အခန်း(၃၉)
(၄)လခန့်ကြာပြီးတဲ့နောက်
တနင်္ဂနွေနေ့ည(၁၀)ခွဲဝန်းကျင်....။
ခပ်ဝေးဝေးကနေလွှင့်ပျံလာတဲ့စကားသံတွေကလွဲပြီးပတ်ဝန်းကျင်တစ်ခွင်လုံးတိတ်ဆိတ်ငြိမ်သက်လို့နေသည်။တစ်ခါတစ်ခါလမ်းလျှောက်သံ၊ပြေးသံတွေကနီးလာလိုက်၊ဝေးသွားလိုက်နဲ့...။ထို့အပြင်အပေါ်မျက်နှာကျက်ကဒလက်ပန်ကာနှစ်ခုကလည်း " တဝီဝီ " နဲ့မြည်ကာအခန်းထဲကလူတွေကိုအေးမြမှုပေးနေလေရဲ့...။
သို့သော်...။
ထိုအေးမြမှုရဲ့ဒဏ်ကိုမခံစားနိုင်တဲ့သူတွေကတော့...။
ခွဲခန်းအရှေ့မှာမိုးညိုတစ်ယောက်ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတာဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့ချေ...။
လှုပ်ရှားနေတဲ့စိတ်နဲ့အတူပူလောင်နေတဲ့ရင်တစ်ခုလုံးကြောင့်လူကမီးခဲဖင်ခုထိုင်ထားရသလိုထိုင်မရ၊ထမရဖြစ်နေမိသည်။ခွဲခန်းအရှေ့ကိုပြေးသွားလိုက်၊ဒီဘက်ကိုပြန်လာလိုက်နဲ့မိုးညိုဆောက်တည်ရာမရဖြစ်နေ၏။
ခွဲခန်းထဲကလူသားလေးအဆင်ပြေဖို့အတွက်ဟိုအသုတ်၊ဒီအသုတ်ရွတ်ချင်ပေမယ့်လူကအမြဲသောက်စားမူးယစ်နေခဲ့တာဆိုတော့စားလို့ရတဲ့အသုတ်ကလွဲပြီးကျန်တာမိုးညိုမသိပေ...။ထို့ကြောင့်ရတဲ့ဩကာသသုံးခွန်းကိုသာဖင်တစ်ပြန်၊ခေါင်းတစ်ပြန်ရွတ်ဆိုနေမိသည်။ဒါ့အပြင်ရွာထိပ်ကစေတီကိုလည်းစိတ်ထဲကနေရည်မှန်းကာအခေါက်ခေါက်အခါခါသူကန်တော့နေမိသည်။
အရှင်ဘုရား...။
ဝေဘာမှမဖြစ်ပါစေနဲ့...။
ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်ဝေတစ်ယောက်လျှောလျှောရှူရှူမွေးနိုင်ပါစေ...။
" အာစိ...ခဏလောက်ထိုင်ပါဦးလား..."
ရဝေခွဲခန်းထဲဝင်သွားပြီးကတည်းကအာစိတစ်ယောက်ဟိုလျှောက်လိုက်၊ဒီလျှောက်လိုက်လုပ်နေတာအချိန်အတော်ကြာနေပြီဖြစ်သည်။မျက်နှာတစ်ခုလုံးလည်းပျက်ယွင်းကာချွေးသီးချွေးပေါက်တွေကကျနေ၏။ပါးစပ်ကတစ်တွတ်တွတ်ရွတ်ရင်းဂဏာမငြိမ်ဖြစ်နေတဲ့အာစိကြည့်ပြီးဝတုတ်တို့မူးနောက်လာတော့သည်။အာစိကိုကြည့်ရတာသူ့ယောက်ျားအတွက်အရမ်းကိုစိတ်ပူနေမှန်းသိသာလှသည်။
အာစိကသူ့စကားကိုကြားပုံမရပေ...။လျှောက်မြဲ၊လျှောက်ဆဲသာ...။ထို့ကြောင့်ဝတုတ်ကထိုင်ရာကနေထပြီးခွဲခန်းအရှေ့မှာမတ်တပ်ရပ်နေတဲ့အာစိအနားကိုလျှောက်သွားလိုက်၏။
" အာစိ...လာဗျာ...ခဏလောက်ထိုင်ရအောင်..."
" မထိုင်ဘူး...မင်းတို့ပဲထိုင်..."
သူ့လက်ကိုဆွဲဖြုတ်ကာအနောက်ကိုပြန်လျှောက်သွားတဲ့အာစိကြောင့်ဝတုတ်သက်ပြင်းချလိုက်မိသည်။အာစိရဲ့ခံစားချက်တွေကအရမ်းကိုပြင်းထန်နေသည်။ပြီးတော့အသက်ရှူသံကအစပြင်းထန်နေ၏။ဆံပင်တွေပွယောင်ကာမျက်တွင်းဟောက်ပက်ဖြစ်နေတဲ့အာစိကအရမ်းကိုပင်ပန်းနေတယ်ဆိုတာဝတုတ်သိသည်။
" ဘယ်လိုလဲ...ခေါ်လို့မရဘူးမလား..."
ငကျော့်ကိုဝတုတ်ခေါင်းခါပြလိုက်၏။ဝတုတ်အဖြေကြောင့်ငကျော်လည်းသက်ပြင်းကိုမသိမသာလေးချလိုက်သည်။အခုချိန်မှာအာစိကသူတို့ဘယ်လိုပြောပြောနားဝင်မှာမဟုတ်ပေ...။သူ့စိတ်၊သူ့အတွေးထဲမှာရဝေကလွဲပြီးကျန်တာအားလုံးမှောင်မိုက်နေ၏။
သူတို့ရဲ့အာစိအရမ်းကိုပင်ပန်းလွန်းနေပြီ...။
" ဒေါ်လေး..."
" ဟေ..."
" အင်္ဂုလိမာလသုတ်လေးရွတ်ပေးဦးနော်..."
" အေအေ..."
ကိုယ်မရတော့ရတဲ့သူကိုပဲမိုးညိုအားကိုးနေရသည်။ " ဟိုအသုတ်လေးကမွေးရဖွားရလွယ်တယ်၊ဒီအသုတ်လေးကအန္တရာယ်ကင်းတယ် " ဆိုလို့ကြားဖူးနားဝရှိတဲ့အသုတ်မှန်သမျှဒေါ်လေးချိုမြကိုရွတ်ခိုင်းရသည်။သူပြောသမျှကိုလည်းဒေါ်လေးချိုမြကမငြီးမငြူရွတ်ပေးရှာပါသည်။
ဒေါ်ချိုမြခမျာခုံမှာထိုင်နေရပေမယ့်အေးအေးဆေးထိုင်ရတယ်လို့ကိုမရှိပေ...။" ဒေါ်လေး...ဟိုအသုတ်လေးရွတ်ပေးပါဦး " ဆိုလို့သမက်ဖြစ်သူအလိုကျဒေါ်ချိုမြရွတ်ပေးရသည်။" ဒေါ်လေး...ဒီအသုတ်လေးလည်းရွတ်ပေးပါဦး " ဆိုလို့မငြီးမငြူရွတ်ပေးရပြန်သည်။
အဲ့ဒါတင်မကသေး...။
" ရွတ်နေရင်းနဲ့ပုတီးလေးပါစိပ် " ဆိုပြီးလက်ထဲကိုရောက်လာတာကဘယ်ကရှာလာမှန်းမသိတဲ့ပုတီးစိပ်တစ်ခု...။အခုတော့သမက်ဖြစ်သူရဲ့ကောင်းမှုကြောင့်ဒေါ်ချိုမြလက်ရော၊ပါးစပ်ပါအငြိမ်မနေရတော့ပေ...။
လက်ကလည်းစိပ်နေရသလို၊ပါးစပ်ကလည်းမနားတမ်းဒေါ်ချိုမြရွတ်နေရသည်။မွေးခဲ့တဲ့သားသမီးနှစ်ယောက်အတွက်တောင်ဒီလောက်ထိသူ(မ)မလုပ်ခဲ့ဖူးပေ...။အခုတော့သမက်အလိုကျဒေါ်ချိုမြက,ရလေပြီ...။
" ဒေါ်လေး...မေတ္တာသုတ်လေးပါ..."
" ဟဲ့...နေပါဦးမိုးညိုရယ်...အင်္ဂုလိမာလသုတ်ကိုပြီးအောင်ရွတ်ပါရစေဦး...နင့်မလည်း...ငါ့ကိုဇာတ်မင်းသမီးထင်နေလားမသိပါဘူးတော်...လက်လည်းအငြိမ်မနေရ၊ပါးစပ်လည်းအငြိမ်မနေရ..."
သမက်ဖြစ်သူကိုဒေါ်ချိုမြကြည့်မရတော့ပေ...။ဒီကောင်လေးတော်တော်တရားလွန်နေပြီ...။ကိုယ့်ယောက်ျားမွေးမှာကိုသိရဲ့သားနဲ့အစကတည်းကလိုအပ်တာတွေပြင်ဆင်ထားတာမဟုတ်ဘူး...။အခုတော့ " အရပ်ကူပါ၊လူဝိုင်းပါ " ဖြစ်နေရလေပြီ...။
ဒါတောင်သားဖြစ်သူကိုမမွေးခင်နှစ်ပတ်အလိုကတည်းကဆေးရုံတင်ထားလို့...။မဟုတ်ရင်ယောက်ယက်ခတ်နေတဲ့သူ့ပုံစံနဲ့ဆိုသားဖြစ်သူကလှည်းလမ်းကြောင်းမှာပဲမွေးရလောက်သည်။သမက်ဖြစ်သူကိုအော်လိုက်မိတဲ့အတွက်အခုတော့အင်္ဂုလိမာလသုတ်ကိုအစကနေဒေါ်ချိုမြပြန်ရွတ်နေရပြီ...။
" ထိုင်ပါဦးလားကိုမိုးညိုရယ်...ဟိုလျှောက်လိုက်၊ဒီလျှောက်လိုက်နဲ့...မမောဘူးလား..."
ဒေါ်ချိုမြဘေးမှာထိုင်နေတဲ့ရသော်ကဂနာမငြိမ်ဖြစ်နေတဲ့ကိုမိုးညိုကိုတောင်းပန်ခယတဲ့မျက်လုံးနဲ့ကြည့်ကာပြောလိုက်၏။ကိုမိုးညိုကိုထိုင်ခိုင်းမှရတော့မည်။မဟုတ်ရင်ကိုမိုးညိုကိုကြည့်ရိုးရိုးနဲ့သူ(မ)တို့မူးလဲတော့မည်။
" မထိုင်နိုင်ပါဘူးဟာ...ခွဲခန်းထဲမှာငါ့ယောက်ျားကအသက်လုပြီးမွေးနေရတာကို...ငါကဘယ်လိုစိတ်နဲ့အေးအေးဆေးဆေးထိုင်နေလို့ရမှာလဲ...နင်တို့ဖာသာထိုင်နေ..."
လာပြန်ပြီနောက်တစ်ယောက်...။
ဘယ်လိုဖြစ်ပြီးလူကိုထိုင်ဖို့ပဲခဏခဏပြောနေကြလည်းမသိပေ...။လူကဒီလောက်စိတ်လှုပ်ရှားပြီးပူလောင်နေတာကိုဘယ်လိုလုပ်ပြီးထိုင်လို့ရမှာလဲ...။
အခုဆိုပိုဆိုး...။
ပိတ်ထားတဲ့ခွဲခန်းကပြန်ကိုပွင့်မလာတော့ပေ...။
အချိန်ကလည်းအရမ်းကိုကြာလွန်းလှသည်။အခုထိခွဲခန်းကထွက်မလာသေးတဲ့ဆရာဝန်တွေကြောင့်ပူလောင်နေတဲ့သူ့ရင်ကအခုတော့နှစ်ဆပိုပူလောင်နေရ၏။ဆရာဝန်တွေထွက်လာနိုး၊ထွက်လာနိုးနဲ့မျှော်နေတာသူ့လည်ပင်းတောင်သစ်ကုလားအုတ်လည်ပင်းလောက်ဖြစ်တော့မည်။
" ဝေတစ်ခုခုဖြစ်နေလို့များလား " ဆိုတဲ့မတွေးအပ်တတ်တဲ့အတွေးတွေလည်းသူ့ရဲ့မသိစိတ်ထဲမှာနေရာဝင်ယူထားလေပြီ...။
ကျေးဇူးပြုပြီး,ဝေဘာမှမဖြစ်ပါစေနဲ့...။
ပူလောင်နေတဲ့ရင်ကိုခဏမေ့ကာခွဲခန်းတံခါးဖွင့်လာမယ့်အချိန်ကိုသာလည်ပင်းတရှည်ရှည်နဲ့မိုးညိုစောင့်နေမိသည်။
" ကျွီ..."
" ဟာ...ဖွင့်ပြီ...ဖွင့်ပြီ..."
အချိန်အတော်ကြာပိတ်ထားတဲ့ခွဲခန်းတံခါးကရုတ်တရပ်ပွင့်လာတာကြောင့်သူတို့အားလုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ထိုအခါခွဲခန်းထဲကထွက်လာတဲ့ဆရာဝန်ရဲ့အနားကိုမိုးညိုချက်ခြင်းပြေးသွားလိုက်၏။ကျန်တဲ့လူတွေကလည်းမိုးညိုရဲ့အနောက်ကနေထပ်ကြပ်မကွာလိုက်လာကြလေသည်။
" ဆရာ...ကျွန်တော့်...ကျွန်တော့်ယောက်ျားဘာလေးမွေးလဲဟင်..."
တိတ်ဆိတ်နေတဲ့အခန်းကအခုတော့မိုးညိုရဲ့ဆောက်တည်ရာမရမေးသံတွေနဲ့ဟိန်းထွက်နေသည်။အချိန်အတော်ကြာမှပွင့်လာတဲ့ခွဲခန်းတံခါးကြောင့်ဆရာဝန်ကိုအလောတကြီးသူမေးလိုက်ခြင်းဖြစ်သည်။ကျန်တဲ့သူတွေကလည်းဆရာဝန်ဆီကထွက်လာမယ့်အဖြေကိုမျှော်လင့်တကြီးနဲ့စောင့်စားနေကြလေရဲ့...။
" ဂုဏ်ယူပါတယ်ကိုမိုးညို...ခင်ဗျားယောက်ျားအမြွှာသားဦးလေးတွေမွေးပါတယ်..."
" ဗျာ..."
" ရှင်..."
" ဟယ်..."
နားထဲကိုတိုးဝင်လာတဲ့စကားကြောင့်မိုးညိုကြက်သေသေနေမိသည်။ကြားလိုက်ရတဲ့စကားကြောင့်လူကစိတ်တွေပိုပြီးလှုပ်ရှားလာခဲ့သလိုလက်တွေပါတုန်ယင်လာခဲ့သည်။
ဝေကအမြွှာလေးမွေးတယ်တဲ့လား...။အမြွှာတောင်မှသူသိပ်ကိုလိုချင်နေတဲ့ယောက်ျားလေးတွေတဲ့လား...။
သူအိမ်မက်မက်နေတာလား...။
" ကျွန်တော့်ယောက်ျားကအမြွှာလေးမွေးတယ်...ဟုတ်လားဆရာ..."
" ဟုတ်ပါတယ်ဗျာ...ခလေးတွေရော၊ဖခင်ပါအကုန်ကျန်းမာပါတယ်...နောက်(၅)မိနစ်လောက်နေမှကလေးတွေကိုကြည့်လို့ရမှာပါ..."
ဆရာဝန်ရဲ့ထပ်မံအတည်ပြုချက်အဆုံးမှာတော့အချိန်အတော်ကြာရစ်ဝဲနေတဲ့မျက်ရည်ဥများကပါးပြင်ပေါ်ကိုအရှိန်အဟုန်နဲ့စီးကျလာတော့သည်။
ဒါဆိုသူအိမ်မက်မက်နေတာမဟုတ်ဘူးပေါ့...။
ဝေကသူ့အတွက်သားလေးနှစ်ယောက်မွေးပေးတယ်တဲ့လား...။နောက်ဆုံးတော့သူမျှော်လင့်ခဲ့ရတဲ့ဒီနေ့လေးကိုရောက်လာခဲ့ပြီ...။
ကျောက်ရုပ်ကြီးတစ်ရုပ်လိုတောင့်တောင့်ကြီးရပ်နေမိတဲ့သူ့ကိုဆရာဝန်ကဂုဏ်ပြုတဲ့အနေနဲ့ပခုံးကိုတစ်ချက်ပုတ်ကာထွက်သွားလေသည်။ကျန်တဲ့သူတွေကလည်းတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးအံ့ဩဝမ်းသာဖြစ်နေကြသည်။
" ငါတို့အာစိကတော့ခလေးအဖေဖြစ်သွားပြီဟေ့..."
" အာစိကြီးကိုကြည်စမ်းပါဦးကွာ...ပြုံးနေလိုက်တာ...သွားဖုံးကျွတ်ကျတော့မယ်..."
" ဟား...ဟား..."
သူ့ကိုကြည့်ပြီးရယ်နေတဲ့တပည့်ကျော်နှစ်ကောင်ကိုလည်းအခုချိန်မှာသူဘာမှပြန်မပြောနိုင်ပေ...။
အခုချိန်မှာသူပျော်နေတာပဲသိသည်။
" ခလေးတွေကိုမြင်ချင်လှပြီအမေရယ်..."
" ဟုတ်ပတော်...ငါ့မြေလေးတွေကိုမြင်ချင်လှပြီ..."
အမြွှာလေးနှစ်ယောက်ဆိုတော့ဘယ်လိုပုံစံမျိုးလေးဖြစ်မလဲမသိပေ...။ " သမက်ဖြစ်သူရဲ့အသားအရည်လိုမဲမဲလုံးလုံးလေးလာမလား၊သားဖြစ်သူလိုဖြူဖြူဥဥလေးလာမလား " ဆိုတာဒေါ်ချိုမြတို့အရမ်းကိုသိချင်နေကြပြီဖြစ်သည်။ဘယ်လိုပုံစံပဲဖြစ်ဖြစ်သူမတို့မိသားစုကခလေးချစ်တတ်တာဆိုတော့ဒီခလေးလေးနှစ်ယောက်လည်းသူမတို့ရဲ့အသည်းကျော်လေးဖြစ်လာဦးမှာသေချာသည်။
" ငါခလေးအဖေဖြစ်ပြီကွ...ဟား...ဟား..."
ရုတ်တရက်ဟိန်းထွက်လာတဲ့မိုးညိုရဲ့အသံကြောင့်ဘေးကအသံတွေတိခနဲ့တိတ်ကျသွား၏။ပြီးနောက်ထူးဆန်းတဲ့အကြည့်တွေနဲ့မိုးညိုကိုဝိုင်ကြည့်ကြတော့သည်။
" အမေ...အမေ့သမက်ကိုကြည့်ပါဦး...ရူးနေပြီလားမသိဘူး..."
သမီးဖြစ်သူရဲ့စကားကြောင့်ဒေါ်ချိုမြလန့်ဖြန့်သွားရ၏။ပြီးနောက်ရသော့်ရဲ့လက်မောင်းကိုခပ်ဆက်ဆက်လေးလှမ်းရိုက်ကာ...
" ဟဲ့...အော်...ဒီခလေးမကတော့...ရူးစရားလာဟဲ့...မကြားဖူးဘူးလား " သက်ဦး၊အရူး " တဲ့...ဘယ်မိဘမဆိုသားဦးလေးမွေးရင်ဒီလိုပဲအနည်းနဲ့အများတော့ခံစားရတာပဲ..."
" နင့်အဖေဆိုလည်းနင့်အစ်ကို,ကိုမွေးတုန်းကဆိုဒီ့ထက်တောင်ဆိုးသေး...ပုဆိုးစလွယ်သိုင်းပြီးတော့ကိုရွာတပတ်လျှောက်ပြေးနေတာ..."
" သြော်...အဲ့လိုလား..."
" ဟုတ်ပ..."
ပြောသာပြောလိုက်ရတာ...။သမက်ဖြစ်သူကိုကြည့်လိုက်မိတော့သမီးပြောသလိုရူးနေတာလားမသိပေ...။
တစ်ယောက်တည်းရယ်လိုက်၊ငိုလိုက်နဲ့...။ရယ်တာတောင်လေပေါ်ကိုခုန်တက်ပြီးရယ်လိုက်သေးသည်။မသိရင်လူကဗျိုင်းပျံနေသလိုလို...။သူ့ယောက်ျားပတ်ပြေးတာတောင်ဒီ့ထက်ကြည့်ကောင်းသေးသည်။
" ဟဲ့...ဟိုနှစ်ကောင်...နင်တို့အာစိကိုသွားထိန်းဦး...လိုအပ်ရင်တစ်နေရာရာကိုပို့ရအောင်..."
" ဟုတ်ကဲ့...ဒေါ်လေး..."
ဒေါ်ချိုမြရဲ့စကားကြောင့်ဝတုတ်နဲ့ငကျော်ကဂဏာမငြိမ်ဖြစ်နေတဲ့မိုးညိုရဲ့အနားကိုအလျင်အမြန်သွားလိုက်၏။ထိုစဥ်အခန်းတစ်ခုထဲကနေထွက်လာတဲ့နာစ့်မလေးတစ်ယောက်ကသူတို့အနားကိုလျှောက်လာလေသည်။
" အားလုံးပဲ...မွေးလူနာကိုကြည့်လို့ရပါပြီရှင်..."
" ဟာ...ကြည့်လို့ရပြီတဲ့...သွားရအောင်...သွားရ...သြော်..."
ရသော့်ရဲ့အော်သံတောင်မဆုံးသေး...။မိုးညိုတစ်ယောက်ကတော့နာစ့်မအနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားလေပြီ...။
---------------------------------------------------------
အဖြူရောင်အနှီးထုတ်လေးနှစ်ထုတ်ကိုကြည့်ပြီးမိုးညိုစိတ်တွေလှုပ်ရှားနေ၏။အနှီးထုတ်လေးထဲကနီတာရဲလေးနှစ်ယောက်ကတော့မျက်လုံးလေးမှိတ်ကာငြိမ်သက်နေလေရဲ့...။
ဒါလေးတွေကသူ့ရဲ့သွေးသား၊သူ့ရဲ့သားလေးတွေတဲ့လား...။
အနှီးထုတ်လေးထဲအကောင်ပေါက်လေးတွေကိုထိဖို့မိုးညိုမဝံ့မရဲဖြစ်နေမိသည်။သူ့ရဲ့ကြမ်းထော်နေတဲ့လက်နဲ့ထိလိုက်လို့သားလေးတွေထငိုမလားဆိုပြီးမသိစိတ်ကစိုးရိမ်နေမိပြန်သည်။ဒါကြောင့်အသက်ဗူးလေးတွေကိုဒီအတိုင်သာသူငေးကြည့်နေမိ၏။
သားလေးနှစ်ယောက်ကအမြွှာသာဆိုသည်။မျက်နှာပေါက်ချင်းမတူကြပေ...။တစ်ယောက်ကသူနဲ့မျက်နှာပေါက်ဆင်သည်။တစ်ယောက်ကတော့ဝေ့ရဲ့မျက်နှာကိုချွတ်ပြီးစွတ်ထားတဲ့အတိုင်းပင်...။ဒီအကောင်ပေါက်လေးတွေက(၂)မိနစ်သာခြားပြီးမွေးလာသည်တဲ့လေ...။
သူနဲ့တူတဲ့သားလေးအပြင်၊နောက်ထပ်အပိုလက်ဆောင်အနေနဲ့ချစ်ရသူရဲ့ကိုယ်ပွားလေးကိုပါထပ်မံရခဲ့တဲ့အတွက်ပြောမပြတတ်အောင်သူဝမ်းသာနေမိသည်။သားလေးတွေကြည့်ပြီးပြုံးရလွန်းလို့လည်းပါးစပ်ကနားရွက်တက်ချိတ်တော့မည်။
" အမလေ...ငါ့မြေလေးတွေကငြိမ်နေလိုက်တာတော်..."
" ဟုတ်ပါ့အမေရယ်...အိပ်ပျော်နေတာလားမသိဘူးနော်..."
" အိပ်ပျော်နေလို့ပေါ့ရသော်လေးရဲ့...ဒါကြောင့်မငိုပဲငြိမ်နေတာ..."
" မဟုတ်ပါဘူးကွာ...လောကကြီးထဲကိုအခုမှစရောက်လာတာဆိုတော့ပင်းပန်းသွားလို့ခဏနားနေတာ..."
လာပါပြီ...။
ဥာဏ်ကြီးရှင်ကိုဝတုတ်ရဲ့ပေါက်ကရစကား...။
သူ့သားနှစ်ယောက်ကိုကြည့်ပြီးအားလုံးကတစ်ယောက်တစ်ပေါက်နဲ့ကိုယ်ထင်ရာကိုယ်ပြောနေကြ၏။မသိရင်တိုင်းပြည်ရဲ့အနာဂတ်အတွက်ဗေဒင်လက္ခဏာကြည့်နေကြတဲ့ပုရောဟိတ်ကြီးတွေလိုလို...။
" ရှူး...တိုးတိုးနေကြ..."
မိုးညိုရဲ့သတိပေးစကားကြောင့်အားလုံးကပါးစပ်ကိုလက်နဲ့ပိတ်လိုက်ကြသည်။ထိုအခါမှသာတစ်ယောက်တစ်ပေါက်ထွက်နေတဲ့အသံတွေအားလုံးတိတ်ကျသွားတော့သည်။
သားလေးတွေကိုကြည့်လို့ဝမှအိပ်ပျော်နေတဲ့ဝေ့ရဲ့အနားကိုမိုးညိုဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။ထိုအခါဝေကသူ့လာတာကိုသတိထားမိသွားဟန်တူသည်။မှေးနေရာမှမျက်လုံးလေပွင့်လာခဲ့၏။ပြီနောက်သူ့ကိုပြုံးပြလေသည်။ဝေ့ရဲ့အပြုံးတွေကအရင်လိုလတ်ဆက်မှုမရှိတာတော့အမှန်ပင်...။
" ဝေ..."
ဝေ့ရဲ့အနားမှာမိုးညိုဝင်ထိုင်လိုက်သည်။ပြီးနောက်ဆေးချိတ်ထားတဲ့ဝေ့ရဲ့လက်တစ်ဖက်ကိုခပ်ဖွဖွလေးသူဆုပ်ကိုင်လိုက်၏။
" ပင်ပန်းသွာပြီ...ကိုမိုးညိုရဲ့အသက်လေးပင်ပန်းသွားပြီ..."
ဆံပင်လေးကိုသပ်တင်ပြီးပြောတော့အသက်လေးကသူ့ကိုမပီပြင်တဲ့အပြုံးလေးတစ်ခုစွန့်ကြဲလေသည်။ဝေ့ရဲ့အပြုံးကသူ့ရင်ထဲကအပူတွေကိုငြိမ်အေးစေသည်။
" ရပါတယ်..."
" ကျေးဇူးတင်ပါတယ်ဝေ...ကိုမိုးညိုလိုချင်ခဲ့တဲ့မိသားစုဘဝလေးကိုဖြည့်ဆည်ပေးလို့..."
ဒီတစ်ခါတော့ဝေကသူ့ကိုအသာလေးခေါင်းငြိမ့်ပြ၏။ပင်ပန်းနေတဲ့အသက်လေးကိုအားပေးတဲ့အနေနဲ့ဆုပ်ကိုင်ထားတဲ့လက်လေးကိုခပ်ဖွဖွလေးမိုးညိုနမ်းလိုက်မိသည်။
ကိုမိုးညိုရဲ့အနမ်းကြောင့်ဝေလေးရဲ့ပင်ပန်းမှုတွေပျောက်ကင်းပါစေ...။
" ကိုရဝေ...နေရတာအဆင်ပြေရဲ့လားဗျာ..."
နောက်ကျောကနေထွက်လာတဲ့အသံကြောင့်မိုးညိုလှည့်ကြည့်လိုက်မိတဲ့အခါ...။
ခုနကဆရာဝန်...။
" သြော်...ဆရာ..."
ဝေ့ရဲ့အခြေအနေကိုစမ်းသပ်ပေးဖို့ဖြစ်မည်။သို့နှင့်မိုးညိုလည်းဝေ့ရဲ့အနားကနေအလျင်အမြန်ထပေးလိုက်၏။
" နေ..နေ...ကိုမိုးညို...ရတယ်...ထိုင်နေ...ဘာမှမဖြစ်ဘူး...ကျွန်တော်ကိုရဝေရဲ့အခြေအနေကိုခဏလာကြည့်တာ..."
" ဟုတ်ကဲ့...ဆရာ..."
ဝေ့ကိုစမ်းသပ်နေတုန်းမိုးညိုလည်းဘေးနားကနေရပ်ကြည့်နေလိုက်သည်။သူ့တပည့်ကျော်နှစ်ကောင်နဲ့ဒေါ်လေးချိုမြတို့သားအမိနှစ်ယောက်ကတော့သားလေးတွေရဲ့အနားကနေအခုထိမခွာနိုင်ကြသေးပေ...။
" အားနည်းတာတစ်ခုပါပဲ...ကျန်တာတော့အကုန်ကောင်းတယ်...ဆေးရုံကတော့နောက်ထပ်(၃)ရက်လောက်နေပြီးမှပဲဆင်းလို့ရမယ်..."
" ဟုတ်ကဲ့ဆရာ..."
" ဒါဆို...ကျွန်တော့်ကိုခွင့်ပြုပါဦး..."
" ဟုတ်ကဲ့ဗျ...ကျေးဇူးတင်ပါတယ်ဆရာ..."
အခန်းထဲကဆရာဝန်ထွက်သွားတော့မှမိုးညိုလည်းဝေ့ရဲ့အနားကိုပြန်သွားလိုက်၏။အနားရောက်လာတဲ့သူ့ကိုဝေကတစ်ချက်ပြုံးပြပြီးနောက်မျက်လုံးလေးမှိတ်ကာမှေးနေလေတော့သည်။ပြန်အိပ်နေတဲ့အသက်လေးရဲ့ကိုယ်လုံးလေးကိုမိုးညိုစောင်ခြုံပေးလိုက်၏။အိပ်ပျော်နေတဲ့သူ့ရဲ့အသက်လေးအိပ်မက်လှလှမက်စေဖို့နဖူးလေးကိုခပ်ဖွဖွလေးမိုးညိုနမ်းလိုက်သည်။
ကိုမိုးညိုရဲ့အနမ်းကြောင့်အိမ်မက်လှလှလေးမက်ပါစေခလေးငယ်...။
" အာစိ...ကျွန်တော်တို့စားစရာသွားဝယ်မလို့...အာစိအတွက်ဘာဝယ်ပေးခဲ့ရမလဲ..."
" အဆင်ပြေတာဝယ်ခဲ့ကွာ...သြော်...နေဦး...ရသော်..."
" ရှင်..."
" နင့်အစ်ကိုစားဖို့အသီလေးဘာလေးဝယ်ခဲ့...ပြီးတော့...ကြက်သားဆန်ပြုတ်ဖြစ်ဖြစ်...နို့ဆန်ပြုတ်ဖြစ်ဖြစ်ရရင်ဝယ်ခဲ့..."
" ဟုတ်ကဲ့..."
ဝတုတ်တို့ထွက်သွားတော့အခန်းထဲမှာသူရယ်၊ဒေါ်လေးချိုမြရယ်သာကျန်ခဲ့လေသည်။သားလေးနှစ်ယောက်ရဲ့ဘေးမှာထိုင်နေတဲ့ဒေါ်လေးချိုမြကတစ်ခါတစ်ခါငိုက်ငိုက်ကျနေ၏။
" ဒေါ်လေး...ခဏလောက်အိပ်လိုက်ပါလား..."
" အေအေ...ဒေါ်လေးခဏလောက်အိပ်ဦးမယ်ကွယ်..."
ဒေါ်လေးချိုမြကိုကြည့်ရတာအရမ်းကိုအိပ်ချင်နေပုံရသည်။သူ့ကိုစကားလှမ်းပြောတာတောင်မျက်လုံးကမပွင့်ပေ...။လူကြီးတစ်ယောက်လည်းဖြစ်တဲ့အပြင်တစ်ညလုံးလည်းမအိပ်ခဲ့ရတော့အရမ်းကိုအိပ်ချင်နေမှာပေါ့...။နောက်ဆုံးမှာတော့ဒေါ်လေးချိုမြကအခန်းထောင့်မှာချထားတဲ့ဒရင်းဘတ်အပိုတစ်ခုပေါ်မှာသွားရောက်အိပ်ချလိုက်တော့သည်။
အိပ်နေတဲ့သူရော၊စားစရာသွားဝယ်တဲ့သူရောဆိုတော့အခန်းထဲမှာသူ့တစ်ယောက်တည်းကြောင်တောင်တောင်ဖြစ်နေရသည်။သို့နှင့်သူလည်းအပျင်းပြေစေဖို့အတွက်သားလေးတွေရဲ့အနားကိုလျှောက်သွားလိုက်ပြီးမှေးနေတဲ့အကောင်ပေါက်လေးတွေကိုတစိမ့်စိမ့်နဲ့သာထိုင်ကြည့်နေလိုက်တော့သည်။
အဖေ့ရဲ့အသက်လေးတွေ...။
အဖေ့ရဲ့ရှင်သန်ရာလေးတွေ...။
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
(၄)လခန့္ၾကာၿပီးတဲ့ေနာက္
တနဂၤေႏြေန႕ည(၁၀)ခြဲဝန္းက်င္....။
ခပ္ေဝးေဝးကလႊင့္ပ်ံလာတဲ့စကားသံေတြကလြဲၿပီးပတ္ဝန္းက်င္တစ္ခြင္လုံးတိတ္ဆိတ္ၿငိမ္သက္ေနသည္။တစ္ခါတစ္ခါလမ္းေလွ်ာက္သံ၊ေျပးသံေတြကနီးလာလိုက္၊ေဝးသြားလိုက္နဲ႕...။ဒါ့အျပင္အေပၚမ်က္ႏွာက်က္ကဒလက္ပန္ကာႏွစ္ခုကလည္း " တဝီဝီ " နဲ႕ျမည္ကာအခန္းထဲကလူေတြကိုေအးျမမႈေပးေနေလရဲ႕...။
သို႔ေသာ္...။
ထိုေအးျမမႈရဲ႕ဒဏ္ကိုမခံစားနိုင္တဲ့သူေတြကေတာ့...။
ခြဲခန္းအေရွ႕မွာမိုးညိုတစ္ေယာက္ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ေနမိတာဘယ္ႏွစ္ႀကိမ္ေျမာက္မွန္းမသိေတာ့ေခ်...။
လႈပ္ရွားေနတဲ့စိတ္နဲ႕အတူပူေလာင္ေနတဲ့ရင္တစ္ခုလုံးေၾကာင့္လူကမီးခဲဖင္ခုထိုင္ထားရသလိုထိုင္မရထမရျဖစ္ေနမိသည္။ခြဲခန္းအေရွ႕ကိုေျပးသြားလိုက္၊ဒီဘက္ကိုျပန္လာလိုက္နဲ႕မိုးညိုတစ္ေယာက္ေဆာက္တည္ရာမရျဖစ္ေန၏။
ခြဲခန္းထဲကလူသားေလးအဆင္ေျပဖို႔အတြက္ဟိုအသုတ္၊ဒီအသုတ္႐ြတ္ခ်င္ေပမယ့္လူကအၿမဲေသာက္စားမူးယစ္ေနခဲ့တာဆိုေတာ့စားလို႔ရတဲ့အသုတ္ကလြဲၿပီးက်န္တာမိုးညိုမသိေပ...။ထို႔ေၾကာင့္ရတဲ့ဩကာသသုံးခြန္းကိုသာဖင္တစ္ျပန္၊ေခါင္းတစ္ျပန္႐ြတ္ဆိုေနမိေတာ့သည္။ဒါ့အျပင္႐ြာထိပ္ကေစတီကိုလည္းစိတ္ထဲကေနရည္မွန္းကာအေခါက္ေခါက္အခါခါသူကန္ေတာ့ေနမိသည္။
အရွင္ဘုရား...။
ေဝဘာမွမျဖစ္ပါေစနဲ႕...။
ျပဳခဲ့တဲ့ကုသိုလ္ေကာင္းမႈအစုစုတို႔ေၾကာင့္ေဝတစ္ေယာက္ေလွ်ာေလွ်ာရႉရႉေမြးနိုင္ပါေစ...။
" အာစိ...ခဏေလာက္ထိုင္ပါဦးလား..."
ရေဝခြဲခန္းထဲဝင္သြားၿပီးကတည္းကအာစိတစ္ေယာက္ဟိုေလွ်ာက္လိုက္၊ဒီေလွ်ာက္လိုက္လုပ္ေနတာအခ်ိန္အေတာ္ၾကာေနၿပီးျဖစ္သည္။မ်က္ႏွာတစ္ခုလုံးလည္းပ်က္ယြင္းကာေခြၽးသီးေခြၽးေပါက္ေတြက်ေန၏။ပါးစပ္ကလည္းတစ္တြတ္တြတ္႐ြတ္ကာဂဏာမၿငိမ္ျဖစ္ေနတဲ့အာစိၾကည့္ၿပီးဝတုတ္တို႔မူးေနာက္လာေတာ့သည္။အာစိကိုၾကည့္ရတာသူ႕ေယာက္်ားအတြက္အရမ္းကိုစိတ္ပူေနမွန္းသိသာလွသည္။
အာစိကသူ႕စကားကိုၾကားပုံမရေပ...။ေလွ်ာက္ၿမဲ၊ေလွ်ာက္ဆဲသာ...။ထို႔ေၾကာင့္ဝတုတ္တစ္ေယာက္ထိုင္ရာကေနထကာခြဲခန္းအေရွ႕မွာမတ္တပ္ရပ္ေနတဲ့အာစိအနားကိုသြားလိုက္၏။
" အာစိ...လာဗ်ာ...ခဏေလာက္ထိုင္ရေအာင္..."
" မထိုင္ဘူး...မင္းတို႔ပဲထိုင္..."
သူ႕လက္ကိုဆြဲျဖဳတ္ကာအေနာက္ကိုျပန္ေလွ်ာက္သြားတဲ့အာစိကိုၾကည့္ၿပီးဝတုတ္တစ္ေယာက္သက္ျပင္းခ်လိဳက္မိေတာ့သည္။အာစိရဲ႕ခံစားခ်က္ေတြကအရမ္းကိုျပင္းထန္ေနသည္။ၿပီးေတာ့အသက္ရႉသံကအစျပင္းထန္ေန၏။ဆံပင္ေတြပြေယာင္ကာမ်က္တြင္းေဟာက္ပက္ျဖစ္ေနတဲ့အာစိကအရမ္းကိုပင္ပန္းေနတယ္ဆိုတာဝတုတ္သိသည္။
" ဘယ္လိုလဲ...ေခၚလို႔မရဘူးမလား..."
ငေက်ာ့္ကိုသူေခါင္းခါျပလိုက္၏။ဝတုတ္အေျဖေၾကာင့္ငေက်ာ္လည္းသက္ျပင္းကိုမသိမသာေလးခ်လိဳက္မိေလေတာ့သည္။အခုခ်ိန္မွာအာစိကသူတို႔ဘယ္လိုေျပာေျပာနားဝင္မွာမဟုတ္ေပ...။သူ႕စိတ္၊သူ႕အေတြးထဲမွာရေဝကလြဲၿပီးက်န္တာအားလုံးေမွာင္မိုက္ေန၏။
သူတို႔ရဲ႕အာစိအရမ္းကိုပင္ပန္းလြန္းေနၿပီး...။
" ေဒၚေလး..."
" ေဟ..."
" အဂၤုလိမာလသုတ္ေလး႐ြတ္ေပးဦးေနာ္..."
" ေအေအ..."
ကိုယ္မရေတာ့ရတဲ့သူကိုပဲမိုးညိုအားကိုးေနရသည္။ " ဟိုအသုတ္ေလးကေမြးရဖြားရလြယ္တယ္၊ဒီအသုတ္ေလးကအႏၲရာယ္ကင္းတယ္ " ဆိုလို႔ၾကားဖူးနားဝရွိတဲ့အသုတ္မွန္သမွ်ေဒၚေလးခ်ိဳျမကို႐ြတ္ခိုင္းရသည္။သူေျပာသမွ်ကိုလည္းေဒၚေလးခ်ိဳျမကမၿငီးမျငဴ႐ြတ္ေပးရွာပါသည္။
ေဒၚခ်ိဳျမတစ္ေယာက္ခုံမွာထိုင္ေနေပမယ့္ေအးေအးေဆးထိုင္ရတယ္လို႔ကိုမရွိေပ...။" ေဒၚေလး...ဟိုအသုတ္ေလး႐ြတ္ေပးပါဦး " ဆိုလို႔သမက္ျဖစ္သူအလိုက်ေဒၚခ်ိဳျမ႐ြတ္ေပးရသည္။" ေဒၚေလး...ဒီအသုတ္ေလးလည္း႐ြတ္ေပးပါဦး " ဆိုလို႔မၿငီးမျငဴ႐ြတ္ေပးရျပန္သည္။
အဲ့ဒါတင္မကေသး...။
" ႐ြတ္ေနရင္းနဲ႕ပုတီးေလးပါစိပ္ " ဆိုၿပီးလက္ထဲကိုေရာက္လာတာကဘယ္ကရွာလာမွန္းမသိတဲ့ပုတီးစိပ္တစ္ခု...။အခုေတာ့ေဒၚခ်ိဳျမတစ္ေယာက္သမက္ျဖစ္သူရဲ႕ေကာင္းမႈေၾကာင့္လက္ေရာ၊ပါးစပ္ပါအၿငိမ္မေနရေတာ့ေပ...။
လက္ကလည္းစိပ္ေနရသလို၊ပါးစပ္ကလည္းမနားတမ္း႐ြတ္ေနရသည္။ေမြးခဲ့တဲ့သားသမီးႏွစ္ေယာက္အတြက္ေတာင္ဒီေလာက္ထိသူမ,မလုပ္ခဲ့ဖူးေပ...။အခုေတာ့သမက္အလိုက်ေဒၚခ်ိဳျမကရေလၿပီး...။
" ေဒၚေလး...ေမတၱာသုတ္ေလးပါ..."
" ဟဲ့...ေနပါဦးမိုးညိုရယ္...အဂၤုလိမာလသုတ္ကိုၿပီးေအာင္႐ြတ္ပါရေစဦး...နင့္မလည္း...ငါ့ကိုဇာတ္မင္းသမီးထင္ေနလားမသိပါဘူးေတာ္...လက္လည္းအၿငိမ္မေနရ၊ပါးစပ္လည္းအၿငိမ္မေနရ..."
ေဒၚခ်ိဳျမတစ္ေယာက္သမက္ျဖစ္သူကိုၾကည့္မရေတာ့ေပ...။ဒီေကာင္ေလးေတာ္ေတာ္တရားလြန္ေနၿပီး...။ကိုယ့္ေယာက္်ားေမြးမွာကိုသိရဲ႕သားနဲ႕အစကတည္းကလိုအပ္တာေတြျပင္ဆင္ထားတာမဟုတ္ဘူး...။အခုေတာ့ " အရပ္ကူပါ၊လူဝိုင္းပါ " ျဖစ္ေနရေလၿပီး...။
ဒါေတာင္သားျဖစ္သူကိုမေမြးခင္ႏွစ္ပတ္အလိုကတည္းကေဆး႐ုံတင္ထားလို႔...။မဟုတ္ရင္ေယာက္ယက္ခတ္ေနတဲ့သူ႕ပုံစံနဲ႕ဆိုသားျဖစ္သူကလွည္းလမ္းေၾကာင္းမွာပဲေမြးရေလာက္သည္။သမက္ျဖစ္သူကိုေအာ္လိုက္မိတဲ့အတြက္အခုေတာ့ေဒၚခ်ိဳျမတစ္ေယာက္အဂၤုလိမာလသုတ္ကိုအစကျပန္႐ြတ္ေနရေလၿပီး...။
" ထိုင္ပါဦးလားကိုမိုးညိုရယ္...ဟိုေလွ်ာက္လိုက္၊ဒီေလွ်ာက္လိုက္နဲ႕...မေမာဘူးလား..."
ေဒၚခ်ိဳျမေဘးမွာထိုင္ေနတဲ့ရေသာ္ကဂနာမၿငိမ္ျဖစ္ေနတဲ့ကိုမိုးညိုကိုေတာင္းပန္ခယတဲ့မ်က္လုံးနဲ႕ၾကည့္ကာေျပာလိုက္၏။ကိုမိုးညိုကိုထိုင္ခိုင္းမွရေတာ့မည္။မဟုတ္ရင္ကိုမိုးညိုကိုၾကည့္ရိုးရိုးနဲ႕သူတို႔မူးလဲေတာ့မည္။
" မထိုင္နိုင္ပါဘူးဟာ...ခြဲခန္းထဲမွာငါ့ေယာက္်ားကအသက္လုၿပီးေမြးေနရတာကို...ငါကဘယ္လိုစိတ္နဲ႕ေအးေအးေဆးေဆးထိုင္ေနလို႔ရမွာလဲ...နင္တို႔ဖာသာထိုင္ေန..."
လာျပန္ၿပီးေနာက္တစ္ေယာက္...။
ဘယ္လိုျဖစ္ၿပီးလူကိုထိုင္ဖို႔ပဲခဏခဏေျပာေနၾကလည္းမသိေပ...။လူကဒီေလာက္စိတ္လႈပ္ရွားၿပီးပူေလာင္ေနတာကိုဘယ္လိုလုပ္ၿပီးထိုင္လို႔ရမွာလဲ...။
အခုဆိုပိုဆိုး...။
ပိတ္ထားတဲ့ခြဲခန္းကျပန္ကိုပြင့္မလာေတာ့ေပ...။
အခ်ိန္ကလည္းအရမ္းကိုၾကာလြန္းလွသည္။အခုထိခြဲခန္းကထြက္မလာေသးတဲ့ဆရာဝန္ေတြေၾကာင့္ပူေလာင္ေနတဲ့သူ႕ရင္ကအခုေတာ့ႏွစ္ဆပိုၿပီးပူေလာင္ေနရ၏။ဆရာဝန္ေတြထြက္လာနိုး၊ထြက္လာနိုးနဲ႕ေမွ်ာ္ေနတာသူ႕လည္ပင္းေတာင္သစ္ကုလားအုတ္လည္ပင္းေလာက္ျဖစ္ေတာ့မည္။
" ေဝတစ္ခုခုျဖစ္ေနလို႔မ်ားလား " ဆိုတဲ့မေတြးအပ္တတ္တဲ့အေတြးေတြလည္းသူ႕ရဲ႕မသိစိတ္ထဲမွာေနရာဝင္ယူထားေလၿပီး...။
ေက်းဇူးျပဳၿပီး,ေဝဘာမွမျဖစ္ပါေစနဲ႕...။
မိုးညိုတစ္ေယာက္ပူေလာင္ေနတဲ့ရင္ကိုခဏေမ့ကာခြဲခန္းတံခါးဖြင့္လာမယ့္အခ်ိန္ကိုသာလည္ပင္းတရွည္ရွည္နဲ႕ေစာင့္ေနမိသည္။
" ကြၽီ..."
" ဟာ...ဖြင့္ၿပီး...ဖြင့္ၿပီး..."
အခ်ိန္အေတာ္ၾကာပိတ္ထားတဲ့ခြဲခန္းတံခါးက႐ုတ္တရပ္ပြင့္လာတာေၾကာင့္သူတို႔အားလုံးလႈပ္လႈပ္ရွားရွားျဖစ္ကုန္ၾကသည္။ထိုအခါခြဲခန္းထဲကထြက္လာတဲ့ဆရာဝန္ရဲ႕အနားကိုမိုးညိုခ်က္ျခင္းေျပးသြားလိုက္၏။က်န္တဲ့လူေတြကလည္းမိုးညိုရဲ႕အေနာက္ကေနထပ္ၾကပ္မကြာလိုက္လာၾကေလသည္။
" ဆရာ...ကြၽန္ေတာ့္...ကြၽန္ေတာ့္ေယာက္်ားဘာေလးေမြးလဲဟင္..."
တိတ္ဆိတ္ေနတဲ့အခန္းကအခုေတာ့မိုးညိုရဲ႕ေဆာက္တည္ရာမရေမးသံေတြနဲ႕ဟိန္းထြက္ေနသည္။အခ်ိန္အေတာ္ၾကာမွပြင့္လာတဲ့ခြဲခန္းတံခါးေၾကာင့္ဆရာဝန္ကိုအေလာတႀကီးသူေမးလိုက္ျခင္းျဖစ္သည္။က်န္တဲ့သူေတြကလည္းဆရာဝန္ဆီကထြက္လာမယ့္အေျဖကိုေမွ်ာ္လင့္တႀကီးနဲ႕ေစာင့္စားေနၾကေလရဲ႕...။
" ဂုဏ္ယူပါတယ္ကိုမိုးညို...ခင္ဗ်ားေယာက္်ားအမႊာသားဦးေလးေတြေမြးပါတယ္..."
" ဗ်ာ..."
" ရွင္..."
" ဟယ္..."
နားထဲကိုတိုးဝင္လာတဲ့စကားေၾကာင့္မိုးညိုတစ္ေယာက္ၾကက္ေသေသေနမိသည္။ၾကားလိုက္ရတဲ့စကားေၾကာင့္လူကစိတ္ေတြပိုၿပီးလႈပ္ရွားလာခဲ့သလိုလက္ေတြပါတုန္ယင္လာခဲ့ေတာ့သည္။
ေဝကအမႊာေလးေမြးတယ္တဲ့လား...။အမႊာေလးေတာင္မွသူသိပ္ကိုလိုခ်င္ေနတဲ့ေယာက္်ားေလးေတြတဲ့လား...။
သူအိမ္မက္မက္ေနတာလား...။
" ကြၽန္ေတာ့္ေယာက္်ားကအမႊားေလးေမြးတယ္...ဟုတ္လားဆရာ..."
" ဟုတ္ပါတယ္ဗ်ာ...ခေလးေတြေရာ၊ဖခင္ပါအကုန္က်န္းမာပါတယ္...ေနာက္(၅)မိနစ္ေလာက္ေနမွကေလးေတြကိုၾကည့္လို႔ရမွာပါ..."
ဆရာဝန္ရဲ႕ထပ္မံအတည္ျပဳခ်က္အဆုံးမွာေတာ့အခ်ိန္အေတာ္ၾကာရစ္ဝဲေနတဲ့မ်က္ရည္ဥမ်ားကပါးျပင္ေပၚကိုအရွိန္အဟုန္နဲ႕စီးက်လာခဲ့ေလေတာ့သည္။
ဒါဆိုသူအိမ္မက္မက္ေနတာမဟုတ္ဘူးေပါ့...။
ေဝကသူ႕အတြက္သားေလးႏွစ္ေယာက္ေမြးေပးတယ္တဲ့လား...။ေနာက္ဆုံးေတာ့သူေမွ်ာ္လင့္ခဲ့ရတဲ့ဒီေန႕ေလးကိုေရာက္လာခဲ့ၿပီး...။
ေက်ာက္႐ုပ္ႀကီးတစ္႐ုပ္လိုေတာင့္ေတာင့္ႀကီးရပ္ေနမိတဲ့သူ႕ကိုဆရာဝန္ကဂုဏ္ျပဳတဲ့အေနနဲ႕ပခုံးကိုတစ္ခ်က္ပုတ္ကာထြက္သြားေလေတာ့သည္။က်န္တဲ့သူေတြကလည္းတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီးအံ့ဩဝမ္းသာျဖစ္ေနၾကသည္။
" ငါတို႔အာစိကေတာ့ခေလးအေဖျဖစ္သြားၿပီေဟ့..."
" အာစိႀကီးကိုၾကည္စမ္းပါဦးကြာ...ၿပဳံးေနလိုက္တာ...သြားဖုံးကြၽတ္က်ေတာ့မယ္..."
" ဟား...ဟား..."
သူ႕ကိုၾကည့္ၿပီးရယ္ေနတဲ့တပည့္ေက်ာ္ႏွစ္ေကာင္ကိုလည္းအခုခ်ိန္မွာသူဘာမွျပန္မေျပာနိုင္ေပ...။
အခုခ်ိန္မွာသူေပ်ာ္ေနတာပဲသိသည္။
" ခေလးေတြကိုျမင္ခ်င္လွၿပီးအေမရယ္..."
" ဟုတ္ပေတာ္...ငါ့ေျမေလးေတြကိုျမင္ခ်င္လွၿပီး..."
အမႊားေလးႏွစ္ေယာက္ဆိုေတာ့ဘယ္လိုပုံစံမ်ိဳးေလးျဖစ္မလဲမသိေပ...။ " သမက္ျဖစ္သူရဲ႕အသားအရည္လိုမဲမဲလုံးလုံးေလးလာမလား၊သားျဖစ္သူလိုျဖဴျဖဴဥဥေလးလာမလား " ဆိုတာေဒၚခ်ိဳျမတို႔အရမ္းကိုသိခ်င္ေနၾကၿပီးျဖစ္သည္။ဘယ္လိုပုံစံပဲျဖစ္ျဖစ္သူမတို႔မိသားစုကခေလးခ်စ္တတ္တာဆိုေတာ့ဒီခေလးေလးႏွစ္ေယာက္လည္းသူမတို႔ရဲ႕အသည္းေက်ာ္ေလးျဖစ္လာဦးမွာေသခ်ာသည္။
" ငါခေလးအေဖျဖစ္ၿပီးကြ...ဟား...ဟား..."
႐ုတ္တရက္ဟိန္းထြက္လာတဲ့မိုးညိုရဲ႕အသံေၾကာင့္ေဘးကအသံေတြတိခနဲ႕တိတ္က်သြား၏။ၿပီးေနာက္ထူးဆန္းတဲ့အၾကည့္ေတြနဲ႕မိုးညိုကိုဝိုင္ၾကည့္ၾကေလေတာ့သည္။
" အေမ...အေမ့သမက္ကိုၾကည့္ပါဦး...႐ူးေနၿပီးလားမသိဘူး..."
သမီးျဖစ္သူရဲ႕စကားေၾကာင့္ေဒၚခ်ိဳျမတစ္ေယာက္လန့္ျဖန့္သြားမိ၏။ၿပီးေနာက္ရေသာ့္ရဲ႕လက္ေမာင္းကိုခပ္ဆက္ဆက္ေလးလွမ္းရိုက္ကာ...
" ဟဲ့...ေအာ္...ဒီခေလးမကေတာ့...႐ူးစရားလာဟဲ့...မၾကားဖူးဘူးလား " သက္ဦး၊အ႐ူး " တဲ့...ဘယ္မိဘမဆိုသားဦးေလးေမြးရင္ဒီလိုပဲအနည္းနဲ႕အမ်ားေတာ့ခံစားရတာပဲ..."
" နင့္အေဖဆိုလည္းနင့္အစ္ကို,ကိုေမြးတုန္းကဆိုဒီ့ထက္ေတာင္ဆိုးေသး...ပုဆိုးစလြယ္သိုင္းၿပီးေတာ့ကို႐ြာတပတ္ေလွ်ာက္ေျပးေနတာ..."
" ေၾသာ္...အဲ့လိုလား..."
" ဟုတ္ပ..."
ေျပာသာေျပာလိုက္ရတာ...။သမက္ျဖစ္သူကိုၾကည့္လိုက္မိေတာ့သမီးေျပာသလို႐ူးေနတာလားမသိေပ...။
တစ္ေယာက္တည္းရယ္လိုက္၊ငိုလိုက္နဲ႕...။ရယ္တာေတာင္ေလေပၚကိုခုန္တက္ၿပီးရယ္လိုက္ေသးသည္။မသိရင္လူကဗ်ိဳင္းပ်ံေနသလိုလို...။သူ႕ေယာက္်ားပတ္ေျပးတာေတာင္ဒီ့ထက္ၾကည့္ေကာင္းေသးသည္။
" ဟဲ့...ဟိုႏွစ္ေကာင္...နင္တို႔အာစိကိုသြားထိန္းဦး...လိုအပ္ရင္တစ္ေနရာရာကိုပို႔ရေအာင္..."
" ဟုတ္ကဲ့...ေဒၚေလး..."
ေဒၚခ်ိဳျမရဲ႕စကားေၾကာင့္ဝတုတ္တို႔ႏွစ္ေယာက္ဂဏာမၿငိမ္ျဖစ္ေနတဲ့မိုးညိုအနားကိုအလ်င္းအျမန္သြားလိုက္၏။ထိုစဥ္အခန္းတစ္ခုထဲကထြက္လာတဲ့နာစ့္မေလးတစ္ေယာက္ကသူတို႔အနားကိုေလွ်ာက္လာေလသည္။
" အားလုံးပဲ...ေမြးလူနာကိုၾကည့္လို႔ရပါၿပီရွင္..."
" ဟာ...ၾကည့္လို႔ရၿပီတဲ့...သြားရေအာင္...သြားရ...ေၾသာ္..."
ရေသာ့္ရဲ႕ေအာ္သံေတာင္မဆုံးေသး...။မိုးညိုတစ္ေယာက္ကေတာ့နာစ့္မအေနာက္ကိုေကာက္ေကာက္ပါေအာင္လိုက္သြားေလၿပီး...။
---------------------------------------------------------
အျဖဴေရာင္အႏွီးထုတ္ေလးႏွစ္ထုတ္ကိုၾကည့္ၿပီးမိုးညိုတစ္ေယာက္စိတ္ေတြလႈပ္ရွားေန၏။အႏွီးထုတ္ေလးထဲကနီတာရဲေလးႏွစ္ေယာက္ကေတာ့မ်က္လုံးေလးမွိတ္ကာၿငိမ္သက္ေနေလရဲ႕...။
ဒါေလးေတြကသူ႕ရဲ႕ေသြးသား၊သူ႕ရဲ႕သားေလးေတြတဲ့လား...။
အႏွီးထုတ္ေလးထဲအေကာင္ေပါက္ေလးေတြကိုထိဖို႔မိုးညိုမဝံ့မရဲျဖစ္ေနမိသည္။သူ႕ရဲ႕ၾကမ္းေထာ္ေနတဲ့လက္နဲ႕ထိလိုက္လို႔သားေလးေတြထငိုမလားဆိုၿပီးမသိစိတ္ကစိုးရိမ္ေနမိျပန္သည္။ဒါေၾကာင့္အသက္ဘူးေလးေတြကိုဒီအတိုင္သာသူေငးၾကည့္ေနမိ၏။
သားေလးႏွစ္ေယာက္ကအမႊာသာဆိုသည္။မ်က္ႏွာေပါက္ခ်င္းမတူၾကေပ...။တစ္ေယာက္ကသူနဲ႕မ်က္ႏွာေပါက္ဆင္သည္။တစ္ေယာက္ကေတာ့ေဝ့ရဲ႕မ်က္ႏွာကိုခြၽတ္ၿပီးစြတ္ထားတဲ့အတိုင္းပင္...။ဒီအေကာင္ေပါက္ေလးေတြက(၂)မိနစ္သာျခားၿပီးေမြးလာသည္တဲ့ေလ...။
သူနဲ႕တူတဲ့သားေလးအျပင္၊ေနာက္ထပ္အပိုလက္ေဆာင္အေနနဲ႕ခ်စ္ရသူရဲ႕ကိုယ္ပြားေလးကိုပါထပ္မံရခဲ့တဲ့အတြက္မိုးညိုတစ္ေယာက္ေျပာမျပတတ္ေအာင္ဝမ္းသာေနမိသည္။သားေလးေတြၾကည့္ၿပီးၿပဳံးရလြန္းလို႔လည္းပါးစပ္ကနား႐ြက္တက္ခ်ိတ္ေတာ့မည္။
" အမေလ...ငါ့ေျမေလးေတြကၿငိမ္ေနလိုက္တာေတာ္..."
" ဟုတ္ပါ့အေမရယ္...အိပ္ေပ်ာ္ေနတာလားမသိဘူးေနာ္..."
" အိပ္ေပ်ာ္ေနလို႔ေပါ့ရေသာ္ေလးရဲ႕...ဒါေၾကာင့္မငိုပဲၿငိမ္ေနတာ..."
" မဟုတ္ပါဘူးကြာ...ေလာကႀကီးထဲကိုအခုမွစေရာက္လာတာဆိုေတာ့ပင္းပန္းသြားလို႔ခဏနားေနတာ..."
လာပါၿပီး...။
ဥာဏ္ႀကီးရွင္ကိုဝတုတ္ရဲ႕ေပါက္ကရစကား...။
သူ႕သားႏွစ္ေယာက္ကိုၾကည့္ၿပီးအားလုံးကတစ္ေယာက္တစ္ေပါက္နဲ႕ကိုယ္ထင္ရာကိုယ္ေျပာေနၾက၏။မသိရင္တိုင္းျပည္အတြက္ရဲ႕အနာဂတ္အတြက္ေဗဒင္လကၡဏာၾကည့္ေနၾကတဲ့ပုေရာဟိတ္ႀကီးေတြလိုလို...။
" ရႉး...တိုးတိုးေနၾက..."
မိုးညိုရဲ႕သတိေပးစကားေၾကာင့္အားလုံးကပါးစပ္ကိုလက္နဲ႕ပိတ္လိုက္ၾက၏။ထိုအခါမွတစ္ေယာက္တစ္ေပါက္ထြက္ေနတဲ့အသံေတြအားလုံးတိတ္က်သြားေတာ့သည္။
သားေလးေတြကိုၾကည့္လို႔ဝမွအိပ္ေပ်ာ္ေနတဲ့ေဝ့ရဲ႕အနားကိုမိုးညိုတစ္ေယာက္ျဖည္းျဖည္းခ်င္းေလွ်ာက္သြားလိုက္သည္။ထိုအခါေဝကသူ႕လာတာကိုသတိထားမိသြားသည္ျဖစ္မည္။မ်က္လုံးေလပြင့္လာခဲ့၏။ၿပီေနာက္သူ႕ကိုၿပဳံးျပလာခဲ့ေလသည္။ေဝ့ရဲ႕အၿပဳံးေတြကအရင္လိုလတ္ဆက္မႈမရွိတာေတာ့အမွန္ပင္...။
" ေဝ..."
ေဝ့ရဲ႕အနားမွာမိုးညိုဝင္ထိုင္လိုက္သည္။ၿပီေနာက္ေဆးခ်ိတ္ထားတဲ့ေဝ့ရဲ႕လက္တစ္ဖက္ကိုခပ္ဖြဖြေလးမိုးညိုဆုပ္ကိုင္လိုက္၏။
" ပင္ပန္းသြာၿပီး...ကိုမိုးညိုရဲ႕အသက္ေလးပင္ပန္းသြားၿပီး..."
ဆံပင္ေလးကိုသပ္တင္ၿပီးေျပာလိုက္ေတာ့အသက္ေလးကသူ႕ကိုမပီျပင္တဲ့အၿပဳံးေလးတစ္ခုစြန့္ႀကဲလာေလသည္။ေဝ့ရဲ႕အၿပဳံးကသူ႕ရင္ထဲကအပူေတြကိုၿငိမ္ေအးေစသည္။
" ရပါတယ္..."
" ေက်းဇူးတင္ပါတယ္ေဝ...ကိုမိုးညိုလိုခ်င္ခဲ့တဲ့မိသားစုဘဝေလးကိုျဖည့္ဆည္ေပးလို႔..."
ဒီတစ္ခါေတာ့ေဝကသူ႕ကိုအသာေလးေခါင္းၿငိမ့္ျပ၏။ပင္ပန္းေနတဲ့အသက္ေလးကိုအားေပးတဲ့အေနနဲ႕ဆုပ္ကိုင္ထားတဲ့လက္ေလးကိုခပ္ဖြဖြေလးမိုးညိုနမ္းလိုက္မိသည္။
ကိုမိုးညိုရဲ႕အနမ္းေၾကာင့္ေဝေလးရဲ႕ပင္ပန္းမႈေတြေပ်ာက္ကင္းပါေစ...။
" ကိုရေဝ...ေနရတာအဆင္ေျပရဲ႕လားဗ်ာ..."
ေနာက္ေက်ာကေနထြက္လာတဲ့အသံေၾကာင့္မိုးညိုလွည့္ၾကည့္လိုက္မိေတာ့ခုနကဆရာဝန္...။
" ေၾသာ္...ဆရာ..."
ေဝ့ရဲ႕အေျခအေနကိုစမ္းသပ္ေပးဖို႔ျဖစ္မည္။သို႔ႏွင့္မိုးညိုတစ္ေယာက္ေဝ့ရဲ႕အနားကေနအလ်င္အျမန္ထေပးလိုက္၏။
" ေန..ေန...ကိုမိုးညို...ရတယ္...ထိုင္ေန...ဘာမွမျဖစ္ဘူး...ကြၽန္ေတာ္ကိုရေဝရဲ႕အေျခအေနကိုခဏလာၾကည့္တာ..."
" ဟုတ္ကဲ့...ဆရာ..."
ေဝ့ကိုစမ္းသပ္ေနတုန္းမိုးညိုလည္းေဘးနားကေနရပ္ၾကည့္ေနလိုက္၏။သူ႕တပည့္ေက်ာ္ႏွစ္ေကာင္နဲ႕ေဒၚေလးခ်ိဳျမတို႔သားအမိႏွစ္ေယာက္ကေတာ့သားေလးေတြရဲ႕အနားကေနအခုထိမခြာနိုင္ၾကေသးေပ...။
" အားနည္းတာတစ္ခုပါပဲ...က်န္တာေတာ့အကုန္ေကာင္းတယ္...ေဆး႐ုံကေတာ့ေနာက္ထပ္(၃)ရက္ေလာက္ေနၿပီးမွပဲဆင္းလို႔ရမယ္..."
" ဟုတ္ကဲ့ဆရာ..."
" ဒါဆို...ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး..."
" ဟုတ္ကဲ့ဗ်...ေက်းဇူးတင္ပါတယ္ဆရာ..."
အခန္းထဲကဆရာဝန္ထြက္သြားေတာ့မွမိုးညိုလည္းေဝ့ရဲ႕အနားကိုျပန္သြားလိုက္၏။အနားေရာက္လာတဲ့သူ႕ကိုေဝကတစ္ခ်က္ၿပဳံးျပၿပီးေနာက္မ်က္လုံးေလးမွိတ္ကာေမွးေနေလေတာ့သည္။ျပန္အိပ္ေနတဲ့အသက္ေလးရဲ႕ကိုယ္လုံးေလးကိုမိုးညိုေစာင္ၿခဳံေပးလိုက္၏။အိပ္ေပ်ာ္ေနတဲ့သူ႕ရဲ႕အသက္ေလးအိပ္မက္လွလွမက္ေစဖို႔နဖူးေလးကိုခပ္ဖြဖြေလးမိုးညိုနမ္းလိုက္ေလသည္။
ကိုမိုးညိုရဲ႕အနမ္းေၾကာင့္အိမ္မက္လွလွေလးမက္ပါေစခေလးငယ္...။
" အာစိ...ကြၽန္ေတာ္တို႔စားစရာသြားဝယ္မလို႔...အာစိအတြက္ဘာဝယ္ေပးခဲ့ရမလဲ..."
" အဆင္ေျပတာဝယ္ခဲ့ကြာ...ေၾသာ္...ေနဦး...ရေသာ္..."
" ရွင္..."
" နင့္အစ္ကိုစားဖို႔အသီေလးဘာေလးဝယ္ခဲ့...ၿပီေတာ့...ၾကက္သားဆန္ျပဳတ္ျဖစ္ျဖစ္...နို႔ဆန္ျပဳတ္ျဖစ္ျဖစ္ရရင္ဝယ္ခဲ့..."
" ဟုတ္ကဲ့..."
ဝတုတ္တို႔ထြက္သြားေတာ့အခန္းထဲမွာသူရယ္၊ေဒၚေလးခ်ိဳျမရယ္သာက်န္ခဲ့ေလသည္။သားေလးႏွစ္ေယာက္ရဲ႕ေဘးမွာထိုင္ေနတဲ့ေဒၚေလးခ်ိဳျမကတစ္ခါတစ္ခါငိုက္ငိုက္က်ေန၏။
" ေဒၚေလး...ခဏေလာက္အိပ္လိုက္ပါလား..."
" ေအေအ...ေဒၚေလးခဏေလာက္အိပ္ဦးမယ္ကြယ္..."
ေဒၚေလးခ်ိဳျမကိုၾကည့္ရတာအရမ္းကိုအိပ္ခ်င္ေနပုံရသည္။သူ႕ကိုစကားလွမ္းေျပာတာေတာင္မ်က္လုံးကမပြင့္ေပ...။လူႀကီးတစ္ေယာက္လည္းျဖစ္တဲ့အျပင္တစ္ညလုံးလည္းမအိပ္ခဲ့ရေတာ့အရမ္းကိုအိပ္ခ်င္ေနမွာေပါ့...။ေနာက္ဆုံးမွာေတာ့ေဒၚေလးခ်ိဳျမတစ္ေယာက္အခန္းေထာင့္မွာခ်ထားတဲ့ဒရင္းဘတ္အပိုတစ္ခုေပၚမွာသြားေရာက္အိပ္ခ်လိဳက္ေတာ့သည္။
အိပ္ေနတဲ့သူေရာ၊စားစရာသြားဝယ္တဲ့သူေရာဆိုေတာ့အခန္းထဲမွာသူ႕တစ္ေယာက္တည္းေၾကာင္ေတာင္ေတာင္ျဖစ္ေနေလရဲ႕...။သို႔ႏွင့္မိုးညိုတစ္ေယာက္သားေလးေတြရဲ႕အနားကိုေလွ်ာက္သြားလိုက္ၿပီးေမွးေနတဲ့အေကာင္ေပါက္ေလးေတြကိုတစိမ့္စိမ့္နဲ႕သာထိုင္ၾကည့္ေနမိေတာ့သည္။
အေဖ့ရဲ႕အသက္ေလးေတြ...။
အေဖ့ရဲ႕ရွင္သန္ရာေလးေတြ...။
---------------------------------------------------------
ေဝဖန္အႀကံျပဳခ်က္မ်ားကိုႀကိဳဆိုလွ်က္...။