အခန်း(၄၅)
" အောက်အီးအီးအွတ်..."
" တုန်...တုန်...တုန်..."
ရွာဦးကျောင်းကအုန်းမောင်းခေါက်သံကြောင့်အချိန်တော်ကြာတိတ်ဆိတ်ငြိမ်သက်နေတဲ့ကွမ်းတောရွာလေးကလှုပ်ရှားသက်ဝင်လာ၏။နေ့တစ်နေ့ကိုအစပြုရတော့မှာဖြစ်တဲ့အတွက်အလင်းမပေါက်ခင်လုပ်ငန်းခွင်ဝင်ရမယ့်အိမ်တွေအပြင်အာရုဏ်ဆွမ်းချက်ကြမယ့်အိမ်တွေကပါမီးရောင်လေးတွေတစ်ဖျက်ဖျက်လင်းလာခဲ့ချေပြီ...။
ပျံ့လွင့်လာတဲ့ရွာဦးကျောင်းကအုန်းမောင်းခေါက်သံသဲ့သဲ့ကြောင့်ရဝေနိုးလာခဲ့သည်။ဒီအချိန်ကသူ့ရဲ့ပုံမှန်နိုးနေကြအချိန်ဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကိုတစ်ချက်အပျင်းကြောဆွဲပြီးအိပ်နေရာမှထထိုင်လိုက်သည်။မျက်လုံးကပွင့်နေပေမယ့်အလင်းမပေါက်သေးတဲ့အတွက်အခန်းတစ်ခုလုံးကမှောင်မဲနေ၏။ထို့ကြောင့်ဘေးနားမှာရှိတဲ့မီးချောင်းခလုတ်လေးကိုလက်နဲ့စမ်းကာသူလှမ်းဖွင့်လိုက်သည်။
" ချောက်..."
ဖျက်ခနဲ့ပွင့်လာတဲ့မီးအလင်းရောင်ကြောင့်မှောင်မဲနေတဲ့အခန်းကလင်းထိန်သွားလေသည်။အခုမှပဲအရာအားလုံးကိုသဲသဲကွဲကွဲမြင်ရပြီ...။သူ့ဘေးနားကအမြွှာလေးနှစ်ယောက်ကတော့စောင်ပုံကြားထဲမှာခြေကားယား၊လက်ကားယားနဲ့အိပ်ပျော်နေကြ၏။
" အာ့..."
အိပ်ယာကနေထမလို့လုပ်တုန်းခါးကမျက်ခနဲ့နာလာတာကြောင့်အိပ်ယာပေါ်ကိုချက်ခြင်းရဝေပြန်လှဲချလိုက်ရသည်။ရုတ်တရပ်ခံစားလိုက်ရတဲ့အတွက်လူကအိပ်ယာပေါ်မှာဒီအတိုင်းသာငြိမ်နေရ၏။
ကျစ်...။
နာလိုက်တာ...။
" ကျွတ်...ကျွတ်..."
ညကအမြွှာလေးနှစ်ယောက်ကိုချော့သိပ်ရင်းသူလည်းအိပ်ပျော်သွားခဲ့သည်။အိပ်တာကပုံမကျပန်းမကျဆိုတော့နိုးလာတော့လူကခါးနာနေရပြီ...။သို့နှင့်အိပ်ယာပေါ်မှာခဏပြန်လှဲပြီးနောက်ဖြည်းဖြည်းချင်းသူထလိုက်၏။
" အာ့...ကျွတ်...ကျွတ်..."
အသက်ကမကြီးသေးဘူး...။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...