အခန်း(၁)

159K 6.3K 198
                                    

# စာတွေပြန်ပြင်ထားတဲ့အတွက် Library ထဲကနေထုတ်ပြီးပြန်ထည့်ပြီးမှဖတ်စေချင်ပါတယ် #

အခန်း(၁)

" ဟဲ့ သမီး...ရသော်...​ညဥ်းအစ်ကိုကအခုထိရောက်မလာသေးပါလား...အချိန်ကိုလည်းကြည့်ပါဦး..."

ဒေါ်ချိုမြကဘေးမှာရပ်နေတဲ့သမီးဖြစ်သူကိုလက်တို့ကာအနောက်အရပ်ဆီဝင်လုဆဲဆဲနေလုံးကြီးကိုလက်ညှိုးထိုးပြရင်းဆိုလိုက်၏။ထိုအခါရသော်မှာမိခင်ဖြစ်သူလက်ညှိုးထိုးပြ​တဲ့နေရာကိုကြည့်ပြီးမျက်နှာမဲ့သွားလေတော့သည်။

" ဟုတ်ပါရဲ့...ညနေတောင်စောင်းတော့မယ်..."

သမီးဖြစ်သူရဲ့စကားကြောင့်ဒေါ်ချိုမြမှာလမ်းမဘက်ကိုမျှော်ငေးရင်းသက်ပြင်းချလိုက်မိသည်။ဒီနေ့သူမရဲ့သားကြီးကကျောင်းပြီးလို့မြို့ကနေပြန်လာမှာဖြစ်သည်။ဒါကြောင့်သူ(မ)တို့သားအမိနှစ်ယောက်ကရွာထိပ်မှာလာထွက်စောင့်နေကြခြင်းဖြစ်၏။

စောင့်နေကြတာကလည်းမနက်ကတည်းကပင်...။

ပေါ်လာနိုး၊ပေါ်လာနိုးနဲ့မျှော်နေမိတာသူ(မ)တို့သားအမိနှစ်ယောက်ရဲ့လည်ပင်းတောင်မှညောင်ရေအိုးလောက်ရှိတော့မည်။သားဖြစ်သူရဲ့အရိပ်အယောင်ကအခုထိပေါ်မလာသေးပေ...။အချိန်ကလည်းညနေစောင်းလို့မိုးတောင်ချုပ်တော့မှာဖြစ်၏။အခုထိပေါ်မလာသေးတဲ့သားဖြစ်သူကြောင့်ဒေါ်ချိုမြတို့သားအမိနှစ်ယောက်မှာနေမထိထိုင်မသာဖြစ်ကြရတော့သည်။

" အမေ...အမေ...ဟိုမှာကားတစ်စီးလာနေပြီ...ကိုကြီးပါလောက်မယ်..."

သမီးဖြစ်သူညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ခပ်ဝေးဝေးကလာနေတဲ့မှုန်ပြပြကားလေးတစ်စီး...။

ပါလောက်မှာပါ...။

အဲဒီကားထဲမှာသူ(မ)ရဲ့သားလေးပါလောက်မှာပါ...။

'ပါပါစေ'လို့လည်းစိတ်ထဲကနေအကြိမ်ကြိမ်ဆုတောင်းနေမိသည်။မကြာမီထိုကားလေးကသူ(မ)တို့သားအမိနှစ်ယောက်ရဲ့အရှေ့တွင်ထိုးရပ်လိုက်၏။

" ဟယ်...အမေ...အမေ...ကိုကြီးပါတယ်...ကိုကြီးပါတယ်...ကိုကြီး..."

ကားရပ်လိုက်တယ်ဆိုရင်ပဲရသော်ကအပျော်လွန်ပြီးထ​အော်တော့သည်။သမီးနည်းတူသူ(မ)လည်းနှစ်အတော်ကြာခွဲခွာနေရတဲ့သားဖြစ်သူကိုပြန်ပြီးတွေ့ရတော့မှာဖြစ်တဲ့အတွက်အရမ်းကိုဝမ်းသာနေမိသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now