အခန်း(၁၉)
" သား...ရဝေ..."
" ဗျာ...အမေ..."
မီးဖိုဆောင်ထဲကနေထွက်လာတဲ့အမေကလက်မှာကိုင်ထားတဲ့ဖီးကြမ်းငှက်ပျောသီးတစ်ဖီးနဲ့လေးဆင့်ချိုင့်တစ်လုံးကိုသူ့ထံကမ်းပေးလေသည်။ပြီးနောက်သူ့ကိုစိုးရိမ်မကင်းသလိုကြည့်ကာ...
" အိမ်မှာနေပါဦးလား သားရယ်...ဘဘုန်းဆီကိုအမေပဲသွားလိုက်မယ်လေ...ဟင်..."
မနေ့ကမှပတ်တီးဖြည်ထားတဲ့သူ့ကိုအမေကစိတ်ပူနေပုံရသည်။အမေစိုးရိမ်နေသေးတယ်ဆိုတာသူသိပေမယ့်အိမ်ထဲမှာပဲအချိန်အတော်ကြာအောင်းနေခဲ့ရတဲ့အတွက်လူကငြီးငွေ့လာ၏။ပြီးတော့မတွေ့ရတာကြာပြီဖြစ်တဲ့ဘဘုန်းဆီကိုလည်းသူသွားချင်သည်။
" ရပါတယ် အမေရာ...သားပဲသွားလိုက်ပါ့မယ်...ခေါင်းကလည်းဘာမှမဖြစ်တော့ဘူး...စိတ်မပူနဲ့...ဟုတ်ပြီလား...ပြီးတော့ အမေပဲခေါင်းထိုးနေတယ်ဆို..."
သွားချင်ပြီ၊လုပ်ချင်ပြီဆိုဘယ်လိုပဲတားတား,တားလို့မရမှန်းသိနေတဲ့သူ့ရဲ့အကျင့်ကိုအမေကနောကျေနေလေပြီ...။ထို့ကြောင့်အမေကဘာစကားမှဆက်မပြောတော့ပဲသူ့ကိုအပြုံးလေးနဲ့ခပ်ဝင့်ဝင့်မျက်စောင်းလေးတစ်ချက်သာထိုးပြီး...
" ကဲ...ဟုတ်ပါပြီတော်..."
သူ့ကိုတားလို့မရတော့မှန်းသိတဲ့အမေကဘာမှဆက်မပြောတော့ပဲခွင့်ပြုလိုက်တော့သည်။သူကလည်းသွားချင်ပြီဆိုသွားလိုက်ရမှ...။
" မိုးမချုပ်စေနဲ့နော်...သား..."
" ဟုတ်ကဲ့ အမေ..."
တစ်ဖက်ကငှက်ပျောသီးဆွဲပြီး၊တစ်ဖက်ကချိုင့်ဆွဲကာခြံထဲကနေခပ်သွက်သွက်လေးသူထွက်လာခဲ့လိုက်သည်။တစ်ပတ်၊ဆယ်ရက်လောက်အိမ်တွင်းအောင်းနေပြီးမှအခုလိုအပြင်ကိုပြန်ထွက်လာခဲ့ရတော့လူကအရင်ကထက်ပိုပြီးခြေလှမ်းတွေပေါ့ပါးနေသည်။
ကြည်နူးနေတဲ့စိတ်ကြောင့်မြင်နေသမျှအရာရာတိုင်းကအရမ်းကိုလှပလွန်းနေ၏။လှည်းမောင်းနေတဲ့ဦလေးကြီးလည်းလှသည်။စပါးရိတ်နေကြတဲ့အဒေါ်ကြီးတွေလည်းလှသည်။နွားကျောင်းသမားလေးလည်းလှနေသည်။ကုန်ကုန်ပြောရလျှင်တမာပင်အောက်မှာထိုင်ကာဆံပင်ဖားလျားချပြီးသန်းရှာနေကြတဲ့အမကြီးတွေလည်းသူ့မျက်စိထဲမှာအရမ်းကိုလှလွန်းနေ၏။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...