အခန်း(၅)
" ဟော..ဒကာမိုးညိုတောင်ရောက်လာပြီ.."
" တင်ပါ့ဘုရား..."
ကျောင်းပေါ်တက်လိုက်တယ်ဆိုရင်ပဲဆရာတော်ကသူ့ကိုလှမ်းကာနှုတ်ဆက်လေသည်။ထိုအခါသူကြီးအပါအဝင်၊သူ့ထက်အရင်ရောက်နေကြတဲ့လူတွေအားလုံးကစကားပြောနေရင်းတန်လန်းသူ့ကိုလှည့်ကြည့်လာကြ၏။
" ကဲ...လာ...လာ...ထိုင်...ထိုင်..."
သူလည်းသူကြီးဦးသာဒွေးရဲ့အနားမှာဝင်ထိုင်ပြီးဆရာတော်ကိုဦးသုံးကြိမ်ချလိုက်၏။အခုမှသူသတိထားမိသည်။ဆရာတော်ခေါ်ထားတဲ့လူတွေကမနည်းမနောပင်...။
သူကြီးဦးသာဒွေးတို့ရပ်ရွာလူကြီးတွေအပြင်ရွာကကျောင်းဆရာမဒေါ်နှင်းမော်တို့လည်းပါ၏။ပြီးတော့အခြားလူကြီးပိုင်းတွေလည်းပါသည်။ဒေါ်ချိူမြကတော့သူ့အစ်ကိုဖြစ်တဲ့ဆရာတော်ဆီကိုနေ့တိုင်းလာနေတဲ့အတွက်မထူးဆန်းပေ..။
" ကဲ...လူလည်းစုံပြီဆိုတော့ စပြောကြတာပေါ့..."
" တင်ပါ့ဘုရား..."
ခေါ်ရတဲ့အကြောင်းအရင်ကိုစပြောတော့မယ်ဆိုတာကြောင့်သူအပါအဝင်အားလုံးရဲ့အကြည့်တွေကဆရာတော်ကြီးဆီစုပြုံရောက်ရှိသွားကြသည်။ပြီးနောက်ဘာစကားမှဆက်မပြောကြတော့ပဲဆရာတော်ကြီးမိန့်မယ့်စကားကိုသာစိတ်ဝင်တစားနဲ့စောင့်ပြီးနားထောင်နေမိကြ၏။
" အခုလို...အားလုံးကိုခေါ်လိုက်ရတဲ့အကြောင်းအရင်းကတော့ ဘုန်းကြီးတို့ရွာကစာသင်ကျောင်းအတွက်ဆွေးနွေးချင်လို့ပဲ..."
ကျောင်းဖွင့်ရာသီကသိပ်မလိုတော့တဲ့အတွက်ဆရာတော်ကအခုလိုသူတို့ကိုခေါ်ပြီးဆွေးနွေးတာဖြစ်လောက်သည်။ထို့နောက်ဆရာတော်ကစကားဆက်ပြောဖို့ကိုအားယူတဲ့အနေနဲ့ဘေးနားကရေနွေးခွက်ကိုမော့သောက်လိုက်၏။
" ဒကာကြီးတို့သိတဲ့အတိုင်းပဲ...ဘုန်းကြီးတို့ရွာကျောင်းကမိုးတွင်းကာလဆိုကလေးတွေအတွက်စာသင်ဖို့ကအရမ်းကိုအခက်အခဲဖြစ်တယ်.."
" ပြီးတော့ကျောင်းကလည်းအုတ်နဲ့လုပ်ထားတဲ့ ကျောင်းမဟုတ်ဘူး...သစ်သားကျောင်း...အေး...အဲ့ဒီသစ်သားကျောင်းကလည်းဆောက်ထားတာနှစ်မနည်းတော့ဘူး...မကြာခင်ပြိုတော့မယ်..."
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...