အခန်း(၅၁)

22.7K 1.8K 84
                                    

အခန်း(၅၁)

🎶🎶နှစ်ပြောင်းလရှည်ကြာခဲ့ပြီ မောင်ရေ🎶🎶ငယ်ကကျွမ်းလို့လည်း လွမ်းရပါတယ်လေ🎶🎶ဒါကြောင့်သာပဲ🎶🎶မောင်နဲ့နှစ်ယောက်သားတွေ့ရာ🎶🎶အညာကတမာလမ်းကလေးတွေ...🎶🎶

ငိုမဲ့မဲ့ဖြစ်နေတဲ့ပုခက်ထဲကအမြွှာလေးနှစ်ယောက်ကိုဒေါ်ချိုမြသီချင်းဆိုပြနေခြင်းဖြစ်သည်။လူကအထည်ထုပ်တွေကြားမှာအလုပ်ရှုပ်နေတော့မြေးနှစ်ယောက်ကိုပုခက်ထဲမှာခဏထည့်ထားရ၏။

ချီပိုးထားမှငြိမ်နေတတ်တဲ့အမြွှာနှစ်ယောက်ကလည်းပုခက်ထဲကိုရောက်သွားတာနဲ့အငြိမ်မနေတော့ပေ...။ဒါကြောင့်အားနေတဲ့ပါစပ်ကိုအသုံးချပြီးမြေးနှစ်ယောက်ကိုဒေါ်ချိုမြသီချင်းဆိုပြနေရခြင်းဖြစ်၏။

🎶🎶မောင်ရေ မောင်ရေ🎶🎶ပြေးကြည့်မိလေတော့🎶🎶တမာတွေဆယ်ကြိမ်ဖူး🎶🎶နှစ်ဦးခွဲခွာ🎶🎶ဆယ်လီနှစ်များ🎶🎶

" အဲ...အဲ...အင်း..."

" အေး...အေး...ကျွတ်...ကျွတ်..."

အမြွှာနှစ်ယောက်ကပါးသည်။အလုပ်ထဲစျာန်ဝင်သွားလို့သီချင်းဆိုဖို့မေ့သွားတယ်ဆိုရင်ပဲဒေါ်ချိုမြကိုငိုသံပေးကြတော့သည်။ထို့ကြောင့်ပဲဒေါ်ချိုမြမှာဦးနှောက်ကမွေးရာပါပစ္စည်းထက်ကြီးကြတဲ့မြေးနှစ်ယောက်အလိုကျပါးစပ်ကိုဘုရားစာရွတ်သလိုလှုပ်ပြနေရသည်။

လူလည်လေးတွေ...။

ဖအေဖြစ်သူရဲ့ခြေရာကိုတော့အမှီလိုက်နိုင်ကြတဲ့ဟာလေးတွေ...။

သီချင်းဆိုပြလို့ငြိမ်နေလားဆိုတော့လည်းမဟုတ်ပေ...။ပုခက်ထဲကနေဒေါ်ချိုမြရဲ့သီချင်းဆိုသံနဲ့အပြိုင်နှစ်ယောက်သားဝူးဝူးဝါးဝါးလိုက်အော်နေ​ကြ၏။အရွယ်မရောက်ခင်ကတည်းကလူလည်ပန်ကာဖြစ်နေတဲ့မြေးနှစ်ယောက်ကြောင့်ဒေါ်ချိုမြနားရတယ်လို့ကိုမရှိပေ...။

ဒီကြားထဲရသော်ကကိစ္စရှိလို့ဆိုကာရွာထဲကိုထွက်သွား၏။ဒေါ်ချိုမြခမျာအထည်ကတစ်ဖက်၊ကလေးနှစ်ယောက်ကတစ်ဖက်နဲ့တစ်ယောက်တည်းလုံးလည်လိုက်နေတော့သည်။

အမြွှာလေးနှစ်ယောက်ကသီချင်းဆိုပြရုံနဲ့အဆင်ပြေလို့တော်သေးသည်။မဟုတ်ရင်ဒေါ်ချိုမြခမျာဝတ်ထားတဲ့ထမြိန်ကိုခါးတောင်းကျိုက်ရမယ့်ကိန်း...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now