အခန်း(၅၀)

23.3K 1.9K 144
                                    

အခန်း(၅၀)

လူသုံးယောက်တည်းသာရှိနေတဲ့စားပွဲဝိုင်း...။အနီးအနားပတ်ဝန်းကျင်ကဆူညံနေပေမယ့်ဒီတစ်နေရာလေးပဲကွက်ပြီးတိတ်ဆိတ်လွန်းနေ၏။

ဘာကြောင့်လဲ...။

ပြောချင်တဲ့အကြောင်းအရာတွေ၊ဦးတည်ချက်တွေတူညီနေကြပေမယ့်အစပျိုးရမယ့်နိဒါန်းကခိုင်မာမှုမရှိတဲ့အတွက်စကားသံတွေတိတ်ဆိတ်ကင်းမဲ့နေတာဖြစ်သည်။လွတ်လပ်စွာပျံသန်းနေကြတဲ့အတွေးတို့ကြောင့်သုံးယောက်လုံးရဲ့မျက်နှာအမူအရာတွေကခန့်မှန်းလို့မရအောင်ရှုပ်ထွေးနေလေရဲ့...။

ထပ်တူညီမှုမရှိတဲ့အတွေးစတစ်ချို့ကိုအမိအရဖမ်းဆုပ်ထားကြတဲ့သူတို့သုံးယောက်ရယ်ပါ...။

ရဝေကအရှေ့မှာထိုင်နေတဲ့ဦလေးအောင်ကိုတစ်ချက်လှမ်းကာကြည့်လိုက်သည်။အရင်လိုကြည်လင်မှုမရှိပဲမှိုင်းညှို့နေတဲ့ဦးလေးအောင်ကခံစားတစ်ချို့ကိုဖမ်းဆုပ်ထားဟန်ရှိ၏။သူထင်တာမမှားဘူးဆိုရင်ယမင်းတိုက်လိုက်တဲ့ဆေးခါးကြီးတစ်ခွက်ကြောင့်ဖြစ်မည်ထင်သည်။

" စကားခဏပြောရအောင် " ဆိုပြီးသုံးယောက်သားထိုင်နေကြပေမယ့်၊အခုထိဦးလေးအောင်ဆီကစကားတစ်ခွန်းမှထွက်မလာသေးပေ...။ဦးလေးအောင်ခမျာသူ့သမီးတိုက်တဲ့ဆေးခါးကြီးရဲ့အာနိသင်ကိုခံစားနေရတုန်းဖြစ်မည်။

သူတို့နှစ်ယောက်လည်းဦးလေးအောင်ပြောလာမယ့်စကားကိုစောင့်နေတာအချိန်တစ်ခုကြာနေလေပြီ...။အခုထိဦးလေးအောင်ကခံစားချက်တစ်ချို့ကိုမျက်နှာအမူအရာနဲ့ပုံဖော်ရင်းတိတ်ဆိတ်နေဆဲပင်...။တစ်ခါတစ်လေဦးလေးအောင်ရဲ့သက်ပြင်းချသံကိုသူတို့ကြားနေရပြန်သည်။

မဖြစ်တော့ပေ...။

တစ်ခုခုလုပ်မှရတော့မည်။ဟိုကလည်းမပြော၊ဒီကလည်းမပြောဆိုရင်တော့မိုးသာချုပ်သွားလိမ့်မည်။သုံးယောက်လုံးဘာစကားမှပြောဖြစ်ကြမှာမဟုတ်ပေ...။သို့နှင့်အချိန်အတော်ကြာတိတ်ဆိတ်နေတဲ့စကားဝိုင်းကိုရဝေကစတင်အသက်သွင်းဖို့ပြင်လိုက်သည်။

" ဦးလေးအောင်..."

" တောင်းပန်ပါတယ်..."

" ဟင်..."

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now