အခန်း(၃၀)

42.6K 2.9K 72
                                    

အခန်း(၃၀)

" ဒီလင်နဲ့ဒီလင်ဘဝတစ်သက်လုံးအိုအောင်မင်းအောင်ပေါင်းရစေ...တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ခြင်း၊ကြင်နာခြင်းမပြတ်ပဲနှစ်တစ်ရာတိုင်လက်တွဲသွားနိုင်ပါစေကွယ်...စီးပွားတွေလည်းဒီရေအလားတိုးတက်ကြပါစေကွယ်..."

" ပေးတဲ့ဆုနဲ့ပြည့်မှာပါ...ဒေါ်လေး..."

" ပေးတဲ့ဆုနဲ့ပြည့်ပါစေအမေ..."

အိမ်ဦးခန်းမှာထိုင်နေတဲ့ဒေါ်ချိုမြကမိုးညိုရဲ့ဆန္ဒပြုလိုက်တဲ့စကားကြောင့်နှုတ်ခမ်းကိုရွဲ့လိုက်မိသည်။

သူ(မ)ပေးတဲ့ဆုကပြည့်မှာပါတဲ့လား...။

​ပြောပုံက...။

မသိရင်ပဲနှစ်ယောက်သားကနှစ်တစ်ရာတိုင်မခွဲနိုင်လို့လက်ထပ်ထားကြသလိုလို...။

ဒီကောင်လေးဟာလေ...။

ဒီနေ့ပဲသူ(မ)ရဲ့သမက်ရာထူးကိုရတယ်...။

အခုတော့ကြည့်...။

စကားကိုလူလိုမပြောပဲဂဏန်းလိုပြောနေတယ်...။

​ဒေါ်ချိုမြတစ်ယောက်အသစ်စက်စက်သမက်လေးရဲ့ယဥ်ကျေးလိမ္မာတဲ့အပြောစကားလေးတွေကိုသဘောကျလွန်းတဲ့အတွက်အမှတ်တွေဇွတ်လျှော့ပစ်လိုက်သည်။

သွား...(၁၀)မှတ်...။

အခုလည်းသူ(မ)ကိုကန်တော့ပြီးတာနဲ့ဘေးနားမှာထိုင်နေတဲ့သားဖြစ်သူရဲ့လက်လေးကိုကိုင်ကာနဖူးလေးစမ်းလိုက်၊ပါးလေးကိုင်လိုက်နဲ့အလုပ်ရှုပ်နေလေရဲ့...။

အဲ့ဒါသာကြည့်...။

ဒီကောင်လေးသူ(မ)ကိုမခန့်တာ...။

သားဖြစ်သူကလည်းမိုးညိုလုပ်သမျှကိုကျောက်ရုပ်ကြီးလိုငြိမ်ခံနေ၏။မသိရင်ဒီနေရာမှာသူတို့နှစ်ယောက်ပဲရှိနေသလိုလို...။သူ(မ)ကိုတော့အသက်မရှိတဲ့စာခြောက်ရုပ်ကြီးလိုသဘောထားနေကြတာလာမသိပေ...။သားဖြစ်သူနဲ့သမက်ဖြစ်သူကိုကြည့်ပြီးစောင်ကိုက်ရမယ့်အစားသူ(မ)တောင်တက်ချင်သွားသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now