အခန်း(၅၂)
" ဘာ..."
" အမလေး..."
ဟိန်းထွက်လာတဲ့မိုးညိုရဲ့အသံကြောင့်ယပ်ခတ်နေရင်းနဲ့ဒေါ်ချိုမြကအလန့်တကြားထအော်၏။ပြီးနောက်တုန်နေတဲ့ရင်ဘတ်ကိုလက်တစ်ဖက်နဲ့အသာဖိရင်းသမက်ဖြစ်သူကိုမသိမသာလေးဒေါ်ချိုမြမျက်စောင်းထိုးလိုက်သည်။
ခွေးကောင်လေး...။
နေအရမ်းပြင်းလို့လူကနှလုံးတုန်၊ရင်တုန်နေပါတယ်ဆို...။တမင်သက်သက်လူကိုလန့်ပြီးသေအောင်လုပ်နေတာ...။ဟိုနေ့ကလည်းသူ့ကျေးဇူးကြောင့်ကိုယ့်မှာအိပ်ခါနီးပုတီးစိပ်လိုက်ရပြီးပြီ...။
အခုလည်း...။
ဟိုနေ့ကအကြောင်းခေါင်းထဲရောက်လာတော့ဒေါ်ချိုမြကအီလည်လည်ဖြစ်နေတဲ့သမက်ဖြစ်သူရဲ့မျက်နှာကိုနောက်တစ်ကြိမ်ထပ်ပြီးမျက်စောင်းထိုးပစ်လိုက်၏။
ဝမ်းမနာသားလေး...။
ဘယ်တော့ကတည်းကလူကိုသေစေချင်နေတာလဲမသိဘူး...။
သမက်ဖြစ်သူကိုစိတ်ထဲကနေကြိမ်ဆဲလို့ဝမှဒေါ်ချိုမြကဘေးမှာချထားတဲ့ယပ်တောင်ကိုပြန်ကောက်ကာယပ်ပြန်ခတ်လိုက်၏။ပူပြင်းတဲ့နေကြောင့်ကျောပူ၊ရင်ပူ၊တစ်ကိုယ်လုံးပူရုံတင်မကဘူး...။အခုတော့သမက်ဖြစ်သူရဲ့မိုက်လွတ်တဲ့အသံကြောင့်ချိုမြတို့နားပါအူနေရပြီ...။
တော်တော်ကောင်းကျိုးမပေးတဲ့သမက်...။
" လန့်လိုက်တာကိုမိုးညိုရာ..."
" ဟုတ်ပ..."
သားဖြစ်သူရဲ့စကားကိုဒေါ်ချိုမြကနှုတ်ခမ်းလေးရွဲ့ပြီးထောက်ခံလိုက်၏။ယောက်ျားအရင့်အမာကြီးဖြစ်တဲ့သားဖြစ်သူတောင်လန့်တယ်ဆိုတော့၊သူ့သမက်ရဲ့အသံကဘယ်လောက်ထိတောင်ကျယ်လဲဆိုတာစဥ်းစားသာကြည့်တော့...။
ဒေါ်ချိုမြတို့ကသာအသံအကြောင်းဋီကာဖွင့်နေပေမယ့်မိုးညိုကတော့ထိုကိစ္စကိုဂရုမစိုက်အားပေ...။သူ့ဖာသာ " ထန်းရည်(၁)လဖြတ်ရမယ် " ဆိုတဲ့ဒေါ်ချိုမြရဲ့စကားတစ်ခွန်းကြောင့်ကမ္ဘာပျက်နေလေရဲ့...။
လန့်သွားတယ်တယ်တဲ့လားဝေရယ်...။
ဝေကလန့်ရုံပဲလန့်တာ၊ကိုမိုးညိုကဒူးပါတုန်နေပြီ...။
" ယတြာချေတဲ့အနေနဲ့ထန်းရည်ကို(၁)လဖြတ်ရမယ် " တဲ့...။
အခုထိနားထဲကမထွက်သေးတဲ့စကားကြောင့်မိုးညိုကယောင်ယမ်းကာမတ်တပ်ထရပ်လိုက်သည်။ပြီးနောက်မယုံကြည်နိုင်ခြင်းတွေနဲ့ခပ်လှမ်းလှမ်းမှာထိုင်ပြီးယပ်ခတ်နေတဲ့ယောက္ခမကြီးကိုလှမ်းကာကြည့်လိုက်၏။
ယောက္ခမကြီးကဘယ်ဗေဒင်ဆရာကိုသွားမေးလို့ဒီယတြာကြီးရခဲ့တာလဲ...။
" ဟုတ်ရဲ့လားဒေါ်လေးရယ်...ဒေါ်လေးနားကြားမှားခဲ့တာလား..."
ဟုတ်မှာပါ...။
ယောက္ခမကြီးနားကြားမှားခဲ့တာပဲဖြစ်မှာပါ...။ဘယ်ဗေဒင်ဆရာကမှဒီလိုပြောမှာတော့မဟုတ်ဘူး...။
သူသိတယ်...။
ယောက္ခမကြီးကိုမေးလိုက်တဲ့သူ့ရဲ့အသံကစိတ်လှုပ်ရှားခြင်းကြောင့်တုန်ရီနေ၏။သို့သော်အခုချိန်မှာတုန်တာတွေ၊ထုံတာတွေသူဂရုမစိုက်အားပေ...။
သူသိတာထန်းရည်(၁)လမဖြတ်ရဖို့အရေးပင်...။
ပြိုတော့မယ့်မိုးလိုညှိုးမှိုင်းနေတဲ့သမက်ဖြစ်သူရဲ့မျက်နှာကိုကြည့်ပြီးဒေါ်ချိုမြကနှုတ်ခမ်းကိုသိသိသာသာလေးရွဲ့ပစ်လိုက်သည်။ပြီးနောက်လက်ထဲကယပ်တောင်ကိုစားပွဲပေါ်ပစ်တင်ကာခါးပေါ်တက်နေတဲ့အင်္ကျီစကိုဟန်ပါပါလေးဆွဲချပစ်လိုက်၏။
မျက်နှာကတော့သမက်ဖြစ်သူကိုမကျေမနပ်ဖြစ်နေတဲ့အတွက်မဲ့နေဆဲ၊ရွဲ့နေဆဲပင်...။
" နားကြားမှားခဲ့တာလား..." တဲ့...။
မေးလည်းမေးတတ်ပ...။
ချိုမြကအသက်ကြီးပေမယ့်ဘာမှမပျက်စီးသေးဘူးဆိုတာဒီကောင်လေးမသိဘူးလား...။
ကောင်းကောင်းလည်းကြားနိုင်သလို၊အရသာရှိရှိလည်းစားနိုင်သေးသည်။
ဒါတင်ဘယ်ကဦးမလဲ...။
သဲသဲကွဲကွဲလည်းမြင်နိုင်သေးတယ်ဆိုတာဒင်းသိသင့်သည်။
သူ(မ)ရဲ့နားကဘယ်လောက်ထိကောင်းလဲဆိုဘေးအိမ်ကအတင်းတုတ်နေတဲ့အသံကိုတောင်ပီပီသသကြားနိုင်တာပဲကြည့်...။
ဒါကိုဒင်းကမသိဘူး...။
အခုလည်းဗေဒင်ဆရာပြောတာကိုသူ(မ)ကမှားပြီးကြားခဲ့တာတဲ့လား...။
ချိုမြတို့,နားကဘေးအိမ်ကအတင်းတုတ်တဲ့အသံကိုတောင်ရှင်းရှင်းလင်းလင်းကြားနိုင်တယ်ဆိုရင်၊ဗေဒင်ဆရာရဲ့အသံကအတွင်းရေးကိုတောင်တိုင်ပင်လို့မရတဲ့အသံမျိုး...။
ဒါကိုဒင်းကအိမ်မှာနေပြီးဘာမှမသိပေ...။
ထန်းရည်လေး(၁)လဖြတ်ခိုင်းတာကိုဖြစ်ပျက်နေလိုက်တာ၊မသိရင်တစ်သက်လုံးဖြတ်ခိုင်းလိုက်သလိုလို...။
အခုဖြတ်ခိုင်းတယ်ဆိုတာကလည်းသူကောင်းဖို့အတွက်ပဲဆိုတာဒင်းမသိဘူးလား...။
ဒါမှမဟုတ်...။
သိသိရက်နဲ့ကိုမလုပ်ချင်တာများလား...။
သိသည်ဖြစ်စေ၊မသိဘူးဖြစ်စေချိုမြတို့ကတော့ဒီကိစ္စကိုလုံးဝအလျှော့ပေးဖို့အစီအစဥ်မရှိပေ...။
ပြောလို့ရတာမဟုတ်ဘူး...။
ယတြာမချေပဲဒီအတိုင်းသာနေလိုက်မယ်ဆိုရင်သူ့ရဲ့ကံဆိုး၊ကံညံ့တွေကသားဖြစ်သူနဲ့မြေးနှစ်ယောက်ဆီမကူးနိုင်ဘူးလို့မပြောနိုင်ဘူး...။
အဲ့တော့ဗေဒင်ဆရာပေးလိုက်တဲ့ယတြာကိုချေကိုချေရမှဖြစ်မှာ...။
" မှားစရာလားဟဲ့...ဗေဒင်ဆရာကအဲ့ဒီလိုပဲပြောလိုက်တာ...ဘာဖြစ်လဲမိုးညိုရယ်...နင့်ကိုတစ်သက်လုံးဖြတ်ခိုင်းတာမှမဟုတ်တာ...တစ်လလေးပဲကို..."
" ယတြာသာချေပြီးသွားရင်လေနင့်ရဲ့ကံဇာတာတွေကအကောင်းဘက်ကိုပြန်တက်လာပြီ..."
လက်ဟန်၊ခြေဟန်နဲ့ပိုင်ပိုင်နိုင်နိုင်ကိုပြောနေတဲ့ယောက္ခမကြီးကြောင့်ခေါင်းကိုအားပါးတရမိုးညိုကုတ်လိုက်သည်။ယတြာအကြောင်းပြောနေလိုက်တာများ၊မသိရင်သူ့အရှေ့မှာနတ်ကတော်ကြီးတစ်ယောက်ရောက်နေသလိုလို...။
သူ့ယောက္ခမကြီးကဗေဒင်အမေးလွန်ပြီးအကြာအမြင်ရသွားတာများလား...။
ယောက္ခမကြီးကတော့သူ့ဖာသာကုတ်ပဲကုတ်ကုတ်၊ဖဲ့ပဲဖဲ့ဖဲ့ဂရုကိုမစိုက်ပေ...။ဗေဒင်ဆရာဟောလိုက်တဲ့အကြောင်းအရာတွေကိုသာတစ်လုံးမကျန်စမြှုံ့ပြန်နေ၏။
" ဟာဗျာ...ဒီတစ်ခေါက်ယတြာကဟုတ်ရော၊ဟုတ်ရဲ့လားဗျာ...ကျွန်တော်ထန်းရည်(၁)လဖြတ်လိုက်ရုံနဲ့..."
အခုသူ့ဘဝက " တံငါနားနီး၊တံငါ " " မုဆိုးနားနီး၊မုဆိုး " ဖြစ်ရတော့မှာလား...။
ဟင့်အင်း...။
အချစ်ဦးကိုသူမခွဲနိုင်ဘူး...။
" ဘာမှအပန်းကြီးတာမှမဟုတ်တာကိုမိုးညိုရာ...ထန်းရည်လေး(၁)လလောက်ဖြတ်လိုက်တာကို..."
အပန်းမကြီးစရာလားဝေရယ်...။
ထန်းရည်ဆိုတာကိုမိုးညိုရဲ့ဒုတိယဖွားဖက်တော်လို့တောင်ပြောလို့ရတာကို...။
" ချစ်ခြင်းကိုမခွဲကြပါနဲ့ " ယောက္ခမကြီးတို့ရယ်...။
နို့ဘူးဖျော်နေတဲ့ယောက်ျားဖြစ်သူကိုမျက်နှာငယ်လေးနဲ့မိုးညိုလှမ်းကြည့်လိုက်မိသည်။သို့သော်ဝေကတော့ဖြစ်ပျက်နေတဲ့သူ့ပုံစံကိုတစ်ချက်လေးတောင်ငဲ့ကြည့်မလာခဲ့ပေ...။သူ့ဖာသာအမြွှာလေးနှစ်ယောက်နဲ့အလုပ်ရှုပ်နေ၏။
အခုတော့ဝေကပါကိုမိုးညိုကိုဥပေက္ခါပြုလိုက်ပြီပေါ့...။
ရက်စက်လိုက်တာဝေရယ်...။
" ဖြတ်လိုက်ပါမိုးညိုရယ်...ဆရာကသေသေချာချာကိုမှာလိုက်တာ..."
" သြော်...နောက်တစ်ခုကျန်သေးတယ်...ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေသူရဲ့အိပ်ယာကိုလည်းဖနှောင့်နဲ့သုံးချက်ပေါက်ပေးရမယ်တဲ့...ပါစပ်ကလည်း " ဉုံ...နင့်အကုသိုလ်နင်ပြန်ယူ...ဉုံ..." ဆိုပြီးသုံးခေါက်ရွတ်ရမယ်တဲ့..."
သြော်...။
ထန်းရည်ဖြတ်ရုံနဲ့မပြီးသေးဘူးကိုး...။
" အဲ့ဒါကိုတော့ငါပဲလုပ်လိုက်မယ်...နင်လုပ်ရမှာကထန်းရည်လေး(၁)လလောက်မသောက်ပဲနေပေးရုံပဲ...အပန်းကြီးတာမှမဟုတ်တာဟယ်...ပြီးတော့ဒီယတြာကနင့်အတွက်နော်...နင့်အတွက်..."
လက်ညှိုးကြီးထိုးထိုးကာပြောနေတဲ့ယောက္ခမကြီးရဲ့ပုံစံကိုမိုးညိုမောင်စိတ်ပျက်မိသည်။သူထန်းရည်ကြိုက်တတ်တာကိုသိလို့များတမင်သက်သက်လုပ်နေတာလား...။
" နင့်အတွက် " ဆိုပြီးသာပြောနေတာ၊မိုးညိုမောင်ကထန်းရည်မသောက်ရရင်အချိန်မရွေးလျှောသွားနိုင်တယ်ဆိုတာလည်းယောက္ခမကြီးမသိဘူးလား...။
သူ့သားမုဆိုးဖိုဖြစ်သွားတော့မှ " ဒေါ်လေးမှားပါတယ်သားရယ် " ဆိုပြီးသူ့အခေါင်းဘေးမှာလာငိုရဲလာငိုကြည့်...။
ထန်းရည်ခွက်ကိုင်တဲ့သူ့လက်ကဂုတ်လည်းချိုးနိုင်တယ်...။
ယောက္ခမကြီးသိဖို့...။
ယောက္ခမကြီးနဲ့ပတ်သတ်ပြီးရင်ခံနေတဲ့မိုးညိုကသူ့ကိုတောင်းဆိုတဲ့အကြည့်တွေနဲ့ငေးကြည့်နေတဲ့ဝေ့ကိုတွေ့တော့မှတင်းမာနေတဲ့စိတ်တွေက " ဝုန်း " ခနဲ့အရည်ပျော်ကျသွားရတော့သည်။
အဲ့ဒီလိုမကြည့်ပါနဲ့လားဝေရယ်...။
ကိုမိုးညိုမခံစားနိုင်တာသိရဲ့သားနဲ့...။
ချစ်ရသူကတောင်းဆိုနေတော့လည်းမိုးညိုမောင်တို့ကဘယ်လိုငြင်းရက်ပါ့တော့မလဲ...။နောက်ဆုံးမှာတော့ယောက္ခမဖြစ်သူရဲ့ကြိုးဆွဲရာကဖို့မိုးညိုမောင်တို့အသင့်ဖြစ်နေလေပြီ...။
ချစ်ရသူအလိုကျက,ရတော့မယ့်ရွှေမင်းသားလေးမိုးညိုမောင်...။
ယနေကစပြီးနောင်(၁)လအတွင်းမိုးညိုမောင်ကံမကောင်းပါ...။
---------------------------------------------------------
(၁)ပတ်ခန့်ကြာပြီးတဲ့နောက်...,
" ဝေ...မပြီးသေးဘူးလာကွာ..."
ဘုရားစင်နားမှာချိတ်ထားတဲ့တိုင်ကပ်နာရီကိုတစ်ချက်ကြည့်ပြီးမိုးညိုကအခန်းထဲကမထွက်လာသေးတဲ့သားအဖနှစ်ယောက်ကိုသတိလှမ်းပေးလိုက်၏။ဒီသားဖနှစ်ယောက်အခန်းထဲကထွက်လာမယ့်အချိန်ကိုစောင့်နေရတာအတော့်ကိုကြာနေပြီဖြစ်သည်။
" ပြီးနေပြီ...ဒီမှာခင်ဗျားသားအငယ်ကောင်အင်္ကျီဝတ်ပေးတာဂျီကျနေလို့..."
အခန်းထဲကခပ်ဆက်ဆက်လေးပြန်အော်လာတဲ့ဝေ့ရဲ့အသံကြောင့်သူတစ်ချက်ရယ်လိုက်မိသည်။လက်စသတ်တော့အငယ်ကောင်ဂျီကျလို့အချိန်ကြာနေတာကိုး...။
ဒီနေ့ဝေ့ရဲ့ကျောင်းပိတ်ရက်လည်းဖြစ်သလို၊သူလည်းလယ်ထဲကိုမသွားတဲ့အတွက်တစ်မိသားစုလုံးရွာဦးကျောင်းကိုသွားကြမှာဖြစ်သည်။ဟိုတစ်ခေါက်သွားပြီးကတည်းကရွာဦးကျောင်းကိုမရောက်ဖြစ်တော့တာအခုချိန်ထိပင်...။ဒါ့အပြင်ဘဘုန်းကိုလည်းမဖူးရတာလည်းကြာလေပြီ...။
ပြီးတော့သူနဲ့ဝေကလည်းကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြတော့အမြွှာလေးနှစ်ယောက်ကိုအချိန်မပေးနိုင်ကြပေ...။ဒါကြောင့်အားတဲ့အချိန်လေးမှာအမြွှာလေးနှစ်ယောက်ကိုအချိန်ပေးမလို့ဖြစ်၏။
အခန်းထဲမှာသားငယ်ကဂျီကျနေပေမယ့်သူ့လက်ထဲကသားကြီးဝလ္လာကတော့လက်ညှိုးတုတ်တုတ်လေးကိုကိုက်ပြီးငြိမ်နေ၏။သားကြီးကသူ့အဒေါ်ချုပ်ထားပေးတဲ့ကာတွန်းရုပ်လေးတွေပါတဲ့အဝါရောင်ဝမ်းဆက်နဲ့ချစ်ဖို့ကောင်းလွန်းနေသည်။ဒါ့အပြင်သူ့အဖေလူးထားတဲ့သနပ်ခါးပါးကွက်ကြီးကလည်းဖောင်းကားနေတဲ့ပါးနှစ်ဖက်မှာအပြည့်နေရာယူထားလေရဲ့...။
လက်ညှိုးလေးကိုက်ပြီး " ဝူးဝူးဝါးဝါး " အော်နေတဲ့ဖိုးဝတုတ်လေးကိုကြည့်ပြီးမိုးညိုအူတွေ၊အသည်းတွေယားနေမိသည်။တစ်နှစ်မပြည့်သေးပေမယ့်သူ့ရဲ့ကြက်ပေါက်လေးကစကားအရမ်းပြောချင်နေပုံရသည်။စကားသာပြောတတ်ရင်တော့သူ့ရဲ့ကြက်ပေါက်လေးနှစ်ကောင်ကဘယ်လောက်တောင်စကားတတ်လိမ့်မလဲ...။
" အ...ဟား...ဟား...ဖေကြီးရဲ့သားဖိုးလူပျိုကစကားတွေပြောနေတာလားကွာ...ဟင်..."
" အဲ...အင်း...အဲ..."
သားကြီးဝလ္လာကသူ့ရဲ့စကားကိုသဘောကျသွားပုံရသည်။သွားဖုံးလေးပေါ်အောင်ရယ်ပြလာ၏။
လူလည်လေး...။
ဒါတောင်စကားမပြောတတ်သေးလို့...။
စကားသာပြောလို့တတ်ရင်ဖအေနှစ်ယောက်လုံးကိုရောင်းစားမလားမသိဘူး...။
" ကဲ...ရပြီ...သွားစို့..."
ဟော...။
ထွက်လာကြပြီ...။ဟိုသားအဖနှစ်ယောက်...။
အခန်းထဲကထွက်လာတဲ့ရဝေ့ကိုမြင်တော့မိုးညို ကတိုင်မှာချိတ်ထားတဲ့ခမောက်ကိုလှမ်းယူကာဆောင်းလိုက်သည်။ပြီးနောက်ဘေးမှာချထားတဲ့ဖျင်လွယ်အိတ်ကိုညာဘက်ပခုံးမှာကောက်လွယ်လိုက်၏။
" ကဲ...သွားစို့...ဟင်...သားငယ်..."
အဟက်...။
ဝေ့ရဲ့လည်ပင်ကိုကျစ်နေအောင်ဖက်ထားတဲ့သားငယ်ကိုကြည့်ပြီးမိုးညိုပြုံးလိုက်မိသည်။သားငယ်ကသူ့အစ်ကိုလိုကာတွန်းရုပ်ပါတဲ့အနီရောင်ဝမ်းဆက်လေးကိုဝတ်ထားသည်။မျက်နှာမှာလည်းပါးကွက်ကြီးနှစ်လုံးကထင်းနေ၏။သားငယ်ကအနီရောင်ဝတ်စုံလေးနဲ့စတော်ဘယ်ရီသီးလေးလိုချစ်ဖို့ကောင်နေပေမယ့်မျက်နှာကတော့ဘာတွေအလိုမကျဖြစ်နေလဲမသိပေ...။မှုန်ကုတ်နေ၏။
" သားငယ်ကဘာဖြစ်တာလဲ..."
" ဘာဖြစ်ရမှာလဲ...သနပ်ခါလူးပေးတာကိုခင်ဗျားသားကမျက်ရည်ပေါက်ကြီးငယ်ကျအောင်ငိုသတဲ့လေ..."
" အဟက်...ဟက်..."
အခုမှပဲသူနားလည်သွားတော့သည်။လက်စသတ်တော့သားငယ်ကသနပ်ခါးမကြိုက်ဘူးကိုး...။
ညနေခင်းဖြစ်တဲ့အတွက်အနောက်ဘက်ကောင်းကင်ကြီးကပုစွန်ဆီရောင်သမ်းနေ၏။ဒါ့အပြင်အိပ်တန်းတက်မယ့်ငှက်လေးတွေကလည်းအစုလိုက်၊အဖွဲ့လိုက်ကောင်းကင်ပေါ်မှာဝဲပျံနေကြသည်။
" ကိုကြီးညိုတို့...လူစုံတက်စုံပါလားဗျ...ဘယ်သွားကြမလို့တုန်း..."
" ရွာဦးကျောင်းကိုသွားမလို့လေကွာ..."
" ကောင်းတယ်...ကောင်းတယ်..."
လမ်းမှာတွေ့တဲ့လူကိုနှုတ်ဆက်လိုက်၊ဟိုအိမ်၊ဒီအိမ်ကိုသာကြောင်း၊မာကြောင်းမေးလိုက်နဲ့မကြာခင်မှာပဲမိုးညိုတို့မိသားစုရွာဦးကျောင်းကိုရောက်လာခဲ့ကြတော့သည်။ရွာဦးကျောင်းကိုရောက်လာတယ်ဆိုရင်ပဲကျောင်းဝန်းထဲကခွေးဟောင်သံ၊ကိုရင်လေးတွေရဲ့အော်သံ၊ဟစ်သံ၊ရယ်မောသံများကိုသူတို့ကြားလိုက်ရ၏။
" ဟာ...ကိုကြီးညိုတို့ပါလား..."
ရွာဦးကျောင်းထဲကိုဝင်ဝင်ချင်းဘုန်းကြီးကျောင်းမုဒ်ဝမှာကိုရင်တွေနဲ့အတူမြက်ရှင်းနေတဲ့ဘုန်းကြီးကျောင်းသားလေးငပွေးကမိုးညိုတို့မိသားစုကိုလှမ်းကာနှုတ်ဆက်၏။ငပွေးရဲ့အသံကြောင့်မြက်ရှင်းနေတဲ့ကိုရင်လေးတွေရဲ့အကြည့်တွေကမိုးညိုတို့မိသားစုဆီကိုစုပြုံရောက်ရှိလာကြသည်။
" ဘဘုန်းရှိတယ်မလား...ငပွေး..."
" ရှိတယ်...ကိုကြီးညို..."
" အေအေ..."
" ဝလ္လာ၊မဟာ...ငါတို့နဲ့နေခဲ့မလားကွာ..."
" ဟေ့...ဝလ္လာကြီးငြိမ်နေပါလားကွ..."
" မဟာကြီးမျက်နှာကဘာဖြစ်တာတုန်း...ပုပ်သိုးနေပါလားကွ...ဟဲ...ဟဲ..."
တစ်ယောက်၊တစ်ခွန်းဝိုင်းစနေကြတဲ့ကိုရင်လေးတွေကိုအမြွှာလေးနှစ်ယောက်ကလက်ညှိုးလေးကိုက်ကာပြူးကြောင်ကြောင်လေးကြည့်နေကြသည်။ဒီလိုမျိုးတစ်ခါမှမတွေ့ဖူး၊မမြင်ဖူးတာကြောင့်အမြွှာလေးနှစ်ယောက်အတွက်ဒီအခြေအနေကအရမ်းကိုထူးဆန်းနေ၏။
" ဟိုမှာမေးနေတယ်လေသားရဲ့...နေခဲ့မလားတဲ့...နေခဲ့မလား...ဟင်..."
" အင်း...ဟင့်...အဲ..."
" အင်း...အဲ..."
ဟော...ငိုပြီ...။
မိုးညိုရဲ့ရွှတ်နောက်နောက်စကားကြောင့်သားကြီးဝလ္လာကကငို့မဲ့မဲ့ဖြစ်သွား၏။ပြီးနောက်ကိုက်ထားတဲ့လက်ညှိုးကိုပါးစပ်ထဲကထုတ်ကာမိုးညိုရဲ့လည်ပင်ကိုတင်းနေအောင်ဖက်တွယ်ထားတော့သည်။သားငယ်ကတော့အစကတည်းကအခြေအနေမကောင်းသူမို့ကိုရင်လေးတွေရဲ့စနောက်သံကိုကြားကတည်းကဝေ့ရဲ့လည်ပင်ကိုမလွတ်တမ်းဖက်ထား၏။
အဟက်...။
လူလည်လေးတွေ...။
" တပည့်တော်တို့ကိုခွင့်ပြုပါဦး..."
ကိုရင်လေးတွေကိုနှုတ်ဆက်ပြီးကျောင်းပေါ်ကိုမိုးညိုတို့တက်လာခဲ့လိုက်ကြသည်။ကျောင်းပေါ်မှာတော့ဘဘုန်းကမျက်မှန်ကြီးတပ်ကာတရားစာအုပ်ဖတ်နေ၏။
" ဟော...ဒကာမိုးညိုတို့ပါလား..."
" တင်ပါ့ဘုရား..."
ကျောင်းပေါ်တက်လာတဲ့သူတို့မိသားစုကိုဘဘုန်းကဝမ်းသာအာရလှမ်းကာနှုတ်ဆက်လေသည်။ရုတ်တရက်ရောက်ချလာတော့ဘဘုန်းကအံ့ဩသွားပုံရသည်။
" ဒီနေ့တပည့်တော်အလုပ်အားရက်ဆိုတော့ထွက်လာခဲ့ကြတာ...ကျန်မာရေးကောင်းတယ်မလား...ဘဘုန်း..."
" ကျန်းမာရေးကတော့မြင်တဲ့အတိုင်းဒေါင်ဒေါင်မြည်ပဲ...ဒါ့ပေမယ့်လည်းအသက်လေးကရလာတော့တစ်ခါတစ်လေတော့တရှောင်ရှောင်ဖြစ်တာပေါ့ကွာ..."
ဘဘုန်းကဒေါ်ချိုမြနဲ့မောင်နှမဆိုပေမယ့်အသက်ကတော့အရမ်းကိုကွာလွန်း၏။ဘဘုန်းကိုမွေးပြီးဆယ်နှစ်လောက်ကြာမှဒေါ်ချိုမြကိုမွေးတာဖြစ်သည်။ဒါကြောင့်ဒေါ်ချိုမြအတွက်တော့ဘဘုန်းကအစ်ကိုလည်းဖြစ်သလို၊အဖေလည်းဖြစ်၏။ရဝေ့တို့၊ရသော်တို့အတွက်ကတော့ဘဘုန်းကဦးလေးဆိုတာထက်အဘိုးလိုဖြစ်နေသည်။
" ဒကာမိုးညို..."
" ဘုရား..."
" သောက်တာလည်းသောက်ပေါ့ကွယ်...ဒါပေမယ့်ကိုယ့်ဘဝတစ်ခုလုံးကိုပျက်စီးစေနိုင်လောက်တဲ့အထိတော့မသောက်နဲ့ပေါ့ကွယ်..."
" တင်ပါ့ဘုရား..."
" ကိုယ့်မှာလည်းမိသားစုဆိုတာရှိလာပြီ...သားလေးနှစ်ယောက်ကလည်းတဖြည်းဖြည်းနဲ့အရွယ်ရောက်လာကြတော့မှာ..."
" တင်ပါ့ဘုရား..."
" အေအေ...အဆိုးထဲကသင်္ခန်းစာယူကြပေါ့ကွယ်..."
" တင်ပါ့ဘုရား..."
သူ့လိုမိမရှိ၊ဖမရှိတစ်ကောင်ကြွက်အတွက်ဘဘုန်းကသာအရင်းနှီးဆုံးဆွေမျိုးတစ်ဦးဖြစ်သည်။ဘဘုန်းကအမြင်မတော်တာတွေ့ရင်သူ့ကိုသားအရင်းတစ်ယောက်လို၊တပည့်အရင်းတစ်ယောက်ဆုံးမသွန်သင်ပေးတတ်၏။ဒီရွာမှာသွေးမရောတဲ့သူ့ရဲ့ဆွေမျိုးရင်းချာဆိုလို့ဘဘုန်းတစ်ဦးတည်းသာရှိသည်။
ရောက်လာကတည်းကအလ္လာပ၊သလ္လာပပြောနေကြတာဆိုတော့အချိန်ကလည်းကုန်မှန်းမသိကုန်လာ၏။သို့နှင့်သူတို့မိသားစုလည်းဘဘုန်းကိုရှိခိုးဦးတင်ပြီးပြန်လာခဲ့လိုက်ကြသည်။
" ဝေ...ယောက္ခမအိမ်သွားဦးမလား..."
နေလုံးကြီးကအနောက်ဘက်ကိုတဖြည်းဖြည်းနဲ့ဝင်စပြုနေပြီဖြစ်ပေမယ့်တစ်ဦးကိုတစ်ဦးတော့သဲသဲကွဲကွဲမြင်နိုင်သေးသည်။ဒါကြောင့်မရောက်တာကြာပြီဖြစ်တဲ့ယောက္ခမအိမ်ကိုသွားဖို့စဥ်းစားမိလိုက်တာဖြစ်သည်။
" သွားမယ်လေ...အချိန်လည်းစောသေးတယ်မဟုတ်လား..."
" ကဲ...အဲ့ဒါဆို...ဖေကြီးတို့ဖွားဖွားဆီလည်လည်တွားမယ်ကွာ..."
သားကြီးဝလ္လာရဲ့ပါးမို့မို့ကြီးကိုအားပါးတရနမ်းရှိုက်ရင်းယောက္ခမအိမ်ဘက်ကိုသွားဖို့မိုးညိုခြေလှမ်းပြင်လိုက်သည်။သားကြီးဝလ္လာကတော့သူ့ရဲ့ပါးထဲနစ်ဝင်လာတဲ့နှာခေါင်းကြောင့်သွားဖုံးလေးပေါ်အောင်ပြုံးလေ၏။
" ကိုမိုးညို..."
" ဟင်...ဘာတုန်းဝေရဲ့..."
သူ့ကိုစွေပြီးကြည့်နေတဲ့ဝေ...။
ဝေကချက်ခြင်းဘာထဖြစ်တာလဲ...။
ဝေ့ကိုကြည့်ပြီးမိုးညိုနားမလည်နိုင်ဖြစ်မိသည်။ပြောတော့ယောက္ခမအိမ်သွားမယ်ဆို...။
အခုကဘာထဖြစ်ရတာလဲ...။
" ကျွန်တော့်အမေအိမ်ကဒီဘက်မှာ...ခင်ဗျားသွားနေတာကထန်းတောဘက်ဗျ..."
ဟမ်...။
ဝေ့ရဲ့ခပ်ဆက်ဆက်စကားကြောင့်လှမ်းနေတဲ့ခြေလှမ်းတွေကိုမိုးညိုတစ်ချက်ပြန်ကြည့်လိုက်၏။ပြီးနောက်လမ်းအဆုံးကိုကြည့်လိုက်မိတော့ခပ်ဝေးဝေးမှာမှုန်ပြပြမြင်နေရတဲ့ထန်းတော...။
ဟုတ်သား...။
" အဟဲ...ယောက္ခမအိမ်ကိုမရောက်တာကြာတော့ကိုမိုးညိုကမေ့သွားတာ..."
ကျစ်...။
သစ္စာရှိလိုက်တဲ့ခြေထောက်...။
ထိန်းထားဦးဟ...ထိန်းထားဦး...။
အခုမှယတြာကတစ်ပတ်ပဲရှိသေးတယ်...။
စူပုပ်ပုပ်ဖြစ်နေတဲ့ချစ်ရသူလေးကိုအခြေအနေမဆိုးခင်အမြန်ဆုံးမိုးညိုဖြေရှင်းချက်ပေးလိုက်ရ၏။သို့သော်ချစ်ရသူလေးကတော့သူ့ကိုခပ်စွေစွေကြည့်ပြီးလှည့်ထွက်သွားလေသည်။ထိုအခါသူ့ကိုပစ်ထားခဲ့ပြီးတစ်ယောက်တည်းဘောက်ဆက်၊ဘောက်ဆက်သွားနေတဲ့ချစ်ရသူလေးနောက်ကိုမိုးညိုအသည်းအသန်ပြေးလိုက်ရတော့သည်။
ဒုက္ခပေးတဲ့ခြေထောက်...။
ညစာငတ်လို့ကတော့နှစ်ချောင်းလုံးဖြတ်ပစ်မယ်...။
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
( Note : ယမင်းတို့သားအဖကိစ္စကိုမရေးတော့ဘူးနော်☺☺☺☺ အဆင်ပြေတယ်မလား...)
" ဘာ..."
" အမေလး..."
ဟိန္းထြက္လာတဲ့မိုးညိုရဲ႕အသံေၾကာင့္ေဒၚခ်ိဳျမတစ္ေယာက္ယပ္ခတ္ေနရင္းနဲ႕ထေအာ္မိေလသည္။ၿပီးေနာက္တုန္ေနတဲ့ရင္ဘတ္ကိုလက္တစ္ဖက္နဲ႕အသာဖိရင္းသမက္ျဖစ္သူကိုမသိမသာေလးမ်က္ေစာင္းထိုးပစ္လိုက္၏။
ေခြးေကာင္ေလး...။
ေနအရမ္းျပင္းလို႔လူကႏွလုံးတုန္၊ရင္တုန္ေနပါတယ္ဆို...။တမင္သက္သက္လူကိုလန့္ၿပီးေသေအာင္လုပ္ေနတာ...။ဟိုေန႕ကလည္းသူ႕ေက်းဇူးေၾကာင့္ကိုယ့္မွာအိပ္ခါနီးပုတီးစိပ္လိုက္ရၿပီးၿပီး...။
အခုလည္း...။
ဟိုေန႕ကအေၾကာင္းေခါင္းထဲေရာက္လာေတာ့ေဒၚခ်ိဳျမတစ္ေယာက္အီလည္လည္ျဖစ္ေနတဲ့သမက္ျဖစ္သူရဲ႕မ်က္ႏွာကိုေနာက္တစ္ႀကိမ္ထပ္ၿပီးမ်က္ေစာင္းထိုးပစ္လိုက္၏။
ဝမ္းမနာသားေလး...။
ဘယ္ေတာ့ကတည္းကလူကိုေသေစခ်င္ေနတာလဲမသိဘူး...။
သမက္ျဖစ္သူကိုစိတ္ထဲကေနႀကိမ္ဆဲလို႔ဝမွေဘးမွာခ်ထားတဲ့ယပ္ေတာင္ကိုျပန္ေကာက္ကာယပ္ျပန္ခတ္ေနလိုက္၏။ပူျပင္းတဲ့ေနေၾကာင့္ေက်ာပူ၊ရင္ပူ၊တစ္ကိုယ္လုံးပူ႐ုံတင္မကဘူး...။အခုေတာ့သမက္ျဖစ္သူရဲ႕မိုက္လြတ္တဲ့အသံေၾကာင့္ခ်ိဳျမတို႔နားပါအူေနရၿပီး...။
ေတာ္ေတာ္ေကာင္းက်ိဳးမေပးတဲ့သမက္...။
" လန့္လိုက္တာကိုမိုးညိုရာ..."
" ဟုတ္ပ..."
သားျဖစ္သူရဲ႕စကားကိုေဒၚခ်ိဳျမတစ္ေယာက္ႏႈတ္ခမ္းေလး႐ြဲ႕ၿပီးေထာက္ခံလိုက္၏။ေယာက္်ားအရင့္အမာႀကီးျဖစ္တဲ့သားျဖစ္သူေတာင္လန့္တယ္ဆိုေတာ့၊သူ႕သမက္ရဲ႕အသံကဘယ္ေလာက္ထိေတာင္က်ယ္လဲဆိုတာစဥ္းစားသာၾကည့္ေတာ့...။
ေဒၚခ်ိဳျမတို႔ကသာအသံအေၾကာင္းဋီကာဖြင့္ေနတာ၊မိုးညိုကေတာ့ထိုကိစၥကိုဂ႐ုမစိုက္အားေပ...။သူ႕ဖာသာ " ထန္းရည္(၁)လျဖတ္ရမယ္ " ဆိုတဲ့ေဒၚခ်ိဳျမရဲ႕စကားတစ္ခြန္းေၾကာင့္ကမာၻပ်က္ေနေလရဲ႕...။
လန့္သြားတယ္တယ္တဲ့လားေဝရယ္...။
ေဝကလန့္႐ုံပဲလန့္တာ၊ကိုမိုးညိုကဒူးပါတုန္ေနၿပီး...။
" ယၾတာေခ်တဲ့အေနနဲ႕ထန္းရည္ကို(၁)လျဖတ္ရမယ္ " တဲ့...။
အခုထိနားထဲကမထြက္ေသးတဲ့စကားေၾကာင့္မိုးညိုတစ္ေယာက္ေယာင္ယမ္းကာမတ္တပ္ထရပ္လိုက္မိသည္။ၿပီးေနာက္မယုံၾကည္နိုင္ျခင္းေတြနဲ႕ခပ္လွမ္းလွမ္းမွာထိုင္ၿပီးယပ္ခတ္ေနတဲ့ေယာကၡမႀကီးကိုလွမ္းကာၾကည့္လိုက္၏။
ေယာကၡမႀကီးကဘယ္ေဗဒင္ဆရာကိုသြားေမးလို႔ဒီယၾတာႀကီးရခဲ့တာလဲ...။
" ဟုတ္ရဲ႕လားေဒၚေလးရယ္...ေဒၚေလးနားၾကားမွားခဲ့တာလား..."
ဟုတ္မွာပါ...။
ေယာကၡမႀကီးနားၾကားမွားခဲ့တာပဲျဖစ္မွာပါ...။ဘယ္ေဗဒင္ဆရာကမွဒီလိုေျပာမွာေတာ့မဟုတ္ဘူး...။
သူသိတယ္...။
ေယာကၡမႀကီးကိုေမးလိုက္တဲ့သူ႕ရဲ႕အသံကစိတ္လႈပ္ရွားျခင္းေၾကာင့္တုန္ရီေန၏။သို႔ေသာ္အခုခ်ိန္မွာတုန္တာေတြ၊ထုံတာေတြသူဂ႐ုမစိုက္အားေပ...။
သူသိတာထန္းရည္(၁)လမျဖတ္ရဖို႔အေရးပင္...။
ၿပိဳေတာ့မယ့္မိုးလိုညွိုးမွိုင္းေနတဲ့သမက္ျဖစ္သူရဲ႕မ်က္ႏွာကိုၾကည့္ၿပီးေဒၚခ်ိဳျမတစ္ေယာက္ႏႈတ္ခမ္းကိုသိသိသာသာေလး႐ြဲ႕ပစ္လိုက္သည္။ၿပီးေနာက္လက္ထဲကယပ္ေတာင္ကိုစားပြဲေပၚပစ္တင္ကာခါးေပၚတက္ေနတဲ့အကၤ်ီစကိုဟန္ပါပါေလးဆြဲခ်ပစ္လိုက္၏။
မ်က္ႏွာကေတာ့သမက္ျဖစ္သူကိုမေက်မနပ္ျဖစ္ေနတဲ့အတြက္မဲ့ေနဆဲ၊႐ြဲ႕ေနဆဲပင္...။
" နားၾကားမွားခဲ့တာလား..." တဲ့...။
ေမးလည္းေမးတတ္ပ...။
ခ်ိဳျမကအသက္ႀကီးေပမယ့္ဘာမွမပ်က္စီးေသးဘူးဆိုတာဒီေကာင္ေလးမသိဘူးလား...။
ေကာင္းေကာင္းလည္းၾကားနိုင္သလို၊အရသာရွိရွိလည္းစားနိုင္ေသးသည္။
ဒါတင္ဘယ္ကဦးမလဲ...။
သဲသဲကြဲကြဲလည္းျမင္နိုင္ေသးတယ္ဆိုတာဒင္းသိသင့္သည္။
သူမရဲ႕နားကဘယ္ေလာက္ထိေကာင္းလဲဆိုေဘးအိမ္ကအတင္းတုတ္ေနတဲ့အသံကိုေတာင္ပီပီသသၾကားနိုင္တာပဲၾကည့္...။
ဒါကိုဒင္းကမသိဘူး...။
အခုလည္းေဗဒင္ဆရာေျပာတာကိုသူမကမွားၿပီးၾကားခဲ့တာတဲ့လား...။
ခ်ိဳျမတို႔,နားကေဘးအိမ္ကအတင္းတုတ္တဲ့အသံကိုေတာင္ရွင္းရွင္းလင္းလင္းၾကားနိုင္တယ္ဆိုရင္၊ေဗဒင္ဆရာရဲ႕အသံကအတြင္းေရးကိုေတာင္တိုင္ပင္လို႔မရတဲ့အသံမ်ိဳး...။
ဒါကိုဒင္းကအိမ္မွာေနၿပီးဘာမွမသိဘူး...။
ထန္းရည္ေလး(၁)လျဖတ္ခိုင္းတာကိုျဖစ္ပ်က္ေနလိုက္တာ၊မသိရင္တစ္သက္လုံးျဖတ္ခိုင္းလိုက္သလိုလို...။
အခုျဖတ္ခိုင္းတယ္ဆိုတာကလည္းသူေကာင္းဖို႔အတြက္ပဲဆိုတာဒင္းမသိဘူးလား...။
ဒါမွမဟုတ္...။
သိသိရက္နဲ႕ကိုမလုပ္ခ်င္တာမ်ားလား...။
သိသည္ျဖစ္ေစ၊မသိဘူးျဖစ္ေစခ်ိဳျမတို႔ကေတာ့ဒီကိစၥကိုလုံးဝအေလွ်ာ့ေပးဖို႔အစီအစဥ္မရွိေပ...။
ေျပာလို႔ရတာမဟုတ္ဘူး...။
ယၾတာမေခ်ပဲဒီအတိုင္းသာေနလိုက္မယ္ဆိုရင္သူ႕ရဲ႕ကံဆိုး၊ကံညံ့ေတြကသားျဖစ္သူနဲ႕ေျမးႏွစ္ေယာက္ဆီမကူးနိုင္ဘူးလို႔မေျပာနိုင္ဘူး...။
အဲ့ေတာ့ေဗဒင္ဆရာေပးလိုက္တဲ့ယၾတာကိုေခ်ကိဳေခ်ရမွျဖစ္မွာ...။
" မွားစရာလားဟဲ့...ေဗဒင္ဆရာကအဲ့ဒီလိုပဲေျပာလိုက္တာ...ဘာျဖစ္လဲမိုးညိုရယ္...နင့္ကိုတစ္သက္လုံးျဖတ္ခိုင္းတာမွမဟုတ္တာ...တစ္လေလးပဲကို..."
" ယၾတာသာေခ်ၿပီးသြားရင္ေလနင့္ရဲ႕ကံဇာတာေတြကအေကာင္းဘက္ကိုျပန္တက္လာၿပီး..."
လက္ဟန္၊ေျခဟန္နဲ႕ပိုင္ပိုင္နိုင္နိုင္ကိုေျပာေနတဲ့ေယာကၡမႀကီးကိုၾကည့္ၿပီးမိုးညိုတစ္ေယာက္ေခါင္းကိုအားပါးတရကုတ္ေနမိေတာ့သည္။ယၾတာအေၾကာင္းေျပာေနလိုက္တာမ်ား၊မသိရင္သူ႕အေရွ႕မွာနတ္ကေတာ္ႀကီးတစ္ေယာက္ေရာက္ေနသလိုလို...။
သူ႕ေယာကၡမႀကီးကေဗဒင္အေမးလြန္ၿပီးအၾကာအျမင္ရသြားတာမ်ားလား...။
ေယာကၡမႀကီးကေတာ့သူ႕ဖာသာကုတ္ပဲကုတ္ကုတ္၊ဖဲ့ပဲဖဲ့ဖဲ့ဂ႐ုကိုမစိုက္ေပ...။ေဗဒင္ဆရာေဟာလိုက္တဲ့အေၾကာင္းအရာေတြကိုသာတစ္လုံးမက်န္ျပန္ၿပီးစျမႇုံ႕ျပန္ေန၏။
" ဟာဗ်ာ...ဒီတစ္ေခါက္ယၾတာကဟုတ္ေရာ၊ဟုတ္ရဲ႕လားဗ်ာ...ကြၽန္ေတာ္ထန္းရည္(၁)လျဖတ္လိုက္႐ုံနဲ႕..."
အခုသူ႕ဘဝက " တံငါနားနီး၊တံငါ " " မုဆိုးနားနီး၊မုဆိုး " ျဖစ္ရေတာ့မွာလား...။
ဟင့္အင္း...။
အခ်စ္ဦးကိုသူမခြဲနိုင္ဘူး...။
" ဘာမွအပန္းႀကီးတာမွမဟုတ္တာကိုမိုးညိုရာ...ထန္းရည္ေလး(၁)လေလာက္ျဖတ္လိုက္တာကို..."
အပန္းမႀကီးစရာလားေဝရယ္...။
ထန္းရည္ဆိုတာကိုမိုးညိုရဲ႕ဒုတိယဖြားဖက္ေတာ္လို႔ေတာင္ေျပာလို႔ရတာကို...။
" ခ်စ္ျခင္းကိုမခြဲၾကပါနဲ႕ " ေယာကၡမႀကီးတို႔ရယ္...။
မိုးညိုတစ္ေယာက္နို႔ဗူးေဖ်ာ္ေနတဲ့ေယာက္်ားျဖစ္သူကိုမ်က္ႏွာငယ္ေလးနဲ႕လွမ္းကာၾကည့္လိုက္မိသည္။သို႔ေသာ္ေဝကေတာ့ျဖစ္ပ်က္ေနတဲ့သူ႕ပုံစံကိုတစ္ခ်က္ေလးေတာင္ငဲ့ၾကည့္မလာခဲ့ေပ...။သူ႕ဖာသာအႁမႊာေလးႏွစ္ေယာက္နဲ႕အလုပ္ရႈပ္ေန၏။
အခုေတာ့ေဝကပါကိုမိုးညိုကိုဥေပကၡါျပဳလိုက္ၿပီေပါ့...။
ရက္စက္လိုက္တာေဝရယ္...။
" ျဖတ္လိုက္ပါမိုးညိုရယ္...ဆရာကေသေသခ်ာခ်ာကိုမွာလိုက္တာ..."
" ေၾသာ္...ေနာက္တစ္ခုက်န္ေသးတယ္...ကိုယ့္ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစသူရဲ႕အိပ္ယာကိုလည္းဖေႏွာင့္နဲ႕သုံးခ်က္ေပါက္ေပးရမယ္တဲ့...ပါစပ္ကလည္း " ၪုံ...နင့္အကုသိုလ္နင္ျပန္ယူ...ၪုံ..." ဆိုၿပီးသုံးေခါက္႐ြတ္ရမယ္တဲ့..."
ေၾသာ္...။
ထန္းရည္ျဖတ္႐ုံနဲ႕မၿပီးေသးဘူးကိုး...။
" အဲ့ဒါကိုေတာ့ငါပဲလုပ္လိုက္မယ္...နင္လုပ္ရမွာကထန္းရည္ေလး(၁)လေလာက္မေသာက္ပဲေနေပး႐ုံပဲ...အပန္းႀကီးတာမွမဟုတ္တာဟယ္...ၿပီးေတာ့ဒီယၾတာကနင့္အတြက္ေနာ္...နင့္အတြက္..."
လက္ညွိုးႀကီးထိုးထိုးကာေျပာေနတဲ့ေယာကၡမႀကီးကိုမိုးညိုေမာင္တစ္ေယာက္စိတ္ပ်က္ေနမိသည္။သူထန္းရည္ႀကိဳက္တတ္တာကိုသိလို႔မ်ားတမင္သက္သက္လုပ္ေနတာလား...။
" နင့္အတြက္ " ဆိုၿပီးသာေျပာေနတာ၊မိုးညိုေမာင္ကထန္းရည္မေသာက္ရရင္အခ်ိန္မေ႐ြးေလွ်ာသြားနိုင္တယ္ဆိုတာလည္းေယာကၡမႀကီးမသိဘူးလား...။
သူ႕သားမုဆိုးဖိုျဖစ္သြားေတာ့မွ " ေဒၚေလးမွားပါတယ္သားရယ္ " ဆိုၿပီးသူ႕အေခါင္းေဘးမွာလာငိုရဲလာငိုၾကည့္...။
ထန္းရည္ခြက္ကိုင္တဲ့သူ႕လက္ကဂုတ္လည္းခ်ိဳးနိုင္တယ္...။
ေယာကၡမႀကီးသိဖို႔...။
ေယာကၡမႀကီးနဲ႕ပတ္သတ္ၿပီးရင္ခံေနတဲ့မိုးညိုတစ္ေယာက္သူ႕ကိုေတာင္းဆိုတဲ့အၾကည့္ေတြနဲ႕ေငးၾကည့္ေနတဲ့ေဝ့ကိုေတြ႕ေတာ့မွတင္းမာေနတဲ့စိတ္ေတြက " ဝုန္း " ခနဲ႕အရည္ေပ်ာ္က်သြားေလေတာ့သည္။
အဲ့ဒီလိုမၾကည့္ပါနဲ႕လားေဝရယ္...။
ကိုမိုးညိုမခံစားနိုင္တာသိရဲ႕သားနဲ႕...။
ခ်စ္ရသူကေတာင္းဆိုေနေတာ့လည္းမိုးညိုေမာင္တို႔ကဘယ္လိုျငင္းရက္ပါ့ေတာ့မလဲ...။ေနာက္ဆုံးမွာေတာ့မိုးညိုေမာင္တစ္ေယာက္ေယာကၡမျဖစ္သူရဲ႕ႀကိဳးဆြဲရာကိုကဖို႔အသင့္ျဖစ္ေနေလၿပီး...။
ခ်စ္ရသူအလိုက်က,ရေတာ့မယ့္ေ႐ႊမင္းသားေလးမိုးညိုေမာင္...။
ယေနကစၿပီးေနာင္(၁)လအတြင္းမိုးညိုေမာင္ကံမေကာင္းပါ...။
--------------------------
(၁)ပတ္ခန့္ၾကာၿပီးတဲ့ေနာက္...,
" ေဝ...မၿပီးေသးဘူးလာကြာ..."
ဘုရားစင္နားမွာခ်ိတ္ထားတဲ့တိုင္ကပ္နာရီကိုတစ္ခ်က္ၾကည့္ၿပီးအခန္းထဲကမထြက္လာေသးတဲ့သားအဖႏွစ္ေယာက္ကိုသတိလွမ္းေပးလိုက္၏။ဒီသားဖႏွစ္ေယာက္အခန္းထဲကထြက္လာမယ့္အခ်ိန္ကိုေစာင့္ေနရတာအေတာ့္ကိုၾကာေနၿပီးျဖစ္သည္။
" ၿပီးေနၿပီး...ဒီမွာခင္ဗ်ားသားအငယ္ေကာင္အကၤ်ီဝတ္ေပးတာဂ်ီက်ေနလို႔..."
အခန္းထဲကခပ္ဆက္ဆက္ေလးျပန္ေအာ္လာတဲ့ေဝ့ရဲ႕အသံေၾကာင့္သူတစ္ခ်က္ရယ္လိုက္မိသည္။လက္စသတ္ေတာ့အငယ္ေကာင္ဂ်ီက်လိဳ႕အခ်ိန္ၾကာေနတာကိုး...။
ဒီေန႕ေဝ့ရဲ႕ေက်ာင္းပိတ္ရက္လည္းျဖစ္သလို၊သူလည္းလယ္ထဲကိုမသြားတဲ့အတြက္တစ္မိသားစုလုံး႐ြာဦးေက်ာင္းကိုသြားၾကမွာျဖစ္သည္။ဟိုတစ္ေခါက္သြားၿပီးကတည္းက႐ြာဦးေက်ာင္းကိုမေရာက္ျဖစ္ေတာ့တာအခုခ်ိန္ထိပင္...။ဒါ့အျပင္ဘဘုန္းကိုလည္းမဖူးရတာလည္းၾကာၿပီးမဟုတ္လား...။
ၿပီးေတာ့သူနဲ႕ေဝကလည္းကိုယ့္အလုပ္နဲ႕ကိုယ္ရႈပ္ေနၾကေတာ့အႁမႊာေလးႏွစ္ေယာက္ကိုအခ်ိန္မေပးနိုင္ၾကေပ...။ဒါေၾကာင့္အားတဲ့အခ်ိန္ေလးမွာအႁမႊာေလးႏွစ္ေယာက္ကိုအခ်ိန္ေပးမလို႔ျဖစ္၏။
အခန္းထဲမွာေတာ့သူ႕ရဲ႕သားငယ္ကဂ်ီက်ေနေပမယ့္သူ႕လက္ထဲကသားႀကီးဝလႅာကေတာ့လက္ညွိုးတုတ္တုတ္ေလးကိုကိုက္ၿပီးၿငိမ္ေန၏။သားႀကီးကသူ႕အေဒၚခ်ဳပ္ထားေပးတဲ့ကာတြန္း႐ုပ္ေလးေတြပါတဲ့အဝါေရာင္ဝမ္းဆက္နဲ႕ခ်စ္ဖို႔ေကာင္းလြန္းေနသည္။ဒါ့အျပင္သူ႕အေဖလူးထားတဲ့သနပ္ခါးပါးကြက္ႀကီးကလည္းေဖာင္းကားေနတဲ့ပါးႏွစ္ဖက္မွာအျပည့္ေနရာယူထားေလရဲ႕...။
လက္ညွိုးေလးကိုက္ၿပီး " ဝူးဝူးဝါးဝါး " ေအာ္ေနတဲ့ဖိုးဝတုတ္ေလးကိုၾကည့္ၿပီးမိုးညိုတစ္ေယာက္အူေတြ၊အသည္းေတြယားေနမိသည္။တစ္ႏွစ္မျပည့္ေသးေပမယ့္သူ႕ရဲ႕ၾကက္ေပါက္ေလးကစကားအရမ္းေျပာခ်င္ေနပုံရသည္။စကားသာေျပာလို႔တတ္ရင္ေတာ့သူ႕ရဲ႕ၾကက္ေပါက္ေလးႏွစ္ေကာင္ကဘယ္ေလာက္ေတာင္စကားတတ္လိမ့္မလဲ...။
" အ...ဟား...ဟား...ေဖႀကီးရဲ႕သားဖိုးလူပ်ိဳကစကားေတြေျပာေနတာလားကြာ...ဟင္..."
" အဲ...အင္း...အဲ..."
သားႀကီးဝလႅာကသူ႕ရဲ႕စကားကိုသေဘာက်သြားသည္ျဖစ္မည္။သြားဖုံးေလးေပၚေအာင္ရယ္ျပလာ၏။
လူလည္ေလး...။
ဒါေတာင္စကားမေျပာတတ္ေသးလို႔...။
စကားသာေျပာလို႔တတ္ရင္ဖေအႏွစ္ေယာက္လုံးကိုေရာင္းစားမလားမသိဘူး...။
" ကဲ...ရၿပီး...သြားစို႔..."
ေဟာ...။
ထြက္လာၾကၿပီး...။ဟိုသားအဖႏွစ္ေယာက္...။
အခန္းထဲကထြက္လာတဲ့ေဝ့ကိုျမင္ေတာ့သူလည္းတိုင္မွာခ်ိတ္ထားတဲ့ခေမာက္ကိုလွမ္းယူကာေဆာင္းလိုက္သည္။ၿပီးေနာက္ေဘးမွာခ်ထားတဲ့ဖ်င္လြယ္အိတ္ကိုလည္းညာဘက္ပခုံးေပၚေကာက္လြယ္လိုက္၏။
" ကဲ...သြားစို႔...ဟင္...သားငယ္..."
အဟက္...။
ေဝ့ရဲ႕လည္ပင္ကိုက်စ္ေနေအာင္ဖက္ထားတဲ့သားငယ္ကိုၾကည့္ၿပီးမိုးညိုၿပဳံးလိုက္မိသည္။သားငယ္ကသူ႕အစ္ကိုလိုကာတြန္း႐ုပ္ပါတဲ့အနီေရာင္ဝမ္းဆက္ေလးကိုဝတ္ထားေလသည္။မ်က္ႏွာမွာလည္းပါးကြက္ႀကီးႏွစ္လုံးကထင္းေန၏။သားငယ္ကအနီေရာင္ဝတ္စုံေလးနဲ႕စေတာ္ဘယ္ရီသီးေလးလိုခ်စ္ဖို႔ေကာင္ေနေပမယ့္မ်က္ႏွာကေတာ့ဘာေတြအလိုမက်ျဖစ္ေနလဲမသိေပ...။မႈန္ကုတ္ေန၏။
" သားငယ္ကဘာျဖစ္တာလဲ..."
" ဘာျဖစ္ရမွာလဲ...သနပ္ခါလူးေပးတာကို...ခင္ဗ်ားသားကမ်က္ရည္ေပါက္ႀကီးငယ္က်ေအာင္ငိုသတဲ့ေလ..."
" အဟက္...ဟက္..."
အခုမွပဲသူနားလည္သြားေတာ့သည္။လက္စသတ္ေတာ့သားငယ္ကသနပ္ခါးမႀကိဳက္ဘူးကိုး...။
ညေနခင္းျဖစ္တဲ့အတြက္အေနာက္ဘက္ေကာင္းကင္ႀကီးကပုစြန္ဆီေရာင္သန္းေန၏။ဒါ့အျပင္အိပ္တန္းတက္မယ့္ငွက္ေလးေတြကလည္းအစုလိုက္၊အဖြဲ႕လိုက္ေကာင္းကင္ေပၚမွာဝဲပ်ံေနၾကေလရဲ႕...။
" ကိုႀကီးညိုတို႔...လူစုံတက္စုံပါလားဗ်...ဘယ္သြားၾကမလို႔တုန္း..."
" ႐ြာဦးေက်ာင္းကိုသြားမလို႔ေလကြာ..."
" ေကာင္းတယ္...ေကာင္းတယ္..."
လမ္းမွာေတြ႕တဲ့လူကိုႏႈတ္ဆက္လိုက္၊ဟိုအိမ္၊ဒီအိမ္ကိုသာေၾကာင္း၊မာေၾကာင္းေမးလိုက္နဲ႕မၾကာမီမွာပဲမိုးညိုတို႔မိသားစု႐ြာဦးေက်ာင္းကိုေရာက္လာခဲ့ၾကေလေတာ့သည္။႐ြာဦးေက်ာင္းကိုေရာက္လာတယ္ဆိုရင္ပဲေက်ာင္းဝန္းထဲကေခြးေဟာင္သံ၊ကိုရင္ေလးေတြရဲ႕ေအာ္သံ၊ဟစ္သံ၊ရယ္ေမာသံမ်ားကိုသူတို႔ၾကားလိုက္ရ၏။
" ဟာ...ကိုႀကီးညိုတို႔ပါလား..."
႐ြာဦးေက်ာင္းထဲကိုဝင္ဝင္ခ်င္းဘုန္းႀကီးေက်ာင္းမုဒ္ဝမွာကိုရင္ေတြနဲ႕အတူျမက္ရွင္းေနတဲ့ဘုန္းႀကီးေက်ာင္းသားေလးငေပြးကမိုးညိုတို႔မိသားစုကိုဝမ္းသာအာရနဲ႕လွမ္းႏႈတ္ဆက္ေလ၏။ငေပြးရဲ႕အသံေၾကာင့္ျမက္ရွင္းေနတဲ့ကိုရင္ေလးေတြရဲ႕အၾကည့္ေတြကမိုးညိုတို႔မိသားစုဆီကိုစုၿပဳံေရာက္ရွိလာၾကေတာ့သည္။
" ဘဘုန္းရွိတယ္မလား...ငေပြး..."
" ရွိတယ္...ကိုႀကီးညို..."
" ေအေအ..."
" ဝလႅာ၊မဟာ...ငါတို႔နဲ႕ေနခဲ့မလားကြာ..."
" ေဟ့...ဝလႅာႀကီးၿငိမ္ေနပါလားကြ..."
" မဟာႀကီးမ်က္ႏွာကဘာျဖစ္တာတုန္း...ပုပ္သိုးေနပါလားကြ...ဟဲ...ဟဲ..."
တစ္ေယာက္၊တစ္ခြန္းဝိုင္းစေနၾကတဲ့ကိုရင္ေလးေတြကိုအႁမႊာေလးႏွစ္ေယာက္ကလက္ညွိုးေလးကိုက္ကာျပဴးေၾကာင္ေၾကာင္ေလးေငးၾကည့္ေနၾကေလသည္။ဒီလိုမ်ိဳးတစ္ခါမွမေတြ႕ဖူး၊မျမင္ဖူးတာေၾကာင့္အႁမႊာေလးႏွစ္ေယာက္အတြက္ဒီအေျခအေနကအရမ္းကိုထူးဆန္းေန၏။
" ဟိုမွာေမးေနတယ္ေလသားရဲ႕...ေနခဲ့မလားတဲ့...ေနခဲ့မလား...ဟင္..."
" အင္း...ဟင့္...အဲ..."
" အင္း...အဲ..."
ေဟာ...ငိုၿပီး...။
မိုးညိုရဲ႕႐ႊတ္ေနာက္ေနာက္စကားေၾကာင့္သားႀကီးဝလႅာကကငို႔မဲ့မဲ့ျဖစ္သြားေလသည္။ၿပီးေနာက္ကိုက္ထားတဲ့လက္ညွိုးကိုပါးစပ္ထဲကထုတ္ကာမိုးညိုရဲ႕လည္ပင္ကိုတင္းေနေအာင္ဖက္တြယ္ထားေတာ့သည္။သားငယ္ကေတာ့အစကတည္းကအေျခအေနမေကာင္းသူမို႔ကိုရင္ေလးေတြရဲ႕စေနာက္သံကိုၾကားကတည္းကေဝ့ရဲ႕လည္ပင္ကိုမလြတ္တမ္းဖက္ထားေလ၏။
အဟက္...။
လူလည္ေလးေတြ...။
" တပည့္ေတာ္တို႔ကိုခြင့္ျပဳပါဦး..."
မိုးညိုတို႔မိသားစုလည္းကိုရင္ေလးေတြကိုႏႈတ္ဆက္ၿပီးေက်ာင္းေပၚကိုတက္လာခဲ့လိုက္ၾကသည္။ေက်ာင္းေပၚမွာေတာ့ဘဘုန္းကမ်က္မွန္ႀကီးတပ္ကာတရားစာအုပ္ဖတ္ေနေလရဲ႕...။
" ေဟာ...ဒကာမိုးညိုတို႔ပါလား..."
" တင္ပါ့ဘုရား..."
ေက်ာင္းေပၚတက္လာတဲ့သူတို႔မိသားစုကိုဘဘုန္းကဝမ္းသာအာရလွမ္းကာႏႈတ္ဆက္ေလသည္။႐ုတ္တရက္ေရာက္ခ်လာေတာ့အံ့ဩသြားတာလည္းပါမည္။
" ဒီေန႕တပည့္ေတာ္အလုပ္အားရက္ဆိုေတာ့ထြက္လာခဲ့ၾကတာ...က်န္မာေရးေကာင္းတယ္မလား...ဘဘုန္း..."
" က်န္းမာေရးကေတာ့ျမင္တဲ့အတိုင္းေဒါင္ေဒါင္ျမည္ပဲ...ဒါ့ေပမယ့္လည္းအသက္ေလးကရလာေတာ့တစ္ခါတစ္ေလေတာ့တေရွာင္ေရွာင္ျဖစ္တာေပါ့ကြာ..."
ဘဘုန္းကေဒၚခ်ိဳျမနဲ႕ေမာင္ႏွမဆိုေပမယ့္အသက္ကေတာ့အရမ္းကိုကြာလြန္း၏။ဘဘုန္းကိုေမြးၿပီးဆယ္ႏွစ္ေလာက္ၾကာမွေဒၚခ်ိဳျမကိုေမြးတာျဖစ္သည္။ဒါေၾကာင့္ေဒၚခ်ိဳျမအတြက္ေတာ့ဘဘုန္းကအစ္ကိုလည္းျဖစ္သလို၊အေဖလည္းျဖစ္၏။ရေဝ့တို႔၊ရေသာ္တို႔အတြက္ကေတာ့ဘဘုန္းကဦးေလးဆိုတာထက္အဘိုးလိုျဖစ္ေနေလသည္။
" ဒကာမိုးညို..."
" ဘုရား..."
" ေသာက္တာလည္းေသာက္ေပါ့ကြယ္...ဒါေပမယ့္ကိုယ့္ဘဝတစ္ခုလုံးကိုပ်က္စီးေစနိုင္ေလာက္တဲ့အထိေတာ့မေသာက္နဲ႕ေပါ့ကြယ္..."
" တင္ပါ့ဘုရား..."
" ကိုယ့္မွာလည္းမိသားစုဆိုတာရွိလာၿပီး...သားေလးႏွစ္ေယာက္ကလည္းတျဖည္းျဖည္းနဲ႕အ႐ြယ္ေရာက္လာၾကေတာ့မွာ..."
" တင္ပါ့ဘုရား..."
" ေအေအ...အဆိုးထဲကသခၤန္းစာယူၾကေပါ့ကြယ္..."
" တင္ပါ့ဘုရား..."
သူ႕လိုမိမရွိ၊ဖမရွိတစ္ေကာင္ႂကြက္အတြက္ဘဘုန္းကသာအရင္းႏွီးဆုံးေဆြမ်ိဳးတစ္ဦးျဖစ္သည္။ဘဘုန္းကအျမင္မေတာ္တာေတြ႕ရင္သူ႕ကိုသားအရင္းတစ္ေယာက္လို၊တပည့္အရင္းတစ္ေယာက္ဆုံးမသြန္သင္ေပးတတ္၏။ဒီ႐ြာမွာေသြးမေရာတဲ့သူ႕ရဲ႕ေဆြမ်ိဳးရင္းခ်ာဆိုလို႔ဘဘုန္းတစ္ဦးတည္းသာရွိသည္။
ေရာက္လာကတည္းကအလႅာပ၊သလႅာပေျပာေနၾကတာဆိုေတာ့အခ်ိန္ကလည္းကုန္မွန္းမသိကုန္လာ၏။သို႔ႏွင့္သူတို႔မိသားစုလည္းဘဘုန္းကိုရွိခိုးဦးတင္ၿပီးျပန္လာခဲ့လိုက္ၾကေတာ့သည္။
" ေဝ...ေယာကၡမအိမ္သြားဦးမလား..."
ေနလုံးႀကီးကအေနာက္ဘက္ကိုတျဖည္းျဖည္းနဲ႕ဝင္စျပဳေနၿပီးျဖစ္ေပမယ့္တစ္ဦးကိုတစ္ဦးေတာ့သဲသဲကြဲကြဲျမင္နိုင္ေသးသည္။ဒါေၾကာင့္မေရာက္တာၾကာၿပီးျဖစ္တဲ့ေယာကၡမအိမ္ကိုသြားဖို႔စဥ္းစားမိလိုက္တာျဖစ္သည္။
" သြားမယ္ေလ...အခ်ိန္လည္းေစာေသးတယ္မဟုတ္လား..."
" ကဲ...အဲ့ဒါဆို...ေဖႀကီးတို႔ဖြားဖြားဆီလည္လည္တြားမယ္ကြာ..."
မိုးညိုတစ္ေယာက္သားႀကီးဝလႅာရဲ႕ပါးမို႔မို႔ႀကီးကိုအားပါးတရနမ္းရွိုက္ရင္းမေရာက္တာၾကာၿပီးျဖစ္တဲ့ေယာကၡမအိမ္ဘက္ကိုသြားဖို႔ေျခလွမ္းျပင္လိုက္သည္။သားႀကီးဝလႅာကေတာ့သူ႕ရဲ႕ပါးထဲနစ္ဝင္လာတဲ့ႏွာေခါင္းေၾကာင့္သြားဖုံးေလးေပၚေအာင္ၿပဳံးေလေတာ့၏။
" ကိုမိုးညို..."
" ဟင္...ဘာတုန္းေဝရဲ႕..."
သူ႕ကိုေစြၿပီးၾကည့္ေနတဲ့ေဝ...။
ေဝကခ်က္ျခင္းဘာထျဖစ္တာလဲ...။
ေဝ့ကိုၾကည့္ၿပီးမိုးညိုတစ္ေယာက္နားမလည္နိုင္ျဖစ္ေနမိသည္။ေျပာေတာ့ေယာကၡမအိမ္သြားမယ္ဆို...။
အခုကဘာထျဖစ္ရတာလဲ...။
" ကြၽန္ေတာ့္အေမအိမ္ကဒီဘက္မွာ...ခင္ဗ်ားသြားေနတာကထန္းေတာဘက္ဗ်..."
ဟမ္...။
ေဝ့ရဲ႕ခပ္ဆက္ဆက္စကားေၾကာင့္မိုးညိုတစ္ေယာက္လွမ္းေနတဲ့ေျခလွမ္းေတြကိုတစ္ခ်က္ျပန္ၾကည့္လိုက္၏။ၿပီးေနာက္လမ္းအဆုံးကိုၾကည့္လိုက္မိေတာ့ခပ္ေဝးေဝးမွာမႈန္ျပျပျမင္ေနရတဲ့ထန္းေတာ...။
ဟုတ္သား...။
" အဟဲ...ေယာကၡမအိမ္ကိုမေရာက္တာၾကာေတာ့ကိုမိုးညိုကေမ့သြားတာ..."
က်စ္...။
သစၥာရွိလိုက္တဲ့ေျခေထာက္...။
ထိန္းထားဦးဟ...ထိန္းထားဦး...။
အခုမွယၾတာကတစ္ပတ္ပဲရွိေသးတယ္...။
မိုးညိုတစ္ေယာက္စူပုပ္ပုပ္ျဖစ္ေနတဲ့ခ်စ္ရသူေလးကိုအေျခအေနမဆိုးခင္အျမန္ဆုံးေျဖရွင္းခ်က္ေပးလိုက္မိ၏။သို႔ေသာ္ခ်စ္ရသူေလးကေတာ့သူ႕ကိုခပ္ေစြေစြၾကည့္ၿပီးလွည့္ထြက္သြားေလသည္။သူ႕ကိုထားၿပီးေဘာက္ဆက္၊ေဘာက္ဆက္သြားေနတဲ့ခ်စ္ရသူေလးေနာက္ကိုမိုးညိုတစ္ေယာက္အသည္းအသန္ေျပးလိုက္ရေတာ့သည္။
ဒုကၡေပးတဲ့ေျခေထာက္...။
ညစာငတ္လို႔ကေတာ့ႏွစ္ေခ်ာင္းလုံးျဖတ္ပစ္မယ္...။
---------------------------------------------------------
ေဝဖန္အႀကံျပဳခ်က္မ်ားကိုႀကိဳဆိုလွ်က္...။
( Note : ယမင္းတို႔သားအဖကိစၥကိုမေရးေတာ့ဘူးေနာ္☺☺☺☺ အဆင္ေျပတယ္မလား...)