အခန်း(၄၇)
အခန်းတစ်ခုထဲမှာဘေးတစောင်းအိပ်ပျော်နေတဲ့အမျိုးသားတစ်ယောက်...။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ထိုအမျိုးသားရဲ့ပုံသဏ္ဍာန်ကအပေါ်ပိုင်းဗလာကျင်းနေတဲ့အပြင်၊ဝတ်ထားတဲ့ခပ်ဆွေးဆွေးလုံချည်ကလည်းပြေလျော့နေ၏။ထိုယောက်ျားရဲ့ဘေးမှာတော့ဒူးနှစ်လုံးထောင်ပြီးတစ်ရှုံ့ရှုံ့ငိုနေတဲ့မိန်းမငယ်လေးတစ်ဦး...။
မြင်ကွင်းကသိပ်ကိုအကျည်းတန်လွန်းလှသည်။
ပြီးတော့...။
သူရင်ကွဲဖို့လုံလောက်သည်။
🌺🌺🌺
" ဟာဗျာ...အဓိပ္ပါယ်မရှိလိုက်တာ..."
ဆောင့်ထွက်လာတဲ့ဒေါသတို့ကြောင့်လူက " ဝုန်း " ခနဲ့ထရပ်လိုက်မိသည်။ပြီးနောက်ကြယ်သီးမရှိတဲ့အင်္ကျီကိုလက်နှစ်ဖက်နဲ့တစ်ချက်ဆွဲစေ့လိုက်ပြီးသူ့အရှေ့မှာမျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်နေကြတဲ့လူအုပ်ကြီးကိုခပ်စူးစူးလေးမိုးညိုစိုက်ကြည့်လိုက်၏။
" ကျုပ်ရယ်၊ဝတုတ်နဲ့ငကျော်တို့နှစ်ယောက်ရယ် စပါးရိတ်ပြီးတော့ထန်းရည်သွားသောက်ကြတယ်....ပြီးတော့အိမ်ပြန်လာခဲ့တယ်...အိမ်ရောက်တော့အိပ်လိုက်တယ်...ဒီလောက်ပဲ..."
" သူရောက်လာတယ်ဆိုတာလည်းကျွန်တော်မသိဘူး...မတော်မတရားပြုကျင့်ဖို့ဆိုတာဝေလာဝေး..."
အဓိပ္ပါယ်မရှိတဲ့ပြဿနာတစ်ခုကိုလေအကုန်ခံပြီးရှင်ပြနေရတာလောက်စိတ်ပျက်ဖို့ကောင်းတာမရှိပေ...။
သူရှင်းပြနေပေမယ့်အားလုံးကသူ့ရဲ့ရှင်းပြချက်ကိုခေါင်းလည်းမငြိမ့်သလို၊ခေါင်းလည်းမခါကြပေ...။ဒီအတိုင်းသာကျောက်ရုပ်ကြီးလိုငြိမ်နေကြ၏။
ဒီလောက်ဆိုသူသဘောပေါက်လိုက်ပြီ...။ဒီလူတွေကသူရှင်းပြတာကိုမယုံကြည်ကြပေ...။
" ယမင်း " ဆိုတဲ့မိန်းကလေးကိုသူကမတော်မတရားပြုကျင့်ဖို့ကြံတယ်တဲ့လား...။
ဘယ်လိုတောင်အဓိပ္ပါယ်မဲ့လိုက်တဲ့စကားလဲ...။
စွပ်စွဲတဲ့မိန်းမကိုလည်းသတ်ပစ်လိုက်ချင်သလို၊အဲဒီမိန်းမရဲ့စကားကိုယုံကြည်နေကြတဲ့လူတွေအားလုံးကိုလည်းသူသတ်ပစ်လိုက်ချင်သည်။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...