အခန်း(၉)
ထိုးကျလာတဲ့အရိပ်တစ်ခုကြောင့်သူမော့ကြည့်လိုက်မိတဲ့အခါခပ်ကြီးကြီးထန်းလက်တစ်ခုကသူ့ရဲ့ခေါင်းအထက်မှာရှိလို့နေ၏။သို့နှင့်ထန်းလက်ပိုင်ရှင်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့...
" အဟဲ...ဟဲ..."
မိုးညိုဆိုတဲ့လူကထန်းလက်နဲ့သူ့ရဲ့ခေါင်းကိုအုံ့မိုးပေးရင်းသူ့ကိုစပ်ဖြဲဖြဲရယ်ပြနေလေရဲ့...။ဒီလူကြီးကိုသူကြည့်လိုက်တဲ့အချိန်တိုင်းဘယ်သောအခါမှတည်တည်တံ့တံ့မရှိပေ...။မျက်နှာကအမြဲစပ်ဖြဲဖြဲသာဖြစ်နေ၏။
" လူချောလေး...နေပူကြီးထဲမှာဆိုတော့...ဟော့ဒီက ကိုမိုးညိုကမကြည့်ရက်လို့ပါ..."
မကြည့်ရက်ရအောင်သူနဲ့ဒီလူကြီးကဘာဆိုင်လို့လဲ...။
ပြီးတော့....။
ဒီလူကြီးရဲ့အပြုအမှုကသူ့ကိုအားနွဲ့တဲ့လူတစ်ယောက်လိုခံစားမိစေသည်။ဒါကြောင့်ဒီလူကြီးရဲ့လုပ်ရပ်ကိုသူသဘောမကျပေ...။
သူ့ကိုဆက်ဆံတဲ့ပုံစံကမိန်းကလေးတစ်ယောက်လိုဖြစ်နေတာကြောင့်မိုးညိုဆိုတဲ့လူကိုမျက်မှောင်ကုတ်ကာသူကြည့်လိုက်ပြီး...
" ရတယ်...မလိုဘူး..."
ပြောပြီးတာနဲ့ထန်းလက်ရဲ့အရိပ်အောက်ကနေသူထွက်လာခဲ့လိုက်သည်။နေကပူပဲပူတာ၊သူ့ကိုစိတ်ပျက်အောင်တော့မလုပ်ပေ...။
" ဟာ...ဘာဖြစ်လို့မလိုရမှာလဲ...လူချောလေးရဲ့အသားအရေကဒီလောက်ထိဖွေးဥနေတာကို...အခုတော့ကြည့်ပါဦးကွာ...နေပူထဲမှာဆိုတော့အသားတွေနီရဲကုန်ပြီ..."
ထိုလူကြီးကသူ့ရဲ့ဘေးနားကနေထပ်ကြပ်မကွာလိုက်ရင်းသူ့ကိုနေမပူအောင်ထန်းလက်နဲ့အသည်းအသန်လိုက်မိုးပေးလေသည်။ပြီးတော့စကားကိုလည်းမနားတမ်းတစ်တွတ်တွတ်ပြောနေပြန်၏။နေပူရတဲ့ကြားထဲစကားကိုတရစပ်ပြောနေတဲ့ထိုလူကြီးကြောင့်သူစိတ်တွေတိုလာခဲ့တော့သည်။
နေပူပါတယ်ဆို၊အခုတော့နားပါပူနေရပြီ...။
ဒီလူကြီးကယဥ်ကျေးမှုလည်းမရှိသလို၊လူကဲခတ်လည်းညံ့ပါသည်။သူ့မျက်နှာဘယ်လိုပုံစံပေါက်နေလဲဆိုတာဒီလူကြီးသတိထားမိပုံမရပေ...။သူပြောချင်တဲ့စကားကိုသာဇွတ်ပြောနေ၏။သူ့အပြုအမှုကြောင့်တခြားသူဘယ်လိုဖြစ်နေမလဲဆိုတာဒီလူကြီးမစဥ်းစားမိဘူးလား...။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...