အခန်း(၂၃)
" သား...ရဝေ...သမီးလေးကိုသေသေချာချာခေါ်သွားနော်...ဟိုရောက်ရင်လည်းစားချင်တာဝယ်ကျွေးလိုက်...လိုချင်တာဝယ်ပေးလိုက်...ကြားလား အမေပြောတာ..."
" ဟုတ်ကဲ့ အမေ..."
" စိတ်ချပါ ဒေါ်လေးရဲ့...သမီးကကိုရဝေ့ကိုဒီညနှိပ်စက်ဖို့စဥ်းစားထားပြီးသား..အဟီး..."
" အေးပါကွယ်...အေးပါ..."
နှစ်ယောက်သားအပေးအယူတည့်နေကြတဲ့အမေနဲ့ယမင်းကိုကြည့်ပြီးရဝေရဲ့မျက်နှာကစူပုပ်ပုပ်ဖြစ်နေ၏။ပွဲစျေးကအိမ်ကနေလေး၊ငါး၊ဆယ်လှမ်းလောက်လှမ်းရုံနဲ့ရောက်နေပြီဖြစ်သည်။ဒါကိုကလေးမဟုတ်တော့တဲ့ယမင်းကိုလက်ဆွဲပြီးသူကသေသေချာချာခေါ်သွားရမယ်တဲ့လား...။
အဓိပ္ပါယ်မရှိလိုက်တာ...။
ဘေးကညီမဖြစ်သူကိုကြည့်လိုက်တော့လည်းသူ့လိုပင်...။ရောမ,ရောက်ရင်ရောမ,လိုမကျင့်တတ်တဲ့ယမင်းကို,ရသော်ကကြည့်မရပေ...။
အိမ်ကိုရောက်တာသုံးရက်ပဲရှိသေးပေမယ့်ဒီသုံးရက်အတွင်းမှာဒီမိန်းကလေးရဲ့အပြုအမူ၊အနေအထိုင်၊စိတ်ဓာတ်ဘယ်လိုရှိလဲဆိုတာရသော်သိနေပြီဖြစ်သည်။
" ညီမလေးရေ...ဒါလေးကိုဒီလိုလေးစားချင်လို့လုပ်ပေးပါဦး " ဆိုလုပ်ပေးရပြန်သည်။
" ဒေါ်လေးရေ...ဒါလေးကဒီလိုလေးထားရင်ပိုမကောင်းဘူးလားဟင်..." ဆိုသူမဖြစ်စေချင်တဲ့ပုံစံအတိုင်းလိုက်ရွှေ့ပေးရပြန်သည်။ကြာတော့အိမ်ရှင်ဖြစ်တဲ့သူတို့ကယမင်းရဲ့အခိုင်းအစေဘဝကိုရောက်မှန်းမသိရောက်သွားလေတော့သည်။ဒါကိုအမေကတော့သဘောတွေကျနေ၏။
" သမီးလေးယမင်းကပွင့်လင်းပြီးအထိန်း၊အသိမ်းတော်တဲ့အိမ်ရှင်မကောင်းတစ်ယောက်နဲ့တူလိုက်တာ " တဲ့လေ...။
အမေဘယ်ကိုခြေလှမ်း,လှမ်းနေတယ်ဆိုတာရသော်သိသည်။ပြီးတော့အမေကဒီမိန်းကလေးနဲ့ကိုကြီးကိုအတိုင်းအတာတစ်ခုထိရောက်စေချင်နေတယ်ဆိုတာကိုလည်းရသော်သိသည်။သူမအနေနဲ့ကတော့ကိုကြီးကိုဒီလိုရုပ်လှပြီးစိတ်ဓာတ်မလှတဲ့မိန်းကလေးမျိုးနဲ့ပေးစားမယ့်အစားကိုယ်နဲ့အတူတစ်မြေတည်းနေ၊တစ်ရေတည်းသောက်တဲ့တောသူမတစ်ယောက်နဲ့သာပေးစားချင်မိတော့သည်။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...