အခန်း(၅၄)

20.7K 1.7K 60
                                    

အခန်း(၅၄)

" သားငယ်..."

ခြံထဲဝင်ဝင်ချင်းအရင်ဆုံးတွေ့လိုက်ရတာကလှေကားအတက်အဆင်းမှာထိုင်နေတဲ့သူ့ရဲ့သားငယ်လေး " မဟာ "...။မဟာကသူ့ရဲ့ကစားစရာလေယာဥ်ပျံအရုပ်လေးကိုကျစ်နေအောင်ကိုင်ထားပြီးမျက်နှာလေးကငိုမဲ့မဲ့လေးဖြစ်နေ၏။ဒါ့အပြင်ယောက်ျားလေးတန်မဲ့လှရက်လွန်းတဲ့မျက်ဝန်းနက်ပြာလေးတွေကလည်းရီဝေဝေရစ်သိုင်းနေလေသည်။

မဟာလေးရဲ့ပုံစံကအရမ်းကိုဝမ်းနည်းနေဟန်...။နှာခေါင်းလုံးလုံးလေးကစတော်ဘယ်ရီရောင်သမ်းနေပြီးဝမ်းနည်းနေတဲ့စိတ်ကြောင့်တစ်ခါတစ်ခါရှိုက်တက်လိုက်တဲ့အခါပါးမို့မို့လေးနှစ်ဖက်ကအပေါ်ကိုခုန်ခုန်တက်သွားလေသည်။

ပြီးတော့...။

မဟာကလှေကားအတက်အဆင်းမှာထိုင်နေရင်းနဲ့အိမ်ပေါ်ကိုလှမ်းကြည့်လိုက်၊ခြံဝကိုမျှော်ကြည့်လိုက်လုပ်နေတဲ့အတွက်မင်းဂွတ်သီးပုံစံခေါင်းလုံးလုံးလေးကအငြိမ်မနေပဲဟိုဒီလှုပ်ရွနေ၏။

မဟာ့ရဲ့ပုံစံကတစ်စုံတစ်ယောက်ကိုမျှော်လင့်နေဟန်...။

လှေကားအတက်အဆင်းမှာထိုင်ပြီးငိုမဲ့မဲ့လေးဖြစ်နေတဲ့သားဖြစ်သူကြောင့်ခြံထဲကိုခပ်မြန်မြန်လေးမိုးညိုဝင်လိုက်သည်။အရင်ကဆိုသူလယ်ထဲကပြန်လာချိန်တိုင်းအိမ်ပေါ်မှာကစားစရာအရုပ်တွေနဲ့ဆော့နေတတ်တဲ့သားငယ်ကအခုတော့လှေကားမှာထိုင်နေပါလား...။သားငယ်လေးကိုကြည့်ရတာသူ့ကိုမျှော်နေပုံရသည်။

လူကအခုမှလယ်ထဲကနေပြန်လာတဲ့အတွက်အမောတောင်မပြေသေးပေ...။အခုတော့တစ်ခါမှမမြင်ဘူးတဲ့သားငယ်လေးရဲ့ပုံစံကသူ့ကို " တစ်ပူပေါ်နှစ်ပူဆင့် " သလိုထပ်ပြီးရင်ပူသွားစေသည်။

သူ့ရဲ့သားငယ်လေးဘာဖြစ်လို့ပါလိမ့်...။

" သားငယ်..."

" ဟင့်...ဖေ..."

ခြံထဲဝင်လာတဲ့သူ့ကိုမြင်တယ်ဆိုရင်ပဲသားငယ်လေးကထိုင်ရာကနေထပြီးသူ့ဆီကိုလှုပ်တုတ်လှုပ်တုတ်နဲ့ပြေးလာသည်။အဝါရောင်ဝမ်းဆက်ဝတ်စုံလေးနဲ့အသံမြည်တဲ့ကြိုးသိုင်းဖိနပ်လေးစီးထားတဲ့သားငယ်လေးရဲ့ပုံစံကမသိရင်သူ့အနားကိုလိမ္မော်သီးလေးတစ်လုံးလှိမ့်လာသလိုလို...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now