အခန်း(၅၅)
" ဟေ့...ရပ်စမ်း...မလှုပ်နဲ့...ငြိမ်ငြိမ်နေ..."
ဟင်...။
မာထန်ပြီးကျယ်လောင်လှတဲ့အသံတစ်သံ...။
ထိုအသံကခပ်ဝေးဝေးဆီကလွှင့်ပျံလာတာမဟုတ်ပဲသူတို့ရဲ့အိမ်ခြံဝန်းထဲကနေရုတ်တရက်ထွက်ပေါ်လာခဲ့တာဖြစ်သည်။နူညံ့မှုမရှိတဲ့ထိုအသံကြောင့်သူရော၊အမြွှာလေးနှစ်ယောက်ပါနားရွက်တွေထောင်ကုန်ကြသည်။ပြီးနောက်သားအဖသုံးယောက်စလုံးတိုင်ပင်ထားခြင်းမရှိပဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ၏။
ဒီအသံကဘယ်သူ့အသံလဲ...။ပြီးတော့ညအချိန်ကြီးသူတစ်ပါးခြံဝန်းထဲကိုမပြောမဆိုနဲ့ဝင်လာတယ်တဲ့လား...။
အသံကတိတ်ဆိတ်နေတဲ့အချိန်မှထွက်ပေါ်လာခဲ့တာဆိုတော့လက်နှစ်ဖက်ကိုတင်းနေအောင်ဆုပ်ကာရဝေငြိမ်သက်နေမိသည်။သူ့လိုပဲအမြွှာလေးနှစ်ယောက်ကလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးငြိမ်နေကြ၏။
သူတွေးသလိုများဖြစ်လာပြီလား...။
" ဖေ...ရက်ချန်းဒဲ့..."
အိမ်အောက်ကလူရဲ့စကားကိုသားငယ်လေးကသူ့ကိုမော့ကြည့်ပြီးပြောလေသည်။ပြီးနောက်သူ့အနားကိုတဖြည်းဖြည်းတိုးကပ်လာပြီးသူ့ရင်ခွင်ထဲကိုတိုးဝင်တော့သည်။သားငယ်လေးကိုကြည့်ရတာလန့်နေပုံရသည်။သားကြီးကိုကြည့်လိုက်ပြန်တော့လည်းမျက်မှန်ဝိုင်းလေးအောက်ကမျက်ဝန်းလေးတွေပြူးကျယ်ဝိုင်းစက်နေ၏။
ခြံထဲကိုဘယ်သူဝင်လာတာများလဲ...။
အသံကမာနေတဲ့အပြင်လုံးလည်းလုံးနေ၏။အနီးစပ်ဆုံးပြောရရင်သူကြားလိုက်ရတဲ့အသံကအရက်သမားတစ်ယောက်ရဲ့အသံလိုမျိုးဖြစ်သည်။ပြီးတော့တစ်ခါတစ်ခါဝူးဝူးဝါးဝါးအသံကိုလည်းတိုးတိုးတစ်ဖုံ၊ကျယ်ကျယ်တစ်ဖုံသူကြားနေရသည်။
ဒါဆိုရင်တော့သေချာသည်။ခြံထဲကိုဝင်လာတာအရက်သမားတစ်ယောက်ပဲဖြစ်ရမည်။အသံက,လေးလုံးကွဲမနေတဲ့အတွက်ဘယ်သူ့အသံလဲဆိုတာတော့သူမခွဲခြားတတ်ပေ...။
သေချာတာတစ်ခုကတောခြံထဲကိုအမူးသမားတစ်ယောက်ဝင်လာပြီဆိုတာပင်...။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...