အခန်း(၅၀)
လူသုံးယောက်တည်းသာရှိနေတဲ့စားပွဲဝိုင်း...။အနီးအနားပတ်ဝန်းကျင်ကဆူညံနေပေမယ့်ဒီတစ်နေရာလေးပဲကွက်ပြီးတိတ်ဆိတ်လွန်းနေ၏။
ဘာကြောင့်လဲ...။
ပြောချင်တဲ့အကြောင်းအရာတွေ၊ဦးတည်ချက်တွေတူညီနေကြပေမယ့်အစပျိုးရမယ့်နိဒါန်းကခိုင်မာမှုမရှိတဲ့အတွက်စကားသံတွေတိတ်ဆိတ်ကင်းမဲ့နေတာဖြစ်သည်။လွတ်လပ်စွာပျံသန်းနေကြတဲ့အတွေးတို့ကြောင့်သုံးယောက်လုံးရဲ့မျက်နှာအမူအရာတွေကခန့်မှန်းလို့မရအောင်ရှုပ်ထွေးနေလေရဲ့...။
ထပ်တူညီမှုမရှိတဲ့အတွေးစတစ်ချို့ကိုအမိအရဖမ်းဆုပ်ထားကြတဲ့သူတို့သုံးယောက်ရယ်ပါ...။
ရဝေကအရှေ့မှာထိုင်နေတဲ့ဦလေးအောင်ကိုတစ်ချက်လှမ်းကာကြည့်လိုက်သည်။အရင်လိုကြည်လင်မှုမရှိပဲမှိုင်းညှို့နေတဲ့ဦးလေးအောင်ကခံစားတစ်ချို့ကိုဖမ်းဆုပ်ထားဟန်ရှိ၏။သူထင်တာမမှားဘူးဆိုရင်ယမင်းတိုက်လိုက်တဲ့ဆေးခါးကြီးတစ်ခွက်ကြောင့်ဖြစ်မည်ထင်သည်။
" စကားခဏပြောရအောင် " ဆိုပြီးသုံးယောက်သားထိုင်နေကြပေမယ့်၊အခုထိဦးလေးအောင်ဆီကစကားတစ်ခွန်းမှထွက်မလာသေးပေ...။ဦးလေးအောင်ခမျာသူ့သမီးတိုက်တဲ့ဆေးခါးကြီးရဲ့အာနိသင်ကိုခံစားနေရတုန်းဖြစ်မည်။
သူတို့နှစ်ယောက်လည်းဦးလေးအောင်ပြောလာမယ့်စကားကိုစောင့်နေတာအချိန်တစ်ခုကြာနေလေပြီ...။အခုထိဦးလေးအောင်ကခံစားချက်တစ်ချို့ကိုမျက်နှာအမူအရာနဲ့ပုံဖော်ရင်းတိတ်ဆိတ်နေဆဲပင်...။တစ်ခါတစ်လေဦးလေးအောင်ရဲ့သက်ပြင်းချသံကိုသူတို့ကြားနေရပြန်သည်။
မဖြစ်တော့ပေ...။
တစ်ခုခုလုပ်မှရတော့မည်။ဟိုကလည်းမပြော၊ဒီကလည်းမပြောဆိုရင်တော့မိုးသာချုပ်သွားလိမ့်မည်။သုံးယောက်လုံးဘာစကားမှပြောဖြစ်ကြမှာမဟုတ်ပေ...။သို့နှင့်အချိန်အတော်ကြာတိတ်ဆိတ်နေတဲ့စကားဝိုင်းကိုရဝေကစတင်အသက်သွင်းဖို့ပြင်လိုက်သည်။
" ဦးလေးအောင်..."
" တောင်းပန်ပါတယ်..."
" ဟင်..."
ပြောတော့လည်းမပြောလို့...။ပြောလာတော့လည်း " တောင်းပန်တယ် " တဲ့လား...။ဒီအတိုင်းဆိုရင်တော့ပျောက်ဆုံးနေတဲ့အမှန်တရားကိုဦးလေးအောင်ကသိသွားပြီထင်ပါရဲ့...။
နှုတ်ကသာတောင်းပန်နေပေမယ့်ဦးအောင်ကြွယ်ရဲ့အကြည့်တွေကအရှေ့မှာချထားတဲ့ရေနွေးခရားဝိုင်းဆီကိုသာရောက်ရှိနေ၏။ဇာတ်လမ်းတစ်ပုဒ်လုံးကိုစ၊လယ်၊ဆုံး,ကသွားတဲ့သမီးဖြစ်သူကြောင့်အခုတော့ကိုယ့်ထက်ငယ်တဲ့ခလေးတွေရှေ့မှာဦးအောင်ကြွယ်ခေါင်းငုံ့နေရပြီ...။
ရှက်မိပေမယ့်မှားခဲ့သူကကိုယ့်သမီးပင်မဟုတ်လား...။
" ဦးလေးသမီးရဲ့လုပ်ရပ်ကအရမ်းကိုဆိုးဝါးလွန်းခဲ့တာဆိုတော့တောင်းပန်ရုံနဲ့မလုံလောက်မှန်းဦးလေးသိပါတယ်..."
မလုံလောက်မှန်းသိရင်လုံလောက်အောင်လုပ်ပေးလေ...။စိတ်ခံစားချက်ကိုဦးစားပေးပြီးတစ်ပါးသူရဲ့အသိုက်အမြုံကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီခဲ့တာမဟုတ်လား...။
မဆိုးဘူးလို့ပြောရင်ညာရာကျတာပေါ့...။
ခံစားခဲ့ရသူကကိုယ်ကိုယ်တိုင်မို့သူ့အရှေ့မှာအခုလိုDramaလာခင်းပြနေလည်းမိုးညိုဆိုတဲ့ကောင်ကမသနားနိုင်ပေ...။
အစကတည်းကိုယ်မွေးထားတဲ့မျောက်က " အထီးလား၊အမလား " ဆိုတာဒီလူကြီးမသိဘူးလား...။မှားမှန်းသိတော့မှမိဘကျင့်ဝတ်ကိုလက်ကိုင်ဆွဲပြီးလာတောင်းပန်နေရတယ်လို့...။
တရိပ်ရိပ်တက်လာတဲ့ဒေါသတွေကိုပြေလိုပြေငြားလက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်မိုးညိုဆုပ်ထားမိ၏။ရစရာမရှိအောင်ပေါက်ကွဲပစ်လိုက်ချင်ပေမယ့် " ဝေ့ရဲ့ကျေးဇူးရှင် " ဆိုတဲ့အသိကြောင့်ထွက်သမျှဒေါသတွေကလက်သီးဆုပ်အဖြစ်နဲ့သာပြေပျောက်သွားရတော့သည်။
သူ့အဖြစ်ကဆုပ်ထားမိရင်လည်းစူးနေရသလို၊စားလိုက်ရင်လည်းရူးသွားရမယ့်ကိန်းပင်...။သေချာတာတစ်ခုကတော့ဒီလိုလူမျိုးတွေကိုသူမုန်းသည်။ဝေကတော့အရှေ့ကလူကြီးDramaခင်းသမျှကိုမျက်နှာလေးအိုကာငေးကြည့်နေ၏။
" အဲ့တော့...သမီးလေးရဲ့အပြစ်အတွက်ဦးလေးအောင်ဘာလုပ်ပေးရမလဲ...ပြောပါ...ငါ့တူတို့စိတ်ကျေနပ်တဲ့အထိဦးလေးအောင်လုပ်ပေးပါ့မယ်..."
ညှို့ငယ်စွာပြောလာတဲ့ဦးလေးအောင်ကိုကြည့်ပြီးရဝေသက်ပြင်းချလိုက်မိသည်။" သားသမီးမကောင်း၊မိဘခေါင်း " ဆိုတဲ့အတိုင်းသမီးဖြစ်သူရဲ့ဦးနှောက်မရှိတဲ့လုပ်ရပ်ကြောင့်ဖအေဖြစ်သူကလာတောင်းပန်နေရပြီ...။
အမှားအတွက်လာတောင်းပန်တယ်ဆိုပေမယ့်ကာယကံရှင်ကိုယ်တိုင်မပါလာခဲ့တာကတော့သိပ်ဘဝင်မကျပေ...။အဲ့ဒီတော့မလာခဲ့တဲ့ကာယကံရှင်အတွက်ထိရောက်တဲ့အပြစ်ပေးနည်းတစ်ခုကိုတော့သူတို့လုပ်ရလိမ့်မည်။ဒီလုပ်ရပ်အတွက်ဦးလေးအောင်ကိုသူအားနာမိပေမယ့်တန်ရာတန်ကြေးတော့ပြန်ယူသင့်သည်မဟုတ်လား...။
စိတ်မကောင်းပါဘူးဦးလေးအောင်...။
စိတ်အပန်းဖြေဖို့ဒီရွာကိုလာခဲ့ပေမယ့်သမီးဖြစ်သူရဲ့ရောက်လေရာအရပ်မှာကြုံရင်ကြုံသလိုဇာတ်လမ်းရိုက်တတ်တဲ့အကျင့်ကြောင့်အခုတော့ဦးလေးအောင်တစ်ယောက်စိတ်ရော၊လူပါပင်ပန်းရတော့မည်။
ထိုစဥ်...။
" ဝုန်း..."
ထိုင်နေရာမှရုတ်တရက်ထရပ်လိုက်တဲ့မိုးညိုကြောင့်အတွေးယာဥ်ကြောထဲမှာနစ်မြောနေတဲ့ရဝေသတိပြန်လည်လာခဲ့၏။မျက်နှာရှစ်ခေါက်ချိုးဖြစ်နေတဲ့မိုးညိုကဦးအောင်ကြွယ်ကိုတစ်ချက်စိုက်ကြည့်ပြီးအိမ်ပေါ်ကိုတက်သွားလေသည်။
သေရာပါမေ့လို့မရမယ့်ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကိုမိုးညိုအခုလိုဖြစ်နေတာကိုလည်းသူ့အနေနဲ့အပြစ်မတင်ရက်ပေ...။ကိုယ်မလုပ်တဲ့ကိစ္စတစ်ခုကိုလုပ်ပါတယ်လို့စွပ်စွဲခံရတာလောက်အသည်းနာဖို့ကောင်းတာမရှိဘူးမဟုတ်လား...။ပိုးဆိုးတာတစ်ခုကတစ်ရွာတည်းနေ၊တစ်ရေတည်းသောက်နေကြတဲ့လူတွေရဲ့အထင်လွဲတာကိုခံရခြင်းပင်...။
ကိုမိုးညိုရဲ့ခံစားချက်ကိုသူနားလည်သည်။ပြီးတော့သူခံစားလို့ရသည်။ဒါ့ကြောင့်စိတ်ပြေဖို့အတွက်ကိုမိုးညိုကလူသတ်မယ်ဆိုရင်တောင်သူအနေနဲ့အလောင်းဖျောက်ပေးဖို့ဝန်လေးနေမှာမဟုတ်ပေ...။
ဒါသည်ဘယ်စာအုပ်၊ကျမ်းဂန်မှာမှမတွေ့ဖူး၊မမြင်ဖူးသေးတဲ့ " လင်ကျင့်ဝတ် "တွေထဲကတစ်ခုပင်...။
" ဦးလေးအောင်တကယ်လုပ်ပေးချင်တယ်ဆိုရင်...ဒီရွာမှာရှိနေတဲ့ " ခလေးအစ၊ခွေးအဆုံး " အားလုံးကိုဒီကိစ္စရဲ့အဖြစ်မှန်ကိုသေချာရှင်းပြပေးပါ...ကျွန်တော့်ယောက်ျားမှာအပြစ်မရှိတဲ့အကြောင်း..."
ဖြစ်ခဲ့ကြတဲ့အကြောင်းအရာတွေကလူပုံအလယ်မှာတစ်သက်လုံးခေါင်းထောင်လို့ရမယ့်ကိစ္စမျိုးမဟုတ်တဲ့အတွက်ဒီအတိုင်းအတာထိပဲသူဖြေလျှော့ပေးနိုင်မည်။ငြင်းဆန်မယ်ဆိုရင်တော့ဇာတ်မင်းသမီးလေးယမင်းကိုသာသတ်ဖို့ပဲရှိတော့သည်။
သို့သော်...။
သူထင်တာလွဲသွားသည်။ဦးလေးအောင်ကသူ့တောင်းဆိုချက်ကိုလက်ခံတဲ့အနေနဲ့ခေါင်းတဆက်ဆက်ငြိမ့်ပြ၏။
" လုပ်ပေးပါ့မယ်...ငါ့တူဖြစ်စေချင်တဲ့အတိုင်းဦလေးအောင်တစ်ရွာလုံးကိုသေချာရှင်းပြပေးပါ့မယ်..."
ဒါဆိုရင်တော့အဆင်ပြေပါပြီ...။အမှန်တရားသာသိသွားကြပြီးဆိုရင်တော့သူ့ယောက်ျားကကြိုက်တဲ့နေရာကိုခေါင်းမော့၊ရင်ကော့ကာခြေဆန့်လို့ရပြီမဟုတ်လား...။
" ကျေးဇူးတင်ပါတယ်ဦလေးအောင်...ဘာလို့ဒီလိုလုပ်ခိုင်းရတာလဲဆိုတော့ဒီကိစ္စကကျွန်တော့်ယောက်ျားကိုမိုးညိုရဲ့ဂုဏ်သိက္ခါနဲ့ဆိုင်နေလို့ပါ..."
တစ်ခြားကိစ္စဆိုရင်တော့သူဂရုစိုက်နေမိမှာမဟုတ်ပေ...။တစ်ချို့ကိစ္စတွေကမရှင်းပြလည်းအမှန်တရားကသူ့အလိုလိုပေါ်လာတတ်၏။သို့သော်ဒါကတော့ရောက်လေရာအရပ်မှာနှာခေါင်းရှုံ့ကြမယ့်ကိန်း...။
အမှန်တရားဆိုတာကလည်းကိုမိုးညိုသေပြီးတာတောင်ပေါ်လာချင်မှပေါ်လာဦးမှာဖြစ်သည်။သူကတော့ကိစ္စမရှိပေမယ့်လောကကြီးမှာအများကြီးရှင်သန်နေထိုင်ရဦးမယ့်သားလေးနှစ်ယောက်ရဲ့ဘဝကရှိသေးသည်။
အမှန်မဟုတ်တဲ့အမဲစက်ကြီးကိုတော့သားလေးနှစ်ယောက်ရဲ့လက်ထက်ရောက်တဲ့အထိရှိမနေစေချင်ပေ...။ဦးလေးအောင်ကိုအားနာမိပေမယ့်သူ့အနေနဲ့ကလည်းဖခင်တစ်ယောက်ဖြစ်တဲ့အတွက်သားလေးနှစ်ယောက်ရဲ့အရှေ့မှာပိတ်ဆို့နေမယ့်အရာမှန်သမျှကိုဖြိုချဖျက်ဆီးဖို့ဝန်လေးနေမှာတော့မဟုတ်ပေ...။
" ဦးလေးနားလည်ပါတယ်...စိတ်ချပါ...ဦးလေးအောင်သေသေချာချာတောင်းပန်ပါ့မယ်..."
ဒီလိုဆိုရင်တော့သူ့ယောက်ျားအတွက်ကိစ္စမရှိတော့ပေ...။ဘယ်လိုပဲဖြစ်ဖြစ်သူ့ယောက်ျားကလူပုံအလယ်မှာခေါင်းဖော်လို့ရပြီဖြစ်သည်။ဘဝမှာဖခင်တစ်ယောက်လို၊ဦးလေးတစ်ယောက်လိုချစ်ခင်လေးစားရတဲ့ကိုယ့်ကျေးဇူးရှင်နဲ့ဒီလိုပြဿနာတွေဖြစ်လာလိမ့်မယ်လို့တွေးတောင်မတွေးမိဖူးခဲ့ပေ...။
အခုတော့...။
ဦးလေးအောင်နဲ့သူစကားပြောနေတုန်းကိုမိုးညိုကအထုပ်ကြီးနှစ်ထုပ်ကိုဆွဲပြီးအိမ်ပေါ်ကဆင်းလာခဲ့၏။အထုပ်ကခရီးသွားရင်အဝတ်အစားတွေထည့်တဲ့လက်ဆွဲအိတ်မျိုးဖြစ်သည်။အိတ်နှစ်လုံးကိုတစ်ဖက်စီကိုင်ရင်းအိမ်ပေါ်ကနေဆင်းလာတဲ့ကိုမိုးညိုကိုကြည့်ပြီးသူအံ့ဩနေမိသည်။
လက်ဆွဲအိတ်ကြီးနှစ်လုံးနဲ့ကိုမိုးညိုဘာလုပ်ဦးမလို့လဲ...။
ပြီးတော့...။
အိတ်ထဲမှာတစ်ခုခုရှိပုံရသည်။(၂)အိတ်လုံးကဖောင်းတင်းနေ၏။
ဘာတွေပါလိမ့်...။
သူ့အနားကိုရောက်လာတဲ့ကိုမိုးညိုကလက်ထဲကအိတ်(၂)လုံးကိုစားပွဲပေါ်တင်လိုက်၏။ပြီးနောက်ပိတ်ထားတဲ့ဇစ်ကိုဆွဲဖွင့်လိုက်သည်။
ဟင်...။
အိတ်ထဲကပစ္စည်းတွေကိုကြည့်ပြီးရဝေ့ရဲ့မျက်လုံးတွေကပြူးကျယ်ဝိုင်းစက်သွားလေတော့၏။
ပိုက်ဆံတွေ...။
ပိုက်ဆံတွေကလက်ဆွဲအိတ်နှစ်လုံးအပြည့်ပင်...။ဒီပိုက်ဆံတွေကို,ကိုမိုးညိုဘာလုပ်မလို့လဲ...။
များပြားလွန်းတဲ့ပိုက်ဆံတွေကြောင့်ကိုမိုးညိုကိုနားမလည်သလိုသူကြည့်လိုက်မိသည်။သို့သော်ကိုမိုးညိုကတော့သူလှမ်းကြည့်နေတာကိုသတိမထားမိပေ...။တင်းမာနေတဲ့မျက်နှာနဲ့အရှေ့မှာထိုင်နေတဲ့ဦးလေးအောင်ကိုသာကိုမိုးညိုကစိုက်ကြည့်နေ၏။
" ကျွန်တော်တို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကသာမန်အိမ်ထောင်ရေးမဟုတ်ဘူးဆိုတာဦးအောင်ကြွယ်သိမှာပါ..."
ကိုမိုးညိုရဲ့အသံကအေးစက်ပြီးမာကြောလှ၏။ပြီးတော့ကိုမိုးညိုကိုကြည့်ရတာတစ်ခုခုကိုပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချထားဟန်တူသည်။အဲ့ဒီဆုံးဖြတ်ချက်ကဒီပိုက်ဆံတွေနဲ့သက်ဆိုင်နေတာများလား...။
မထင်ပေါ်သေးတဲ့အကြောင်းအရာမို့သူလည်းကိုမိုးညိုဆက်ပြောမယ့်စကားကိုငြိမ်ပြီးနားထောင်နေလိုက်၏။အခုချိန်မှာကိုမိုးညိုဘယ်လိုပဲလုပ်လုပ်၊ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်သူလိုက်လျောပေးမှာဖြစ်သည်။ဒီလိုလုပ်လိုက်လို့ကိုမိုးညိုစိတ်ကျေနပ်သွားမယ်ဆိုရင်ပဲသူဝမ်းသာလှပါပြီ...။
ဆက်လုပ်ယောက်ျား...။
ခင်ဗျားအနောက်မှာကျွန်တော်ရှိတယ်...။
" မျိုးတူယောက်ျားလေးနှစ်ယောက်တည်ဆောက်ထားတဲ့အိမ်ထောင်ရေးဖြစ်တဲ့အတွက်အရမ်းကိုထိလွယ်၊ရှလွယ်ပါတယ်...ဘယ်လောက်ထိလဲဆိုရင်ဘေးသူစိမ်းတောင်ဝင်လို့မရတဲ့အနေအထားပါ..."
" သာမန်အိမ်ထောင်တစ်ခုကအကြောင်းကံမလှလို့ပျက်စီးသွားခဲ့ရင်တောင်ပတ်ဝန်းကျင်မှာသူတို့ရဲ့သတင်းကထမင်းစားရေသောက်အဆင့်လောက်ပါပဲ...ဒါပေမယ့်...ကျွန်တော်တို့တည်ဆောက်ထားတဲ့အိမ်ထောင်ရေးကသာမန်အိမ်ထောင်ရေးနဲ့မတူဘူး..."
" အကြောင်းကံမတိုက်ဆိုင်လို့ကွဲကြ၊ကွာကြမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့သတင်းကထမင်းဝိုင်းကအဓိကဟင်းလျာလိုပဲ...အဲ့ဒီတော့...ဘေးသူစိမ်းကြောင့်နဲ့တော့ဒီမိသားစုဘဝလေးကိုကျွန်တော်အပျက်အစီးမခံနိုင်ပါဘူး..."
စကားကိုဆက်မပြောသေးပဲကိုမိုးညိုကအနားမှာထိုင်နေတဲ့သူ့ဘက်ကိုလှည့်ကြည့်လာခဲ့သည်။ပြီးတော့စားပွဲခုံပေါ်တင်ထားတဲ့သူ့ရဲ့ညာဘက်လက်လေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၏။
" ကျွန်တော်မြတ်မြတ်နိုးနိုးနဲ့ဖန်တီးခဲ့ရတဲ့ကျွန်တော့်ရဲ့မိသားစုဘဝလေးကိုကျွန်တော့်အသက်ထက်ပိုတန်ဖိုးထားတယ်...ဒီမိသားစုလေးမပြိုကွဲဖို့အတွက်ဘာပဲလုပ်ရလုပ်ရကျွန်တော်လုပ်မှာပါ...အဲ့ဒီတော့..."
ကိုမိုးညိုကစကားကိုခဏရပ်ကာဦးလေးအောင်ရဲ့မျက်နှာကိုတစ်ချက်လှမ်းကာကြည့်လိုက်၏။ပြီးနောက်ပိုက်ဆံအပြည့်ထည့်ထားတဲ့လက်ဆွဲအိတ်နှစ်လုံးကိုဦးလေးအောင်ရဲ့အရှေ့ကိုတိုးပေးလိုက်လေသည်။
" ဒီအိတ်နှစ်လုံးထဲမှာရှိတဲ့ငွေပမာဏကသိန်း(၅၀၀၀)အတိပါ...ဒီပိုက်ဆံတွေကဘာအတွက်လဲဆိုရင်တော့...ကျွန်တော့်ယောက်ျားကိုကျောင်းထားပေးခဲ့တဲ့အတွက်တန်ရာတန်ကြေးပြန်ပေးတာပါ..."
နားထဲကိုတိုးဝင်လာခဲ့တဲ့စကားကြောင့်ကိုမိုးညိုရဲ့မျက်နှာကိုယောင်ယမ်းကာသူမော့ကြည့်လိုက်မိသည်။သူ့နည်းတူဦးလေးအောင်ကလည်းကိုမိုးညိုကိုမျက်လုံးပြူး၊မျက်ဆံပြူနဲ့လှမ်းကြည့်နေလေရဲ့...။
ကိုမိုးညိုဘာတွေလုပ်နေတာလဲ...။
အံ့ဩတကြီးဖြစ်နေတဲ့သူ့ကို,ကိုမိုးညိုကခေါင်းတစ်ချက်ငြိမ့်ပြလာ၏။ပြီးတော့ကိုင်ထားတဲ့သူ့လက်လေးကိုတစ်ချက်ဖျစ်ညစ်လိုက်သည်။
" သူ့ကိုနားလည်ပေးပါ " ဆိုတဲ့သဘော...။
" ဖြစ်ခဲ့တဲ့ကိစ္စကိုဘာမှမဖြစ်သလိုသာကြေအေးလိုက်မယ်ဆိုရင်နောင်တစ်ချိန်မှာကျေးဇူးတရားဆိုတဲ့အကြောင်းပြချက်နဲ့ကျွန်တော့်ရဲ့မိသားစုကို,ဦးအောင်ကြွယ်တို့ဘက်ကလာတိုက်ခိုက်နေဦးမှာ..."
" နောက်မဖြစ်စေရဘူးလို့တော့အာမ,မခံပါနဲ့ဦးအောင်ကြွယ်...ကျွန်တော်အယုံအကြည်မရှိဘူး..."
" အဲ့တော့...ဒီပိုက်ဆံသိန်း(၅၀၀၀)ကိုဦးအောင်ကြွယ်လက်ခံပေးပါ...တကယ်လို့သိန်း(၅၀၀၀)ကနည်းတယ်ဆိုရင်ပြောပါကျွန်တော်ထပ်ပေးပါ့မယ်..."
ဘယ်လိုပဲလူကြီးလူကောင်းဆန်နေပါစေ၊အဆင့်အတန်းမရှိတဲ့ဒီလိုလူမျိုးတွေနဲ့တော့သူမပတ်သတ်ချင်ပေ...။ပြီးတော့ဝေ့ကိုလည်းမပတ်သတ်စေချင်တော့ပေ...။
ဒီလုပ်ရပ်ကကျေးဇူးကန်းတယ်ဆိုပေမယ့်ချနင်းခံခဲ့ရတဲ့ကိုယ့်သိက္ခါ၊ကိုယ့်မိသားစုသိက္ခါနဲ့ယှဥ်ရင်တော့အရမ်းကိုသေးငယ်လွန်သည်မဟုတ်လား...။ရုတ်တရပ်လုပ်လိုက်ရတဲ့အခြေအနေမို့ဝေ့ကိုတော့နောက်မှပဲအေးအေးဆေးဆေးရှင်းပြရမည်။
ဝေနားလည်မှာပါ...။
" ဟို...မယူ..."
ဦးအောင်ကြွယ်ကသူ့အရှေ့ကပိုက်ဆံတွေအပြည့်ထည့်ထားတဲ့လက်ဆွဲအိတ်ကြီးနှစ်လုံးကိုမိုးညိုတို့ဘက်ဆီပြန်တိုးပေးပြီးအသည်းအသန်ငြင်းဖို့ပြင်လိုက်၏။ပိုက်ဆံတွေပေးတယ်ဆိုကတည်းကိုကဒီကိစ္စရဲ့အတိမ်အနက်သည်ဘယ်လောက်ထိနက်ရှိုင်းသွားပြီလဲဆိုတာဦးအောင်ကြွယ်ခန့်မှန်းလို့သည်။
ဒီလိုရိုးသားတဲ့တောသူတောင်သားတွေရဲ့လျစ်လျူရှုမှု၊အမုန်းတွေကိုခံရတဲ့အတွက်အရမ်းကိုဝမ်းနည်းဖို့ကောင်းလှသည်။နောင်တကနောင်မှရတယ်ဆိုတာတကယ့်ကိုမှန်လွန်း၏။
" ယူလိုက်ပါဦးလေးအောင်...ဒီလိုပြောလိုက်လို့ကျွန်တော့်ကိုကျေးဇူးမသိတတ်တဲ့ကောင်လို့ထင်ချင်ရင်ထင်လို့ရပါတယ်...ကြိုက်သလိုထင်ပါ...မကျေနပ်လို့ဆဲမယ်ဆိုလည်းရတယ်...ကျွန်တော်အဆဲခံပါ့မယ်...ပြီးရင်တော့ကျွန်တော့်ရဲ့ကျေးဇူးရှင်ဖြစ်တဲ့ဦးလေးအောင်ဆိုတာအတိတ်မှာကျန်ခဲ့ပြီဆိုတာမှတ်ထားပေးပါ..."
" အထိုင်ကျနေပြီဖြစ်တဲ့ကျွန်တော့်မိသားစုဘဝလေးကိုတော့ဘာဒဏ်တွေမှမခံစားစေချင်ဘူး..."
ဒီစကားပြောလိုက်လို့သူ့ကိုကျေးဇူးကန်းတဲ့ကောင်လို့ပြောလည်းသူဂရုမစိုက်ပေ...။အရာအားလုံးဟာမထင်မှတ်ပဲဖြစ်ခဲ့ကြတယ်ဆိုပေမယ့်သူတို့ရခဲ့တာကတစ်သက်မမေ့နိုင်တဲ့စိတ်ဒဏ်ရာတစ်ခုပဲဖြစ်သည်။
" ဟုတ်ပြီ...ငါတူတို့ဖြစ်စေချင်တဲ့အတိုင်းဦးလေးယူပါ့မယ့်...ဦးလေးကိုပိုက်ဆံလည်းထပ်ပေးစရာမလိုပါဘူး...ရဝေကိုဦလေးထောက်ပံ့ခဲ့တာဆယ်တန်းအထိပဲလေ..."
စေတနာကိုငွေနဲ့တန်ဖိုးဖြတ်ခံလိုက်ရတဲ့အတွက်ဦးအောင်ကြွယ်စိတ်ထိခိုက်သွားရသည်။သို့သော်အပြစ်တော့မတင်ရက်ပေ...။သူကိုယ်တိုင်လည်းလူကြီးဖြစ်ပြီးဒီခလေးတွေအပေါ်မှာဆင်ခြင်တုံတရားမဲ့ခဲ့သည်မဟုတ်လား...။
" ဒါဆို...ဦးလေးကိုခွင့်ပြုပါဦး..."
" ကောင်းပါပြီ...ဦးလေးအောင်..."
အရင်လိုရင်းရင်းနှီးနှီးအလည်သဘောမျိုးလာခဲ့တာမဟုတ်တဲ့အတွက်နှုတ်ဆက်ခြင်းကဤတွင်ပြီး၏။
နှုတ်ဆက်ပါတယ်ဦးလေးအောင်...။
ခြံထဲကနေတရွေ့ရွေ့ထွက်ခွာသွားတဲ့ဦးလေးအောင်ကိုကြည့်ပြီးလက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ရဝေဆုပ်လိုက်၏။အဖေတစ်ယောက်လို၊ဦးလေးတစ်ယောက်လိုသံယောဇဥ်တွယ်ခဲ့ရသူမို့ရင်ဘတ်ထဲမှာတစ်တစ်ဆို့ဆို့ကြီးသူခံစားနေရသည်။
သို့ပေမယ့်လည်းဖြစ်သင့်တာကိုရွေချယ်ခဲ့တဲ့အတွက်နောင်တတော့သူမရပေ...။ဆက်ပြီးသာပတ်သတ်နေဦးမယ်ဆိုရင်တော့ဒီလိုပြဿနာမျိုးကနောက်ထပ်ရှိလာနိုင်သည်မဟုတ်လား...။
ကိုမိုးညိုအပေါ်မှာထားတဲ့ယမင်းရဲ့အမုန်းကလည်းပြင်းထန်နေသလို၊ယမင်းတို့ကြောင့်ဖြစ်တည်နေတဲ့ကိုမိုးညိုရဲ့စိတ်ဒဏ်ရာကလည်းသေးမှာမဟုတ်ဘူးဆိုတာသူသိသည်။ဒါကြောင့်သံသရာဖြတ်လိုက်တာကပင်နှစ်ဦးနှစ်ဖက်အတွက်အကောင်းဆုံးဖြစ်၏။
ဟူး...။
" ဝေ..."
ဦးလေးအောင်ကိုငေးကြည့်နေတုန်းပခုံးပေါ်မှီတွယ်လာတဲ့ကိုမိုးညိုကိုသူငဲ့ကာကြည့်လိုက်သည်။ကိုမိုးညိုရဲ့မျက်နှာကခုနကလိုမာကြောမနေတော့ပဲတည်ကြည်နေလေရဲ့...။
" ကိုမိုးညိုလုပ်ရပ်ကိုစိတ်မဆိုးဘူးမလား..."
ဒီမေးခွန်းအတွက်အဖြေကသူ့မှာအဆင်သင့်ရှိပြီးသားပင်...။
" ဟင့်အင်း...မဆိုးဘူး...ခင်ဗျားမှန်တယ်ထင်လို့လုပ်ခဲ့တာပဲလေ..."
ရဝေ့စကားကြောင့်မိုးညိုရဲ့မျက်နှာကပြုံးယောင်သမ်းသွားလေသည်။ဝေ့ကိုသူကစိတ်ဆိုးမယ်ထင်နေတာ...။အခုလိုနားလည်ပေးတဲ့အတွက်သူပျော်မိသည်။
" ဒါနဲ့...တစ်ခုတော့စိတ်ဆိုးတယ်ဗျာ..."
ဟုတ်တယ်...။
အဲ့ဒီတစ်ခုတော့သူစိတ်ဆိုးတယ်...။
" ဘာကိုစိတ်ဆိုးတာလဲဝေရဲ့..."
သူ့စကားကြောင့်ကိုမိုးညိုကလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။မျက်နှာကိုပါစူပုတ်ပြထားတော့ချစ်လင်ကနေစရာမရှိတော့အောင်ပြာယာခတ်နေ၏။
" ခင်ဗျားလယ်ရောင်းတာဘာဖြစ်လို့ကျွန်တော့်ကိုမပြောတာလဲ...ဘာလဲ...ကျွန်တော်ကခင်ဗျားယောက်ျားမဟုတ်လို့လား..."
တကယ်ဆိုလယ်ပဲရောင်းရောင်း၊ဘာပဲရောင်းရောင်းသူ့ကိုတော့တိုင်ပင်သင့်သည်မဟုတ်လား...။ " လင်ပစ္စည်းယောက်ျားတစ်ဝက်ပိုင်သလို၊ယောက်ျားပစ္စည်းလင်တစ်ဝက်ပိုင်တယ် " ဆိုတဲ့စကားကိုဒီလူကြီးမကြားဖူးဘူးလား...။
နေဦး...။
နောက်မှဒီလူကြီးကို " လင်ကျင့်ဝတ် " တွေကျက်ခိုင်းရမယ်...။အဲ့ဒါမှ " ယောက်ျား " လို့ သူခေါ်လိုက်တာနဲ့အနောက်က " ရေ " ပါလာပြီးသားဖြစ်နေမှာ...။
" ဟာ...ဘာတွေလျှောက်ပြောနေတာလဲကွာ...ကိုမိုးညိုကဘယ်ကလယ်ကိုသွားရောင်းရမှာလဲ..."
ဟမ်...။
ကိုမိုးညိုရဲ့စကားကြောင့်သူကြောင်အမ်းအမ်းဖြစ်သွားမိသည်။ကိုမိုးညိုကလယ်မရောင်းဘူးတဲ့လား...။သူကကိုမိုးညိုလယ်ရောင်းလိုက်တယ်ထင်နေတာ...။
ဒါဆိုခုနကပိုက်ဆံသိန်း(၅၀၀၀)ကိုဒီလူကြီးဘယ်ကရတာလဲ...။
စဥ်းစားရင်းလူကခေါင်းတွေနောက်လာ၏။
မရတော့...။
သူသိဖို့လိုနေပြီ...။
ဒီကိစ္စကအရမ်းကိုနက်နဲလွန်းသွားပြီ...။
" ဒါဆို...ခုနကပိုက်ဆံတွေကဘယ်ကရတာလဲ..."
" သြော်...အဲ့ဒါလား...အဟဲ...ဘယ်ကမှမရဘူး...ဝေ့ရဲ့ဗီရိုထဲကနှိုက်လိုက်တာ..."
What the Hell...!
သူ့ပိုက်ဆံတွေတဲ့လား...။
ကြားလိုက်ရတဲ့စကားကခေါင်းတည့်တည့်ကိုမိုးကြိုးအစင်းတစ်ရာပစ်ချခံလိုက်ရသလိုပင်...။
" ဘာ..."
" အောင့်မလေးဗျ...လန့်လိုက်တာ..."
ဆောင့်ထွက်လာတဲ့ရဝေ့ရဲ့အသံကြောင့်မိုးညိုကအလန့်တကြားဖြစ်သွားဟန်ဖြင့်မတ်တပ်ထရပ်လိုက်သည်။တဖြည်းဖြည်းမည်းမှောင်လာတဲ့ဝေ့ရဲ့မျက်နှာကြောင့်သူ့ရဲ့အပေါ်မွှေး၊အောက်မွှေးမကျန်ရှိသမျှအမွှေးတွေအကုန်ထောင်ကုန်၏။
ဝေဘာဖြစ်နေတာလဲ...။
မျက်လုံးကလည်းတဖြည်းဖြည်းပြူးထွက်လာတာများအပြင်တောင်ငုတ်တုတ်ထွက်ထိုင်တော့မည်။
မဖြစ်တော့...။
သူတစ်ခုခုလုပ်ဖို့လိုနေပြီ...။
ဝေ့ဆီကအသံနက်ကြီးထွက်လာပြီဆိုတော့ပြေးပေါက်ကိုကြိုရှာထားမှရမည်။မဟုတ်ရင်သူ့တစ်ကိုယ်လုံးဝေ့ရဲ့လက်ထဲမှာဖွက်ဖွက်ညက်ညက်ကြေသွားနိုင်၏။သို့နှင့်မိုးညိုတစ်ယောက်အနီးအနားဝန်းကျင်ကိုမျက်စိကစားကာတစ်ချက်လေ့လာလိုက်သည်။
ဟုတ်ပြီ...။
" ကျွန်တော့်ဗီရိုထဲက..."
" ဟုတ်တယ်လေကွာ...လောလောဆယ်ငွေအလွယ်တကူယူလို့ရတာဆိုလို့ဝေ့ကိုတင်တောင်းထားတဲ့ပိုက်ဆံတွေပဲရှိတာကို..."
ဘုရားရေ...။
ဘာမှမဖြစ်သလိုပြောနေတဲ့ကိုမိုးညိုကိုကြည့်ပြီးရဝေအသားတွေတဆက်ဆက်တုန်လာခဲ့၏။သူ့ကိုတင်တောင်းထားတဲ့ပိုက်ဆံတွေကိုယူထုတ်လိုက်တယ်တဲ့လား...။
ဒီလူကြီးဘယ်လိုတွေ့သွားတာလဲ...။
တကယ်တော့ဒီပိုက်ဆံတွေကအမြွှာလေးနှစ်ယောက်အရွယ်ရောက်လာရင်ရှင်ပြုဖို့အတွက်ရည်စူးပြီးသူသိမ်းထားတာလေ...။သူတောင်မစားရက်၊မသောက်ရက်၊မတို့ရက်၊မထိရက်ပဲကျစ်ကျစ်ပါအောင်ထုတ်ထားတာ...။
ဒါကိုဒီလူကြီး...။
မရတော့ဘူး...။
ဒီလူကြီးကိုသူကျွေးမှရတော့မည်။
" ကိုမိုးညို...ခင်ဗျား..."
" ဟာ...ဝေ...ဝေ...လွန်မယ်နော်..."
အနားမှာရှိတဲ့ထမင်းချိုင့်ကိုသူကိုင်လိုက်တယ်ဆိုရင်ပဲကိုမိုးညိုကသူ့အနားကနေလှစ်ခနဲ့ထွက်ပြေးသွားလေ၏။
ကျစ်...။
ဒီလူကြီး...။
ဘယ်တော့ကတည်းကပြေးပေါက်ရှာထားလည်းမသိပေ...။
ထမင်းချိုင့်ပဲမြှောက်ရသေးတယ်...။
လူကခြံဝကိုရောက်သွားပြီ...။
" ခင်ဗျားပြန်လာခဲ့စမ်း..."
" ပြန်လာခဲ့မယ်...အခုတော့မဟုတ်ဘူး...နောက်မှ..."
မိုးညိုကအကြီးအကျယ်ဒေါခီးနေတဲ့ရဝေ့ကိုတစ်ချက်လှမ်းအော်ပြီးရွာထဲကိုပြေးထွက်သွားလေတော့သည်။
နောက်မှတဲ့လား...။
အေ...။
ခင်ဗျားပြေးထား...။
ညကျရင်ရဝေဆိုတဲ့ကောင်ခင်ဗျားကိုဘာကျွေးမလဲဆိုတာခင်ဗျားစောင့်ကြည့်နေလိုက်...။
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
လူသုံးေယာက္တည္းသာရွိေနတဲ့စားပြဲဝိုင္း...။အနီးအနားပတ္ဝန္းက်င္ကဆူညံေနေပမယ့္ဒီတစ္ေနရာေလးပဲကြက္ၿပီးတိတ္ဆိတ္လြန္းေန၏။
ဘာေၾကာင့္လဲ...။
ေျပာခ်င္တဲ့အေၾကာင္းအရာေတြ၊ဦးတည္ခ်က္ေတြတူညီေနၾကေပမယ့္အစပ်ိဳးရမယ့္နိဒါန္းကခိုင္မာမႈမရွိတဲ့အတြက္စကားသံေတြတိတ္ဆိတ္ကင္းမဲ့ေနတာျဖစ္သည္။လြတ္လပ္စြာပ်ံသန္းေနၾကတဲ့အေတြးတို႔ေၾကာင့္သုံးေယာက္လုံးရဲ႕မ်က္ႏွာအမူအရာေတြကခန့္မွန္းလို႔မရေအာင္ရႈပ္ေထြးေနေလရဲ႕...။
ထပ္တူညီမႈမရွိတဲ့အေတြးစတစ္ခ်ိဳ႕ကိုအမိအရဖမ္းဆုပ္ထားၾကတဲ့သူတို႔သုံးေယာက္ရယ္ပါ...။
ရေဝတစ္ေယာက္အေရွ႕မွာထိုင္ေနတဲ့ဦေလးေအာင္ကိုတစ္ခ်က္လွမ္းကာၾကည့္လိုက္မိသည္။အရင္လိုၾကည္လင္မႈမရွိပဲမွိုင္းညွို႔ေနတဲ့ဦးေလးေအာင္ကခံစားတစ္ခ်ိဳ႕ကိုဖမ္းဆုပ္ထားဟန္ရွိ၏။သူထင္တာမမွားဘူးဆိုရင္ယမင္းတိုက္လိုက္တဲ့ေဆးခါးႀကီးတစ္ခြက္ေၾကာင့္ျဖစ္မည္ထင္သည္။
" စကားခဏေျပာရေအာင္ " ဆိုလို႔သုံးေယာက္သားထိုင္ေနၾကေပမယ့္၊အခုထိဦးေလးေအာင္ဆီကစကားတစ္ခြန္းမွထြက္မလာေသးေပ...။ဦးေလးေအာင္ခမ်ာသူ႕သမီးတိုက္တဲ့ေဆးခါးႀကီးရဲ႕အာနိသင္ကိုခံစားေနရတုန္းျဖစ္မည္။
သူတို႔ႏွစ္ေယာက္လည္းဦးေလးေအာင္ေျပာလာမယ့္စကားကိုေစာင့္ေနတာအခ်ိန္တစ္ခုၾကာေနေလၿပီး...။အခုထိဦးေလးေအာင္ကခံစားခ်က္တစ္ခ်ိဳ႕ကိုမ်က္ႏွာအမူအရာနဲ႕ပုံေဖာ္ရင္းတိတ္ဆိတ္ေနဆဲပင္...။တစ္ခါတစ္ေလဦးေလးေအာင္ရဲ႕သက္ျပင္းခ်သံကိုသူတို႔ၾကားေနရျပန္သည္။
မျဖစ္ေတာ့ေပ...။
တစ္ခုခုလုပ္မွရေတာ့မည္။ဟိုကလည္းမေျပာ၊ဒီကလည္းမေျပာဆိုရင္ေတာ့မိုးသာခ်ဳပ္သြားလိမ့္မည္။သုံးေယာက္လုံးဘာစကားမွေျပာျဖစ္ၾကမွာမဟုတ္ေပ...။သို႔ႏွင့္ရေဝတစ္ေယာက္အခ်ိန္အေတာ္ၾကာတိတ္ဆိတ္ေနတဲ့စကားဝိုင္းကိုစတင္အသက္သြင္းဖို႔ျပင္လိုက္ေလေတာ့သည္။
" ဦးေလးေအာင္..."
" ေတာင္းပန္ပါတယ္..."
" ဟင္..."
ေျပာေတာ့လည္းမေျပာလို႔...။ေျပာလာေတာ့လည္း " ေတာင္းပန္တယ္ " တဲ့လား...။ဒီအတိုင္းဆိုရင္ေတာ့ေပ်ာက္ဆုံးေနတဲ့အမွန္တရားကို,ဦးေလးေအာင္ကသိသြားၿပီးထင္ပါရဲ႕...။
ႏႈတ္ကသာေတာင္းပန္ေနေပမယ့္ဦးေအာင္ႂကြယ္ရဲ႕အၾကည့္ေတြကအေရွ႕မွာခ်ထားတဲ့ေရေႏြးခရားဝိုင္းဆီကိုသာေရာက္ရွိေန၏။ဇာတ္လမ္းတစ္ပုဒ္လုံးကိုစ၊လယ္၊ဆုံး,ကသြားတဲ့သမီးျဖစ္သူေၾကာင့္အခုေတာ့ကိုယ့္ထက္ငယ္တဲ့ခေလးေတြေရွ႕မွာဦးေအာင္ႂကြယ္တစ္ေယာက္ေခါင္းငုံ႕ေနရေလၿပီး...။
ရွက္မိေပမယ့္မွားခဲ့သူကကိုယ့္သမီးမဟုတ္လား...။
" ဦးေလးသမီးရဲ႕လုပ္ရပ္ကအရမ္းကိုဆိုးဝါးလြန္းခဲ့တာဆိုေတာ့ေတာင္းပန္ယုံနဲ႕မလုံေလာက္မွန္းဦးေလးသိပါတယ္..."
မလုံေလာက္မွန္းသိရင္လုံေလာက္ေအာင္လုပ္ေပးေလ...။စိတ္ခံစားခ်က္ကိုဦးစားေပးၿပီးတစ္ပါးသူရဲ႕အသိုက္အၿမဳံကိုရည္႐ြယ္ခ်က္ရွိရွိဖ်က္ဆီခဲ့တာမဟုတ္လား...။
မဆိုးဘူးလို႔ေျပာရင္ညာရာက်တာေပါ့...။
ခံစားခဲ့ရသူကကိုယ္,ကိုယ္တိုင္မို႔သူ႕အေရွ႕မွာအခုလိုDramaလာခင္းျပေနလည္းမိုးညိုဆိုတဲ့ေကာင္ကမသနားနိုင္ေပ...။
အစကတည္းကိုယ္ေမြးထားတဲ့ေမ်ာက္က " အထီးလား၊အမလား " ဆိုတာဒီလူႀကီးမသိဘူးလား...။မွားမွန္းသိေတာ့မွမိဘက်င့္ဝတ္ကိုလက္ကိုင္ဆြဲၿပီးလာေတာင္းပန္ေနရတယ္လို႔...။
တရိပ္ရိပ္တက္လာတဲ့ေဒါသေတြကိုေျပလိုေျပျငားလက္ႏွစ္ဖက္ကိုတင္းတင္းၾကပ္ၾကပ္သူဆုပ္ထားမိ၏။ရစရာမရွိေအာင္ေပါက္ကြဲပစ္လိုက္ခ်င္ေပမယ့္ " ေဝ့ရဲ႕ေက်းဇူးရွင္ " ဆိုတဲ့အသိေၾကာင့္ထြက္သမွ်ေဒါသေတြကလက္သီးဆုပ္အျဖစ္နဲ႕သာေျပေပ်ာက္သြားရေတာ့သည္။
သူ႕အျဖစ္ကဆုပ္ထားမိရင္လည္းစူးေနရသလို၊စားလိုက္ရင္လည္း႐ူးသြားရမယ့္ကိန္းပင္...။ေသခ်ာတာတစ္ခုကေတာ့ဒီလိုလူမ်ိဳးေတြကိုသူမုန္းသည္။
ေဝကေတာ့အေရွ႕ကလူႀကီးDramaခင္းသမွ်ကိုမ်က္ႏွာေလးအိုကာေငးၾကည့္ေနေလရဲ႕...။
" အဲ့ေတာ့...သမီးေလးရဲ႕အျပစ္အတြက္ဦးေလးေအာင္ဘာလုပ္ေပးရမလဲ...ေျပာပါ...ငါ့တူတို႔စိတ္ေက်နပ္တဲ့အထိဦးေလးေအာင္လုပ္ေပးပါ့မယ္..."
ညွို႔ငယ္စြာေျပာလာတဲ့ဦးေလးေအာင္ကိုၾကည့္ၿပီးရေဝတစ္ေယာက္သက္ျပင္းကိုႀကိတ္ၿပီးခ်လိဳက္မိသည္။" သားသမီးမေကာင္း၊မိဘေခါင္း " ဆိုတဲ့အတိုင္းသမီးျဖစ္သူရဲ႕ဦးေႏွာက္မရွိတဲ့လုပ္ရပ္ေၾကာင့္ဖေအျဖစ္သူကလာေတာင္းပန္ေနရၿပီး...။
အမွားအတြက္လာေတာင္းပန္တယ္ဆိုေပမယ့္ကာယကံရွင္ကိုယ္တိုင္မပါလာခဲ့တာကေတာ့သိပ္ဘဝင္မက်ေပ...။အဲ့ဒီေတာ့မလာခဲ့တဲ့ကာယကံရွင္အတြက္ထိေရာက္တဲ့အျပစ္ေပးနည္းတစ္ခုကိုေတာ့သူတို႔လုပ္ရလိမ့္မည္။ဒီလုပ္ရပ္အတြက္ဦးေလးေအာင္ကိုသူအားနာမိေပမယ့္တန္ရာတန္ေၾကးေတာ့ျပန္ယူသင့္တယ္မဟုတ္လား...။
စိတ္မေကာင္းပါဘူးဦးေလးေအာင္...။
စိတ္အပန္းေျဖဖို႔ဒီ႐ြာကိုလာခဲ့ေပမယ့္သမီးျဖစ္သူရဲ႕ေရာက္ေလရာအရပ္မွာႀကဳံရင္ႀကဳံသလိုဇာတ္လမ္းရိုက္တတ္တဲ့အက်င့္ေၾကာင့္အခုေတာ့ဦးေလးေအာင္တစ္ေယာက္စိတ္ေရာ၊လူပါပင္ပန္းရေတာ့မည္။
ထိုစဥ္...။
" ဝုန္း..."
ထိုင္ေနရာမွ႐ုတ္တရက္ထရပ္လိုက္တဲ့ကိုမိုးညိုေၾကာင့္အေတြးယာဥ္ေၾကာထဲမွာနစ္ေျမာေနတဲ့ရေဝတစ္ေယာက္သတိျပန္လည္လာခဲ့၏။မ်က္ႏွာရွစ္ေခါက္ခ်ိဳးျဖစ္ေနတဲ့ကိုမိုးညိုကဦးေလးေအာင္ကိုတစ္ခ်က္စိုက္ၾကည့္ၿပီးအိမ္ေပၚကိုတက္သြားေလသည္။
ေသရာပါေမ့လို႔မရမယ့္ကိစၥတစ္ခုျဖစ္တဲ့အတြက္ကိုမိုးညိုအခုလိုျဖစ္ေနတာကိုလည္းသူ႕အေနနဲ႕အျပစ္မတင္ရက္ေပ...။ကိုယ္မလုပ္တဲ့ကိစၥတစ္ခုကိုလုပ္ပါတယ္လို႔စြပ္စြဲခံရတာေလာက္အသည္းနာဖို႔ေကာင္းတာမရွိဘူးမဟုတ္လား...။ပိုးဆိုးတာတစ္ခုကတစ္႐ြာတည္းေန၊တစ္ေရတည္းေသာက္ေနၾကတဲ့လူေတြရဲ႕အထင္လြဲတာကိုခံရျခင္းပင္...။
ကိုမိုးညိုရဲ႕ခံစားခ်က္ကိုသူနားလည္သည္။ၿပီးေတာ့သူခံစားလို႔ရသည္။ဒါ့ေၾကာင့္စိတ္ေျပဖို႔အတြက္ကိုမိုးညိုကလူသတ္မယ္ဆိုရင္ေတာင္သူအေနနဲ႕အေလာင္းေဖ်ာက္ေပးဖို႔ဝန္ေလးေနမွာမဟုတ္ေပ...။
ဒါသည္ဘယ္စာအုပ္၊က်မ္းဂန္မွာမွမေတြ႕ဖူး၊မျမင္ဖူးေသးတဲ့ " လင္က်င့္ဝတ္ "ေတြထဲကတစ္ခုပင္...။
" ဦးေလးေအာင္တကယ္လုပ္ေပးခ်င္တယ္ဆိုရင္...ဒီ႐ြာမွာရွိေနတဲ့ " ခေလးအစ၊ေခြးအဆုံး " အားလုံးကိုဒီကိစၥရဲ႕အျဖစ္မွန္ကိုေသခ်ာရွင္းျပေပးပါ...ကြၽန္ေတာ့္ေယာက္်ားမွာအျပစ္မရွိတဲ့အေၾကာင္း..."
ျဖစ္ခဲ့ၾကတဲ့အေၾကာင္းအရာေတြကလူပုံအလယ္မွာတစ္သက္လုံးေခါင္းေထာင္လို႔ရမယ့္ကိစၥမ်ိဳးမဟုတ္တဲ့အတြက္ဒီအတိုင္းအတာထိပဲသူေျဖေလွ်ာ့ေပးနိုင္မည္။ျငင္းဆန္မယ္ဆိုရင္ေတာ့ဇာတ္မင္းသမီးေလးယမင္းကိုသာသတ္ဖို႔ပဲရွိေတာ့သည္။
သို႔ေသာ္...။
သူထင္တာလြဲသြားသည္။ဦးေလးေအာင္ကသူ႕ေတာင္းဆိုခ်က္ကိုလက္ခံတဲ့အေနနဲ႕ေခါင္းတဆက္ဆက္ၿငိမ့္ေနေလ၏။
" လုပ္ေပးပါ့မယ္...ငါ့တူျဖစ္ေစခ်င္တဲ့အတိုင္းဦေလးေအာင္တစ္႐ြာလုံးကိုေသခ်ာရွင္းျပေပးပါ့မယ္..."
ဒါဆိုရင္ေတာ့အဆင္ေျပပါၿပီး...။အမွန္တရားသာသိသြားၾကၿပီးဆိုရင္ေတာ့သူ႕ေယာက္်ားကႀကိဳက္တဲ့ေနရာကိုေခါင္းေမာ့၊ရင္ေကာ့ကာေျခဆန့္လို႔ရၿပီးမဟုတ္လား...။
" ေက်းဇူးတင္ပါတယ္ဦေလးေအာင္...ဘာလို႔ဒီလိုလုပ္ခိုင္းရတာလဲဆိုေတာ့ဒီကိစၥကကြၽန္ေတာ့္ေယာက္်ားကိုမိုးညိုရဲ႕ဂုဏ္သိကၡါနဲ႕ဆိုင္ေနလို႔ပါ..."
တစ္ျခားကိစၥဆိုရင္ေတာ့သူဂ႐ုစိုက္ေနမိမွာမဟုတ္ေပ...။တစ္ခ်ိဳ႕ကိစၥေတြကမရွင္းျပလည္းအမွန္တရားကသူ႕အလိုလိုေပၚလာတတ္၏။သို႔ေသာ္ဒါကေတာ့ေရာက္ေလရာအရပ္မွာႏွာေခါင္းရႈံ႕ၾကမယ့္ကိန္း...။
အမွန္တရားဆိုတာကလည္းကိုမိုးညိုေသၿပီးတာေတာင္ေပၚလာခ်င္မွေပၚလာဦးမွာျဖစ္သည္။သူကေတာ့ကိစၥမရွိေပမယ့္ေလာကႀကီးမွာအမ်ားႀကီးရွင္သန္ေနထိုင္ရဦးမယ့္သားေလးႏွစ္ေယာက္ရဲ႕ဘဝကရွိေသးသည္မဟုတ္လား...။
အမွန္မဟုတ္တဲ့အမဲစက္ႀကီးကိုေတာ့သားေလးႏွစ္ေယာက္ရဲ႕လက္ထက္ေရာက္တဲ့အထိရွိမေနေစခ်င္ေပ...။ဦးေလးေအာင္ကိုအားနာမိေပမယ့္သူ႕အေနနဲ႕ကလည္းဖခင္တစ္ေယာက္ျဖစ္တဲ့အတြက္သားေလးႏွစ္ေယာက္ရဲ႕အေရွ႕မွာပိတ္ဆို႔ေနမယ့္အရာမွန္သမွ်ကိုၿဖိဳခ်ဖ်က္ဆီးဖို႔ဝန္ေလးေနမွာေတာ့မဟုတ္ေပ...။
" ဦးေလးနားလည္ပါတယ္...စိတ္ခ်ပါ...ဦးေလးေအာင္ေသေသခ်ာခ်ာေတာင္းပန္ပါ့မယ္..."
ဒီလိုဆိုရင္ေတာ့သူ႕ေယာက္်ားအတြက္ကိစၥမရွိေတာ့ေပ...။ဘယ္လိုပဲျဖစ္ျဖစ္သူ႕ေယာက္်ားကလူပုံအလယ္မွာေခါင္းေဖာ္လို႔ရၿပီးျဖစ္သည္။ဘဝမွာဖခင္တစ္ေယာက္လို၊ဦးေလးတစ္ေယာက္လိုခ်စ္ခင္ေလးစားရတဲ့ကိုယ့္ေက်းဇူးရွင္နဲ႕ဒီလိုျပႆနာေတြျဖစ္လာလိမ့္မယ္လို႔ေတြးေတာင္မေတြးမိဖူးခဲ့ေပ...။
အခုေတာ့...။
ဦးေလးေအာင္နဲ႕သူစကားေျပာေနတုန္းကိုမိုးညိုကအထုပ္ႀကီးႏွစ္ထုပ္ကိုဆြဲၿပီးအိမ္ေပၚကဆင္းလာခဲ့ေလသည္။အထုပ္ကခရီးသြားရင္အဝတ္အစားေတြထည့္တဲ့လက္ဆြဲအိတ္မ်ိဳးျဖစ္သည္။အိတ္ႏွစ္လုံးကိုတစ္ဖက္စီကိုင္ရင္းအိမ္ေပၚကေနဆင္းလာတဲ့ကိုမိုးညိုကိုၾကည့္ၿပီးသူအံ့ဩေနမိသည္။
လက္ဆြဲအိတ္ႀကီးႏွစ္လုံးနဲ႕ကိုမိုးညိုဘာလုပ္ဦးမလို႔လဲ...။
ၿပီးေတာ့...။
အိတ္ထဲမွာတစ္ခုခုရွိပုံရသည္။(၂)အိတ္လုံးကေဖာင္းတင္းေန၏။
ဘာေတြပါလိမ့္...။
သူ႕အနားကိုေရာက္လာတဲ့ကိုမိုးညိုကလက္ထဲကအိတ္(၂)လုံးကိုစားပြဲေပၚတင္လိုက္၏။ၿပီးေနာက္ပိတ္ထားတဲ့ဇစ္ကိုဆြဲဖြင့္လိုက္ေလသည္။
ဟင္...။
အိတ္ထဲကပစၥည္းေတြကိုၾကည့္ၿပီးရေဝ့ရဲ႕မ်က္လုံးေတြျပဴးက်ယ္ဝိုင္းစက္သြားေလေတာ့၏။
ပိုက္ဆံေတြ...။
ဒီပိုက္ဆံေတြကို,ကိုမိုးညိုဘာလုပ္မလို႔လဲ...။ပိုက္ဆံေတြကလက္ဆြဲအိတ္ႏွစ္လုံးအျပည့္ပင္...။
မ်ားျပားလြန္းတဲ့ပိုက္ဆံေတြေၾကာင့္ကိုမိုးညိုကိုနားမလည္သလိုသူၾကည့္လိုက္မိသည္။သို႔ေသာ္ကိုမိုးညိုကေတာ့သူလွမ္းၾကည့္ေနတာကိုသတိမထားမိေပ...။တင္းမာေနတဲ့မ်က္ႏွာနဲ႕အေရွ႕မွာထိုင္ေနတဲ့ဦးေလးေအာင္ကိုသာကိုမိုးညိုကစိုက္ၾကည့္ေနေလရဲ႕...။
" ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕အိမ္ေထာင္ေရးကသာမန္အိမ္ေထာင္ေရးမဟုတ္ဘူးဆိုတာဦးေအာင္ႂကြယ္သိမွာပါ..."
ကိုမိုးညိုရဲ႕အသံကေအးစက္ၿပီးမာေၾကာလွ၏။ၿပီးေတာ့ကိုမိုးညိုကိုၾကည့္ရတာတစ္ခုခုကိုျပတ္ျပတ္သားသားဆုံးျဖတ္ခ်က္ခ်ထားဟန္တူသည္။အဲ့ဒီဆုံးျဖတ္ခ်က္ကဒီပိုက္ဆံေတြနဲ႕သက္ဆိုင္ေနတာမ်ားလား...။
မထင္ေပၚေသးတဲ့အေၾကာင္းအရာမို႔သူလည္းကိုမိုးညိုဆက္ေျပာလာမယ့္စကားကိုၿငိမ္ၿပီးနားေထာင္ေနလိုက္၏။အခုခ်ိန္မွာကိုမိုးညိုဘယ္လိုပဲလုပ္လုပ္၊ဘယ္လိုပဲဆုံးျဖတ္၊ဆုံးျဖတ္သူလိုက္ေလ်ာေပးမွာျဖစ္သည္။ဒီလိုလုပ္လိုက္လို႔ကိုမိုးညိုစိတ္ေက်နပ္သြားမယ္ဆိုရင္ပဲသူဝမ္းသာလွပါၿပီး...။
ဆက္လုပ္ေယာက္်ား...။
ခင္ဗ်ားအေနာက္မွာကြၽန္ေတာ္ရွိတယ္...။
" မ်ိဳးတူေယာက္်ားေလးႏွစ္ေယာက္တည္ေဆာက္ထားတဲ့အိမ္ေထာင္ေရးျဖစ္တဲ့အတြက္အရမ္းကိုထိလြယ္၊ရွလြယ္ပါတယ္...ဘယ္ေလာက္ထိလဲဆိုရင္ေဘးသူစိမ္းေတာင္ဝင္လို႔မရတဲ့အေနအထားပါ..."
" သာမန္အိမ္ေထာင္တစ္ခုကအေၾကာင္းကံမလွလို႔ပ်က္စီးသြားခဲ့ရင္ေတာင္ပတ္ဝန္းက်င္မွာသူတို႔ရဲ႕သတင္းကထမင္းစားေရေသာက္ေလာက္ပါပဲ...ဒါေပမယ့္...ကြၽန္ေတာ္တို႔တည္ေဆာက္ထားတဲ့အိမ္ေထာင္ေရးသာမန္အိမ္ေထာင္ေရးနဲ႕မတူဘူး..."
" အေၾကာင္းကံမတိုက္ဆိုင္လို႔ကြဲၾက၊ကြာၾကမယ္ဆိုရင္ေတာ့ကြၽန္ေတာ္တို႔ရဲ႕သတင္းကထမင္းဝိုင္းကအဓိကဟင္းလ်ာလိုပါပဲ...အဲ့ဒီေတာ့...ေဘးသူစိမ္းေၾကာင့္နဲ႕ေတာ့ဒီမိသားစုဘဝေလးကိုကြၽန္ေတာ္အပ်က္အစီးမခံနိုင္ပါဘူး..."
စကားကိုဆက္မေျပာေသးပဲကိုမိုးညိုကအနားမွာထိုင္ေနတဲ့သူ႕ဘက္ကိုလွည့္ၾကည့္လာခဲ့သည္။ၿပီးေတာ့စားပြဲခုံေပၚတင္ထားတဲ့သူ႕ရဲ႕ညာဘက္လက္ေလးကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္၏။
" ကြၽန္ေတာ္ျမတ္ျမတ္နိုးနိုးနဲ႕ဖန္တီးခဲ့ရတဲ့ကြၽန္ေတာ့္ရဲ႕မိသားစုဘဝေလးကိုကြၽန္ေတာ့္အသက္ထက္ပိုတန္ဖိုးထားတယ္...ဒီမိသားစုေလးမၿပိဳကြဲဖို႔အတြက္ဘာပဲလုပ္ရလုပ္ရကြၽန္ေတာ္လုပ္မွာပါ...အဲ့ဒီေတာ့..."
ကိုမိုးညိုကစကားကိုခဏရပ္ကာဦးေလးေအာင္ရဲ႕မ်က္ႏွာကိုတစ္ခ်က္လွမ္းကာၾကည့္လိုက္၏။ၿပီးေနာက္ပိုက္ဆံအျပည့္ထည့္ထားတဲ့လက္ဆြဲအိတ္ႏွစ္လုံးကိုဦးေလးေအာင္ရဲ႕အေရွ႕ကိုတိုးေပးလိုက္ေလသည္။
" ဒီအိတ္ႏွစ္လုံးထဲမွာရွိတဲ့ေငြပမာဏကသိန္း(၅၀၀၀)အတိပါ...ဒီပိုက္ဆံေတြကဘာအတြက္လဲဆိုရင္ေတာ့...ကြၽန္ေတာ့္ေယာက္်ားကိုေက်ာင္းထားေပးခဲ့တဲ့အတြက္တန္ရာတန္ေၾကးျပန္ေပးတာပါ..."
နားထဲကိုတိုးဝင္လာခဲ့တဲ့စကားေၾကာင့္ကိုမိုးညိုရဲ႕မ်က္ႏွာကိုေယာင္ယမ္းကာသူေမာ့ၾကည့္လိုက္မိသည္။သူ႕နည္းတူဦးေလးေအာင္ကလည္းကိုမိုးညိုကိုမ်က္လုံးျပဴး၊မ်က္ဆံျပဴနဲ႕လွမ္းၾကည့္ေနေလရဲ႕...။
ကိုမိုးညိုဘာေတြလုပ္ေနတာလဲ...။
အံ့ဩတႀကီးျဖစ္ေနတဲ့သူ႕ကို,ကိုမိုးညိုကေခါင္းတစ္ခ်က္ၿငိမ့္ျပလာ၏။ၿပီးေတာ့ကိုင္ထားတဲ့သူ႕လက္ေလးကိုတစ္ခ်က္ဖ်စ္ညစ္လိုက္ေလသည္။
" သူ႕ကိုနားလည္ေပးပါ " ဆိုတဲ့သေဘာ...။
" ျဖစ္ခဲ့တဲ့ကိစၥကိုဘာမွမျဖစ္သလိုသာေၾကေအးလိုက္မယ္ဆိုရင္ေနာင္တစ္ခ်ိန္မွာေက်းဇူးတရားဆိုတဲ့အေၾကာင္းျပခ်က္နဲ႕ကြၽန္ေတာ့္ရဲ႕မိသားစုကို,ဦးေအာင္ႂကြယ္တို႔ဘက္ကလာတိုက္ခိုက္ေနဦးမွာ..."
" ေနာက္မျဖစ္ေစရဘူးလို႔ေတာ့အာမ,မခံပါနဲ႕ဦးေအာင္ႂကြယ္...ကြၽန္ေတာ္အယုံအၾကည္မရွိဘူး..."
" အဲ့ေတာ့...ဒီပိုက္ဆံသိန္း(၅၀၀၀)ကိုဦးေအာင္ႂကြယ္လက္ခံေပးပါ...တကယ္လို႔သိန္း(၅၀၀၀)ကနည္းတယ္ဆိုရင္ေျပာပါကြၽန္ေတာ္ထပ္ေပးပါ့မယ္..."
ဘယ္လိုပဲလူႀကီးလူေကာင္းဆန္ေနပါေစ၊အဆင့္အတန္းမရွိတဲ့ဒီလိုလူမ်ိဳးေတြနဲ႕ေတာ့သူ,မပတ္သတ္ခ်င္ေပ...။ၿပီးေတာ့ေဝ့ကိုလည္းမပတ္သတ္ေစခ်င္ေတာ့ေပ...။
ဒီလုပ္ရပ္ကေက်းဇူးကန္းတယ္ဆိုေပမယ့္ခ်နင္းခံခဲ့ရတဲ့ကိုယ့္သိကၡါ၊ကိုယ့္မိသားစုသိကၡါနဲ႕ယွဥ္ရင္ေတာ့အရမ္းကိုေသးငယ္လြန္သည္မဟုတ္လား...။႐ုတ္တရပ္လုပ္လိုက္ရတဲ့အေျခအေနမို႔ေဝ့ကိုေတာ့ေနာက္မွေအးေအးေဆးေဆးရွင္းျပရမည္။
ေဝနားလည္မွာပါ...။
" ဟို...မယူ..."
ဦးေအာင္ႂကြယ္တစ္ေယာက္သူ႕အေရွ႕ကပိုက္ဆံေတြအျပည့္ထည့္ထားတဲ့လက္ဆြဲအိတ္ႀကီးႏွစ္လုံးကို,မိုးညိုတို႔ဘက္ကိုျပန္တိုးေပးၿပီးအသည္းအသန္ျငင္းဖို႔ျပင္လိုက္၏။ပိုက္ဆံေတြေပးတယ္ဆိုကတည္းကိုကဒီကိစၥရဲ႕အတိမ္အနက္ဟာဘယ္ေလာက္ထိနက္ရွိုင္းသြားၿပီးလဲဆိုတာဦးေအာင္ႂကြယ္ခန့္မွန္းလို႔သည္။
ဒီလိုရိုးသားတဲ့ေတာသူေတာင္သားေတြရဲ႕လ်စ္လ်ဴရႈမႈ၊အမုန္းေတြကိုခံရတဲ့အတြက္အရမ္းကိုဝမ္းနည္းဖို႔ေကာင္းလွေပသည္။ေနာင္တကေနာင္မွရတယ္ဆိုတာတကယ့္ကိုမွန္လြန္း၏။
" ယူလိုက္ပါဦးေလးေအာင္...ဒီလိုေျပာလိုက္လို႔ကြၽန္ေတာ့္ကိုေက်းဇူးမသိတတ္တဲ့ေကာင္လို႔ထင္ခ်င္ရင္ထင္လို႔ရပါတယ္...ႀကိဳက္သလိုထင္ပါ...မေက်နပ္လို႔ဆဲမယ္ဆိုလည္းရတယ္...ကြၽန္ေတာ္အဆဲခံပါ့မယ္...ၿပီးရင္ေတာ့ကြၽန္ေတာ့္ရဲ႕ေက်းဇူးရွင္ျဖစ္တဲ့ဦးေလးေအာင္ဆိုတာအတိတ္မွာက်န္ခဲ့ၿပီးဆိုတာမွတ္ထားေပးပါ..."
" အထိုင္က်ေနၿပီးျဖစ္တဲ့ကြၽန္ေတာ့္မိသားစုဘဝေလးကိုေတာ့ဘာဒဏ္ေတြမွမခံစားေစခ်င္ဘူး..."
ဒီစကားေျပာလိုက္လို႔သူ႕ကိုေက်းဇူးကန္းတဲ့ေကာင္လို႔ေျပာလည္းသူဂ႐ုမစိုက္ေပ...။အရာအားလုံးဟာမထင္မွတ္ပဲျဖစ္ခဲ့ၾကတယ္ဆိုေပမယ့္သူတို႔ရခဲ့တာကတစ္သက္မေမ့နိုင္တဲ့စိတ္ဒဏ္ရာတစ္ခုပဲျဖစ္သည္။
" ဟုတ္ၿပီး...ငါတူတို႔ျဖစ္ေစခ်င္တဲ့အတိုင္းဦးေလးယူပါ့မယ့္...ဦးေလးကိုပိုက္ဆံလည္းထပ္ေပးစရာမလိုပါဘူး...ရေဝကိုဦေလးေထာက္ပံ့ခဲ့တာဆယ္တန္းအထိပဲေလ..."
ေစတနာကိုေငြနဲ႕တန္ဖိုးျဖတ္ခံလိုက္ရတဲ့အတြက္ဦးေအာင္ႂကြယ္တစ္ေယာက္စိတ္ထိခိုက္သြားေလသည္။သို႔ေသာ္အျပစ္ေတာ့မတင္ရက္ေပ...။သူကိုယ္တိုင္လည္းလူႀကီးျဖစ္ၿပီးဒီခေလးေတြအေပၚမွာဆင္ျခင္တုံတရားမဲ့ခဲ့သည္မဟုတ္လား...။
" ဒါဆို...ဦးေလးကိုခြင့္ျပဳပါဦး..."
" ေကာင္းပါၿပီး...ဦးေလးေအာင္..."
အရင္လိုရင္းရင္းႏွီးႏွီးအလည္သေဘာမ်ိဳးလာခဲ့တာမဟုတ္တဲ့အတြက္ႏႈတ္ဆက္ျခင္းကဤတြင္ၿပီး၏။
ႏႈတ္ဆက္ပါတယ္ဦးေလးေအာင္...။
ၿခံထဲကေနတေ႐ြ႕ေ႐ြ႕ထြက္ခြာသြားတဲ့ဦးေလးေအာင္ကိုၾကည့္ၿပီးလက္ႏွစ္ဖက္ကိုတင္းတင္းၾကပ္ၾကပ္သူဆုပ္လိုက္မိ၏။အေဖတစ္ေယာက္လို၊ဦးေလးတစ္ေယာက္လိုသံေယာဇဥ္တြယ္ခဲ့ရသူမို႔ရင္ဘတ္ထဲမွာတစ္တစ္ဆို႔ဆို႔ႀကီးသူခံစားေနရသည္။
သို႔ေပမယ့္လည္းျဖစ္သင့္တာကိုေ႐ြခ်ယ္ခဲ့တဲ့အတြက္ေနာင္တေတာ့သူမရမိေပ...။ဆက္ၿပီးသာပတ္သတ္ေနဦးမယ္ဆိုရင္ေတာ့ဒီလိုျပႆနာမ်ိဳးကေနာက္ထပ္ရွိလာနိုင္သည္မဟုတ္လား...။
ကိုမိုးညိုအေပၚမွာထားတဲ့ယမင္းရဲ႕အမုန္းကလည္းျပင္းထန္ေနသလို၊ယမင္းတို႔ေၾကာင့္ျဖစ္တည္ေနတဲ့ကိုမိုးညိုရဲ႕စိတ္ဒဏ္ရာကလည္းေသးမွာမဟုတ္ဘူးဆိုတာသူသိသည္။ဒါေၾကာင့္သံသရာျဖတ္လိုက္တာကပင္ႏွစ္ဦးႏွစ္ဖက္အတြက္အေကာင္းဆုံးပဲမဟုတ္လား...။
ဟူး...။
" ေဝ..."
ဦးေလးေအာင္ကိုေငးၾကည့္ေနတုန္းပခုံးေပၚကိုမွီတြယ္လာတဲ့ကိုမိုးညိုကိုသူငဲ့ကာၾကည့္လိုက္၏။ကိုမိုးညိုရဲ႕မ်က္ႏွာကခုနကလိုမာေၾကာမေနေတာ့ပဲတည္ၾကည္ေနေလရဲ႕...။
" ကိုမိုးညိုလုပ္ရပ္ကိုစိတ္မဆိုးဘူးမလား..."
ဒီေမးခြန္းအတြက္အေျဖကသူ႕မွာအဆင္သင့္ရွိၿပီးသားပင္...။
" ဟင့္အင္း...မဆိုးဘူး...ခင္ဗ်ားမွန္တယ္ထင္လို႔လုပ္ခဲ့တာပဲေလ..."
ရေဝ့စကားေၾကာင့္မိုးညိုရဲ႕မ်က္ႏွာကၿပဳံးေယာင္သမ္းသြားေလသည္။ေဝ့ကိုသူကစိတ္ဆိုးမယ္ထင္ေနတာ...။အခုလိုနားလည္ေပးတဲ့အတြက္သူေပ်ာ္မိသည္။
" ဒါနဲ႕...တစ္ခုေတာ့စိတ္ဆိုးတယ္ဗ်ာ..."
ဟုတ္တယ္...။
အဲ့ဒီတစ္ခုေတာ့သူစိတ္ဆိုးတယ္...။
" ဘာကိုစိတ္ဆိုးတာလဲေဝရဲ႕..."
သူ႕စကားေၾကာင့္ကိုမိုးညိုကလႈပ္လႈပ္ရွားရွားျဖစ္သြားေလသည္။မ်က္ႏွာကိုပါစူပုတ္ျပထားေတာ့ခ်စ္လင္ကေနစရာမရွိေတာ့ေအာင္ျပာယာခတ္ေနေလရဲ႕...။
" ခင္ဗ်ားလယ္ေရာင္းတာဘာျဖစ္လို႔ကြၽန့္ေတာ္ကိုမေျပာတာလဲ...ဘာလဲ...ကြၽန္ေတာ္ကခင္ဗ်ားေယာက္်ားမဟုတ္လို႔လား..."
တကယ္ဆိုလယ္ပဲေရာင္းေရာင္း၊ဘာပဲေရာင္းေရာင္းသူ႕ကိုေတာ့တိုင္ပင္သင့္တယ္မဟုတ္လား...။ " လင္ပစၥည္းေယာက္်ားတစ္ဝက္ပိုင္သလို၊ေယာက္်ားပစၥည္းလင္တစ္ဝက္ပိုင္တယ္ " ဆိုတဲ့စကားကိုဒီလူႀကီးမၾကားဖူးဘူးလား...။
ေနဦး...။
ေနာက္မွဒီလူႀကီးကို " လင္က်င့္ဝတ္ " ေတြက်က္ခိုင္းရမယ္...။အဲ့ဒါမွ " ေယာက္်ား " လို႔ သူေခၚလိုက္တာနဲ႕အေနာက္က " ေရ " ပါလာၿပီးသားျဖစ္ေနမွာ...။
" ဟာ...ဘာေတြေလွ်ာက္ေျပာေနတာလဲကြာ...ကိုမိုးညိုကဘယ္က,လယ္ကိုသြားေရာင္းရမွာလဲ..."
ဟမ္...။
ကိုမိုးညိုရဲ႕စကားေၾကာင့္သူေၾကာင္အမ္းအမ္းျဖစ္သြားမိသည္။ကိုမိုးညိုကလယ္မေရာင္းဘူးတဲ့လား...။သူကကိုမိုးညိုလယ္ေရာင္းလိုက္တယ္ထင္ေနတာ...။
ဒါဆိုခုနကပိုက္ဆံသိန္း(၅၀၀၀)ကိုဒီလူႀကီးဘယ္ကရတာလဲ...။
စဥ္းစားရင္းနဲ႕လူကေခါင္းေတြေနာက္လာ၏။
မရေတာ့...။
သူသိဖို႔လိုေနၿပီး...။
ဒီကိစၥကအရမ္းကိုနက္နဲလြန္းသြားၿပီး...။
" ဒါဆို...ခုနကပိုက္ဆံေတြကဘယ္ကရတာလဲ..."
" ေၾသာ္...အဲ့ဒါလား...အဟဲ...ဘယ္ကမွမရဘူး...ေဝ့ရဲ႕ဗီရိုထဲကႏွိုက္လိုက္တာ..."
What the Hell...!
သူ႕ပိုက္ဆံေတြတဲ့လား...။
ၾကားလိုက္ရတဲ့စကားကေခါင္းတည့္တည့္ကိုမိုးႀကိဳးအစင္းတစ္ရာပစ္ခ်ခံလိုက္ရသလိုပင္...။
" ဘာ..."
" ေအာင့္မေလးဗ်...လန့္လိုက္တာ..."
ေဆာင့္ထြက္လာတဲ့ရေဝ့ရဲ႕အသံေၾကာင့္မိုးညိုတစ္ေယာက္ေယာင္ယမ္းကာမတ္တပ္ထရပ္လိုက္မိသည္။တျဖည္းျဖည္းမည္းေမွာင္လာတဲ့ေဝ့ရဲ႕မ်က္ႏွာေၾကာင့္သူ႕ရဲ႕အေပၚေမႊး၊ေအာက္ေမႊးမက်န္ရွိသမွ်အေမႊးေတြအကုန္ေထာင္ကုန္၏။
ေဝဘာျဖစ္ေနတာလဲ...။
မ်က္လုံးကလည္းတျဖည္းျဖည္းျပဴးထြက္လာတာမ်ားအျပင္ေတာင္ငုတ္တုတ္ထြက္ထိုင္ေတာ့မည္။
မျဖစ္ေတာ့...။
သူတစ္ခုခုလုပ္ဖို႔လိုေနၿပီး...။
ေဝ့ဆီကအသံနက္ႀကီးထြက္လာၿပီးဆိုေတာ့ေျပးေပါက္ကိုႀကိဳရွာထားမွရေတာ့မည္။မဟုတ္ရင္သူ႕တစ္ကိုယ္လုံးေဝ့ရဲ႕လက္ထဲမွာဖြက္ဖြက္ညက္ညက္ေၾကသြားနိုင္၏။သို႔ႏွင့္မိုးညိုတစ္ေယာက္အနီးအနားဝန္းက်င္ကိုမ်က္စိကစားကာတစ္ခ်က္ေလ့လာလိုက္သည္။
ဟုတ္ၿပီး...။
" ကြၽန္ေတာ့္ဗီရိုထဲက..."
" ဟုတ္တယ္ေလကြာ...ေလာေလာဆယ္ေငြအလြယ္တကူယူလို႔ရတာဆိုလို႔ေဝ့ကိုတင္ေတာင္းထားတဲ့ပိုက္ဆံေတြပဲရွိတာကို..."
ဘုရားေရ...။
ဘာမွမျဖစ္သလိုေျပာေနတဲ့ကိုမိုးညိုကိုၾကည့္ၿပီးရေဝတစ္ေယာက္အသားေတြတဆက္ဆက္တုန္လာခဲ့၏။သူ႕ကိုတင္ေတာင္းထားတဲ့ပိုက္ဆံေတြကိုယူထုတ္လိုက္တယ္တဲ့လား...။
ဒီလူႀကီးဘယ္လိုေတြ႕သြားတာလဲ...။
တကယ္ေတာ့ဒီပိုက္ဆံေတြကအႁမႊာေလးႏွစ္ေယာက္အ႐ြယ္ေရာက္လာရင္ရွင္ျပဳဖို႔အတြက္ရည္စူးၿပီးသူသိမ္းထားတာေလ...။သူေတာင္မစားရက္၊မေသာက္ရက္၊မတို႔ရက္၊မထိရက္ပဲက်စ္က်စ္ပါေအာင္ထုတ္ထားတာ...။
ဒါကိုဒီလူႀကီး...။
မရေတာ့ဘူး...။
ဒီလူႀကီးကိုသူေကြၽးမွရေတာ့မည္။
" ကိုမိုးညို...ခင္ဗ်ား..."
" ဟာ...ေဝ...ေဝ...လြန္မယ္ေနာ္..."
အနားမွာရွိတဲ့ထမင္းခ်ိဳင့္ကိုသူကိုင္လိုက္တယ္ဆိုရင္ပဲကိုမိုးညိုကသူ႕အနားကေနလွစ္ခနဲ႕ထြက္ေျပးသြားေလသည္။
က်စ္...။
ဒီလူႀကီး...။
ဘယ္ေတာ့ကတည္းကေျပးေပါက္ရွာထားလည္းမသိေပ...။
ထမင္းခ်ိဳင့္ပဲျမႇောက္ရေသးတယ္...။
လူကၿခံဝကိုေရာက္သြားၿပီးျဖစ္သည္။
" ခင္ဗ်ားျပန္လာခဲ့စမ္း..."
" ျပန္လာခဲ့မယ္...အခုေတာ့မဟုတ္ဘူး...ေနာက္မွ..."
မိုးညိုကအႀကီးအက်ယ္ေဒါခီးေနတဲ့ရေဝ့ကိုတစ္ခ်က္လွမ္းေအာ္ၿပီး႐ြာထဲကိုေျပးထြက္သြားေလေတာ့သည္။
ေနာက္မွတဲ့လား...။
ေအ...။
ခင္ဗ်ားေျပးထား...။
ညက်ရင္ရေဝဆိုတဲ့ေကာင္ခင္ဗ်ားကိုဘာေကြၽးမလဲဆိုတာခင္ဗ်ားေစာင့္ၾကည့္ေနလိုက္...။
---------------------------------------------------------
ေဝဖန္အႀကံျပဳခ်က္မ်ားကိုႀကိဳဆိုလွ်က္...။