Extra - ( 4 ) {End}

31.3K 1.6K 31
                                    

Extra - 4

သို့ / အာဆိ

အဆဆအရာရာအတွက်ကျေဇူတင်ဘာဒယ်

ကျွန်းတော်တို့မရှိတုံးဒေါ်လေချိုးမြကိုခနစောက်ဆောက်ထားပေးဘာအုန်း

ကျော်ကျော်

စာလုံးပေါင်းသတ်ပုံမမှန်ပဲဟိုတွန့်ဒီရွဲ့ဖြစ်နေတဲ့တိုတိုတုတ်တုတ်စာလေးကိုဖတ်ပြီးမိုးညိုပြုံးလိုက်မိသည်။မူလတန်းမှာပင်ပညာရေးဆုံးခန်းတိုင်သွားတဲ့ငကျော်ကသူ့ကိုကျေးဇူးတင်လွန်းလို့ကြိုးစားပြီးရေးထားပုံပေါ်သည်။စာရွက်ကဝါကျင်ကျင်ဖြစ်နေပြီးစားလုံးပေါင်းသတ်ပုံတွေမှားယွင်းနေပေမယ့်ဒီစကားလုံးတွေရဲ့နွေးထွေးမှုကိုသူခံစားရသည်။

အဆင်ပြေကြပါစေ...ငါ့တပည့်ရေ...။

စာရွက်ထဲကအကြောင်းအရာလည်းသိပြီဆိုတော့လက်ထဲကစာရွက်ကိုလုံးချေပြီးအိမ်သာခွက်ထဲကိုမိုးညိုပစ်ထည့်လိုက်၏။ပြီးနောက်ဘေးနားမှာရှိတဲ့ရေပုံးထဲကနေရေတစ်ခွက်ခပ်ပြီးအိမ်သာခွက်ထဲကိုလောင်းချလိုက်သည်။

ရပြီ...။

ဒီလိုဆိုဘယ်သူမှမသိတော့ဘူးပေါ့...။

သူ့ခမျာဝေသိမှာစိုးလို့မနက်အစောကြီးထပြီးအိမ်သာထဲမှာလာဝင်ဖတ်ရတာ...။ညဘက်အိပ်ချိန်ရောက်တော့လည်းလုံချည်ကိုမကျွတ်ကျအောင်ခိုင်ခိုင်လေးဝတ်ထားရ၏။ပြီးရင်အဲ့ဒီစာရွက်ကို,ဝေမသိအောင်ခါးပုံစထဲမှာသိုသိုသိပ်သိပ်ထိုးထည့်ထားရသည်။

" ကိုမိုးညို...ကိုမိုးညို...အိမ်သာတက်တာကြာနေပြီ...မပြီးသေးဘူးလား...ကျွန်တော်ကျောင်းသွားတော့မယ်..."

ဟော...။

ဝေခေါ်နေပြီ...။

ဝေကျောင်းသွားဖို့ပြင်ဆင်နေကတည်းကသူအိမ်သာတက်နေတာ...။အခုတောင်ဝေကကျောင်းသွားတော့မှာဖြစ်သည်။တပည့်ဖြစ်သူငကျော်ရဲ့စာကိုဖတ်ပြီးကြည်နူးနေတာနဲ့ပင်သူ့မှာချီးတောင်ကောင်းကောင်းမပါလိုက်ရပေ...။

" ပြီးပြီဝေရေ့...ပြီးပြီ..."

" ပြီးရင်လည်းလာဗျာ...ကျွန်တော်ကျောင်းနောက်ကျနေပြီ..."

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now