Extra - ( 2 )

17.2K 1.4K 26
                                    

Extra - 2

ယနေ့...။

ကွမ်းတောရွာရဲ့မနက်ခင်းအစမှာတော့အိမ်တစ်အိမ်ဆီကနေခလေးတစ်ယောက်ရဲ့ငိုသံကကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာခဲ့၏။အကြောင်းမသိတဲ့လူတစ်ချို့ကတော့ဒီအသံကိုကြားတာနဲ့ " မိုးတောင်ကောင်းကောင်းမလင်းသေးဘူး၊အသံကဆူညံနေတာပဲ " လို့ ထင်ကောင်းထင်ပေလိမ့်မည်။

သို့သော်...။

အနီးအနားကအိမ်နီးချင်းတွေအဖို့ဒီအသံကတစ်ပတ်မှာအနည်းဆုံးသုံးရက်လောက်အမြဲကြားနေရတဲ့အတွက်သိပ်ပြီးမထူးဆန်းတော့ပေ...။ရိုးနေပြီလို့တောင်ပြောရမည်။ဒီခလေးရဲ့ငိုသံကိုအားလုံးကနားရည်လည်းဝနေပြီဖြစ်သလို၊နားလည်းယဥ်နေပြီဖြစ်သည်။

ဒါကြောင့်ထိုအိမ်ရဲ့ပတ်ဝန်းကျင်မှာနေကြတဲ့လူအများစုကထိုခလေးရဲ့ငိုသံကိုအလှူအိမ်ကဖွင့်တဲ့ဓာတ်စက်သံတစ်ခုလိုသာသဘောထားကြတော့သည်။ကြားရင်ကြားတယ်လို့သာမှတ်ပြီး၊မကြားရရင်နားအေးတယ်လို့အားလုံကမှတ်ယူလိုက်ကြသည်။ခလေးငိုသံဖြစ်တဲ့အတွက်ဆဲဆိုတာတွေ၊ကျိန်ဆဲတာတွေ၊မေတ္တာပို့တာတွေတော့မရှိပေ...။

ဒါကလည်းခလေးအဖေရဲ့အရှိန်အဝါသက်ရောက်မှုကြောင့်ဖြစ်သလို၊မိသားစုရဲ့လူချစ်လူခင်ပေါများမှု​ကြောင့်လို့ဆိုရပေမည်။ပြီးတော့ဒီခလေးရဲ့ငိုသံကြားရပြီဆိုရင်အားလုံးကမှတ်ယူထားတာတစ်ခုရှိသေးသည်။

အဲ့ဒါကတော့...။

ထိုအိမ်ကအမြွှာနှစ်ယောက်ရန်ဖြစ်ကြပြန်ပြီဆိုတာပင်...။

အကြောင်းမသိတဲ့ဖြတ်သွား၊ဖြတ်လာလူတစ်ချို့ကတော့နင့်နင့်သည်းသည်းကိုအော်ဟစ်ငိုယိုနေတဲ့ခလေးရဲ့ငိုသံကြောင့်ထိုအိမ်ကြီးကိုတစ်ချက်တစ်ချက်လှည့်ကြည့်သွားကြသည်။သို့သော်ဘာမှတော့မျက်ချက်ပြုခြင်း၊ဝေဖန်ခြင်းမရှိပဲခေါင်းတစ်ချက်သာခါပြီးလိုရာခရီးကိုဆက်သွားကြ၏။

ထိုအိမ်ရဲ့ရတနာနှစ်ပါးကိုဘယ်သူမှပြောခွင့်မရှိသလို၊ဝေဖန်ခွင့်လည်းမရှိဘူးဆိုတာသူတို့လိုကွမ်းတောရွာမှာနေတဲ့လူတိုင်းသိကြသည်မဟုတ်လား...။ဒါကြောင့်ဆူညံသည်ဖြစ်စေ၊တိတ်ဆိတ်သည်ဖြစ်စေအားလုံးက " ကြားရင်ကြားတယ် " လို့သာမှတ်ယူထားလိုက်ကြသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now