အခန်း(၄၂ - ပ)
ဖေကြီး မိုးညိုမောင် နှင့် ဖေဖေ ရဝေ
တို့၏
ရင်နှင့်သည်းခြားချစ်လှစွာသော
သားကြီးတိုင်းဝလ္လာမောင် နှင့် သားငယ်ညှို့မဟာမောင်
တို့ရဲ့
ရက်(၁၀၀) ပြည့်မွေးနေ့အလှူ
လေးထောင့်ဆန်ဆန်အနက်ရောင်သင်ပုန်းပေါ်မှာရေးခြစ်ထားတဲ့စကားစုလေးတစ်ခု...။ထိုအနက်ရောင်သင်ပုန်းကြီးကိုအလှူအိမ်ရဲ့ခြံဝမှာထောင်ထားတာမနေ့ကတည်းကဖြစ်သည်။
ကျေးရွာအတွင်းရှိ🎶🎶🎶 မှီတင်းနေထိုင်ကြပြီးသော🎶🎶 အားလုံးသက်ကြီးရွယ်အိုလူပျို၊အပျိုခလေးများအပေါင်းတို့🎶🎶 အလှူအိမ်သို့🎶🎶 ကြွကြပါဗျို့🎶🎶
အလှူအိမ်ကနေပျံ့လွင့်လာတဲ့ဓာတ်စက်သံကကွမ်းတောရွာတစ်ရွာလုံးကိုဖုံးလွှမ်းလို့နေသည်။ကျယ်လောင်တဲ့ထိုဓာတ်စက်သံကြောင့်ရွာသူ၊ရွာသားတွေအားလုံးကလှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။ဒီအသံလေးကိုကြားရဖို့သူတို့စောင့်နေရတာမနက်အုန်းမောင်းခေါက်ကတည်းကပင်မဟုတ်လား...။အခုတော့သူတို့မျှော်နေရတဲ့အချိန်လေးရောက်လာခဲ့ပြီ...။
" စတုဒီသာဖွင့်ပြီဟေ့..."
" ဟုတ်တယ်...ဟုတ်တယ်...သွားကြစို့..."
အလုပ်အကိုင်နေ့ကတည်းကတက်ကြွလွန်းနေကြတဲ့ရွာသူရွာသားများကဓာတ်စက်သံကြားရပြီဆိုတာနဲ့မွေးနေ့အလှူအိမ်ဆီအစုလိုက်အပြုံလိုက်ချီတက်ကြတော့သည်။သူတို့မျှော်နေရတဲ့အချိန်လေးရောက်လာပြီဆိုတော့အားလုံးရဲ့မျက်နှာကဟန်မဆောင်နိုင်အောင်ဝင်းပလို့နေကြ၏။
---------------------------------------------------------
အိမ်ရှေ့သရက်ပင်ခွကြားကနေထွက်လာတဲ့ဓာတ်စက်သံကြောင့်ကွမ်းတောရွာမှာရှိတဲ့ရွာသူ၊ရွာသားတွေအားလုံးမိုးညိုတို့အိမ်ကိုတဖွဲဖွဲရောက်လာကြသည်။လက်ဆောင်တွေ၊ဘာတွေပေးစရာမလိုပဲကြုံတဲ့လူဝင်စားလို့ရတဲ့အလှူဖြစ်တာကြောင့်အချိန်အတိုအတွင်းမှာပဲမဏ္ဍပ်ရုံကြီးကလူတွေပြည့်ကြပ်သွားတော့၏။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...