အခန်း(၁၈)
အလုပ်တွေရှုပ်နေတဲ့အတွက်ထန်းတောဘက်ကိုဒီနေ့မှာသူခြေဦးမလှည့်နိုင်ပေ...။ထို့ကြောင့်လူကမနက်အိပ်ရာကနိုးကတည်းကပါးစပ်ချဥ်ကာလေချဥ်တွေခဏခဏတက်လို့နေ၏။
" နောက်တစ်ယောက်..."
သူ့ဘေးနားမှာထိုင်နေတဲ့ငကျော်ရဲ့ကျယ်လောင်လှတဲ့အသံကြောင့်ခြံရှေ့မြေကွက်လပ်မှာစုဝေးထိုင်နေကြတဲ့လူအုပ်ကြီးကလှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ပြီးနောက်သူ့ထက်ငါအပြိုင်တွတ်ထိုးရင်မိုးညိုရဲ့အနားကိုလျှောက်လာကြ၏။
" ကဲ...ထိုင်...ဒေါ်လုံးတင်... ဒီတစ်ခေါက်ကဘာလဲ...အတိုးပဲသတ်မှာလား...ဒါမှမဟုတ်...အတိုးကော၊အရင်းကောဆပ်မှာလား..."
" ဟို...မောင်မိုးညိုရယ်...အဒေါ်တို့ကစားအိုးကြီးတော့..."
" ကဲပါဗျာ...ဒီလောက်ဆို ကျွန်တော်သဘောပေါက်ပြီ...အတိုးပဲသတ်မှာမဟုတ်လား..."
မိုးညိုရဲ့အမေးကိုဒေါ်လုံးတင်ဆိုတဲ့အမျိုးသမီးကခေါင်းပြုတ်ထွက်မတတ်ငြိမ့်ပြပြီး...
" ဟုတ်ပါတယ်ကွယ်...ဟုတ်ပါတယ်..."
" ဝတုတ်...စာအုပ်ထဲမှာဒေါ်လုံးတင်နာမည်ကိုရှာကြည့်စမ်း..."
" အို့ဂေ...အာစိ..."
မိုးညိုရဲ့စကားအဆုံးဝတုတ်ကအရှေ့မှာရှိတဲ့စာရင်းစာအုပ်ကိုဖင်တပြန်၊ခေါင်းတပြန်လှန်လှောလိုက်၏။
" တွေ့လား..."
" တွေ့ပြီ အာစိ..."
" အေ...အတိုးဘယ်လောက်ပဲ..."
" အင်း...ယူထားတာကသီတင်းကျွတ်လကွယ်ကဆိုတော့...အခုက...တပေါင်းလကုန်ဆိုတော့..."
အတိုးစာအုပ်ကြီးကိုအရှေ့မှာချရင်းလက်နှစ်ဖက်မြှောက်ကာပါးစပ်ကနေတစ်တွတ်တွတ်ရွတ်နေတဲ့ဝတုတ်ရယ်ပါ...။ယူထားတဲ့ရက်လေးကြည့်ခိုင်းတာကိုလက်တွေမြှောက်ပြီးသင်္ချာတွက်နေတဲ့ဝတုတ်ကိုကြည့်ပြီးသူစိတ်မရှည်တော့ချေ...။
အံမယ်...။
ခြေထောက်တောင်ငုံ့ကြည့်လိုက်သေး၏။လက်ချိုးရေရုံနဲ့လုံလောက်သေးပုံမရပေ...။ခဏကြာတော့သကောင့်သားကတွက်လို့ပြီးသွားပြီဖြစ်မည်။သူ့ကိုလှမ်းကြည့်လာခဲ့၏။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...