အချစ် (သို့မဟုတ်) ကျွန်တော့်ယ...

By Egophyoe

2.1M 171K 7.2K

အချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်... More

အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း​(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)(🦋🦋🦋🦋)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉) - ပထမပိုင်း
အခန်း(၂၉) - ဒုတိယပိုင်း (🌚🌚🌚)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)-ပထမပိုင်း
အခန်း(၄၂)-ဒုတိယပိုင်း
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)(ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ
Extra - ( 1 )
Extra - ( 2 )
Extra - ( 3 )
Extra - ( 4 ) {End}
Book Announcement
Book Details

အခန်း(၃၇)

32.2K 2.5K 156
By Egophyoe

အခန်း(၃၇)

" ဗျို့...ကိုကြီးညို..."

​နွားစာစဥ်းနေတဲ့ကျွဲကြီးကပခုံးပေါ်မှာထမင်းတောင်းကြီးကိုထမ်းကာရေးကြီးသုတ်ပြာသွားနေတဲ့မိုးညိုကိုလှမ်းမြင်လိုက်တာကြောင့်အော်ခေါ်လိုက်၏။ကိုကြီးညိုကိုကြည့်ရတာအရမ်းကိုအရေးကြီးနေပုံရသည်။ခြေလှမ်းတွေကလိုတာထက်ကိုပိုမြန်လို့နေ၏။

" ဟေ..."

" ထုံးစံအတိုင်းပဲလား..."

" အေး...ထုံးစံအတိုင်းပဲပေါ့ကျွဲကြီးရာ..."

" ဟား...ဟား..."

ကျွဲကြီးရဲ့အမေးကိုဖြေပြီးတာနဲ့တန့်သွားတဲ့ခြေလှမ်းတွေကိုခပ်သွက်သွက်လေးမိုးညိုအရှိန်ပြန်တင်လိုက်၏။သူ့အကြောင်းကိုသိတဲ့ကျွဲကြီးကတော့အနောက်မှာတဟားဟားနဲ့အော်ရယ်ရင်းကျန်နေခဲ့လေသည်။

မလှမ်းလို့လည်းမရ...။

ဝေလေးရဲ့နေ့လယ်ခင်းကျောင်းဆင်းတဲ့အချိန်ကနီးနေပြီဖြစ်သည်။ဒါကြောင့်သူ့ခြေလှမ်းတွေကပုံမှန်ထက်ကိုသွက်နေတာဖြစ်၏။အခုဆိုဝေလေးရဲ့ကိုယ်ဝန်က(၄)လကျော်(၅)လထဲကိုရောက်လာပြီမို့အချိန်တိုင်းစိတ်ပူနေရတဲ့အပြင်ဒီခလေးရဲ့စားချိန်၊အိပ်ချိန်၊ဆေးသောက်ချိန်မှန်အောင်လည်းသူအမြဲဂရုစိုက်ပေးနေရသည်။

သူ့သဘောအတိုင်းဆိုရင်တော့ကျောင်းကိုမသွားစေချင်တော့ပေ...။ကိုယ့်မှာလည်းမပေါ့မပါးကြီးနဲ့မဟုတ်လား...။ဒါပေမယ့်ဒီခလေးကအရမ်းကိုခေါင်းမာလွန်းသည်။

" မွေးခါနီးနှစ်လအလိုလောက်မှခွင့်ယူမယ် " တဲ့လေ...။

အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးဝေလေးနဲ့သူအကြီးအကျယ်စကားများရသေးသည်။သို့သော်လည်းနောက်ဆုံးမှာ​သူ့သဘောအတိုင်းကိုယ်ကပဲအ​လျှော့ပေးလိုက်ရ၏။အဲ့ဒီနောက်မှာတော့သူလည်းလယ်ကိုဟိုနှစ်ကောင်ရဲ့လက်ထဲထိုးထည့်ပြီးဝေလေးသွားလေရာနောက်ကိုတကောက်ကောက်လိုက်ရတော့သည်။

ကျောင်းဖွင့်တဲ့ရက်တွေဆိုဝေလေးရောသူပါကျောင်းမှာတစ်နေကုန်ရှိနေတတ်သည်။ဝေလေးစာသင်နေတဲ့အချိန်ဆိုကိုယ်ကသူ့ဘေးနားမှာထိုင်ပြီးစောင့်ကြည့်နေရ၏။တစ်ခါတစ်လေဒီခလေးကဗိုက်ကိုမေ့ပြီးလုပ်ချင်ရာကိုလုပ်နေတဲ့အတွက်သူမှာအမြဲစိတ်ပူနေရသည်။

တစ်ခါတစ်လေကျရင်ဒီခလေးကထမင်းစားဖို့၊ဆေးသောက်ဖို့ကိုမေ့နေတတ်၏။အဲ့ဒီအချိန်မျိုးဆိုသူကသတိပေးရသည်။ကြာတော့သူလည်းသတိပေးမ​နေတော့ပဲကိုယ်တိုင်ဆေးတိုက်၊ကိုယ်တိုင်ထမင်းကျွေးလုပ်ရတော့သည်။

ကျောင်းပိတ်ရက်တွေဆိုရင်တော့ကိုကိုဗိုက်ကိုဒေါ်လေးချိုမြနဲ့ပဲဖြစ်ဖြစ်၊ရသော်နဲ့ပဲဖြစ်ဖြစ်အဖော်ထားပြီးသူကလယ်ထဲကိုဆင်းရသည်။ဝေလေးကိုယ်ဝန်ရမှပဲဟိုနှစ်ကောင်လည်းထန်းတောကိုပုံမှန်မသွားနိုင်ပေ...။သူလည်းလယ်ထဲကိုအမြဲမသွားနိုင်တဲ့အတွက်နှစ်ယောက်သားလယ်ထဲမှာပဲအချိန်ကုန်နေကြရ၏။သူတို့သုံးယောက်ဆုံရင်တော့စိတ်ပြေလက်ပျောက်အနေနဲ့တစ်ခါတစ်ရံထန်းတောကိုသွားတတ်ကြသည်။

အများအမြင်မှာဝေလေးနဲ့ပတ်သတ်ရင်သဲသည်ပဲဆိုဆို၊ကဲသည်ပဲဆိုဆိုသူကတော့ဂရုမစိုက်ပေ...။သူ့ရဲ့သွေးသား၊သူနဲ့ပတ်သတ်လို့ဖြစ်လာတဲ့ကိုယ်ဝန်ကိုသူသဲတာ၊ကဲတာဘယ်သူ့ကိုဂရုစိုက်ရမှာလဲ...။ဒီလိုခံစားချက်မျိုးကကိုယ်တိုင်ခံစားဖူးမှသိကြလိမ့်မည်။

ဘယ်ဘက်ပခုံးပေါ်မှာထမ်းထားတဲ့ထမင်းတောင်းကိုညာဘက်ပခုံးဘက်ပြောင်းထမ်းကာလမ်းကိုမပြေးရုံတမယ်မိုးညိုလျှောက်နေမိသည်။ဒီနေ့မှသူကလည်းအရောင်းအဝယ်ကိစ္စနဲ့အလုပ်ရှုပ်နေတဲ့အတွက်ဝေလေးကိုကျောင်းလိုက်မပို့နိုင်ပေ...။ဝေလေးကိုစိတ်မချပေမယ့်ဒီဘက်ကလည်းဟိုနှစ်ကောင်နဲ့လွှဲခဲ့လို့မဖြစ်တာကြောင့်သူ့အစားရသော့်ကိုလိုက်ပို့ခိုင်းရ၏။အလုပ်ပြီးလို့အိမ်ပြန်ရောက်တော့အချိန်ကနေ့လယ်ခင်းတောင်ရောက်နေပြီဖြစ်သည်။

လယ်ထဲကပြန်တက်လာတဲ့အတွက်တစ်ကိုယ်လုံးလည်းရွှံ့တွေ၊ဗွက်တွေနဲ့ပေလူးကာလူရုပ်မထွက်တော့ပေ...။ချွေးနံ့တွေကလည်းတစ်ကိုယ်လုံးကိုနံစော်နေ၏။သို့သော်သူရေချိုးလို့မရပေ...။ဝေလေးဆေးသောက်ချိန်ရောက်နေပြီဖြစ်သည်။ဒါကြောင့်ရေမချိုးတော့ပဲခြေလက်ဆေးကာဒီအတိုင်းသာသူထွက်လာခဲ့လိုက်သည်။

" ကိုကြီးညို...ဘယ်ကိုတုန်းဗျ...ရေကြီးသုတ်ပြာနဲ့..."

" စာသင်ကျောင်းကိုသွားမလို့လေကွာ..."

လမ်းမှာတွေ့တဲ့လူတွေကိုလည်းစကားအေးဆေးမပြောနိုင်ပေ...။စာသင်ကျောင်းကိုသာခပ်သွက်သွက်လေးသူလျှောက်နေမိသည်။ဒီအချိန်ဆိုဝေလေးသူ့ကိုမျှော်နေတော့မည်။မနက်ကလည်းဒီခလေးကျောင်းမသွားခင်အဆာပြေစားသွားရဲ့လားမသိပေ...။

ပူပြင်းတဲ့နေရောင်အောက်မှာထမင်းတောင်းကြီးကိုထမ်းကာခပ်သွက်သွက်လျှောက်နေတဲ့မိုးညိုတစ်ယောက်မကြာခင်မှာပဲကျောင်းရှေ့ကိုရောက်လာတော့သည်။

ဟူး...။

ကျောင်းမဆင်းသေးလို့တော်ပါသေးရဲ့...။

ကျောင်ထဲကိုဝင်လိုက်တာနဲ့ခလေးတွေရဲ့စာဆိုသံ၊အော်သံ၊ဟစ်သံများကသူ့နားထဲကိုတိုးဝင်လာလေသည်။ကျောင်းဆင်းချိန်ကလည်းသိပ်မလိုတော့တာကြောင့်သူလည်းဝေလေးစာသင်တဲ့အခန်းဘက်ဆီကိုသာလျှောက်သွားလိုက်၏။

ဟော...တွေ့ပြီ...။

ကြိမ်လုံးလေးကိုင်ကာခလေးတွေကိုစာရှင်းပြနေတဲ့သူ့ရဲ့ငါးပူတင်းလေး...။

ကိုယ်ဝန်ကလမနည်းတော့တဲ့အတွက်ဗိုက်လေးကအရှေ့ကိုစူထွက်နေ၏။ဒီနေ့လည်းသူ့အင်္ကျီခပ်ပွပွကြီးကိုဒီခလေးဝတ်လာခဲ့ပြန်လေပြီ...။ဗိုက်လေးမသိမသာထွက်လာပြီးကတည်းကသူ့အင်္ကျီတွေကိုဒီကလေးယူဝတ်တော့တာပဲဖြစ်သည်။အခုဆိုရင်သူ့အင်္ကျီတွေကိုသူ့တစ်ယောက်တည်းဝတ်ရတော့တာမဟုတ်ပဲ၊ဝေလေးနဲ့နှစ်ယောက်အတူခွဲဝတ်နေရသည်။

ကျောင်းမဆင်းသေးတဲ့အတွက်မိုးညိုလည်းပခုံးပေါ်ကထမင်းတောင်းကိုကျောင်းလက်ရန်းပေါ်မှာအသာတင်ကာကျောင်းဆင်းမယ့်အချိန်ကိုစောင့်နေလိုက်သည်။ထိုအခါစာသင်ခန်းအ​ပေါက်ဝမှာရပ်စောင့်နေတဲ့သူ့ကိုဝေလေးကတွေ့သွားလေသည်။ခလေးတွေကိုစာတိုင်ပေးရင်းနဲ့လှမ်းကာပြုံးပြလာ၏။ကိုကိုဗိုက်ရဲ့အပြုံးချိုချိုလေးကြောင့်လူလည်းအခုမှပဲပင်ပန်းသမျှအမောကိုပြေသွားရသည်။

" ကလင်း...ကလင်း..."

" ဟေး..."

" မင်္ဂလာပါဆရာ...ကျေးဇူးတင်ပါတယ်ဆရာ..."

ကျောင်းဆင်းပြီဆိုတာနဲ့ခလေးတွေကသူ့ထက်ငါအပြိုင်ကျောင်းခန်းထဲကနေပြေးထွက်သွားကြသည်။စာသင်ခန်းထဲကခလေးတွေကုန်သွားတော့မှသူလည်းဝေလေးထိုင်နေတဲ့အနားကိုလျှောက်သွားလိုက်၏။

" ဝေ..."

" ဗျာ..."

စာအုပ်တွေကိုအမှတ်ခြစ်နေတဲ့ဝေလေးကသူ့ခေါ်တာကိုပြန်ထူးပေမယ့်ခေါင်းကတော့စာအုပ်ပုံထဲမှာနစ်နေတုန်းပင်...။

" ဝေ...တော်ပြီလေကွာ...နောက်မှဆက်လုပ်တော့..."

" ပြီးပါပြီဗျာ...ဒီတစ်အုပ်ပဲကျန်တော့တယ်..."

ဝေလေးအလုပ်လက်စသတ်နေတုန်းသူလည်းထမင်းတောင်းထဲကထမင်းချိုင့်တွေ၊ဝေလေးသောက်ရမယ့်ဆေးတွေကိုယူထုတ်ထားလိုက်၏။ပြီးနောက်ဝေလေးအဆင်သင့်စားလို့ရအောင်ထမင်းချိုင့်လေးကိုဖွင့်ပြီးအဆင်သင့်ပြင်ထားပေးလိုက်သည်။

" ဟာ...နံနံရွက်တွေပါလား..."

" ဟမ်...ဒီမှာလည်းသံပရာသီးနဲ့ငရုတ်သီးဆားထောင်းပါလား..."

ထမင်းတောင်းထဲမှာပါလာတဲ့အထုတ်တွေကိုကြည့်ပြီးမိုးညိုကအံ့ဩတကြီးရေရွတ်လိုက်သည်။

ကျစ်...။

ရသော်တစ်ယောက်ကတော့လုပ်ချလိုက်ပြန်ပြီ...။

လူကဒီမနက်အလုပ်ရှုပ်နေတာကြောင့်အစားအသောက်ဘက်ကိုလျစ်လျူရှုထားရ၏။ပုံမှန်အတိုင်းဆိုသူကိုယ်တိုင်ဒီခလေးရဲ့အစားအသောက်ကိုဂရုတစိုက်ချက်ပေးတတ်သည်။

ကြည့်စမ်း...။

အခုတော့တစ်ရက်​လေးလွတ်သွားတာနဲ့လုပ်ချင်သလိုကိုလုပ်နေတော့သည်။တစ်ဆက်တည်းမှာပဲမိုးညိုရဲ့အကြည့်တွေကသူ့ကိုကျောခိုင်းပြီးအမှတ်ကုန်းခြစ်နေတဲ့ဗိုက်လေးဆီကိုရောက်သွား၏။

ဘေးကနေရုတ်တရက်ဟိန်းထွက်လာတဲ့အသံကြောင့်ရဝေရဲ့လှုပ်ရှားနေတဲ့လက်ကရပ်တန့်သွားလေသည်။ပြီးနောက်ပါးစပ်ကလည်းအနောက်ကလူမသိအောင်တိုးတိုးလေးရွတ်လိုက်မိသည်။

" သွားပြီ..."

ဒီမနက်ကလူကအချဥ်စားချင်နေတာကြောင့်ကိုမိုးညိုမရှိတုန်းညီမဖြစ်သူရသော်ကိုလုပ်ခိုင်းမိတာဖြစ်သည်။ထည့်ပေးလိုက်ရင်လည်းကိုမိုးညိုမသိအောင်ထည့်ပေးလိုက်လို့သေသေချာချာမှာခဲ့တာကို...။အခုတော့ဘယ်လိုထည့်ပေးလိုက်လည်းမသိပေ...။ပက်ပင်ကိုတိုးတော့တာဖြစ်သည်။ဒီအတိုင်းဆိုသူနားပူခံရတော့မည်။

" ငါတစ်ရက်လေးမရှိတာနဲ့လုပ်ချင်သလိုကိုလုပ်နေတာပဲ..."

" နံနံရွက်ကအကြောတက်လို့ကိုဟင်းချက်ရင်မထည့်ချက်ခိုင်းတာ...ကြည့်ပါဦး...အခုတော့နံနံရွက်ဟင်းလာမသိပါဘူး..."

" အစပ်တွေလည်းဘာလုပ်မို့ထည့်ပေးလိုက်တာလဲ...ဒီကိုယ်ဝန်သည်ကိုအစပ်ကျွေးစရာလား...ဘာလဲကွာ..."

မိုးညိုတစ်ယောက်ထမင်းတောင်းထဲကပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုထုတ်ရင်းပါးစပ်ကလည်းတစ်တွတ်တွတ်ရွတ်နေမိသည်။ရဝေလည်းကိုယ့်အပြစ်နဲ့ကိုယ်မို့မသိမသာလေးကုတ်နေရ၏။

" ဝေ..."

" ဗျ...ဗျာ..."

" မပြီးသေးဘူးလား..."

" ဟင်...အင်...ပြီးပြီ..."

လက်ထဲကစာအုပ်ကိုပစ်ချရင်းကိုမိုးညိုဘက်ကိုရဝေလှည့်လိုက်၏။မျက်နှာကိုလည်းအပြစ်ကင်းတဲ့မျက်နှာလေးလိုလုပ်ထားရသည်။

" ဟ..."

" ကျွန်တော်ဖာသာစား..."

" တော်စမ်း...မင်းဖာသာစားရင်နံနံရွက်တွေပဲနှိုက်စားနေမှာပေါ့...ဟ..."

ထမင်းလုတ်ကြီးကသူ့ပါးစပ်အရှေ့ကိုရောက်လာတာကြောင့်ရဝေပါးစပ်လေးဟလိုက်ရသည်။လယ်ထဲကပြန်ရောက်ရောက်ချင်းကိုမိုးညိုကသူ့ဆီကိုလာခဲ့တာဖြစ်မည်။တစ်ကိုယ်လုံးရွှံ့တွေ၊ဗွက်တွေပေနေသည်။ပြီးတော့မျက်နှာမှာလည်းရွှံ့တွေကဟိုက်တစ်စက်၊ဒီတစ်စက်နဲ့ပေကျံနေ၏။

" ငါအတန်တန်ပြောထားရဲ့နဲ့ကွာ...ဟင်းချက်ရင်နံနံရွက်မထည့်ပါနဲ့...မထည့်ပါနဲ့ဆို...တမင်သက်သက်အရွဲ့တိုက်ပြီးနံနံရွက်ဟင်းချက်ထည့်ပေးလိုက်တာလားမသိဘူး..."

မိုးညိုတစ်​ယောက်ပါးစပ်ကလည်းအရွတ်မပျက်သလို၊လက်ကလည်းထမင်းအခွံ့မပျက်ပေ...။

တော်ပြီ...။

နောက်ဆိုရင်အလုပ်တွေဘယ်လောက်ရှုပ်ရှုပ်ဒီခလေးစားဖို့အတွက်သူကိုယ်တိုင်ချက်မှရတော့မည်။

" ကိုမိုးညိုရာ...တော်ပါတော့...နားတွေငြီးလှပါပြီဗျာ...ကျွန်တော်စားချင်လို့ရသော့်ကိုထည့်ခိုင်းလိုက်တာ..."

လူကခလေးတွေကျောင်းဆင်းတုန်းနားအေးပါးအေးနေရမလားမှတ်ပါတယ်...။အခုမှခလေးတွေထက်ဆိုးတဲ့လူနဲ့လာတွေ့နေရတယ်လို့...။

" သိတယ်ကွ...သိတယ်...နည်းနည်းပါးပါးကိုယ်နဲ့တည့်လား၊မတည့်လားအရင်စဥ်းစားလေ...တစ်ခုခုဖြစ်ရင်ငါပဲရင်ကျိုးရမှာကွ..."

" ကိုမိုးညိုနော်...တစ်ခါတစ်လေလေးစားတာကိုခင်ဗျားကအဲ့ဒါဘာဖြစ်တာလဲ...တစ်ခါလာလည်းနို့၊နှစ်ခါလာလည်းနို့...ကြာတော့လူကနို့နံ့တွေနံနေပြီဗျ..."

" ဟ...စားလို့ရမလားကွ...မင်းကိုယ်မင်းလူလွတ်ထင်နေလား...ဗိုက်နဲ့ကွ...ဗိုက်နဲ့..."

" ဗိုက်နဲ့လည်းဘာဖြစ်လဲ...တစ်ခါတစ်လေလေးစားတာကို...တော်ပြီဗျာ...မစားတော့ဘူး..."

စိတ်ဆိုးဆိုးနဲ့ကိုမိုးညိုကိုရဝေကျောခိုင်းပစ်လိုက်၏။ပြီးနောက်လက်စသတ်ဖို့ကျန်သေးတဲ့အလုပ်ကိုဆက်ပြီးလုပ်နေလိုက်သည်။

ဒေါသအိုးကြီး...။

လူကိုအမြဲဆူဖို့၊ငေါက်ဖို့ပဲ...။

ဒါလေးနည်းနည်းစားတာကိုဘာဖြစ်သွားမှာမို့လဲ...။

အခုပဲဗိုက်က(၄)လကျော်၊(၅)လထဲကိုရောက်နေပြီ...။" ဟိုဟာမစားနဲ့ " ၊ " ဒီဟာနဲ့မတည့်ဘူး " ဆိုပြီးရှောင်လိုက်ရတဲ့အစားအစာတွေ...။" ဗိုက်ထဲကခလေးရော၊လူရောအားရှိအောင်သောက် " ဆိုလို့သောက်လိုက်ရတဲ့နို့တွေ...။ကြာတော့လူကဂျိုပဲထွက်ရတော့မလိုလို၊ " ဘွတ်အဲ " လို့ပဲအော်ရတော့မလိုလို...။

" ဝေ...ဒီဘက်လှည့်..."

" .........."

" ဝေ...ဒီဘက်လှည့်လို့..."

" .............."

" ဝေ...မဆိုးစမ်းနဲ့...ဒီဘက်လှည့်စမ်း..."

" မလှည့်ဘူးဗျာ..."

သူ့ကိုစိတ်ဆိုးပြီးကျောခိုင်းထားတဲ့ဝေ့ကိုကြည့်ပြီးမိုးညိုသက်ပြင်းကိုမသိမသာလေးချလိုက်မိသည်။ထမင်းကအခုမှ(၃)လုတ်ပဲဝင်သေးသည်။ဒီအတိုင်းဆိုရင်တော့သူဘယ်လိုခေါ်ခေါ်ဒီခလေးလှည့်လာမှာမဟုတ်ပေ...။

သူကလည်းသူပဲ...။စိုးရိမ်လွန်ပြီးပြောလိုက်ပေမယ့်ဒေါသနဲ့တော့မပြောသင့်ဘူးမဟုတ်လား...။တကယ်ဆိုဒီခလေးဘယ်လိုတွေဒုက္ခခံနေရဆိုတာသူအသိဆုံးပင်...။တစ်ခါတစ်လေသူစားချင်တာတွေလည်းရှိမှာပေါ့...။အဲ့ဒီအခါမျိုးဆိုရင်သူဘက်ကနားလည်းပေးရမည်မဟုတ်လား...။

အခုတော့...။

" ဝေ..."

" .........."

ဒီတစ်ခါလည်းဒီခလေးငြိမ်နေပြန်သည်။သူ့ကိုကျောခိုင်းကာလုပ်စရာရှိတာကိုပဲကုန်းရုန်းပြီးလုပ်နေ၏။ဒီအတိုင်းဆိုရင်တော့သူတစ်ခုခုကြံမှရတော့မည်။မဟုတ်ရင်ထမင်းအဆာလွန်ပြီးဒီခလေးတစ်ခုခုဖြစ်နေဦးမည်။

" ဝေလေးရေ...အသက်လေးရေ...ပူတူးတူးလေးရေ...ယိုစုံလေးရေ...ဇီးထုတ်လေးရေ...ဒီဘက်လှည့်ပါဦးကွာ...အသက်လေးထမင်းမစားတော့ကိုမိုးညိုကဘယ်စိတ်ကောင်းပါ့မလဲ..."

" စိတ်မဆိုးပါနဲ့ဝေလေးရယ်...ကိုမိုးညိုကစိုးရိမ်လို့ပြောလိုက်မိတာပါ...အသက်လေးကကိုမိုးညိုကိုနားလည်ပေးမယ်မဟုတ်လား...ဟင်..."

နားလည်ပေးစရာလား...။သူကတောင်ကိုယ့်ကိုနားလည်ပေးလို့လား...။

သွားဗျာ...လာမချော့နဲ့...။

" အင်း...ဒီအတိုင်းဆိုရင်တော့ဟိုအထုတ်လေးကိုပြန်ယူသွားရတော့မယ်ထင်တယ်...ဝေကမစားတော့ဘူးဆိုတော့..."

လိုတာထက်ပိုပြီးအသံကိုမြှင့်ကာမိုးညိုပြောလိုက်၏။သူ့စကားကြောင့်ဒီခလေးပြောင်းလဲသွားမယ်ဆိုတာမိုးညိုယုံသည်။တကယ်ပဲသူ့စကားကြောင့်ဝေ့ရဲ့ကျောကမတ်ခနဲ့ဖြစ်သွားလေသည်။

အဟက်...။

ဒီလောက်ဆိုသူသိလိုက်ပြီ...။

ခဏကြာတော့စိတ်ဆိုးနေတဲ့အသက်လေးကသူ့ဘက်ကိုလှည့်လာတော့သည်။မျက်နှာကတော့စူပုတ်နေဆဲပင်...။

လူဆိုးလေး...။

" ထမင်းခွံ့ပေး....နံနံရွက်ပါနည်းနည်းထည့်ပေး..."

" ဟုတ်ပြီ...ဟုတ်ပြီ..."

စိတ်ဆိုးပြေခါစမို့အသက်လေးအလိုကျမိုးညိုလုပ်ပေးလိုက်၏။သူ့စားချင်တဲ့နံနံရွက်ကိုလည်းမသိမသာလေးထည့်ပေးလိုက်သည်။

" အာ...စားကောင်းလား..."

" နောက်တစ်လုပ်..."

အခုမှပဲမိုးညိုသက်ပြင်းချနိုင်တော့သည်။မဟုတ်ရင်သူ့ကိုစိတ်ဆိုးပြီးကျောင်းပြန်တက်တဲ့အထိဒီခလေးဘာမှကိုစားမှာမဟုတ်ပေ...။အဲ့ဒီအခါကျရင်သူပဲအရင်ဆုံးစိတ်ပူရမည်။

" တော်ပြီ...မစားချင်တော့ဘူး..."

" ဒီတစ်လုတ်စားလိုက်...ဒါနောက်ဆုံးတစ်လုတ်ပဲ...အာ..."

ဒီခလေးကထမင်းစားတာနည်းလွန်းသည်။ဒါကြောင့်အခုတလောဒီခလေးထမင်းများများစားအောင်ချော့မော့ကာသူကျွေးနေရ၏။

" တော်ပြီနော်..."

" အင်...တော်ပြီ..."

ထမင်းကဆက်ကျွေးလို့မရတော့တာကြောင့်မိုးညိုလည်းထမင်းချိုင့်တွေကိုကောက်သိမ်းလိုက်သည်။ပြီးရင်ဒီခလေးကိုဆေးတိုက်ရဦးမည်။

" ကိုမိုးညို...ကျွန်တော့်ကိုဟိုဟာကျွေးမယ်မလား..."

" ဘယ်ဟာလဲ..."

မသိချင်ယောင်ဆောင်ကာကိုရွှေဗိုက်လေးကိုပြန်ပြီးသူမေးခွန်းထုတ်လိုက်၏။ထိုအခါသူ့ရဲ့အမေးကြောင့်အသက်လေးကဖောင်းနေတဲ့ဗိုက်နဲ့အပြိုင်နှုတ်ခမ်းလေးစူတက်သွားတော့သည်။

" ဟိုဟာလေ...သံပုရာသီး..."

" တစ်စိပ်ပဲရမယ်...အိုခေလား..."

ခုနကပြောတော့မသိရင်ပဲတစ်ထုတ်လုံးကျွေးတော့မလိုလို...။

" ကျစ်...ပေး...တစ်စိတ်ပဲ..."

" ရော့..."

သံပုရာသီးနဲ့ငရုတ်သီးဆားထောင်းကိုမြင်တော့တံတွေးကို " ဂလု " ခနဲ့မြည်အောင်ရဝေမြိုချလိုက်မိသည်။ပြီးနောက်ကိုမိုးညိုကမ်းပေးတဲ့သံပုရာသီးစိတ်ကိုလှမ်းယူကာငရုတ်သီးဆားထောင်ထဲကိုအားရပါးရနစ်လိုက်၏။ပြီးတာနဲ့ပါးစပ်ထဲကိုအကုန်ထိုးထည့်ကာအားရပါးရကောက်ဝါးလိုက်သည်။

မစားရတာကြားလို့လားမသိ...။အရမ်းကိုအရသာရှိလှသည်။ထပ်စားချင်ပေမယ့်လည်းဒေါသအိုးကြီးနဲ့ပြဿနာထပ်မဖြစ်ချင်တာကြောင့်ဒီလောက်နဲ့သာတော်လိုက်ရသည်။

တော်တော်ဇီဇာကြောင်တဲ့ဒေါသအိုးကြီး...။

နောက်မှခိုးစားပြမယ်...။

" ရော့...ရေသောက်လိုက်..."

ကိုမိုးညိုရဲ့လက်ထဲကရေခွက်ကိုလှမ်းယူပြီးရဝေမော့သောက်ချလိုက်သည်။စားရတာမဝပေမယ့်စားချင်တာစားလိုက်ရတဲ့အတွက်သူနည်းနည်းတော့စိတ်သက်သာရသွား၏။

" ဝေကအချဥ်စားလိုက်တော့ကိုမိုးညိုကဆေးဘယ်လိုတိုက်ရတော့မလဲ..."

" ညနေမှတိုက်ပေါ့ယောက်ျားရာ...နို့လည်းညမှနှစ်ခွက်ပေါင်းသောက်မယ်...ဟုတ်ပြီလား...အဟီး...ဟီး..."

လူလည်လေး...။သူစာချင်းတာစားလိုက်ရတော့မျက်နှာကြီးကိုဖြီးလို့...။

" ဟီး...ငါ့ယောက်ျားကချောလာလိုက်တာ...သေချာကြည့်ရင်ဟိုမင်းသားနဲ့တူလာသလိုပဲ..."

" အဟန့်...ဘယ်မင်းသားလဲ..."

ဒီခလေးရဲ့အမြင်မှာသူကအဲ့လောက်တောင်ချောနေတာလား...။ဒါတောင်သူကမပြင်၊မဆင်လို့...။ပြင်လိုက်၊ဆင်လိုက်လို့ကတော့နှာနပ်ယူရလောက်တဲ့အထိဒီခလေးငုတ်တုတ်မေ့သွားနိုင်သည်။

" နေထူးနိုင်..."

" ဟမ်...."

" ဟား...ဟား...ဟား..."

မိုးညိုရဲ့မချိုမချဥ်ဖြစ်သွားတဲ့ရုပ်ကိုကြည့်ပြီးရဝေအားရပါရရယ်ချလိုက်မိသည်။

သူ့လိုထောင်ထောင်မောင်းမောင်းရုပ်ခပ်ဖြောင့်ဖြောင့်ကိုနေထူးနိုင်နဲ့တူတယ်တဲ့လား...။ဒီခလေးအမြင်တွေဝေဝါးနေတာများလား...။ဒါမှမဟုတ်သေသေချာချာမကြည့်လို့များလား...။ညကျရင်တော့ဒီခလေးကိုသေချာမြင်အောင်သူပြမှရမည်။

🌿🌿🌿

---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။

( ကိုမိုးညိုတို့ရဲ့ Family type လေးကိုအပိုင်းများများလေးရေးချင်လို့ရဝေရဲ့ကိုယ်ဝန်ဆောင်တဲ့ကာလတွေကိုအလျင်သင့်သလိုကျော်သွားလိုက်ပါပြီ...)

" ဗ်ိဳ႕...ကိုႀကီးညို..."

​ကြၽဲႀကီးတစ္ေယာက္ႏြားစာစဥ္းေနတုန္းပခုံးေပၚမွာထမင္းေတာင္းႀကီးထမ္းကာေရးႀကီးသုတ္ျပာသြားေနတဲ့မိုးညိုကိုလွမ္းျမင္လိုက္တာေၾကာင့္ေအာ္ေခၚလိုက္၏။ကိုႀကီးညိုကိုၾကည့္ရတာအရမ္းကိုအေရးႀကီးေနပုံရသည္။ေျခလွမ္းေတြကလိုတာထက္ကိုပိုျမန္ေန၏။

" ေဟ..."

" ထုံးစံအတိုင္းပဲလား..."

" ေအး...ထုံးစံအတိုင္းပဲေပါ့ကြၽဲႀကီးရာ..."

" ဟား...ဟား..."

ကြၽဲႀကီးရဲ႕အေမးကိုေျဖၿပီးတာနဲ႕တန့္သြားတဲ့ေျခလွမ္းေတြကိုခပ္သြက္သြက္ေလးမိုးညိုအရွိန္ျပန္တင္လိုက္၏။သူ႕အေၾကာင္းကိုသိတဲ့ကြၽဲႀကီးကေတာ့အေနာက္မွာတဟားဟားနဲ႕ေအာ္ရယ္ရင္းက်န္ေနခဲ့ေလေတာ့သည္။

မလွမ္းလို႔လည္းမရ...။

ေဝေလးရဲ႕ေန႕လယ္ခင္းေက်ာင္းဆင္းတဲ့အခ်ိန္ကနီးေနၿပီးျဖစ္သည္။ဒါေၾကာင့္သူ႕ေျခလွမ္းေတြကပုံမွန္ထက္ကိုသြက္ေနတာျဖစ္၏။အခုဆိုရင္ေဝေလးရဲ႕ကိုယ္ဝန္က(၄)လေက်ာ္(၅)လထဲကိုေရာက္လာၿပီးမလို႔အခ်ိန္တိုင္းစိတ္ပူေနရတဲ့အျပင္ဒီခေလးရဲ႕စားခ်ိန္၊အိပ္ခ်ိန္၊ေဆးေသာက္ခ်ိန္မွန္ေအာင္လည္းသူအၿမဲဂ႐ုစိုက္ေပးေနရသည္။

သူ႕သေဘာအတိုင္းဆိုရင္ေတာ့ေက်ာင္းကိုမသြားေစခ်င္ေတာ့ေပ...။ကိုယ့္မွာလည္းမေပါ့မပါးႀကီးနဲ႕မဟုတ္လား...။ဒါေပမယ့္ဒီခေလးကအရမ္းကိုေခါင္းမာလြန္းသည္။

" ေမြးခါနီးႏွစ္လအလိုေလာက္မွခြင့္ယူမယ္ " တဲ့ေလ...။

အဲ့ဒီကိစၥနဲ႕ပတ္သတ္ၿပီးေဝေလးနဲ႕သူအႀကီးအက်ယ္စကားမ်ားရေသးသည္။သို႔ေသာ္လည္းေနာက္ဆုံးမွာ​သူ႕သေဘာအတိုင္းကိုယ္ကပဲအ​ေလွ်ာ့ေပးလိုက္ရ၏။အဲ့ဒီေနာက္မွာေတာ့သူလည္းလယ္ကိုဟိုႏွစ္ေကာင္ရဲ႕လက္ထဲထိုးထည့္ၿပီးေဝေလးသြားေလရာေနာက္ကိုလိုက္ရေတာ့သည္။

ေက်ာင္းဖြင့္တဲ့ရက္ေတြဆိုေဝေလးေရာ၊သူပါေက်ာင္းမွာတစ္ေနကုန္ရွိေနတတ္သည္။ေဝေလးစာသင္ေနတဲ့အခ်ိန္ဆိုကိုယ္ကသူ႕ေဘးနားမွာထိုင္ၿပီးေစာင့္ၾကည့္ေနရ၏။တစ္ခါတစ္ေလဒီခေလးကဗိုက္ကိုေမ့ၿပီးသူလုပ္ခ်င္ရာကိုလုပ္ေနတဲ့အတြက္သူမွာအၿမဲစိတ္ပူေနရသည္။

တစ္ခါတစ္ေလက်ရင္ဒီခေလးကထမင္းစားဖို႔၊ေဆးေသာက္ဖို႔ကိုေမ့ေနတတ္၏။အဲ့ဒီအခ်ိန္မ်ိဳးဆိုသူကသတိေပးရသည္။ၾကာေတာ့သူလည္းသတိေပးမ​ေနေတာ့ပဲကိုယ္တိုင္ေဆးတိုက္၊ကိုယ္တိုင္ထမင္းေကြၽးရလုပ္ရေတာ့သည္။

ေက်ာင္းပိတ္ရက္ေတြဆိုရင္ေတာ့ကိုကိုဗိုက္ကိုေဒၚေလးခ်ိဳျမနဲ႕ပဲျဖစ္ျဖစ္၊ရေသာ္နဲ႕ပဲျဖစ္ျဖစ္အေဖာ္ထားၿပီးသူကလယ္ထဲကိုဆင္းရသည္။ေဝေလးကိုယ္ဝန္ရမွပဲဟိုႏွစ္ေကာင္လည္းထန္းေတာကိုပုံမွန္မသြားနိုင္ေတာ့ေပ...။သူလည္းလယ္ထဲကိုအၿမဲမသြားနိုင္တဲ့အတြက္ႏွစ္ေယာက္သားလယ္ထဲမွာပဲအခ်ိန္ကုန္ေနၾကရ၏။သူတို႔သုံးေယာက္ဆုံရင္ေတာ့စိတ္ေျပလက္ေပ်ာက္အေနနဲ႕တစ္ခါတစ္ရံထန္းေတာကိုသြားတတ္ၾကသည္။

အမ်ားအျမင္မွာေဝေလးနဲ႕ပတ္သတ္ရင္သူကသည္းသည္ပဲဆိုဆို၊ကဲသည္ပဲဆိုဆိုသူကေတာ့ဂ႐ုမစိုက္ေပ...။သူ႕ရဲ႕ေသြးသား၊သူနဲ႕ပတ္သတ္လို႔ျဖစ္လာတဲ့ကိုယ္ဝန္ကိုသူသည္းတာ၊ကဲတာဘယ္သူ႕ကိုဂ႐ုစိုက္ရမွာလဲ...။ဒီလိုခံစားခ်က္မ်ိဳးကကိုယ္တိုင္ခံစားဖူးမွသိၾကလိမ့္မည္။

ဘယ္ဘက္ပခုံးေပၚမွာထမ္းထားတဲ့ထမင္းေတာင္းကိုညာဘက္ပခုံးဘက္ေျပာင္းထမ္းကာလမ္းကိုလည္းမေျပး႐ုံတမယ္မိုးညိုေလွ်ာက္ေနမိသည္။ဒီေန႕မွသူကလည္းအေရာင္းအဝယ္ကိစၥနဲ႕အလုပ္ရႈပ္ေနတဲ့အတြက္ေဝေလးကိုေက်ာင္းလိုက္မပို႔နိုင္ေပ...။ေဝေလးကိုစိတ္မခ်ေပမယ့္ဒီဘက္ကလည္းဟိုႏွစ္ေကာင္နဲ႕လႊဲခဲ့လို႔မျဖစ္တာေၾကာင့္သူ႕အစားရေသာ့္ကိုလိုက္ပို႔ခိုင္းရ၏။အလုပ္ၿပီးလို႔အိမ္ျပန္ေရာက္ေတာ့အခ်ိန္ကေန႕လယ္ခင္းေတာင္ေရာက္ေနၿပီးျဖစ္သည္။

လယ္ထဲကျပန္တက္လာတဲ့အတြက္တစ္ကိုယ္လုံးလည္း႐ႊံ႕ေတြ၊ဗြက္ေတြနဲ႕ေပလူးကာလူ႐ုပ္မထြက္ေတာ့ေပ...။ေခြၽးနံ႕ေတြကလည္းတစ္ကိုယ္လုံးကိုနံေစာ္ေန၏။သို႔ေသာ္သူေရခ်ိဳးလို႔မရေပ...။ေဝေလးေဆးေသာက္ခ်ိန္ေရာက္ေနၿပီးျဖစ္သည္။ဒါေၾကာင့္ေရမခ်ိဳးေတာ့ပဲေျခလက္ေဆးကာဒီအတိုင္းသာသူထြက္လာခဲ့လိုက္သည္။

" ကိုႀကီးညို...ဘယ္ကိုတုန္းဗ်...ေရႀကီးသုတ္ျပာနဲ႕..."

" စာသင္ေက်ာင္းကိုသြားမလို႔ေလကြာ..."

လမ္းမွာေတြ႕တဲ့လူေတြကိုလည္းစကားေအးေဆးမေျပာနိုင္ေပ...။စာသင္ေက်ာင္းကိုသာခပ္သြက္သြက္ေလးသူေလွ်ာက္ေနမိသည္။ဒီအခ်ိန္ဆိုေဝေလးသူ႕ကိုေမွ်ာ္ေနေတာ့မည္။မနက္ကလည္းဒီခေလးေက်ာင္းမသြားခင္အဆာေျပစားသြားရဲ႕လားမသိေပ...။

ပူျပင္းတဲ့ေနေရာင္ေအာက္မွာထမင္းေတာင္းႀကီးကိုထမ္းကာခပ္သြက္သြက္ေလွ်ာက္ေနတဲ့မိုးညိုတစ္ေယာက္မၾကာခင္မွာပဲေက်ာင္းေရွ႕ကိုေရာက္လာခဲ့ေတာ့သည္။

ဟူး...။

ေက်ာင္းမဆင္းေသးလို႔ေတာ္ပါေသးရဲ႕...။

ေက်ာင္ထဲကိုဝင္လိုက္တာနဲ႕ခေလးေတြရဲ႕စာဆိုသံ၊ေအာ္သံ၊ဟစ္သံမ်ားကသူ႕နားထဲကိုတိုးဝင္လာခဲ့ေလသည္။ေက်ာင္းဆင္းခ်ိန္ကလည္းသိပ္မလိုေတာ့တာေၾကာင့္သူလည္းေဝေလးစာသင္တဲ့အခန္းဘက္ဆီကိုသာေလွ်ာက္သြားလိုက္၏။

ေဟာ...ေတြ႕ၿပီး...။

ႀကိမ္လုံးေလးကိုင္ကာခေလးေတြကိုစာရွင္းျပေနတဲ့သူ႕ရဲ႕ငါးပူတင္းေလး...။

ကိုယ္ဝန္ကလမနည္းေတာ့တဲ့အတြက္ဗိုက္ေလးကအေရွ႕ကိုစူထြက္ေန၏။ဒီေန႕လည္းသူ႕အကၤ်ီခပ္ပြပြႀကီးကိုဒီခေလးဝတ္လာခဲ့ျပန္ေလၿပီး...။ဗိုက္ေလးမသိမသာထြက္လာၿပီးကတည္းကသူ႕အကၤ်ီေတြကိုဒီကေလးယူဝတ္ေတာ့တာပဲျဖစ္သည္။အခုဆိုရင္သူ႕အကၤ်ီေတြကိုသူ႕တစ္ေယာက္တည္းဝတ္ရေတာ့တာမဟုတ္ပဲ၊ေဝေလးနဲ႕ႏွစ္ေယာက္အတူခြဲဝတ္ေနရသည္။

ေက်ာင္းမဆင္းေသးတဲ့အတြက္မိုးညိုလည္းပခုံးေပၚကထမင္းေတာင္းကိုေက်ာင္းလက္ရန္းေပၚမွာအသာတင္ကာေက်ာင္းဆင္းမယ့္အခ်ိန္ကိုေစာင့္ေနလိုက္၏။ထိုအခါစာသင္ခန္းအအ​ေပါက္ဝမွာရပ္ေစာင့္ေနတဲ့သူ႕ကိုေဝေလးကေတြ႕သြားေလသည္။ခေလးေတြကိုစာတိုင္ေပးရင္းနဲ႕လွမ္းကာၿပဳံးျပလာ၏။ကိုကိုဗိုက္ရဲ႕အၿပဳံးခ်ိဳခ်ိဳေလးေၾကာင့္လူလည္းအခုမွပဲအေမာကိုေျပသြားေတာ့သည္။

" ကလင္း...ကလင္း..."

" ေဟး..."

" မဂၤလာပါဆရာ...ေက်းဇူးတင္ပါတယ္ဆရာ..."

ေက်ာင္းဆင္းၿပီးဆိုတာနဲ႕ခေလးေတြကသူ႕ထက္ငါအၿပိဳင္ေက်ာင္းထဲကေျပးထြက္သြားၾကေလသည္။စာသင္ခန္းထဲကခေလးေတြကုန္သြားေတာ့မွသူလည္းေဝေလးထိုင္ေနတဲ့အနားကိုေလွ်ာက္သြားလိုက္၏။

" ေဝ..."

" ဗ်ာ..."

စာအုပ္ေတြကိုအမွတ္ျခစ္ေနတဲ့ေဝေလးကသူ႕ေခၚတာကိုျပန္ထူးလာ၏။သို႔ေပမယ့္ေခါင္းကေတာ့စာအုပ္ပုံထဲမွာနစ္ေနတုန္းပင္...။

" ေဝ...ေတာ္ၿပီးေလကြာ...ေနာက္မွဆက္လုပ္ေတာ့..."

" ၿပီးပါၿပီးဗ်ာ...ဒီတစ္အုပ္ပဲက်န္ေတာ့တယ္..."

ေဝေလးအလုပ္လက္စသတ္ေနတုန္းသူလည္းထမင္းေတာင္းထဲကထမင္းခ်ိဳင့္ေတြ၊ေဝေလးေသာက္ရမယ့္ေဆးေတြကိုယူထုတ္ထားလိုက္၏။ၿပီးေနာက္ေဝေလးအဆင္သင့္စားလို႔ရေအာင္ထမင္းခ်ိဳင့္ေလးကိုဖြင့္ၿပီးအဆင္သင့္ျပင္ထားေပးလိုက္သည္။

" ဟာ...နံနံ႐ြက္ေတြပါလား..."

" ဟမ္...ဒီမွာလည္းသံပရာသီးနဲ႕င႐ုတ္သီးဆားေထာင္းပါလား..."

မိုးညိုတစ္ေယာက္ထမင္းေတာင္းထဲမွာပါလာတဲ့အထုတ္ေလးေတြကိုၾကည့္ရင္းအံ့ဩတႀကီးေရ႐ြတ္လိုက္မိသည္။

က်စ္...။

ရေသာ္တစ္ေယာက္ကေတာ့လုပ္ခ်လိဳက္ျပန္ၿပီး...။

လူကဒီမနက္အလုပ္ရႈပ္ေနတာေၾကာင့္အစားအေသာက္ဘက္ကိုလ်စ္လ်ဴရႈထားရ၏။ပုံမွန္အတိုင္းဆိုသူကိုယ္တိုင္ဒီခေလးရဲ႕အစားအေသာက္ကိုဂ႐ုတစိုက္ခ်က္ေပးတတ္သည္။

ၾကည့္စမ္း...။

အခုေတာ့တစ္ရက္​ေလးလြတ္သြားတာနဲ႕လုပ္ခ်င္သလိုကိုလုပ္ေနေတာ့သည္။တစ္ဆက္တည္းမွာပဲမိုးညိုရဲ႕အၾကည့္ေတြကသူ႕ကိုေက်ာခိုင္းၿပီးအမွတ္ကုန္းျခစ္ေနတဲ့ဗိုက္ေလးဆီကိုေရာက္သြားေလ၏။

ေဘးကေန႐ုတ္တရက္ဟိန္းထြက္လာတဲ့အသံေၾကာင့္ရေဝရဲ႕လႈပ္ရွားေနတဲ့လက္ကရပ္တန့္သြားေလသည္။ၿပီးေနာက္ပါးစပ္ကလည္းအေနာက္ကလူမသိေအာင္တိုးတိုးေလး႐ြတ္လိုက္မိသည္။

" သြားၿပီး..."

ဒီမနက္ကလူကအခ်ဥ္စားခ်င္ေနတာေၾကာင့္ကိုမိုးညိုမရွိတုန္းညီမျဖစ္သူရေသာ္ကိုလုပ္ခိုင္းမိတာျဖစ္သည္။ထည့္ေပးလိုက္ရင္လည္းကိုမိုးညိုမသိေအာင္ထည့္ေပးလိုက္လို႔ေသေသခ်ာခ်ာမွာခဲ့တာကို...။အခုေတာ့ဘယ္လိုထည့္ေပးလိုက္လည္းမသိေပ...။ပက္ပင္းကိုတိုးေတာ့တာျဖစ္သည္။ဒီအတိုင္းဆိုသူနားပူခံရေတာ့မည္။

" ငါတစ္ရက္ေလးမရွိတာနဲ႕လုပ္ခ်င္သလိုကိုလုပ္ေနတာပဲ..."

" နံနံ႐ြက္ကအေၾကာတက္လို႔ကိုဟင္းခ်က္ရင္မထည့္ခ်က္ခိုင္းတာ...ၾကည့္ပါဦး...အခုေတာ့နံနံ႐ြက္ဟင္းလာမသိပါဘူး..."

" အစပ္ေတြလည္းဘာလုပ္မို႔ထည့္ေပးလိုက္တာလဲ...ဒီကိုယ္ဝန္သည္ကိုအစပ္ေကြၽးစရာလား...ဘာလဲကြာ..."

မိုးညိုတစ္ေယာက္ထမင္းေတာင္းထဲကပစၥည္းေတြကိုတစ္ခုၿပီးတစ္ခုထုတ္ရင္းပါးစပ္ကလည္းတစ္တြတ္တြတ္႐ြတ္ေနမိသည္။ရေဝလည္းကိုယ့္အျပစ္နဲ႕ကိုယ္မို႔မသိမသာေလးကုတ္ေနရ၏။

" ေဝ..."

" ဗ်...ဗ်ာ..."

" မၿပီးေသးဘူးလား..."

" ဟင္...အင္...ၿပီးၿပီ..."

လက္ထဲကစာအုပ္ကိုပစ္ခ်ရင္းကိုမိုးညိုဘက္ကိုရေဝလွည့္လိုက္၏။မ်က္ႏွာကိုလည္းအျပစ္ကင္းတဲ့မ်က္ႏွာေလးလိုလုပ္ထားရသည္။

" ဟ..."

" ကြၽန္ေတာ္ဖာသာစား..."

" ေတာ္စမ္း...မင္းဖာသာစားရင္နံနံ႐ြက္ေတြပဲႏွိုက္စားေနမွာေပါ့...ဟ..."

ထမင္းလုတ္ႀကီးကသူ႕ပါးစပ္အေရွ႕ကိုေရာက္လာတာေၾကာင့္ရေဝတစ္ေယာက္ပါးစပ္ေလးဟလိုက္ရသည္။လယ္ထဲကျပန္ေရာက္ေရာက္ခ်င္းကိုမိုးညိုကသူ႕ဆီကိုလာခဲ့တာျဖစ္မည္။တစ္ကိုယ္လုံး႐ႊံ႕ေတြ၊ဗြက္ေတြေပေနေလသည္။ၿပီးေတာ့မ်က္ႏွာမွာလည္း႐ႊံ႕ေတြကဟိုက္တစ္စက္၊ဒီတစ္စက္နဲ႕ေပက်ံေန၏။

" ငါအတန္တန္ေျပာထားရဲ႕နဲ႕ကြာ...ဟင္းခ်က္ရင္နံနံ႐ြက္မထည့္ပါနဲ႕...မထည့္ပါနဲ႕ဆို...တမင္သက္သက္အ႐ြဲ႕တိုက္ၿပီးနံနံ႐ြက္ဟင္းခ်က္ထည့္ေပးလိုက္တာလားမသိဘူး..."

မိုးညိုတစ္ေယာက္ပါးစပ္ကလည္းအ႐ြတ္မပ်က္သလို၊လက္ကလည္းထမင္းအခြံ႕မပ်က္ေပ...။

ေတာ္ၿပီး...။

ေနာက္ဆိုရင္အလုပ္ေတြဘယ္ေလာက္ရႈပ္ရႈပ္ဒီခေလးအတြက္သူကိုယ္တိုင္ခ်က္မွရေတာ့မည္။

" ကိုမိုးညိုရာ...ေတာ္ပါေတာ့...နားေတြၿငီးလွပါၿပီးဗ်ာ...ကြၽန္ေတာ္စားခ်င္လို႔ရေသာ့္ကိုထည့္ခိုင္းလိုက္တာ..."

လူကခေလးေတြေက်ာင္းဆင္းတုန္းနားေအးပါးေအးေနရမလားမွတ္ပါတယ္...။အခုမွခေလးေတြထက္ဆိုးတဲ့လူနဲ႕လာေတြ႕ေနရတယ္လို႔...။

" သိတယ္ကြ...သိတယ္...နည္းနည္းပါးပါးကိုယ္နဲ႕တည့္လား၊မတည့္လားအရင္စဥ္းစားေလ...တစ္ခုခုျဖစ္ရင္ငါပဲရင္က်ိဳးရမွာကြ..."

" ကိုမိုးညိုေနာ္...တစ္ခါတစ္ေလေလးစားတာကိုခင္ဗ်ားကအဲ့ဒါဘာျဖစ္တာလဲ...တစ္ခါလာလည္းနို႔၊ႏွစ္ခါလာလည္းနို႔...ၾကာေတာ့လူကနို႔နံ႕ေတြနံေနၿပီးဗ်..."

" ဟ...စားလို႔ရမလားကြ...မင္းကိုယ္မင္းလူလြတ္ထင္ေနလား...ဗိုက္နဲ႕ကြ...ဗိုက္နဲ႕..."

" ဗိုက္နဲ႕လည္းဘာျဖစ္လဲ...တစ္ခါတစ္ေလေလးစားတာကို...ေတာ္ၿပီဗ်ာ...မစားေတာ့ဘူး..."

ရေဝတစ္ေယာက္စိတ္ဆိုးဆိုးနဲ႕မိုးညိုကိုေက်ာခိုင္းပစ္လိုက္၏။ၿပီးေနာက္လက္စသတ္ဖို႔က်န္ေသးတဲ့အလုပ္ကိုဆက္ၿပီးလုပ္ေနလိုက္သည္။

ေဒါသအိုးႀကီး...။

လူကိုအၿမဲဆူဖို႔၊ေငါက္ဖို႔ပဲ...။

ဒါေလးနည္းနည္းစားတာကိုဘာျဖစ္သြားမွာမို႔လဲ...။

အခုပဲဗိုက္က(၄)လေက်ာ္၊(၅)လထဲကိုေရာက္ေနၿပီး...။" ဟိုဟာမစားနဲ႕ " ၊ " ဒီဟာနဲ႕မတည့္ဘူး " ဆိုၿပီးေရွာင္လိုက္ရတဲ့အစားအစာေတြ...။" ဗိုက္ထဲကခေလးေရာ၊လူေရာအားရွိေအာင္ေသာက္ " ဆိုလို႔ေသာက္လိုက္ရတဲ့နို႔ေတြ...။ၾကာေတာ့လူကဂ်ိဳပဲထြက္ရေတာ့မလိုလို၊ " ဘြတ္အဲ " လို႔ပဲေအာ္ရေတာ့မလိုလို...။

" ေဝ...ဒီဘက္လွည့္..."

" .........."

" ေဝ...ဒီဘက္လွည့္လို႔..."

" .............."

" ေဝ...မဆိုးစမ္းနဲ႕...ဒီဘက္လွည့္စမ္း..."

" မလွည့္ဘူးဗ်ာ..."

သူ႕ကိုစိတ္ဆိုးၿပီးေက်ာခိုင္းထားတဲ့ေဝ့ကိုၾကည့္ၿပီးမိုးညိုတစ္ေယာက္သက္ျပင္းကိုမသိမသာေလးခ်လိဳက္မိသည္။ထမင္းကအခုမွ(၃)လုတ္ပဲဝင္ေသးသည္။ဒီအတိုင္းဆိုရင္ေတာ့သူဘယ္လိုေခၚေခၚဒီခေလးလွည့္လာမွာမဟုတ္ေပ...။

သူကလည္းသူပဲ...။စိုးရိမ္လြန္ၿပီးေျပာလိုက္ေပမယ့္ေဒါသနဲ႕ေတာ့မေျပာသင့္ဘူးမဟုတ္လား...။တကယ္ဆိုဒီခေလးဘယ္လိုေတြဒုကၡခံေနရဆိုတာသူအသိဆုံးပင္...။တစ္ခါတစ္ေလသူစားခ်င္တာေတြလည္းရွိမွာေပါ့...။အဲ့ဒီအခါမ်ိဳးဆိုရင္သူဘက္ကနားလည္းေပးရမည္မဟုတ္လား...။

အခုေတာ့...။

" ေဝ..."

" .........."

ဒီတစ္ခါလည္းဒီခေလးၿငိမ္ေနျပန္သည္။သူ႕ကိုေက်ာခိုင္းၿပီးလုပ္စရာရွိတာကိုသာကုန္း႐ုန္းၿပီးလုပ္ေန၏။ဒီအတိုင္းဆိုရင္ေတာ့သူတစ္ခုခုႀကံမွရေတာ့မည္။မဟုတ္ရင္ထမင္းအဆာလြန္ၿပီးဒီခေလးတစ္ခုခုျဖစ္ေနဦးမည္။

" ေဝေလးေရ...အသက္ေလးေရ...ပူတူးတူးေလးေရ...ယိုစုံေလးေရ...ဇီးထုတ္ေလးေရ...ဒီဘက္လွည့္ပါဦးကြာ...အသက္ေလးထမင္းမစားေတာ့ကိုမိုးညိုကဘယ္စိတ္ေကာင္းပါ့မလဲ..."

" စိတ္မဆိုးပါနဲ႕ေဝေလးရယ္...ကိုမိုးညိုကစိုးရိမ္လို႔ေျပာလိုက္မိတာပါ...အသက္ေလးကကိုမိုးညိုကိုနားလည္ေပးမယ္မဟုတ္လား...ဟင္..."

နားလည္ေပးစရာလား...။သူကေတာင္ကိုယ့္ကိုနားလည္ေပးလို႔လား...။

သြားဗ်ာ...လာမေခ်ာ့နဲ႕...။

" အင္း...ဒီအတိုင္းဆိုရင္ေတာ့ဟိုအထုတ္ေလးကိုျပန္ယူသြားရေတာ့မယ္ထင္တယ္...ေဝကမစားေတာ့ဘူးဆိုေတာ့..."

လိုတာထက္ပိုၿပီးအသံကိုျမႇင့္ကာမိုးညိုေျပာလိုက္၏။သူ႕စကားေၾကာင့္ဒီခေလးေျပာင္းလဲသြားမယ္ဆိုတာမိုးညိုယုံသည္။တကယ္ပဲသူ႕စကားေၾကာင့္ေဝ့ရဲ႕ေက်ာကမတ္ခနဲ႕ျဖစ္သြားေလသည္။

အဟက္...။

ဒီေလာက္ဆိုသူသိလိုက္ၿပီး...။

ခဏၾကာေတာ့စိတ္ဆိုးေနတဲ့အသက္ေလးကသူ႕ဘက္ကိုလွည့္လာေလေတာ့သည္။မ်က္ႏွာကေတာ့စူပုတ္ေနဆဲပင္...။

လူဆိုးေလး...။

" ထမင္းခြံ႕ေပး....နံနံ႐ြက္ပါနည္းနည္းထည့္ေပ..."

" ဟုတ္ၿပီး...ဟုတ္ၿပီး..."

စိတ္ဆိုးေျပခါစမို႔အသက္ေလးအလိုက်မိဳးညိုလုပ္ေပးလိုက္၏။သူ႕စားခ်င္တဲ့နံနံ႐ြက္ကိုလည္းမသိမသာေလးထည့္ေပးလိုက္သည္။

" အာ...စားေကာင္းလား..."

" ေနာက္တစ္လုပ္..."

အခုမွပဲမိုးညိုတစ္ေယာက္သက္ျပင္းခ်နိဳင္ေတာ့သည္။မဟုတ္ရင္သူ႕ကိုစိတ္ဆိုးၿပီးေက်ာင္းျပန္တက္တဲ့အထိဒီခေလးဘာမွကိုစားမွာမဟုတ္ေပ...။အဲ့ဒီအခါက်ရင္သူပဲအရင္ဆုံးစိတ္ပူရမည္။

" ေတာ္ၿပီး...မစားခ်င္ေတာ့ဘူး..."

" ဒီတစ္လုတ္စားလိုက္...ဒါေနာက္ဆုံးတစ္လုတ္ပဲ...အာ..."

ဒီခေလးကထမင္းစားတာနည္းလြန္းသည္။ဒါေၾကာင့္အခုတေလာဒီခေလးထမင္းမ်ားမ်ားစားေအာင္ေခ်ာ့ေမာ့ကာေကြၽးေနရ၏။

" ေတာ္ၿပီေနာ္..."

" အင္...ေတာ္ၿပီး..."

ထမင္းကဆက္ေကြၽးလို႔မရေတာ့တာေၾကာင့္မိုးညိုလည္းထမင္းခ်ိဳင့္ေတြကိုေကာက္သိမ္းလိုက္၏။ၿပီးရင္ဒီခေလးကိုေဆးတိုက္ရဦးမည္။

" ကိုမိုးညို...ကြၽန္ေတာ့္ကိုဟိုဟာေကြၽးမယ္မလား..."

" ဘယ္ဟာလဲ..."

ေဝေလးရဲ႕စကားမသိခ်င္ေယာင္ေဆာင္ကာသူေမးလိုက္၏။ထိုအခါအသက္ေလးကေဖာင္းေနတဲ့ဗိုက္နဲ႕အၿပိဳင္ႏႈတ္ခမ္းေလးစူသြားေတာ့သည္။

" ဟိုဟာေလ...သံပုရာသီး..."

" တစ္စိပ္ပဲရမယ္...အိုေခလား..."

ခုနကေျပာေတာ့မသိရင္ပဲတစ္ထုတ္လုံးေကြၽးေတာ့မလိုလို...။

" က်စ္...ေပး...တစ္စိတ္ပဲ..."

" ေရာ့..."

သံပုရာသီးနဲ႕င႐ုတ္သီးဆားေထာင္းကိုျမင္ေတာ့ရေဝတစ္ေယာက္တံေတြးကို " ဂလု " ခနဲ႕ျမည္ေအာင္ၿမိဳခ်လိဳက္မိသည္။ၿပီးေနာက္မိုးညိုကမ္းေပးတဲ့သံပုရာသီးစိတ္ကိုလွမ္းယူကာင႐ုတ္သီးဆားေထာင္ထဲကိုအားရပါးရနစ္လိုက္၏။ၿပီးတာနဲ႕အားရပါးရေကာက္ဝါးလိုက္ေတာ့သည္။

မစားရတာၾကားလို႔လားမသိ...။အရမ္းကိုအရသာရွိလွသည္။ထပ္စားခ်င္ေပမယ့္လည္းေဒါသအိုးႀကီးနဲ႕ျပႆနာထပ္မျဖစ္ခ်င္တာေၾကာင့္ဒီေလာက္နဲ႕သာေတာ္လိုက္ရေတာ့သည္။

ေတာ္ေတာ္ဇီဇာေၾကာင္တဲ့ေဒါသအိုးႀကီး...။

ေနာက္မွခိုးစားျပမယ္...။

" ေရာ့...ေရေသာက္လိုက္..."

ကိုမိုးညိုရဲ႕လက္ထဲကေရခြက္ကိုသူလွမ္းယူၿပီးေမာ့ေသာက္ခ်လိဳက္၏။စားရတာမဝေပမယ့္စားခ်င္တာစားလိုက္ရတဲ့အတြက္သူနည္းနည္းေတာ့စိတ္သက္သာရသြား၏။

" ေဝကအခ်ဥ္စားလိုက္ေတာ့ကိုမိုးညိုကေဆးဘယ္လိုတိုက္ရေတာ့မလဲ..."

" ညေနမွတိုက္ေပါ့ေယာက္်ားရာ...နို႔လည္းညမွႏွစ္ခြက္ေပါင္းေသာက္မယ္...ဟုတ္ၿပီလား...အဟီး...ဟီး..."

လူလည္ေလး...။သူစာခ်င္းတာစားလိုက္ရေတာ့မ်က္ႏွာႀကီးကိုၿဖီးလို႔...။

" ဟီး...ငါ့ေယာက္်ားကေခ်ာလာလိုက္တာ...ေသခ်ာၾကည့္ရင္ဟိုမင္းသားနဲ႕တူလာသလိုပဲ..."

" အဟန့္...ဘယ္မင္းသားလဲ..."

ဒီခေလးရဲ႕အျမင္မွာသူကအဲ့ေလာက္ေတာင္ေခ်ာေနတာလား...။ဒါေတာင္သူကမျပင္၊မဆင္လို႔...။ျပင္လိုက္၊ဆင္လိုက္လို႔ကေတာ့ႏွာနပ္ယူရေလာက္တဲ့အထိဒီခေလးငုတ္တုတ္ေမ့သြားနိုင္သည္။

" ေနထူးနိုင္..."

" ဟမ္...."

" ဟား...ဟား...ဟား..."

ရေဝတစ္ေယာက္မိုးညိုရဲ႕မခ်ိဳမခ်ဥ္ျဖစ္သြားတဲ့႐ုပ္ကိုၾကည့္ၿပီးအားရပါရရယ္ခ်လိဳက္မိေတာ့သည္။

သူ႕လိုေထာင္ေထာင္ေမာင္းေမာင္း႐ုပ္ခပ္ေျဖာင့္ေျဖာင့္ကိုေနထူနိုင္နဲ႕တူတယ္တဲ့လား...။ဒီခေလးအျမင္ေတြေဝဝါးေနတာမ်ားလား...။ဒါမွမဟုတ္ေသေသခ်ာခ်ာမၾကည့္လို႔မ်ားလား...။ညက်ရင္ေတာ့ဒီခေလးကိုေသခ်ာျမင္ေအာင္သူျပမွရေတာ့မည္။

---------------------------------------------------------
ေဝဖန္အႀကံျပဳခ်က္မ်ားကိုႀကိဳဆိုလွ်က္...။

( ကိုမိုးညိုတို႔ရဲ႕ Family type ေလးကိုအပိုင္းမ်ားမ်ားေလးေရးခ်င္လို႔ရေဝရဲ႕ကိုယ္ဝန္ေဆာင္တဲ့ကာလေတြကိုအလ်င္သင့္သလိုေက်ာ္သြားလိုက္ပါၿပီး...)



Continue Reading

You'll Also Like

254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
407K 58.1K 199
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)