ယောက်ကတော့...။အာစိရဲ့ပုံစံကိုကြည့်ပြီးဝတုတ်တို့နှစ်ယောက်ရယ်ချင်စိတ်ကိုအတင်းချိုးနှိမ်ထားရ၏။

" ဟို...ဟိုလေ...အာစိ...အဟဲ...ဟဲ...ဟဲ..."

" ဟုတ်တယ်...ဟဲ...ဟဲ..."

ဖင်ကုတ်လိုက်၊ခေါင်းကုတ်လိုက်နဲ့မြင်းတွေလိုဟီးပြနေတဲ့သကောင့်သားနှစ်ကောင်ကြောင့်မိုးညိုဒေါသတွေလှိမ့်ထွက်လာတော့သည်။လူကဒီမှာဝေလေးကျွေးသမျှကိုစားနေရပါတယ်ဆို...။

ဒီနှစ်ကောင်ကတော့...။

ဝေလေးသူ့ကိုခွပြီးထိန်းထားလို့ပေါ့...။မဟုတ်ရင်သူ့ရဲ့လက်ချက်နဲ့ဒီခွေးနှစ်ကောင်သေနေလောက်ပြီ...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now