အခန်း(၃၉)

29.6K 2.4K 134
                                    

အခန်း(၃၉)

(၄)လခန့်ကြာပြီးတဲ့နောက်

တနင်္ဂနွေနေ့ည(၁၀)ခွဲဝန်းကျင်....။

ခပ်ဝေးဝေးကနေလွှင့်ပျံလာတဲ့စကားသံတွေကလွဲပြီးပတ်ဝန်းကျင်တစ်ခွင်လုံးတိတ်ဆိတ်ငြိမ်သက်လို့နေသည်။တစ်ခါတစ်ခါလမ်းလျှောက်သံ၊ပြေးသံတွေကနီးလာလိုက်၊ဝေးသွားလိုက်နဲ့...။ထို့အပြင်အပေါ်မျက်နှာကျက်ကဒလက်ပန်ကာနှစ်ခုကလည်း " တဝီဝီ " နဲ့မြည်ကာအခန်းထဲကလူတွေကိုအေးမြမှုပေးနေလေရဲ့...။

သို့သော်...။

ထိုအေးမြမှုရဲ့ဒဏ်ကိုမခံစားနိုင်တဲ့သူတွေကတော့...။

ခွဲခန်းအရှေ့မှာမိုးညိုတစ်ယောက်ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတာဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့ချေ...။

လှုပ်ရှားနေတဲ့စိတ်နဲ့အတူပူလောင်နေ​တဲ့ရင်တစ်ခုလုံးကြောင့်လူကမီးခဲဖင်ခုထိုင်ထားရသလိုထိုင်မရ၊ထမရဖြစ်နေမိသည်။ခွဲခန်းအရှေ့ကိုပြေးသွားလိုက်၊ဒီဘက်ကိုပြန်လာလိုက်နဲ့မိုးညိုဆောက်တည်ရာမရဖြစ်နေ၏။

ခွဲခန်းထဲကလူသားလေးအဆင်ပြေဖို့အတွက်ဟိုအသုတ်၊ဒီအသုတ်ရွတ်ချင်ပေမယ့်လူကအမြဲသောက်စားမူးယစ်နေခဲ့တာဆိုတော့စားလို့ရတဲ့အသုတ်ကလွဲပြီးကျန်တာမိုးညိုမသိပေ...။ထို့ကြောင့်ရတဲ့ဩကာသသုံးခွန်းကိုသာဖင်တစ်ပြန်၊ခေါင်းတစ်ပြန်ရွတ်ဆိုနေမိသည်။ဒါ့အပြင်ရွာထိပ်ကစေတီကိုလည်းစိတ်ထဲကနေရည်မှန်းကာအခေါက်ခေါက်အခါခါသူကန်တော့နေမိသည်။

အရှင်ဘုရား...။

ဝေဘာမှမဖြစ်ပါစေနဲ့...။

ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်ဝေတစ်ယောက်လျှောလျှောရှူရှူမွေးနိုင်ပါစေ...။

" အာစိ...ခဏလောက်ထိုင်ပါဦးလား..."

ရဝေခွဲခန်းထဲဝင်သွားပြီးကတည်းကအာစိတစ်ယောက်ဟိုလျှောက်လိုက်၊ဒီလျှောက်လိုက်လုပ်နေတာအချိန်အတော်ကြာနေပြီဖြစ်သည်။မျက်နှာတစ်ခုလုံးလည်းပျက်ယွင်းကာချွေးသီးချွေးပေါက်တွေကကျနေ၏။ပါးစပ်ကတစ်တွတ်တွတ်ရွတ်ရင်းဂဏာမငြိမ်ဖြစ်နေတဲ့အာစိကြည့်ပြီးဝတုတ်တို့မူးနောက်လာတော့သည်။အာစိကိုကြည့်ရတာသူ့ယောက်ျားအတွက်အရမ်းကိုစိတ်ပူနေမှန်းသိသာလှသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now