အခန်း(၅၂)

23.5K 1.8K 92
                                    

အခန်း(၅၂)

" ဘာ..."

" အမလေး..."

ဟိန်းထွက်လာတဲ့မိုးညိုရဲ့အသံကြောင့်ယပ်ခတ်နေရင်းနဲ့ဒေါ်ချိုမြကအလန့်တကြားထအော်၏။ပြီးနောက်တုန်နေတဲ့ရင်ဘတ်ကိုလက်တစ်ဖက်နဲ့အသာဖိရင်းသမက်ဖြစ်သူကိုမသိမသာလေးဒေါ်ချိုမြမျက်စောင်းထိုးလိုက်သည်။

ခွေးကောင်လေး...။

နေအရမ်းပြင်းလို့လူကနှလုံးတုန်၊ရင်တုန်နေပါတယ်ဆို...။တမင်သက်သက်လူကိုလန့်ပြီးသေအောင်လုပ်နေတာ...။ဟိုနေ့ကလည်းသူ့ကျေးဇူးကြောင့်ကိုယ့်မှာအိပ်ခါနီးပုတီးစိပ်လိုက်ရပြီးပြီ...။

အခုလည်း...။

ဟိုနေ့ကအကြောင်းခေါင်းထဲရောက်လာတော့ဒေါ်ချိုမြကအီလည်လည်ဖြစ်နေတဲ့သမက်ဖြစ်သူရဲ့မျက်နှာကိုနောက်တစ်ကြိမ်ထပ်ပြီးမျက်စောင်းထိုးပစ်လိုက်၏။

ဝမ်းမနာသားလေး...။

ဘယ်တော့ကတည်းကလူကိုသေစေချင်နေတာလဲမသိဘူး...။

​သမက်ဖြစ်သူကိုစိတ်ထဲကနေကြိမ်ဆဲလို့ဝမှဒေါ်ချိုမြကဘေးမှာချထားတဲ့ယပ်တောင်ကိုပြန်ကောက်ကာယပ်ပြန်ခတ်လိုက်၏။ပူပြင်းတဲ့နေကြောင့်ကျောပူ၊ရင်ပူ၊တစ်ကိုယ်လုံးပူရုံတင်မကဘူး...။အခုတော့သမက်ဖြစ်သူရဲ့မိုက်လွတ်တဲ့အသံကြောင့်ချိုမြတို့နားပါအူနေရပြီ...။

တော်တော်ကောင်းကျိုးမပေးတဲ့သမက်...။

" လန့်လိုက်တာကိုမိုးညိုရာ..."

" ဟုတ်ပ..."

သားဖြစ်သူရဲ့စကားကိုဒေါ်ချိုမြကနှုတ်ခမ်းလေးရွဲ့ပြီးထောက်ခံလိုက်၏။ယောက်ျားအရင့်အမာကြီးဖြစ်တဲ့သားဖြစ်သူတောင်လန့်တယ်ဆိုတော့၊သူ့သမက်ရဲ့အသံကဘယ်လောက်ထိတောင်ကျယ်လဲဆိုတာစဥ်းစားသာကြည့်တော့...။

ဒေါ်ချိုမြတို့ကသာအသံအကြောင်းဋီကာဖွင့်နေပေမယ့်မိုးညိုကတော့ထိုကိစ္စကိုဂရုမစိုက်အားပေ...။သူ့ဖာသာ " ထန်းရည်(၁)လဖြတ်ရမယ် " ဆိုတဲ့ဒေါ်ချိုမြရဲ့စကားတစ်ခွန်းကြောင့်ကမ္ဘာပျက်နေလေရဲ့...။

လန့်သွားတယ်တယ်တဲ့လားဝေရယ်...။

ဝေကလန့်ရုံပဲလန့်တာ၊ကိုမိုးညိုကဒူးပါတုန်နေပြီ...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now