အခန်း(၄၂ - ဒု)
ဝတုတ်ကစကားကိုခဏရပ်ကာပွဲကြည့်ပရိသတ်တွေကိုအရင်ဆုံးငေးကြည့်လိုက်၏။အောက်မှာကြည့်နေကြတဲ့ပရိသတ်တွေကလည်းဝတုတ်ဖိတ်ခေါ်မယ့်ပထမဆုံးပြိုင်ပွဲဝင်တစ်ယောက်ကိုစိတ်ဝင်တစားနဲ့စောင့်မျှော်နေကြလေသည်။ဇာတ်စင်ပေါ်ကိုမျှော်လင့်ချက်အပြည့်နဲ့ငေးကြည့်နေကြတဲ့ပရိသတ်တွေကြောင့်ဝတုတ်ကမသိမသာလေးပြုံးလိုက်သည်။
" အခုပထမဆုံးပြိုင်ပွဲဝင်မယ့်သူလေးကတော့..."
ထိုတစ်ခဏပွဲခင်းတစ်ခုလုံးအပ်ကျသံမကြားရလောက်တဲ့အထိတိတ်ဆိတ်သွားလေသည်။သိချင်နေတဲ့စိတ်ကြောင့်အားလုံးကစကားပြောဖို့တောင်မေ့နေကြဟန်တူသည်။
" မ,ကသေး ဖြစ်ပါတယ်ခင်ဗျာ...အားလုံးပဲ...မ,ကသေးကိုလက်ခုတ်လေးတီးပြီးကြိုဆိုပေးလိုက်ကြပါဦးဗျာ..."
" ဖြောင်း...ဖြောင်း..."
ဝတုတ်ရဲ့ကြေငြာသံအဆုံးမှာတော့ဇာတ်စင်ပေါ်ကိုတက်လာတဲ့မကသေးဆီအားလုံးရဲ့အကြည့်တွေကစုပြုံရောက်ရှိသွားကြသည်။နာမည်နဲ့လိုက်အောင်ခန္ဓာကိုယ်သေးလွန်းတဲ့မကသေးကပန်းရောင်ဝတ်စုံလေးနဲ့အရမ်းကိုလှနေ၏။မွှေးလွန်းတဲ့ရွှေပန်းသုံးပွင့်ကိုလည်းမကသေးကသူ(မ)ရဲ့တမာသီးသာသာဆံထုံးပေါ်မှာပတ်ပတ်လည်ပန်ဆင်ထားလေသည်။
ထိုမျှတင်မကသေးပေ...။
သူ(မ)ရဲ့ခပ်ထူထူနှုတ်ခမ်းကိုလည်းမကသေးက နှုတ်ခမ်းနီအနီရောင်ရင့်ရင့်ဆိုးထားပြန်လေသည်။ဒါ့အပြင်မသေးလွန်း၊မကြီးလွန်းတဲ့ပါးကွက်ကြီးနှစ်ကွက်ကလည်းသူ(မ)ရဲ့ချိုင့်ဝင်နေတဲ့ပါးနှစ်ဖက်မှာလှလှပပနေရာယူထားလေရဲ့...။ဒီညအတွက်တော့မကသေးကအာလုံးရဲ့အကြည့်တွေကိုဖမ်းစားထားသည်ဆိုရပေမည်။မကသေးကိုကြည့်ပြီးအာလုံးကပါးစပ်အဟောင်းသားဖြစ်နေကြ၏။
" ဟာ...မကသေးအရမ်းကိုလှနေတယ်ဗျာ..."
" ဟုတ်ကဲ့ရှင့်..."
ဟိန်းထွက်လာတဲ့ဝတုတ်အသံကြားမှပဲအားလုံးကသတိပြန်ဝင်လာကြသည်။ပြီးနောက်ပွဲခင်းတစ်ခုလုံးပုံမှန်အတိုင်းလှုပ်လှုပ်ရှားရှားပြန်လည်သက်ဝင်လာ၏။
" အနုပညာပြိုင်ပွဲကြီးမှာမကသေးကအဆိုနဲ့ဝင်ပြိုင်မှာဆိုတော့ဘာသီချင်းဆိုဖို့စီစဥ်ထားလဲဗျ..."
ဝတုတ်ရဲ့အမေးအဖြေကဏ္ဍစတင်ပါပြီ...။တစ်လုံးတည်းရှိတဲ့မိုက်ကိုဟိုဘက်ထိုးလိုက်၊ဒီဘက်ထိုးလိုက်နဲ့ဝတုတ်အလုပ်ရှုပ်နေ၏။
" ဟုတ်ကဲ့...ကျွန်မသီဆိုယှဥ်ပြိုင်မယ့်သီချင်းကတော့အဆိုတော်စိမ့်နေခြည်ရဲ့ရွှေလည်တိုင်ယိုင်လုလုဖြစ်ပါတယ်ရှင့်...အဟင်း..."
" ဟာ...ကောင်းလိုက်တဲ့သီချင်းဗျာ...ဒါနဲ့ဒီသီချင်းကိုဘာကြောင့်ဆိုလဲဆိုတာကိုရှင်းပြပေးပါဦးဗျ..."
" ဟုတ်ကဲ့...လွန်ခဲ့တဲ့ရက်က,ပဲဝယ်မယ်ဆိုပြီးမြို့ပေါ်တက်သွားတဲ့ကျွန်မယောက်ျားအတွက်ဒီသီချင်းလေးကိုဆိုရခြင်းဖြစ်ပါတယ်ရှင့်..."
" ကဲ...ဟုတ်ပြီဗျာ...စလိုက်ရအောင်..."
အမေး၊အဖြေကဏ္ဍပြီးဆုံးသွားတဲ့အခါဝတုတ်ကလက်မှာကိုင်ထားတဲ့မိုက်ကိုမကသေးဆီထိုးပေးကာဇာတ်စင်အနောက်ဘက်ကိုထွက်လာခဲ့လိုက်သည်။အခုတော့ဇာတ်စင်ပေါ်မှာဒီညရဲ့အလှဘုရင်မ,မကသေးတစ်ယောက်တည်းရှိနေလေပြီ...။
မကြာမီငြိမ့်ညောင်းလှတဲ့တီးလုံးသံစဥ်လေးကဇာတ်စင်ဘေးနားကနေပေါ်ထွက်လာခဲ့လေတော့သည်။ပွဲကြည့်ပရိသတ်တွေကလည်းဇာတ်စင်ပေါ်မှာရှိနေတဲ့မကသေးကိုသာမျက်တောင်မခတ်ငေးကြည့်နေကြ၏။အလွမ်းဓာတ်ခံရှိတဲ့သူဆိုတော့ " သီချင်းအဆိုကောင်းမှာပဲ " လို့လည်းအားလုံးကထင်နေကြ၏။
🎶🎶 လာလမ်းကိုမျှော်🎶🎶လာလှမ်းသို့မျှော်🎶🎶ရွှေလည်တိုင်ပျော့ပျော့ဖယောင်းနဲ့ယိုင်လုမတတ်နော်🎶🎶နေ့စဥ်နေ့တိုင်းလှမ်းလို့မျှော်🎶🎶
" ဖြောင်း...ဖြောင်း..."
ထင်ထားသလိုဖြစ်လာတဲ့အတွက်ပွဲခင်းတစ်ခုလုံးလက်ခုပ်သံတွေဆူညံသွားတော့သည်။ဂရုဏာသံလေးနဲ့ဆိုနေတဲ့မကသေးကိုကြည့်ပြီးအာလုံးရဲ့မျက်ဝန်းထဲမှာလည်းအရည်ကြည်လေးတွေကစိမ့်ထွက်လာ၏။အားလုံးရဲ့စိတ်ထဲမှာလည်း'အဆိုတော်စိမ့်နေခြည်ကမကသေးယောင်ဆောင်ပြီးလာပြိုင်နေသလား'ဆိုပြီးထင်မှတ်နေကြသည်။
🎶🎶 ငေးရင်းနဲ့ညသန်းခေါင်ထက်နော်🎶🎶ဟင့်🎶🎶 မျှော်သာမျှော်🎶🎶ပေါ်မလာနော်🎶🎶ဟင့်🎶🎶ရွှတ်🎶🎶
" အမလေး...ကိုဖိုးချိုရေ...ကျွန်မ,မခံစားနိုင်တော့ဘူး...ကျွန်မ,မခံစားနိုင်တော့တော်ရေ...ဟီး...အီး...အမလေး..."
သိချင်ဆိုနေရင်းရုတ်တရက်ထငိုတဲ့မကသေးကြောင့်ဒိုင်လူကြီးအပါအဝင်အောက်ကပွဲကြည့်ပရိသတ်တွေအားလုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။သီချင်းထဲမှာစီးမြောလို့ကောင်းနေတုန်းရုတ်တရက်ကြီးထဖောက်တော့ခံစားချက်တွေကကြက်ပျောက်၊ငှက်ပျောက်...။
" ဟာ...လုပ်ကြပါဦးဟ..ဟိုမှာငိုနေပြီ..."
" ဟယ်...စိမ့်နေခြည်...အဲ...မဟုတ်ပါဘူး...မကသေး..."
" တောက်...ခံစားလို့ကောင်းတုန်းကွာ..."
ခံစားချက်တူတဲ့ပွဲကြည့်ပရိသတ်တွေခမျာအောက်ကနေတိတ်တိတ်လေးလိုက်ဆိုနေတုန်းမကသေးကအခုလိုရုတ်တရက်ထငိုလိုက်တာကြောင့်ကြိတ်မနိုင်ခဲမရဖြစ်ကုန်ကြ၏။မိုက်ကိုပါးစပ်နားတေ့ပြီးရင်ကွဲမတတ်ငိုကြွေးနေတဲ့မကသေးကိုကြည့်ပြီးအားလုံးကဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေမိကြသည်။
" ဝတုတ်ရေ...ဝတုတ်...ဟဲလို...တက်စီ...ဟဲလို...ဝတုတ်ရေ...ရောက်ရာအရပ်ကအမြန်လာပါ..."
ဝတုတ်ကတော့ဇာတ်စင်ပေါ်မှာဖြစ်ပျက်နေတာကိုမသိရှာပဲဖိုသူကြီးတို့နဲ့အဖွဲ့ကျနေ၏။ထန်ရည်သောက်လိုက်၊ရယ်လိုက်၊မောလိုက်ဆိုတော့အရှေ့ကအော်ခေါ်နေတာကိုဝတုတ်မကြားပေ...။
" ဟျောင့်...ဝတုတ်...မင်းကိုအရှေ့မှာခေါ်နေသလိုပဲ..."
" ဟေ...ဟုတ်လား..."
" ဝတုတ်ရေ...ဝတုတ်..."
" လာပြီဗျို့...လာပြီ..."
ပြေလျော့နေတဲ့လုံချည်ကိုလက်နှစ်ဖက်နဲ့ထိန်းကာထန်းရည်ဝိုင်းကနေဝတုတ်အသည်းအသန်ပြေးထွက်လာခဲ့လိုက်သည်။မကသေးသီချင်းဆိုတာမြန်လိုက်တာ...။ခုနကမှဆိုတာကိုအခုတော့ပြီးသွားပြီတဲ့လား...။
သောက်ထားတာနည်းနည်းများတော့လူကရီဝေဝေဖြစ်နေ၏။သို့သော်ယိုင်ချင်နေတဲ့ခြေလှမ်းတွေကိုထိန်းချုပ်ကာဇာတ်စင်ပေါ်ကိုဝတုတ်ကုတ်တက်လိုက်၏။
" အမလေး...ကျွန်မဘယ်လိုဖြေရမလဲ...ကိုဖိုးချိုရေ...ဟင့်...အီ...ဗျစ်...ရွှတ်..."
" ဟင်...မကသေး..."
ရှိုက်ကြီးတငင်ငိုနေတဲ့မကသေးကိုကြည့်ပြီးမူးနေတာတောင်ဘယ်ရောက်သွားမှန်းမသိတော့ပေ...။ခုနကပဲလှလှပပကြွကြွရွရွလေးသီချင်းဆိုနေတဲ့မကသေးကအခုတော့ဇာတ်စင်ပေါ်မှာပိပိပြားပြားထိုင်ချကာအားရပါးရငိုနေသည်တဲ့လား...။
" ဟာ...မကသေးမ..ဘာဖြစ်တာလဲဗျ..."
" ဟင်...ရွှတ်...ဗျစ်...အီး..."
" ဟျောင့်...ဝတုတ်...သူ့လက်ထဲကမိုက်ကိုအရင်ယူလိုက်ပါကွာ...ငါတို့နားကွဲတော့မယ်..."
ဟာ...ဟုတ်ပါရဲ့...။
အခုမှပဲဝတုတ်သေချာကြည့်မိသည်။မကသေးကသီချင်းဆိုသလိုမိုက်ကြီးကိုပါးစပ်နားတေ့ပြီးငိုနေခြင်းပင်...။
ငိုတာတောင်မိုက်ကြီးနဲ့ငိုနေရတယ်လို့...။
အောက်ကလူတွေရဲ့အော်ကြီးဟစ်ကျယ်လှမ်းပြောတော့မှဝတုတ်လည်းမကသေးလက်ထဲကမိုက်ကိုလှမ်းယူဖို့သတိရသည်။
" လာ...လာ...ဆင်းမယ်..."
နောက်မှဘာဖြစ်လဲဆိုတာအကျိုးအကြောင်းမေးမှရမည်။ခုလောလောဆယ်တော့အခြားပြိုင်ပွဲဝင်တွေရှိသေးတဲ့အတွက်မကသေးကိုအရင်ဆုံးဇာတ်စင်ပေါ်ကဖယ်ခိုင်းလိုက်ရ၏။
" ကဲ...နောက်ထပ်ယှဥ်ပြိုင်ဖို့အလှည့်ကျသူကတော့..."
ဝတုတ်ရဲ့ကြေငြာသံတောင်မဆုံးသေး၊ဇာတ်စင်ပေါ်ကိုယိုင်တိယိုင်တိုင်နဲ့လူတစ်ယောက်ကကုတ်တက်လာ၏။လူကယိုင်နေပေမယ့်ဝတ်စားထားတာကမသိရင် " အဆိုတော်ကြီးဟင်္သာတထွန်းရင်လိုလို၊တွံတေးသိန်းတန်လိုလို "...။
မျက်နှာကိုလည်းပေါင်ဒါမှုန့်တွေလူးလာသည်ဖြစ်မည်။မီးရောင်အောက်မှာထိုလူ့ရဲ့ပုံစံကအရမ်းကိုချစ်စရာကောင်းနေ၏။တိုက်ပုံအင်္ကျီရင်ဘတ်ဟပြဲနဲ့အောက်ကတံဆိပ်မဖြုတ်ရသေးတဲ့လုံချည်ကိုဝတ်လာတဲ့ထိုလူကပြေလျော့နေတဲ့ပုဆိုးကိုလက်တစ်ဖက်နဲ့စုကိုင်ကာဝတုတ်ရဲ့အနားကိုလျှောက်လာ၏။
" နောက်ထပ်ယှဥ်ဖို့အလှည့်ကျသူကတော့လူပျိုကြီးကိုမဲတူဖြစ်ပါတယ်ခင်ဗျာ...အားပေးလိုက်ကြပါဦး..."
" ဖြောင်း...ဖြောင်း..."
မဲတူဆိုတဲ့လူကိုဝတုတ်မသိမသာလေးကျိန်ဆဲလိုက်မိသည်။ဒီလူကခုနကပဲသူတို့နဲ့အတူတူထန်းရည်သောက်နေကြသည်မဟုတ်လား...။ဒီလိုသာသီချင်းဆိုပြိုင်မယ်မှန်းသိရင်မသောက်ဖို့သူတားလိုက်ပါသည်။အခုတော့ငမူးဆိုတဲ့သီချင်းကိုအားလုံးကနားဒုက္ခခံရတော့မည်။
" ကိုမဲတူကဘာသီချင်းနဲ့ယှဥ်ပြိုင်မှာလဲဗျ..."
" ဟင်္သတထွန်းရင်ရဲ့မွေးမေကျေးဇူးဆပ်ဖူးချင်တယ်..."
" ဟာ...ဂန္တဝင်သီချင်းကြီးပါလားဗျ...အရမ်းကိုမိုက်တယ်ဗျာ...ကဲ...အာပေးနေမယ်နော်..."
အရမ်းကြီးလည်းမူးနေတာမဟုတ်ဘူးဆိုတော့မဲတူဆိုတဲ့လူကိုဝတုတ်စိတ်ချလက်ချထားခဲ့လိုက်၏။သို့သော်ဇာတ်စင်အောက်မှာတော့သူစောင့်နေမှရမည်။အရေးအကြောင်းဆိုသူ့ကိုခေါ်နေရတာကအလုပ်တလုပ်ပင်။သို့နှင့်မဲတူသီချင်းဆိုပြီးတဲ့အထိဇာတ်စင်အောက်မှာအသင့်အနေအထားနဲ့ဝတုတ်ရပ်စောင့်နေလိုက်သည်။
မကြာမီဝတုတ်ရဲ့ဘေးနားမှာရှိတဲ့အောက်စက်ဆီကနေမဲတူဆိုမယ့်သီချင်းတီးလုံးကငြိမ့်ငြိမ့်ငြောင်းငြောင်းလေးထွက်လာ၏။အပီအပြင်ကိုဆိုမယ့်ပုံစံကြောင့်အားလုံးကလက်ခုတ်တီးကာမဲတူကိုအားပေးကြသည်။
🎶🎶 မွေး🎶🎶မွေးမေနှာခေါင်းကြီးစူပွလာပြီလေ🎶🎶မွေး🎶🎶
" ဟမ်..."
သူဘာကြားလိုက်တာလဲ...။
ဆိုမှာကဟင်္သတထွန်းရင်ရဲ့မွေးမေကျေးဇူးဆပ်ဖူးချင်တယ်ဆို...။အခုကဘာသီချင်းကြီးလဲ...။ဘေးနားကစက်သံ၊စကားပြောသံတွေကြောင့်မဲတူဘာဆိုလိုက်လဲဆိုတာကိုဝတုတ်သေချာမကြားလိုက်ရပေ...။
ဒါပေမယ့်မဲတူဆိုလိုက်တာဟင်္သာတထွန်းရင်ရဲ့သီချင်းမဟုတ်ဘူးဆိုတာတော့သူ့စိတ်ထဲမှာအလိုလိုသိနေသည်။သို့နှင့်မဲတူဘာဆိုနေလဲဆိုတာကိုသေသေချာချာကြားရဖို့ဇာတ်စင်ပေါ်ကိုဝတုတ်အပြေးအလွှားကုတ်တက်လိုက်၏။
🎶🎶 သားအတွက်အရက်မြည်းရှာလို့🎶🎶စားကလေးကြော်ပြေးဝယ်🎶🎶ဝယ်🎶🎶
" ရပ်...ဟို...ရပ်..."
သီချင်းကိုခံစားချက်အပြည့်နဲ့ဆိုနေတုန်းအသည်းအသန်ရပ်ခိုင်းနေတဲ့လူကြောင့်မဲတူဒေါသထွက်သွားရ၏။ကြည့်လိုက်တော့သူ့ကိုမျက်လုံးပြူး၊မျက်ဆံပြူးနဲ့ကြည့်နေတဲ့ဝတုတ်...။
" ဟာ...ဘာဖြစ်လို့ရပ်ခိုင်းတာလဲကွ...ဒီမှာဆိုတာမပြီးသေးဘူးလေကွာ..."
" ကောင်းတယ်...ကိုမဲတူဆိုတာအရမ်းကိုကောင်းတယ်..."
ဟုတ်တယ်...။
ကိုမဲတူသီချင်းဆိုတာအရမ်းကိုကောင်းသည်။မဆိုတော့ရင်ပိုတောင်ကောင်းသေးသည်။ဇာတ်စင်အောက်ကလူတွေကိုကြည့်လိုက်မိတော့အာလုံးကခေါင်းတွေ၊ဖင်တွေကုတ်နေကြ၏။မဲတူသီချင်းဆိုတာကိုအဲ့ဒီလောက်ထိအားပေးကြတာ...။
" ကဲ...လာပါဗျာ...နောက်တစ်ယောက်..."
ဝတုတ်ရဲ့ပြဲလန်တဲ့အသံကြောင့်နောက်ထပ်ယှဥ်ပြိုင်မယ့်ပြိုင်ပွဲဝင်ကဇာတ်စင်ပေါ်ကိုကုတ်တက်လာ၏။ပရိသတ်တွေရဲ့ဝက်ဝက်ကွဲအားပေးတဲ့အသံတွေကြောင့်အနောက်ကိုလှည့်ကာကြည့်လိုက်မိတော့...
" ဝိုး...ဖြောင်း...ဖြောင်း...ရွာရဲ့ကွမ်းတောင်တိုင်၊ပန်းတောင်ကိုင်မိဂျစ်ပဲဖြစ်ပါတယ်ဗျာ...ဖြောင်း...ဖြောင်း..."
အညိုရောင်ဝတ်စုံနဲ့အရမ်းကိုလှနေတဲ့မိဂျစ်ကသူ့ရဲ့မူပိုင်ပုံစံဖြစ်တဲ့ဆံပင်လေးကိုနှစ်ဖက်ခွဲစည်းထားသည်။ပြီးနောက်ညိုညစ်ညစ်ပါးနှစ်ဖက်ပေါ်မှာလည်းပါးကွပ်ကြီးကဟီးထနေ၏။
" ကဲ...မိဂျစ်ရေ...ဆိုမှာလား...ကမှာလား..."
" ကမှာပါရှင့်..."
" အကနဲ့ရှင်း...အဲ...အကနဲ့ယှဥ်ပြိုင်မှာပါတဲ့ဗျာ..."
" ဖြောင်း...ဖြောင်း..."
ဒီရွာမှာအကအတော်ဆုံးကိုပြပါဆိုရင်မိဂျစ်ကိုပြရမည်။ပွဲတိုင်းကျော်တဖြစ်လဲမိဂျစ်ရဲ့အက၊အလှကိုသူတို့မခံစားရတာဘယ်လောက်ကြာပြီလဲ...။အခုတော့သူတို့ခံစားရတော့မည်။
" ဘာသီချင်းနဲ့ကမယ်လို့စဥ်းစားထားလဲဗျ..."
" ပိုးအိစံရဲ့မဟောင်းသေးဘူး၊မနှောင်းသေးဘူးသီချင်းပါ..."
" ကဲ...ရွှေပွဲလာပရိသတ်များခင်ဗျာ...ကျွန်တော်တို့ရွာရဲ့ပွဲတိုင်းကျော်တဖြစ်လဲမိဂျစ်ရဲ့အကအလှလေးတွေကိုရှုစားကြပါစို့ဗျာ..."
" ဖြောင်း...ဖြောင်း..."
မိဂျစ်ကမယ်ဆိုတော့အားလုံးကဝမ်းသာအားရနဲ့လက်ခုတ်တီးကာအားပေးကြသည်။မကြာမီသီချင်းရဲ့သံစဥ်တီးလုံးလေးကခပ်မြူးမြူးလေးပေါ်ထွက်လာတော့သည်။သံစဥ်နဲ့အပြိုင်မီးရောင်အောက်မှာလှုပ်ရှားယိမ်းနွဲ့နေတဲ့မိဂျစ်ကဒေါင်းမလေးသဖွယ်...။မိဂျစ်ကိုကြည့်ပြီးအာလုံးကစိတ်တွေတက်ကြွနေ၏။
" ဟယ်...မိုက်လိုက်တာ မိဂျစ်ရယ်..."
" လှလိုက်တာမိဂျစ်ရယ်..."
" အို...အဂျစ်ရယ်..."
အောက်ကပွဲကြည့်ပရိသတ်များရဲ့ချီးကျူသံကြောင့်မိဂျစ်စိတ်တွေပိုပြီးတက်ကြွလာခဲ့သည်။ဒိုင်လူကြီးသုံးယောက်ရဲ့မျက်လုံးတွေကလည်းလှပလွန်းတဲ့မိဂျစ်အပေါ်မှာစွဲငြိနေ၏။
အဟွင်း...။
ရှင်တို့ရဲ့ချီးကျူးသံတွေကကျွန်မကိုပိုပြီးတွန်းအားပေးနေတယ်ဆိုတာရှင်တို့မသိလေရော့သလား...။
ငါဟဲ့ မိဂျစ်...။
" ဝုန်း...အမလေး...ပြဲပြီ..."
ဇာတ်စင်တစ်စင်လုံးပြည့်အောင်ကနေတဲ့မိဂျစ်တစ်ယောက်ကနေရင်းနဲ့ရုတ်တရက်ငြိမ်ကျသွားလေသည်။သီချင်းမပြီးသေးပဲက,တာရပ်လိုက်တဲ့မိဂျစ်ကြောင့်အားလုံးကလှုပ်လှုပ်းရှားရှားဖြစ်ကုန်ကြ၏။ဇာတ်စင်အောက်ကနေမိဂျစ်ရဲ့အကကိုငေးကြည့်နေတဲ့ဝတုတ်လည်းသီချင်းမပြီးသေးပဲက,တာရပ်လိုက်တဲ့မိဂျစ်ကြောင့်ဇာတ်စင်ပေါ်ကိုပြေးတက်လိုက်၏။
" ဘာဖြစ်တာလဲ...မိဂျစ်...."
" လုပ်ပါဦး...အပေါက်ကျွံကျသွားလို့...ဒီမှာညှပ်နေပြီး...ဆွဲထုတ်လို့မရတော့ဘူး..."
" ဟာ...လာကြဦး...လာကြဦး...ဒီမှာမိဂျစ်အပေါက်ကျွံလို့တဲ့ဟေ့...လာဝိုင်းဆွဲထုတ်ကြ..."
ဒီလိုနဲ့ပွဲတိုင်းကျော်တဖြစ်လဲမိဂျစ်ရဲ့အကအလှလေးတွေကအပေါက်ကျွံကျမှုကြောင့်တစ်ခန်းရပ်သွားရတော့သည်။
" နောက်တစ်ယောက်..."
ဝတုတ်ရဲ့ကြေငြာသံအဆုံးအနီရောင်ဝတ်စုံလေးနဲ့ကောင်မလေးတစ်ယောက်ကဇာတ်စင်ပေါ်ကိုကြွကြွရွရွလေးကုပ်တက်လာလေသည်။ဝတုတ်တစ်ယောက်သူ့ဆီကိုလျှောက်လာနေတဲ့အနီရောင်သရဲမလေး...အဲ...အနီရောင်နတ်ဖုရားမလေးကိုကြည့်ပြီးတံတွေးကိုဂလုခနဲ့မြည်အောင်မြိုချလိုက်မိ၏။
လှလိုက်တာ...။
" ဟယ်...လှလိုက်တာ...ဗျိုင်းမလေး...အဲ...ဒေါင်းမလေးကျနေတာပဲ..."
" ဟုတ်ပါ့ဟယ်...ညှပ်စိမကချောလာလိုက်တာ..."
ဟမ်...။
ညှပ်စိမတဲ့လား...။
ညှပ်စိမဆိုတဲ့အသံကြောင့်ဝတုတ်ရဲ့ဖင်ကတွန့်ခနဲ့ဖြစ်သွားလေသည်။ညှပ်စိမ,ဟုတ်၊မဟုတ်သေချာအောင်စူးစိုက်ကာကြည့်လိုက်မိတော့...
ဟုတ်ပါရဲ့...။
တကယ်ညှပ်စိမပါလား...။
ဒီကောင်မလေးဘယ်တုန်းကရွာကိုပြန်လာတာလဲ...။
" ကဲ... နောက်တစ်ယောက်ယှဥ်ပြိုင်မယ့်သူကတော့မြို့သူတစ်ပိုင်းမိန်းမရိုင်း...အဲ...မှာလို့...မြို့သူကြီးလို့လှနေတဲ့ညှပ်စိမပဲဖြစ်ပါတယ်ခင်ဗျာ..."
" ဟေး..."
ဝတုတ်ရဲ့ကြေငြာသံအဆုံးမှာတော့ဇာတ်စင်အောက်ကယောက်ျားသားများရဲ့အော်သံကဆူညံစွာပေါ်ထွက်လာခဲ့တော့သည်။
ကျစ်...။
ဒီကောင်တွေတော့တုတ်တုတ်ချင်းရိုက်ချင်နေပြီထင်တယ်...။
ဇာတ်စင်အောက်ကဆက်စလူးနတ်ပူးနေတဲ့ကောင်တွေကိုကြည့်ပြီးဝတုတ်သနားနေမိသည်။ဒီကောင်မလေးကိုများဘာထင်နေလဲမသိပေ...။ဟိုကတွေ့တဲ့ယောက်ျားတိုင်းကိုနှစ်ပင်လိမ်ခိုင်းဖို့စဥ်းစားနေတာ...။
ညှပ်စိမအကြောင်းစဥ်းစားမိတော့လက်ညှိုးလေးကိုက်ပြီးပြုံးနေတဲ့မျက်နှာကြီးကိုမဆီမဆိုင်မြင်ယောင်လာမိသည်။
သွားစမ်း...သွားစမ်း...။
ဖက်...ဖက်...ဥုံဖွ...လွဲပါစေ...ဖယ်ပါစေ...ငါကွယောက်ျား...။
" ကဲ...ညှပ်စိမရေ...ဆိုမှာလား၊ကမှာလား..."
" ကမှာပါရှင့်..."
" ကဲ...ဟုတ်ပြီဗျာ...အားလုံပဲ...ညှပ်စိမရဲ့အကအလှလေးတွေကိုရှုစားကြပါဦးစို့ဗျာ..."
ညှပ်စိမရဲ့အနားကနေခပ်မြန်မြန်လေးဝတုတ်ပြေးထွက်လာခဲ့လိုက်၏။မဟုတ်ရင်သူ့ကိုလက်ညှိုးထပ်ကိုက်ပြနေဦးမည်။
မကြာမီမြူးကြွတဲ့အနောက်တိုင်းတီးလုံးသံကခပ်မြူးမြူလေးပေါ်ထွက်လာ၏။တီးလုံးသံလေးထွက်လာပြီဆိုတော့ညှပ်စိမတစ်ယောက်ဇာတ်စင်ရှေ့ကလူတွေကိုရီဝေဝေလေးစိုက်ကြည့်ပစ်လိုက်သည်။
မီ့အကြည့်မှာယူတို့တွေကျရှုံးလိုက်စမ်း...။
အနောက်တိုင်ဆန်ဆန်ကပြမယ့်ညှပ်စိမကြောင့်အာလုံးကမျက်နှာမလွဲနိုင်အောင်ဖြစ်နေကြရသည်။ဒူးလောက်ထိရှည်တဲ့အနီရောင်ဂါဝန်လေးနဲ့လှချင်တိုင်းလှနေတဲ့ညှပ်စိမကဘယ်လိုတင်ဆက်ကပြမလဲဆိုတာအားလုံးကစိတ်ဝင်စားနေကြ၏။မကြာမီညှပ်စိမတစ်ယောက်တစ်နေ့လုံးချီးမပါ၊သေးမပေါက်ပဲကျင့်ခဲ့ရတဲ့သူ့ရဲ့ကကွက်တွေကိုစတင်ထုတ်သုံးလိုက်တော့သည်။
" ဟယ်...လှလိုက်တာ ညှပ်စိမရယ်..."
" ညှပ်စိမ...ညှပ်စိမ..."
" အစိလေး...အစိလေး..."
အောက်ကလက်သီးလက်မောင်းတန်းပြီးအားပေးနေတဲ့ယောက်ျားသားတွေရဲ့အော်သံကြောင့်ညှပ်စိမတစ်ယောက်ကကွက်တွေကိုပိုပြီးအဆင့်မြှင့်လိုက်သည်။ဒီညအတွက်တော့မိဂျစ်ကဒေါင်းမလေးဆိုလျှင်ညှပ်စိမကဇာမဏီငှက်မလေးသဖွယ်...။သံစဥ်တွေနဲ့အပြိုင်ဇာတ်စင်တစ်ခုလုံးပြည့်အောင်ကနေတဲ့ညှပ်စိမရယ်ပါ...။
အဟင်း...။
မီ့အလှမှာယူတို့ကျရှုံးနေပြီမလား...။
အားပေးတဲ့လူတွေပိုပြီးအံဩသွားစေဖို့ညှပ်စိမတစ်ယောက်ကကွက်တွေကိုထပ်မံအဆင့်မြှင့်လိုက်တဲ့အခါ...။
ကဲ...လာလေရော့...။
" အမလေး...မြတ်စွာဘုရား၊ညစာမစား..."
" ဟာ...ကျလာပြီ...ပြေးဟ...ပြေး..."
ကကွက်တွေကိုအဆင့်မြှင့်လိုက်တဲ့ညှပ်စိမတစ်ယောက်အရှိန်လွန်ပြီးဇာတ်စင်အရှေ့မှာထိုင်နေတဲ့ဒိုင်လူကြီးသုံးယောက်ပေါ်ပြုတ်ကျလေတော့သည်။
" ဟယ်...ကျပြီ..."
" ဟာ...အစိလေး..."
စင်ပေါ်ကနေကားယာကြီးပြုတ်ကျလာတဲ့ညှပ်စိမကြောင့်ပွဲကြည့်ပရိသတ်တွေအာလုံးမျက်လုံးပြူး၊မျက်ဆံပြူးတွေဖြစ်ကုန်ကြ၏။အရှေ့ဆုံးမှာထိုင်ပြီးငိုက်နေကြတဲ့ကလေးတွေပင်ညှပ်စိမပြုတ်ကျလာတဲ့အသံကြောင့်လန့်ဖြန့်ပြီးထပြေးကုန်ကြသည်။
" ဘာဖြစ်ပြန်ပြီလဲဟ..."
" စင်ပေါ်ကပြုတ်ကျလို့ဟေ့..."
မြတ်စွာဘုရား...။
ဘယ်လိုတောင်က,လိုက်တာလဲ...။
ခုံပေါ်မှာခြေကားယား၊လက်ကားယားနဲ့မှောက်ခုံကြီးပြုတ်ကျနေတဲ့ညှပ်စိမကိုကြည့်ပြီးဝတုတ်ကိုယ့်နဖူးကိုယ်ပြန်ရိုက်လိုက်မိတော့သည်။
အခန်းထဲမှာနဘန်းလုံးနေကြတဲ့အာစိနဲ့အာစိကတော်ရေ...။
တပည့်ရဲ့အဖြစ်ကိုလာကြည့်လှည့်ပါဦးလို့...။
🌿🌿🌿
---------------------------------------------------------.
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
( ဟာသအမြင်နဲ့ကြည့်ပေးကြနော်...☺☺☺)
ဝတုတ်ကစကားကိုခရပ်ကာပွဲကြည့်ပရိသတ်တွေကိုအရင်ဆုံးငေးကြည့်လိုက်၏။အောက်မှာကြည့်နေကြတဲ့ပရိသတ်တွေကလည်းပထမဆုံးပြိုင်ပွဲဝင်မယ့်တစ်ယောက်ကိုစိတ်ဝင်တစားနဲ့စောင့်မျှော်နေကြလေရဲ့...။ဇာတ်စင်ပေါ်ကိုမျှော်လင့်ချက်အပြည့်နဲ့ငေးကြည့်နေကြတဲ့ပရိသတ်တွေကြောင့်ဝတုတ်တစ်ယောက်မသိမသာလေးပြုံးလိုက်မိသည်။
" ဖြောင်း...ဖြောင်း..."
ထိုမျှတင်မကသေး...။
" ဟုတ်ကဲ့ရှင့်..."
ဟိန်းထွက်လာတဲ့ဝတုတ်အသံကြားမှပဲအားလုံးကသတိပြန်ဝင်လာကြ၏။ပြီးနောက်ပွဲခင်းတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။
ဝတုတ်ရဲ့အမေးအဖြေကဏ္ဍစတင်ပါပြီး...။တစ်လုံးတည်းရှိတဲ့မိုက်ကိုဟိုဘက်ထိုးလိုက်၊ဒီဘက်ထိုးလိုက်နဲ့ဝတုတ်တစ်ယောက်အလုပ်ရှုပ်နေ၏။
" ဟုတ်ကဲ့...လွန်ခဲ့နှစ်လလောက်ကပဲဝယ်မလို့ဆိုပြီးမြို့ပေါ်တက်သွားတာအခုထက်ထိပြန်မလာသေးတဲ့ကျွန်မယောက်ျားအတွက်ဒီသီချင်းလေးကိုဆိုရခြင်းဖြစ်ပါတယ်ရှင့်..."
" ကဲ...ဟုတ်ပြီးဗျာ...စလိုက်ရအောင်..."
ဝတုတ်ယောက်လက်ထဲမှာကိုင်ထားတဲ့မိုက်ကိုမကသေးဆီထိုးပေးကာဇာတ်စင်အနောက်ဘက်ကိုထွက်လာခဲ့လိုက်သည်။အခုတော့ဇာတ်စင်ပေါ်မှာဒီညရဲ့အလှဘုရင်မ,မကသေးတစ်ယောက်တည်းရှိနေလေပြီး...။
မကြာမီငြိမ့်ညောင်းတဲ့တီးလုံးသံလေးကဇာတ်စင်ဘေးနားကနေပေါ်ထွက်လာခဲ့လေတော့သည်။ပွဲကြည့်ပရိသတ်တွေကလည်းဇာတ်စင်ပေါ်မှာရှိနေတဲ့မကသေးကိုသာမျက်တောင်မခတ်ငေးကြည့်နေမိကြလေသည်။အလွမ်းဓာတ်ခံရှိတဲ့သူဆိုတော့ " သီချင်းအဆိုကောင်းမှာပဲ " လို့လည်းအာလုံးကထင်နေကြ၏။
" ဖြောင်း...ဖြောင်း..."
ထင်ထားသလိုဖြစ်လာတဲ့အတွက်ပွဲခင်းတစ်ခုလုံးလက်ခုပ်သံတွေဆူညံသွားလေတော့သည်။ဂရုဏာသံလေးနဲ့ဆိုနေတဲ့မကသေးကိုကြည့်ပြီးအာလုံးရဲ့မျက်ဝန်းထဲမှာလည်းအရည်ကြည်လေးတွေစိမ့်ထွက်လာ၏။အားလုံးရဲ့စိတ်ထဲမှာလည်း " အဆိုတော်စိမ့်နေခြည်တစ်ယောက်မကသေးယောင်ဆောင်ပြီးလာပြိုင်နေသလား " ဆိုပြီးထင်မှတ်နေကြသည်။
" အမလေး...ကိုဖိုချိုရေ...ကျွန်မ,မခံစားနိုင်တော့ဘူး...ကျွန်မ,မခံစားနိုင်တော့တော်ရေ...ဟီး..အီး...အမလေး..."
" ဟာ...လုပ်ကြပါဦးဟ..ဟိုမှာငိုနေပြီး..."
" ဟေ...ဟုတ်လား..."
" ဟယ်လို...တောက်...တောက်...ဟယ်လို...ဝတုတ်..."
" လာပြီဗျို့...လာပြီး..."
လူကသောက်ထားတာနည်းနည်းများတော့ရီဝေဝေဖြစ်နေ၏။သို့သော်ဝတုတ်တစ်ယောက်ယိုင်ချင်နေတဲ့ခြေလှမ်းတွေကိုထိန်းချုပ်ကာဇာတ်စင်ပေါ်ကုတ်တက်လိုက်၏။
" ဟင်...မကသေး..."
" ဟင်...ရွှတ်...ဗျစ်...အီး..."
ဟာ...ဟုတ်ပါရဲ့...။
အောက်ကလူတွေရဲ့အော်ကြီးဟစ်ကျယ်လှမ်းပြောတော့မှဝတုတ်လည်းမကသေးလက်ထဲကမိုက်ကိုလှမ်းယူလိုက်တော့သည်။
" လာ...လာ...ဆင်းမယ်..."
" ဖြောင်း...ဖြောင်း..."
မကြာမီဝတုတ်ရဲ့ဘေးနားမှာရှိတဲ့အောက်စက်ဆီကနေမဲတူဆိုမယ့်သီချင်းတီးလုံးကငြိမ့်ငြိမ့်ညောင်းညောင်းလေးထွက်လာ၏။အပီအပြင်ကိုဆိုမယ့်ပုံစံကြောင့်အားလုံးကလက်ခုတ်တီးကာမဲတူကိုအားပေးကြလေသည်။
" ဟမ်..."
" ရပ်...ဟို...ရပ်..."
ဟုတ်တယ်...။
" ကမှာပါရှင့်..."
" ဖြောင်း...ဖြောင်း..."
" ဖြောင်း...ဖြောင်း..."
" လှလိုက်တာမိဂျစ်ရယ်..."
" အို...အဂျစ်ရယ်..."
အောက်ကပွဲကြည့်ပရိသတ်များရဲ့ချီးကျူသံကြောင့်မိဂျစ်တစ်ယောက်စိတ်တွေပိုပြီးတက်ကြွလာခဲ့သည်။ဒိုင်လူကြီးသုံးယောက်ရဲ့မျက်လုံးတွေကလည်းလှပလွန်းတဲ့မိဂျစ်ပေါ်မှာစွဲငြိနေ၏။
အဟွင်း...။
ငါဟဲ့မိဂျစ်...။
" ဝုန်း...အမလေး...ပြဲပြီး..."
" ဘာဖြစ်တာလဲ...မိဂျစ်...."
ဒီလိုနဲ့ပွဲတိုင်းကျော်တဖြစ်လဲမိဂျစ်ရဲ့အကအလှလေးတွေကအပေါက်ကျွံကျမှုကြောင့်တစ်ခန်းရပ်သွားလေတော့သည်။
" နောက်တစ်ယောက်..."
လှလိုက်တာ...။
ဟမ်...။
ညှပ်စိမတဲ့လား...။
ဟုတ်ပါရဲ့...။
တကယ်ညှပ်စိမပါလား...။
ဒီကောင်မလေးဘယ်တုန်းကပြန်လာတာလဲ...။
" ဟေး..."
ကျစ်...။
ဒီကောင်တွေတော့တုတ်တုတ်ချင်းရိုက်ချင်နေပြီးထင်တယ်...။
သွားစမ်း...သွားစမ်း...။
ဖက်...ဖက်...ဉုံဖွ...လွဲပါစေ...ဖယ်ပါစေ...ငါကွယောက်ျား...။
" ကမှာပါရှင့်..."
" ကဲ...ဟုတ်ပြီးဗျာ...အားလုံပဲ...ညှပ်စိမရဲ့အကအလှလေးတွေကိုရှုစားကြပါဦးစို့ဗျာ..."
ဝတုတ်တစ်ယောက်ညှပ်စိမအနားကနေခပ်မြန်မြန်လေးပြေးထွက်လာခဲ့လိုက်၏။မဟုတ်ရင်သူ့ကိုလက်ညှိုးကိုက်ပြနေဦးမည်။
မကြာမီမြူးကြွတဲ့အနောက်တိုင်းတီးလုံးသံကခပ်မြူးမြူလေးပေါ်ထွက်လာလေတော့သည်။တီလုံးလေးထွက်လာပြီးဆိုတော့ညှပ်စိမတစ်ယောက်ဇာတ်စင်ရှေ့ကလူတွေကိုရီဝေဝေလေးစိုက်ကြည့်လိုက်၏။
မီ့အကြည့်တွေမှာယူတို့ကျရှုံးလိုက်စမ်း...။
" ညှပ်စိမ...ညှပ်စိမ..."
" အစိလေး...အစိလေး..."
အဟင်း...။
မီ့အလှမှာယူတို့ကျရှုံးပြီးမလား...။
အားပေးတဲ့လူတွေပိုပြီးအံဩသွားစေဖို့ညှပ်စိမတစ်ယောက်ကကွက်ကိုအဆင့်မြှင့်လိုက်တဲ့အခါ...
ကဲ...လာလေရော့...။
" ဟာ...ကျလာပြီး...ပြေးဟ...ပြေး..."
" ဟယ်...ကျပြီး..."
" ဟာ...အစိလေး..."
စင်ပေါ်ကနေကားယာကြီးပြုတ်ကျလာတဲ့ညှပ်စိမကိုကြည့်ပြီးပွဲကြည့်ပရိသတ်တွေအာလုံးမျက်လုံးပြူး၊မျက်ဆံပြူးတွေဖြစ်ကုန်ကြ၏။အရှေ့ဆုံးမှာထိုင်ပြီးငိုက်နေတဲ့ခလေးတွေတောင်ညှပ်စိမပြုတ်ကျလာတဲ့အသံကြောင့်လန့်ဖြန့်ပြီးထပြေးကြလေတော့သည်။
" ဘာဖြစ်ပြန်ပြီလဲဟ..."
မြတ်စွာဘုရား...။
ဘယ်လိုတောင်ကလိုက်တာလည်း...။
ဝတုတ်တစ်ယောက်ခုံပေါ်မှာခြေကားယား၊လက်ကားယားနဲ့မှောက်ခုံကြီးပြုတ်ကျနေတဲ့ညှပ်စိမကိုကြည့်ပြီးကိုယ့်နဖူးကိုယ်ပြန်ရိုက်လိုက်မိတော့သည်။
အခန်းထဲမှာနပန်းလုံးနေကြတဲ့အာစိနဲ့အာစိကတော်ရေ...။
---------------------------------------------------------.
( ဟာသအမြင်နဲ့ကြည့်ပေးကြနော်...ငယ်လေးတို့☺☺☺)