အချစ် (သို့မဟုတ်) ကျွန်တော့်ယ...
By Egophyoe
2.1M 171K 7.2K
အချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်... More
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း​(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)(🦋🦋🦋🦋)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉) - ပထမပိုင်း
အခန်း(၂၉) - ဒုတိယပိုင်း (🌚🌚🌚)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)-ပထမပိုင်း
အခန်း(၄၂)-ဒုတိယပိုင်း
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)(ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ
Extra - ( 1 )
Extra - ( 2 )
Extra - ( 3 )
Extra - ( 4 ) {End}
Book Announcement
Book Details
အခန်း(၅၃)
21.2K 1.8K 51
By Egophyoe
အခန်း(၅၃)
(၃)နှစ်ခန့်ကြာပြီးတဲ့နောက်....,
" ဟဲ့...ဘယ်လိုဖြစ်လာကြတာတုန်း...ရေးကြီးသုတ်ပြာနဲ့..."
​အာရုဏ်ဆွမ်းလောင်းဖို့အတွက်အိမ်ရှေ့ခြံတံခါးဖွင့်နေတုန်းသူ(မ)ဆီရေးကြီးသုတ်ပြာလာနေကြတဲ့သားဖြစ်သူနဲ့သမက်ဖြစ်သူတို့ကြောင့်ဒေါ်ချိုမြအံ့ဩတကြီးဖြစ်သွားရသည်။အံ့ဩလွန်းလို့ခြံတံခါးဖြစ်တဲ့ဝါးကပ်ပြားကြီးကိုကိုင်ပြီးကြောင်အ,ကာမတ်တပ်ရပ်နေမိတဲ့အထိပင်...။
နှစ်ယောက်လုံးကအမြွှာလေးနှစ်ယောက်ကိုတစ်ယောက်စီချီထားကြပြီးလက်ထဲမှာလည်းအထုပ်တွေကိုယ်စီနဲ့ဖြစ်၏။ပြီးတော့မျက်နှာတစ်ခုလုံးလည်းချွေးသီးချွေးပေါက်တွေကျကာတစ်ခုခုကိုထိတ်လန့်နေဟန်ရှိကြသည်။အနောက်ကနေကျားလိုက်သလိုလမ်းလျှောက်လာနေကြတဲ့နှစ်ယောက်လုံးရဲ့ပုံစံကမသိရင်ဒုက္ခသည်စခန်းကိုထွက်ပြေးကြမယ့်လူတွေလိုလို...။
သားဖြစ်သူနဲ့သမက်ဖြစ်သူကိုကြည့်ပြီးမနက်စောစောစီးစီးရင်ထဲမှာကုလားဘုရားလှည့်သလိုဒေါ်ချိုမြခံစားနေရသည်။ထို့အပြင်အာရုဏ်ဆွမ်းလောင်းရင်းရွတ်နေတဲ့ပုရိတ်ကြီး(၁၁)သုတ်သည်လည်းသားဖြစ်သူနဲ့သမက်ဖြစ်သူရဲ့ရုပ်တွေကိုမြင်လိုက်ရတော့မေ့သွားလေပြီ...။
မိုးတောင်ကောင်းကောင်းမလင်းသေးဘူး၊သူ့အပူကနေကိုယ့်အပူဖြစ်နေရပြီ...။
ဒုက္ခ...။
" ဟဲ့...ဘာဖြစ်လာတာတုန်းလို့...မထိတ်သာမလန့်သာရှိလိုက်တာဟယ်...မြန်မြန်ပြောစမ်းပါ...ဘာဖြစ်လာကြတာလဲလို့..."
" အမေ့မြေးကြီး...ညကတစ်ညလုံးမအိပ်ပဲငိုနေလို့အမေ...နာတယ်၊နာတယ်ပြောပြီးမျက်လုံးကိုပဲပွတ်နေလို့...အဲ့ဒါ...မြို့တက်ပြီးဆေးခန်းပြမလို့အမေ..."
" ဟယ်...ဟုတ်လား..."
သားဖြစ်သူရဲ့စကားကြောင့်ဒေါ်ချိုမြအထိတ်တလန့်ဖြစ်သွားရ၏။ထိုအခါဒေါ်ချိုမြကကိုင်ထားတဲ့ခြံတံခါးဖြစ်တဲ့ဝါးကပ်ပြားကိုယောင်ယမ်းကာလွှတ်ချလိုက်တော့သည်။ကြားလိုက်ရတဲ့စကားကမထိတ်သာမလန့်သာရှိလိုက်တာ...။မြေးကြီးကခန္ဓာကိုယ်မှာအရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့မျက်လုံးကနာနေတယ်တဲ့လား...။
ဒုက္ခပါပဲ...။
သူ(မ)နည်းတူသားဖြစ်သူနဲ့သမက်ဖြစ်သူရဲ့မျက်နှာတွေကလည်းပြိုတော့မယ့်မိုးလိုညှို့မှိုင်းနေကြ၏။ပြီးတော့တစ်ညလုံးလည်းမအိပ်ကြဘူးဖြစ်မည်။နှစ်ယောက်လုံးကဆံပင်ဘုတ်သိုက်နဲ့မျက်ကွင်းတွေကလည်းမည်းနက်နေ၏။ဝတ်ထားတဲ့အင်္ကျီတွေကအိမ်နေရင်းဝတ်စုံတွေဖြစ်တဲ့အပြင်စီးထားတဲ့ဖိနပ်တွေကလည်းအရောင်ခပ်မွဲမွဲယိုဒယားဖိနပ်တွေဖြစ်သည်။
ကြည့်ရတာနှစ်ယောက်လုံးကသားဇောကြောင့်စိတ်နဲ့ကိုယ်နဲ့ကပ်ပုံမရပေ...။
မြင်ရ၊တွေ့ရတာဒုက္ခများလိုက်တာ...။
မြေးကြီးကမျက်လုံးနာလို့ငိုတယ်တဲ့လား...။
မျက်လုံးလေးရိုးရိုးနာရုံလောက်နဲ့တော့ဒီခလေးတစ်ညလုံးမငိုလောက်ပေ...။ပြီးတော့မျက်လုံးကအိပ်လို့မရအောင်နာစရာအကြောင်းမရှိပေ...။မြေးကြီးရဲ့မျက်လုံးကတစ်ခုခုဖြစ်နေတာများလား...။
စဥ်းစားမိရုံနဲ့ပေါ်လာတဲ့အတွေးတို့ကြောင့်ဒေါ်ချိုမြကမိုးညိုရဲ့လည်ပင်းကိုသိုင်းဖက်ပြီးအိပ်ပျော်နေတဲ့မြေးဖြစ်သူကိုယောင်းယမ်းကာလှမ်းကြည့်လိုက်မိသည်။မြေးကြီးကညအိတ်ဝတ်စုံမိုးပြာရောင်လေးနဲ့သူ့ဖေကြီးရဲ့ကိုယ်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။မြေးငယ်လေးကတော့သားဖြစ်သူရဝေရဲ့ကိုယ်ပေါ်မှာအိပ်ပျော်နေလေရဲ့...။
ဒီခလေးတွေအခုမှကောင်းကောင်းအိပ်ပျော်နေပုံရသည်။မြေးဖြစ်သူရဲ့ကိစ္စကခေါင်းထဲရောက်နေတာမို့ဆွမ်းမလောင်းလိုက်ရတဲ့ဘုန်းကြီးတွေလည်းတစ်ပါး၊နှစ်ပါးပင်မကတော့...။သူ(မ)အရှေ့မှာလာလာရပ်ကြတဲ့ဘုန်းကြီးတွေကိုလည်း " ကန်တော့ဆွမ်း " လို့ပြောနေမိတာလည်းအကြိမ်ကြိမ်အခါခါပင်...။
သားဖြစ်သူနဲ့သမက်ဖြစ်သူလိုပဲဒေါ်ချိုမြလည်းစိတ်နဲ့ကိုယ်နဲ့ကပ်ပုံမရပေ...။ခုနကမှဘုရားရှိခိုးပြီးလို့အေးချမ်းနေတဲ့ဒေါ်ချိုမြရဲ့စိတ်တွေကမြေးဖြစ်သူရဲ့ကိစ္စကြောင့်စောစောစီးစီးပူလောင်နေရပြီ...။
" အခုရွာထိပ်ကိုဘာနဲ့သွားကြမှာလဲ...နင်တို့က..."
" ဝတုတ်ကိုခေါ်ထားတယ်အမေ..."
အလင်းမပေါက်သေးတဲ့မနက်ခင်းပိုင်းကအေးစိမ့်စိမ့်ရှိလှပေမယ့်မိုးညိုနဲ့ရဝေတို့နှစ်ယောက်ရဲ့ကိုယ်မှာတော့ချွေးသီးချွေးပေါက်တွေကအဆက်မပြတ်ကျနေ၏။တစ်ညလုံးမအိပ်ထားရတဲ့အတွက်သူတို့နှစ်ယောက်ရဲ့ပုံစံကစုတ်ပြတ်နေမယ်ဆိုတာသိပေမယ့်အခုချိန်မှာသားကလွဲပြီးကျန်တာအရေးမကြီးပေ...။အရေးကြီးတာကသားကြီးခံစားနေရတဲ့ဝေဒနာအမြန်ဆုံးပျောက်ကင်းဖို့ပင်...။
" ငါနင်တို့ကိုခဏခဏပြောတယ်...ခလေးကိုအာရုံအရမ်းစိုက်ရတာတွေ " မလုပ်ခိုင်းပါနဲ့ " " မလုပ်ခိုင်းပါနဲ့ " ဆိုတာ...အခုတော့တွေ့ပြီမလား...ခလေးကမျက်လုံးနာနေပြီ...နင်တို့ဟာလေ..."
" ကိုယ့်သားသမီးကိုဖြစ်စေချင်တာလည်းဖြစ်စေချင်တာပေါ့...နင်တို့ဟာကလွန်ကိုလွန်လွန်းတယ်...အခုတော့...ခလေးကငယ်ငယ်ရွယ်ရွယ်နဲ့မျက်လုံးထိခိုက်နေပြီ..."
မြေးဇောကြောင့်သားဖြစ်သူနဲ့သမက်ဖြစ်သူကိုမနက်စောစောစီးစီးဒေါ်ချိုမြဆူငေါက်နေမိသည်။ခလေးကအရွယ်တောင်မရောက်သေးဘူး၊ပေးဖတ်လိုက်ရတဲ့ရုပ်ပြကားတွန်စာအုပ်လေးတွေ၊ဆော့ခိုင်းလိုက်ရတဲ့ဉာဏ်စမ်းကစားစရာလေးတွေ၊သင်လိုက်ရတဲ့ " က" ကြီး၊" " ခွေး....။
ခလေးကအရွယ်နဲ့တောင်မလိုက်ဘူး...။
သင်တော့လည်းအချိန်ကခဏလေးမဟုတ်...။အိပ်ယာဝင်ခါနီးလည်းသင်တာပဲ...။မနက်မိုးလင်းလည်းသင်တာပဲ...။နေ့လယ်နေ့ခင်းအားတဲ့အချိန်လည်းသင်တာပဲ...။သင်ရုံနဲ့ပြီးလားဆိုတော့လည်းမပြီးပြန်ဘူး...။
ကျောင်းကိုလည်းလွယ်အိတ်တစ်လုံးပေးလွယ်ပြီးခေါ်သွားတာပဲ...။ခလေးကစာပေဘက်မှာပါရမီရှိတယ်ဆိုတိုင်းအ​ချိန်ပြည့်သင်ပေးနေလို့မှမရတာ...။ " သူ့အချိန်နဲ့သူအခါ " တော်တန်ရုံပဲကောင်းလွန်းတာကို...။ပြီးတော့ခလေးကအရွယ်တောင်မရောက်သေးဘူး...။အခုမှအသက်က(၃)နှစ်ပဲရှိသေးတာ...။
" မျက်​ဖြူဆိုက်လေ၊ဆရာကြိုက်လေ " ဆိုတဲ့အတိုင်း၊သားဖြစ်သူတစ်ခုခုကိုအာရုံစူးစိုက်နေတာတွေ့ရင်သူတို့မှာပျော်မဆုံး၊မော်တပြုံးပြုံး...။သမက်ဖြစ်သူကလည်းသူ့ယောက်ျားဘာလုပ်လုပ်လက်မထောင်ပြရုံကလွဲပြီးဘာမှမလုပ်တတ်ပေ...။
လိုက်လည်းလိုက်တဲ့လင်လင်တွေ...။
အခုတော့ကြည့်...။
​သားဖြစ်သူနဲ့သမက်ဖြစ်သူရဲ့ကျေးဇူးကြောင့်မနက်စောစောစီးစီးအကုသိုလ်ကိုဖင်တစ်ပြန်၊ခေါင်းတစ်ပြန်ဒေါ်ချိုမြယူနေရသည်။မနက်စောစောစီးစီးအော်ဟစ်သောင်းကျန်နေတဲ့ဒေါ်ချိုမြကြောင့်မိုးညိုနဲ့ရဝေတို့နှစ်ယောက်ခမျာတုတ်တုတ်မျှမလုပ်ရဲကြပေ...။ကိုယ့်အပြစ်နဲ့ကိုယ်မို့ဒေါ်ချိုမြဆူတာ၊ငေါက်တာကိုငြိမ်ခံနေကြ၏။
ထိုစဥ်...။
" အာစိရေ...အာစိ..."
မသဲမကွဲအလင်းရောင်ထဲကနေပေါ်ထွက်လာတဲ့လှည်းတစ်စီးကမိုးညိုတို့အနားကိုရောက်ရှိလာခဲ့လေသည်။လှည်းပေါ်မှာတော့ဝတုတ်အပြင်၊ငကျော်လည်းပါ၏။ပြီးတော့ရွာထဲကကလှည်းမောင်းသမားကောင်လေးတစ်ယောက်လည်းပါလာခဲ့သည်။
" သွားလို့ရပြီ...အာစိ..."
" အေအေ..."
လှည်းရောက်လာပြီဆိုတော့မိုးညိုနဲ့ရဝေလည်းလှည်းပေါ်ကိုတက်ဖို့ပြင်လိုက်ကြသည်။မိုးညိုတို့ကိုင်ထားတဲ့အိတ်တွေကိုတော့ငကျော်ကလှည်းပေါ်ကနေလှမ်းယူလိုက်၏။လှည်းပေါ်တက်လို့အဆင်ပြေအောင်ရဝေနဲ့မိုးညိုလက်ထဲကအမြွှာလေးနှစ်ယောက်ကိုဝတုတ်နဲ့ငကျော်တို့နှစ်ယောက်ကလှမ်းချီဖို့ပြင်လိုက်ပေမယ့်အာစိက " ရတယ် " ဆိုတာကြောင့်နှစ်ယောက်သားကိုယ့်နေရာကိုယ်ပြန်ထိုင်လိုက်ကြသည်။
" ဟဲ့...နေကြဦး...ငါလည်းလိုက်မယ်...ခဏစောင့်..."
လှည်းကိုမောင်းထွက်မလို့လုပ်တုန်းဒေါ်ချိုမြရဲ့စကားကြောင့်လှည်းမောင်းသမားလေးရဲ့ကြိမ်လုံးကနွားနှစ်ကောင်ရဲ့ကျောကုန်းပေါ်မရောက်ခင်လေထဲမှာပဲရပ်တန့်သွားရ၏။​ဒေါ်ချိုမြကသူ့ဆီကိုစုပြုံရောက်လာကြတဲ့အကြည့်တွေကိုလျစ်လျူရှုပြီးပြေလျော့နေတဲ့ထမိန်ကိုတစ်ချက်ပြင်ဝတ်ကာခြံဝန်းထဲကိုခပ်သွက်သွက်လေးလျှောက်ဝင်သွားလိုက်သည်။အရွယ်နဲ့မလိုက်အောင်ဖျက်လက်လွန်းလှတဲ့ဒေါ်ချိုမြကစိတ်လည်းဆက်လွန်းလှပေ၏။
" အင့်...ဟင့်...ဖေ...."
" ကျွတ်...ကျွတ်...ဖေကြီးရှိတယ်သား...ဖေကြီးရှိတယ်..."
သူ့လည်ပင်းကိုတင်းနေအောင်ဖက်တွယ်ထားတဲ့သားကလန့်နိုးပြီးငိုလာခဲ့တာကြောင့်သားကြီးရဲ့တင်းပါးလေးကိုခပ်ဖွဖွလေးပုတ်ပြီးမိုးညိုပြန်သိပ်လိုက်၏။မကြာမီမှာပဲသားကြီးကအသံတိတ်ပြီးပြန်အိပ်ပျော်သွားတော့သည်။သားငယ်ကတော့ဝေ့ရဲ့ကိုယ်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေ၏။ညကသူ့အစ်ကိုငိုတော့သူလည်းတစ်ညလုံးမအိပ်ပဲငိုနေလေရဲ့...။
တစ်ညလုံးမအိပ်ပဲမျက်လုံးနာလို့ဆိုပြီးငိုနေတဲ့သားဖြစ်သူကြောင့်သူနဲ့ဝေလည်းအစိုးရိမ်လွန်ကာအိပ်လို့မရကြပေ...။သားကြီးငိုတော့သူတို့နှစ်ယောက်ခမျာဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေမိကြသည်။ဖြစ်ဖြစ်ချင်းရွာလယ်ပိုင်းကဆရာဝန်ကိုသွားပင့်ပေမယ့်ကံဆိုးသည်ပဲဆိုရမလား...။ဆရာဝန်ကမြို့ကိုမနေ့ကတည်းကတက်သွားတာပြန်မလာသေးပါဘူးတဲ့လေ...။
" ဆရာဝန်မရှိဘူး " ဆိုတဲ့စကားကြောင့်အေးချမ်းတဲ့ညအလယ်မှာသူ့တစ်ယောက်တည်းငရဲကျသလိုခံစားရသည်။ဆရာဝန်မရှိရင်သားကြီးခံစားနေရတဲ့ဝေဒနာကိုဘယ်လိုလုပ်ရမလဲ...။ဗိန္ဓောဆရာတော့ရှိပေမယ့်သားကြီးကိုတော့အဲ့လိုဆရာမျိုးတွေနဲ့တော့မကုချင်ပေ...။
မယုံကြည်တာမဟုတ်ပေမယ့်သားကြီးရဲ့ဝေဒနာကိုသက်သက်သာသာနဲ့အကောင်းဆုံးကုသနည်းနဲ့ပဲသူကုချင်သည်။တခြားရွာတွေကျပြန်တော့လည်းကွမ်းတောရွာထက်တောကျတဲ့အတွက်ဒီရွာကဆရာဝန်ကိုသာအားထားနေကြရသည်မဟုတ်လား...။
ဝေ့ခမျာနင့်နင့်သည်းသည်းငိုနေတဲ့သားကြီးကိုကြည့်ပြီးမျက်ရည်တွေအဆက်မပြတ်ကျနေလေသည်။သူလည်းဘာထူးလဲ...။သားကြီးခံစားနေရတာကိုဖခင်တစ်ယောက်အနေနဲ့ရင်ထဲမချိပေ...။တတ်သလောက်မှတ်သလောက်လုပ်ရအောင်လည်းရှင်သန်ခဲ့တဲ့တစ်လျှောက်လုံးဘဝကိုပေါ့ပေါ့တန်တန်ပဲဖြတ်သန်းခဲ့သည်မဟုတ်လား...။အခုချိန်မှာသားကြီးခံစားနေရတာကိုကြည့်ပြီးသူ့မှာနောင်တရလို့မဆုံးပေ...။
သူဆိုတဲ့ကောင်ကသားသမီးခံစားနေရတဲ့ဝေဒနာကိုတောင်သက်သာအောင်မလုပ်ပေးနိုင်တဲ့စောက်သုံးမကျတဲ့အဖေတစ်ယောက်ဖြစ်နေလေပြီ...။
သူဘယ်လိုလုပ်ရမလဲ...။
အခုချိန်မှာငွေကြေးတွေသူ့မှာဘယ်လောက်ပဲရှိနေနေငွေပေးရုံနဲ့သူလိုချင်တဲ့အရာတွေကချက်ခြင်းမရနိုင်ဘူးဆိုတာသဘောပေါက်နားလည်ခဲ့ပြီ...။
သူ့အဖြစ်ကသားသမီးခံစားနေရတာကိုထိုင်ကြည့်နေရတဲ့ဘဝ...။
နာကျင်လွန်းလို့မျက်ရည်ကျချင်ပေမယ့်အခုချိန်မှာသူပျော့ညံ့လို့မဖြစ်ပေ...။ဒီလူသားလေးတွေရဲ့ရှေ့မှာမားမာမတ်မတ်သူရပ်တည်နေမှရမည်။
" မင်တို့နှစ်ယောက်လည်းလိုက်မှာလား..."
" ဟုတ်ကဲ့အာစိ...လိုက်မှာ..."
ဝတုတ်နဲ့ငကျော်တို့နှစ်ယောက်လည်းသားကြီးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပုံရသည်။သတင်းကြားကြားချင်းအိမ်ကိုအပြေးလာခဲ့ကြတာပဲကြည့်...။အခုလည်းဘေးနားကနေပြီးအိပ်ပျော်နေတဲ့သားကြီးကိုနှစ်ယောက်သားအရိပ်တကြည့်ကြည့်နဲ့ငေးကြည့်နေကြ၏။
" အမလေးဟဲ့...အဲ့ဒါကြောင့်မို့နင်တို့ကိုပြောတာသုံဘီးလေးတစ်စီးဝယ်ထားပါလို့...ဘယ်လောက်မှလည်းပေးရတာမဟုတ်ဘူး...အရေးအကြောင်းဆို " ရွှတ် " ခနဲ့ " ရွှတ် " ခနဲ့ မောင်းပြီးသွားလိုက်ရုံပဲ...အမလေးဟဲ့...ငါ့ကိုဆွဲတင်ကြပါဦး..."
ဒေါ်ချိုမြတစ်ယောက်ပါးစပ်ကလည်းအရွတ်မပြတ်သလိုလူကလည်းလှည်းပေါ်ကိုအသည်းအသန်ကုတ်တက်နေရသည်။ငကျော်ကလှည်းပေါ်ကိုကိုးယိုကားယားကုတ်တက်နေတဲ့အနာဂတ်ယောက္ခမကိုကူညီချင်ပေမယ့်ပါးစပ်ကပွစိပွစိရွတ်နေတဲ့အတွက်အမြင်ကတ်ပုဒ်မတပ်ကာမသိချင်ယောင်ဆောင်ထားလိုက်၏။မနေနိုင်တဲ့ဝတုတ်ကပဲဒေါ်ချိုမြကြီးကိုဖင်ကနေအီးထွက်မတတ်လှည်းပေါ်ဆွဲတင်နေရသည်။
" ကဲ...ရပြီ...တက်...ရသော်..."
လှည်းပေါ်တက်လာတာကဒေါ်ချိုမြတစ်ယောက်တည်းယောက်တည်းမဟုတ်ပေ...။ဘေးနားမှာရသော်လည်းပါလာခဲ့၏။ " ရသော် " ဆိုတဲ့နာမည်ကြောင့်ငကျော်ကအနောက်ကိုချက်ခြင်းလှည့်ကာကြည့်လိုက်မိသည်။
အဟား...။
လှည်းပေါ်တက်လာတဲ့သူ့ရဲ့အသော်လေး...။မနက်စောစောစီးစီးငကျော်တို့ထီပေါက်တယ်ဆိုတာဒါမျိုး...။
" ဟင်...ရသော်လည်းလိုက်မှာလား..."
" လိုက်ရမှာပေါ့တော်...ကျုပ်တူလေးနေမကောင်းဖြစ်နေတာကို..."
ဝတုတ်ရဲ့အမေးကိုရသော်ကစိတ်မကောင်းဖြစ်နေတဲ့အသံနဲ့ပြန်ဖြေ၏။ပြီးနောက်မိုးညိုရဲ့ပခုံးပေါ်မှာခေါင်းမှီပြီးအိပ်ပျော်နေတဲ့ဝလ္လာရဲ့နဖူးလေးကိုရသော်ကခပ်ဖွဖွလေးနမ်းလိုက်သည်။ရသော်ကိုကြည့်ရတာသူ့တူအတွက်စိတ်မကောင်းဖြစ်နေပုံရသည်။
" ကဲ...ထွက်လို့ရပြီဟေ့..."
သူ့ကိုကျောပေးပြီးထိုင်နေတဲ့ဝေကသားငယ်လေးကိုရင်ခွင်ထဲထည့်ပြီးအမှောင်ထုမကွဲသေးတဲ့ပတ်ဝန်ကျင်မြင်ကွင်းကိုငေးကြည့်နေ၏။ဝေ့ရဲ့ပုံစံကအရမ်းကိုစိတ်ထိခိုက်နေမှန်းသိသာလှသည်။ပြီးတော့သားကြီးအခုလိုဖြစ်ရတာ" သူ့ကြောင့် "ဆိုပြီးဝေကကိုယ့်ကိုယ်ကိုအပြစ်တင်နေသည်။
စိတ်မကောင်းဖြစ်နေတဲ့ခင်ပွန်းဖြစ်သူကိုနှစ်သိမ့်တဲ့အနေနဲ့ရဝေ့ရဲ့လက်ကလေးကိုမိုးညိုကခပ်တင်းတင်းလေးဆုပ်ကိုင်လိုက်၏။ပြီးနောက်သူ့ဘက်ကိုလှည့်ကြည့်လာတဲ့ရဝေ့ကိုမိုးညိုကအားတင်းကာပြုံးပြလိုက်သည်။
အဆင်ပြေသွားမှာပါဝေ...။
ကိုမိုးညိုတို့ကျော်ဖြတ်နိုင်မှာပါ...။
---------------------------------------------------------
" ကလေးကအသက်ငယ်ငယ်နဲ့ကိစ္စတိုင်းကိုအာရုံစူးစိုက်များသွားတဲ့အတွက်မျက်လုံးကနည်းနည်းနာချင်သလိုဖြစ်သွားတာပါ...အခြားစိုးရိမ်စရာတော့မရှိပါဘူး..."
" ဟုတ်ကဲ့...ဆရာ..."
" အဲ့တော့...ကလေးသောက်ဖို့အတွက်ကျွန်တော်ဆေးတစ်ပတ်စာပေးလိုက်မယ်...ပြီးတော့ဒီကာလမှာတစ်ခုခုအာရုံစူးစိုက်မိတဲ့အခါအဆင်ပြေအောင်မျက်မှန်လေးတစ်လက်ကျွန်တော်လုပ်ပေးလိုက်မယ်...ခလေးတပ်မှာဖြစ်တဲ့အတွက်ပါဝါကတော့သိပ်မများဘူး..."
" ဟုတ်ကဲ့ဆရာ...ကျေးဇူးတင်ပါတယ်ဗျာ..."
ဆရာဝန်ရဲ့မှာကြားချက်များကိုတသွေမတိမ်းမိုးညိုလိုက်မှတ်ထားလိုက်၏။လက်စသတ်တော့သားကြီးကမျက်ရိုးကိုက်တာကိုမပြောတတ်လို့" နာတယ်၊နာတယ် " လို့ပြောတာကိုး...။မိုးညိုရဲ့အနောက်မှာထိုင်နေကြတဲ့ကျန်တဲ့လူတွေကလည်းဆရာဝန်ရဲ့စကားကိုငြိမ်ပြီးနားထောင်နေကြသည်။
အခုသားကြီးဝလ္လာကလိုအပ်တဲ့ကုသမှုတွေခံယူပြီးသွားပြီဖြစ်သည်။ " မျက်ရိုးကိုက်တာ " ဆိုတဲ့ဆရာဝန်ရဲ့စကားကြောင့်သူတို့လည်းအခုမှပဲသက်ပြင်းချနိုင်ကြတော့သည်။သို့သော်လည်းသားကြီးကငယ်ငယ်ရွယ်ရွယ်နဲ့မျက်မှန်တပ်ရမယ်ဆိုတော့သူတို့အားလုံးစ်တ်မကောင်းတော့ဖြစ်မိကြသည်။ဝေကတော့သူတို့ကိုယ်သူအပြစ်တင်မဆုံးကာတစ်ယောက်တည်း " ရွှတ်ရွှတ် " နဲ့ကြိတ်ငိုနေလေရဲ့...။
" ဆေးကိုတော့ Counter မှာထုတ်လိုက်ပါ...မျက်မှန်ကိုတော့ခဏစောင့်..."
" ဟုတ်ကဲ့ဆရာ..."
" မျက်မှန်ကခဏစောင့်ရမယ် " ဆိုတာကြောင့်သူတို့လည်းဆရာဝန်ရဲ့ရုံးခန်းထဲမှာပဲထိုင်ပြီးစောင့်နေလိုက်ကြသည်။လိုအပ်တဲ့ကုသမှုတွေ၊စစ်ဆေးချက်တွေအကုန်လုပ်ပြီးသွားပြီဆိုတော့သူတို့အားလုံးရဲ့စိတ်တွေပေါ့ပါးသွားသလို၊သားကြီးရဲ့မျက်နှာလေးကလည်းရွှင်လန်းလာခဲ့၏။ခဏကြာတော့နာစ့်မလေးတစ်​ယောက်ကသူ့တို့အနားကိုရောက်လာပြီးမျက်မှန်လာပေးလေသည်။
" ခလေးကတစ်ခုခုကိုအာရုံစူးစိုက်တဲ့အခါဒီမျက်မှန်လေးကိုတပ်ထားပေးပါ..."
" ဟုတ်ကဲ့...ဆရာမ..."
နာစ့်မကမ်းပေးတဲ့မျက်မှန်ဘူးလေးကိုမိုးညိုကတရိုတသေနဲ့လှမ်းယူလိုက်၏။မျက်မှန်ကသေးသေးလေးနဲ့အဝိုင်းလေးဖြစ်သည်။ခလေးတပ်မှာဆိုတော့မျက်မှန်ကိုလည်းအသေးစားလေးလုပ်ပေးထားတာဖြစ်မည်။ထို့နောက်မိုးညိုတို့လည်းဆရာဝန်ကိုနှုတ်ဆက်ပြီးကောင်တာမှာဆေးထုတ်ကာပြန်လာခဲ့လိုက်ကြသည်။
" ဖွား...ဘိုက်ချာရယ်..."
ဒေါ်ချိုမြချီထားတဲ့မဟာကသူ့ရဲ့ပူဖောင်းဖောင်းဗိုက်လေးကိုအသာပုတ်ပြပြီးအဖွားဖြစ်သူကိုအသံခပ်တိုးတိုးလေး​ပြောလိုက်သည်။သို့နှင့်ဒေါ်ချိုမြလည်းအနောက်ကနေလှုပ်တုတ်လှုပ်တုတ်နဲ့လာနေကြတဲ့သမက်နဲ့သားဖြစ်သူဘက်ကိုလှည့်ကာ...
" ကဲ...မိုးညိုရေ...ထမင်းဆိုင်တစ်ဆိုင်ဝင်ရအောင်...ဒီမှာ...ငါ့မြေးငယ်ဗိုက်ဆာနေပြီ..."
ဒီလိုနဲ့မိုးညိုတို့အဖွဲ့လည်းနီးစပ်ရာထမင်းဆိုင်လေးမှာဝင်ထိုင်လိုက်ကြသည်။ဆိုင်လေးကသိပ်မကြီးပေမယ့်ခပ်သန့်သန့်လေးဖြစ်သည်။ပြီးတော့အစား၊အသောက်လည်းစုံလင်လှသည်။
ဆေးခန်းပြလိုက်လို့သက်သာသွားတဲ့သားကြီးကအစားအသောက်တွေကိုမြင်လိုက်ရတော့သူ့ညီနဲ့အပြိုင်အူမြူးနေ၏။အမြွှာလေးနှစ်ယောက်အခုလိုရွှင်ရွှင်လန်းလန်းပြန်ဖြစ်တော့မှပဲအားလုံးလည်းပြုံးနိုင်ကြတော့သည်။
" ဖေ...တား...ချက်ဖောင်ချားချင်ရယ်..."
ဖအေဖြစ်သူရဲ့လည်တိုင်ကိုသိုင်းဖက်ကာခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ကြက်ကြော်တုံးကြီးတွေကိုဝလ္လာကလက်ညှိုးထိုးပြလိုက်သည်။ဗန်းထဲကိုမို့မောက်နေအောင်ထည့်ထားတဲ့ကြက်ကြော်တုံးကြီးတွေကအငွေ့တထောင်းထောင်းနဲ့စားချင်စရာပင်...။ဒါ့အပြင်မွှေးပျံ့တဲ့ကြက်ကြော်နံ့ကလည်းတစ်ဆိုင်လုံးကိုပျံ့နှံ့နေ၏။
" တားကပဂျွန်..."
ဝလ္လာနည်းတူမဟာကလည်းအားကျမခံကြက်ကြော်ဘေးနားက​ပုစွန်အကောင်ကြီးတွေကိုလက်ညှိုထိုးပြလိုက်၏။အမြွှာနှစ်ယောက်ရဲ့တီတီတာတာအသံလေးတွေကြောင့်မိုးညိုနဲ့ရဝေတို့ရဲ့မျက်နှာကြီးတွေကဖြီးနေသည်။ကြက်ပေါက်လေးတွေအခုလိုတီတီတာတာပြန်ဖြစ်လာတော့သူတို့မှာဝမ်းသာလို့မဆုံးနိုင်ပေ...။
ညီအစ်ကိုနှစ်ယောက်အားကျမခံဟင်းအပြိုင်အဆိုင်မှာနေကြတာကိုကြည့်ပြီးအားလုံးကအူတွေအသည်းတွေယားနေမိကြသည်။ရသော်ကမနေနိုင်တဲ့အဆုံးအစ်ကိုဖြစ်သူနဲ့ခဲအိုဖြစ်သူရဲ့ရင်ခွင်ထဲမှာလှုပ်တုတ်လှုပ်တုတ်နဲ့အငြိမ်မနေကြတဲ့အမြွှာလေးနှစ်ယောက်ရဲ့ပါးကိုအားပါးတရလိုက်​နမ်းတော့သည်။
" ဟုတ်ပြီ...ဖေကြီးမှာပေးမယ်...ဝေရော...ဘာစားချင်လဲ..."
" ကျွန်တော့်ကိုထမင်းကြော်တစ်ပွဲ...ကြက်ဥကြော်နဲ့..."
" ဟုတ်ပြီ..."
အမြွှာလေးနှစ်ယောက်ရွှင်ရွှင်လန်းလန်းပြန်ဖြစ်နေပုံကြည့်ပြီးရဝေကပါးစပ်ကိုစိလို့မရတော့ပေ...။သူ့ဘက်ကိုလှည့်ကာစကားမပီကလာ၊ပီကလာနဲ့လှမ်းပြောနေတဲ့သားကြီးကိုကြည့်ပြီးသူ့မှာကြည်နူးလို့မဆုံးနိုင်ဖြစ်နေရသည်။
" ရသော်...စားချင်တာမှာနော်...ဒေါ်လေးကိုလည်းမှာပေးလိုက်..."
" ဟုတ်ကဲ့...ကိုကြီးညို..."
" ဝတုတ်နဲ့ငကျော်...မင်းတို့လည်းစားချင်တာမှာ...အားမနာနဲ့..."
" ဟုတ်ကဲ့...အာစိ..."
မနက်အစောကြီးလာခဲ့ကြတာဆိုတော့အားလုံးကဗိုက်ဆာနေကြပြီဖြစ်သည်။ဝိတ်တာလေးသူတို့အနားကိုရောက်လာတယ်ဆိုရင်ပဲအားလုံကစားချင်တာတွေကိုမှာကြတော့သည်။မနက်စောစောဖြစ်တဲ့အတွက်ဆိုင်ထဲမှာသူတို့တစ်စုသာရှိသည်။ဒါကြောင့်မကြာမီမှာပဲသူတို့မှာထားတဲ့အစားစာတွေအားလုံးစားပွဲပေါ်ကိုရောက်လာကြ၏။ရသော်၊ဝတုတ်နဲ့ငကျော်တို့ကတော့အားပါးတရစားနေပေမယ့်ဒေါ်ချိုမြနဲ့ရဝေကတော့တို့ကနန်း၊ဆိတ်ကနန်းစားနေကြသည်။
အဆိုးဆုံးကတော့မိုးညိုပင်...။
ကျန်တဲ့သူတွေအားလုံးစားနေ​ကြပေမယ့်မိုးညိုတစ်ယောက်ကတော့အမြွှာလေးနှစ်ယောက်ကိုဘေးတစ်ဖက်တစ်ချပ်စီချကာသားကြီးဝလ္လာအတွက်ကြက်ကြော်လေးနွှာပေးလိုက်၊သားငယ်မဟာအတွက်ပုဇွန်လေးအခွံခွာပေးလိုက်နဲ့လက်မလည်နိုင်အောင်ဖြစ်နေ၏။ဗိုက်ဆာနေပေမယ့်ကြက်ပေါက်လေးနှစ်ကောင်လှုပ်စိလှုပ်စိစားတာကိုကြည့်နေရုံနဲ့တင်သူ့မှာအာဟာရသိဒ္ဓိမြောက်နေသည်။
ဒီခံစားချက်ကသူ့အတွက်တော့ကြည်နူးစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဗိုက်ပြည့်ခြင်းရသတစ်မျိုးဖြစ်မည်ထင်ပါရဲ့...။
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
( Note: အမွှာလေးနှစ်ယောက်ရဲ့Characters ကိုပုံဖော်ချင်တဲ့အတွက်ဒီအပိုင်းကိုရေးလိုက်ရခြင်းဖြစ်ပါတယ်☺☺☺)
သားဖြစ်သူနဲ့သမက်ဖြစ်သူကိုကြည့်ပြီးဒေါ်ချိုမြခမျာမနက်စောစောစီးစီးရင်ထဲမှာကုလားဘုရားလှည့်သလိုခံစားနေရသည်။ဒါ့အပြင်အာရုဏ်ဆွမ်းလောင်းရင်းရွတ်နေတဲ့ပုရိတ်ကြီး(၁၁)သုတ်ကလည်းသားဖြစ်သူနဲ့သမက်ဖြစ်သူရဲ့ရုပ်တွေကိုမြင်လိုက်ရတော့မေ့သွားပြီးဖြစ်သည်။
မိုးတောင်ကောင်းကောင်းမလင်းသေးဘူး၊သူ့အပူကနေကိုယ့်အပူဖြစ်နေရလေပြီး...။
ဒုက္ခ...။
" ဟယ်...ဟုတ်လား..."
ဒုက္ခပါပဲ...။
သားဖြစ်သူနဲ့သမက်ဖြစ်သူလိုပဲဒေါ်ချိုမြလည်းစိတ်နဲ့ကိုယ်နဲ့ကပ်နေပုံမရပေ...။ခုနကမှဘုရားရှိခိုးပြီးလို့အေးချမ်းနေတဲ့ဒေါ်ချိုမြရဲ့စိတ်တွေကမြေးဖြစ်သူရဲ့ကိစ္စကြောင့်စောစောစီးစီးပူလောင်နေရပြီး...။
" ငါနင်တို့ကိုခဏခဏပြောတယ်...ခလေးကိုအာရုံအရမ်းစိုက်ရတာတွေ " မလုပ်ခိုင်းပါနဲ့ " " မလုပ်ခိုင်းပါနဲ့ " ဆိုတာ...အခုတော့တွေ့ပြီးမလား...ခလေးကမျက်လုံးနာနေပြီး...နင်တို့ဟာလေ..."
" ကိုယ့်သားသမီးကိုဖြစ်စေချင်တာလည်းဖြစ်စေချင်တာပေါ့...နင်တို့ဟာကလွန်ကိုလွန်လွန်းတယ်...အခုတော့...ခလေးကငယ်ငယ်ရွယ်ရွယ်နဲ့မျက်လုံးထိခိုက်နေပြီး..."
မြေးဇောကြောင့်ဒေါ်ချိုမြတစ်ယောက်သားဖြစ်သူနဲ့သမက်ဖြစ်သူကိုမနက်စောစောစီးစီးဆူငေါက်နေမိသည်။ခလေးကအရွယ်တောင်မရောက်သေးဘူး၊ပေးဖတ်လိုက်ရတဲ့ရုပ်ပြကားတွန်စာအုပ်လေးတွေ၊ဆော့ခိုင်းလိုက်ရတဲ့ဉာဏ်စမ်းကစားစရာလေးတွေ၊သင်လိုက်ရတဲ့ " က"ကြီး၊" ခ " ခွေး....။
အခုတော့ကြည့်...။
ထိုစဉ်...။
" အာစိရေ...အာစိ..."
" သွားလို့ရပြီး...အာစိ..."
" အေအေ..."
" အင့်...ဟင့်...ဖေ...."
သူဆိုတဲ့ကောင်ကသားသမီးခံစားနေရတဲ့ဝေဒနာကိုတောင်သက်သာအောင်မလုပ်ပေးနိုင်တဲ့စောက်သုံးမကျတဲ့အဖေတစ်ယောက်ဖြစ်နေလေပြီး...။
သူဘယ်လိုလုပ်ရမလဲ...။
အခုချိန်မှာငွေကြေးတွေသူ့မှာဘယ်လောက်ပဲရှိနေနေငွေပေးရုံနဲ့သူလိုချင်တဲ့အရာတွေကချက်ခြင်းမရနိုင်ဘူးဆိုတာသဘောပေါက်နားလည်ခဲ့ပြီး...။
" ဟုတ်ကဲ့အာစိ...လိုက်မှာ..."
" ကဲ...ရပြီး...တက်...ရသော်..."
အဟား...။
" ကဲ...ထွက်လို့ရပြီဟေ့..."
မိုးညိုတစ်ယောက်စိတ်မကောင်းဖြစ်နေတဲ့ခင်ပွန်းဖြစ်သူကိုနှစ်သိမ့်တဲ့အနေနဲ့ရဝေ့ရဲ့လက်ကလေးကိုခပ်တင်းတင်းလေးဆုပ်ကိုင်လိုက်၏။ပြီးနောက်သူ့ဘက်ကိုလှည့်ကြည့်လာတဲ့ရဝေ့ကိုမိုးညိုတစ်ယောက်အားတင်းပြီးပြုံးပြလိုက်မိသည်။
အဆင်ပြေသွားမှာပါဝေ...။
-------------------------
" ဟုတ်ကဲ့...ဆရာ..."
" ဟုတ်ကဲ့ဆရာ..."
" ဟုတ်ကဲ့...ဆရာမ..."
" ဖွား...ဘိုက်ချာရယ်..."
ဒေါ်ချိုမြချီထားတဲ့မဟာကသူ့ရဲ့ပူဖောင်းဖောင်းဗိုက်လေးကိုအသာပုတ်ပြီးအဖွားဖြစ်သူကိုအသံခပ်တိုးတိုးလေး​ပြောလိုက်လေ၏။သို့နှင့်ဒေါ်ချိုမြတစ်ယောက်အနောက်ကနေလှုပ်တုတ်လှုပ်တုတ်နဲ့လာနေကြတဲ့သမက်နဲ့သားဖြစ်သူဘက်ကိုလှည့်ကာ...
" ကဲ...မိုးညိုရေ...ထမင်းဆိုင်တစ်ဆိုင်ဝင်ရအောင်...ဒီမှာ...ငါ့မြေးငယ်ဗိုက်ဆာနေပြီး..."
" တားကပဂျွန်..."
ညီအစ်ကိုနှစ်ယောက်အားကျမခံဟင်းအပြိုင်အဆိုင်မှာနေကြပုံကိုကြည့်ပြီးအားလုံးကအူတွေအသည်းတွေယားနေမိကြသည်။ရသော်တစ်ယောက်ကတော့မနေနိုင်တဲ့အဆုံးအစ်ကိုဖြစ်သူနဲ့ခဲအိုဖြစ်သူရဲ့ရင်ခွင်ထဲမှာလှုပ်တုတ်လှုပ်တုတ်အငြိမ်မနေကြတဲ့အမြွှာလေးနှစ်ယောက်ရဲ့ပါးကိုအားပါးတရလိုက်​နမ်းလေတော့သည်။
" ဟုတ်ပြီး...ဖေကြီးမှာပေးမယ်...ဝေရော...ဘာစားချင်လဲ..."
" ဟုတ်ပြီး..."
အမြွှာလေးနှစ်ယောက်ရွှင်ရွှင်လန်းလန်းပြန်ဖြစ်နေပုံကြည့်ပြီးရဝေတစ်ယောက်ကတော့ပါးစပ်ကိုစိလို့မရတော့ပေ...။သူ့ဘက်ကိုလှည့်ကာစကားမပီကလာ၊ပီကလာနဲ့လှမ်းပြောနေတဲ့သားကြီးကိုကြည့်ပြီးသူ့မှာကြည်နူးလို့မဆုံးနိုင်ဖြစ်နေမိသည်။
" ဟုတ်ကဲ့...ကိုကြီးညို..."
" ဟုတ်ကဲ့...အာစိ..."
ရသော်၊ဝတုတ်နဲ့ငကျော်တို့ကတော့အားပါးတရစားနေပေမယ့်ဒေါ်ချိုမြနဲ့ရဝေကတော့တို့ကနန်း၊ဆိတ်ကနန်းစားနေကြလေရဲ့...။
---------------------------------------------------------
( အကြီးကောင်လေးဝလ္လာကစာဂျပိုးလေးCharacterပါ။မျက်မှန်လေးနဲ့ပေါ့☺☺)
( လေးလုံးတိုင်းစာဂျပိုးမဟုတ်ပေမယ့်စာဂျပိုးလေးတွေအများစုကတော့မျက်မှန်လေးတွေနဲ့နော်😁😁)
( အငယ်ကောင်လေးမဟာကတော့ကိုမိုးညိုရဲ့ခြေရာကိုနင်းမယ့်ကောင်လေးပါ☺☺)
( တစ်ရွာလုံးရဲ့အော်ကြောလန်အမွှေစိန်လေးပေါ့☺☺☺)
Continue Reading
You'll Also Like
326K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
1.2M 89.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.