အခန်း(၃၀)
" ဒီလင်နဲ့ဒီလင်ဘဝတစ်သက်လုံးအိုအောင်မင်းအောင်ပေါင်းရစေ...တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ခြင်း၊ကြင်နာခြင်းမပြတ်ပဲနှစ်တစ်ရာတိုင်လက်တွဲသွားနိုင်ပါစေကွယ်...စီးပွားတွေလည်းဒီရေအလားတိုးတက်ကြပါစေကွယ်..."
" ပေးတဲ့ဆုနဲ့ပြည့်မှာပါ...ဒေါ်လေး..."
" ပေးတဲ့ဆုနဲ့ပြည့်ပါစေအမေ..."
အိမ်ဦးခန်းမှာထိုင်နေတဲ့ဒေါ်ချိုမြကမိုးညိုရဲ့ဆန္ဒပြုလိုက်တဲ့စကားကြောင့်နှုတ်ခမ်းကိုရွဲ့လိုက်မိသည်။
သူ(မ)ပေးတဲ့ဆုကပြည့်မှာပါတဲ့လား...။
ပြောပုံက...။
မသိရင်ပဲနှစ်ယောက်သားကနှစ်တစ်ရာတိုင်မခွဲနိုင်လို့လက်ထပ်ထားကြသလိုလို...။
ဒီကောင်လေးဟာလေ...။
ဒီနေ့ပဲသူ(မ)ရဲ့သမက်ရာထူးကိုရတယ်...။
အခုတော့ကြည့်...။
စကားကိုလူလိုမပြောပဲဂဏန်းလိုပြောနေတယ်...။
ဒေါ်ချိုမြတစ်ယောက်အသစ်စက်စက်သမက်လေးရဲ့ယဥ်ကျေးလိမ္မာတဲ့အပြောစကားလေးတွေကိုသဘောကျလွန်းတဲ့အတွက်အမှတ်တွေဇွတ်လျှော့ပစ်လိုက်သည်။
သွား...(၁၀)မှတ်...။
အခုလည်းသူ(မ)ကိုကန်တော့ပြီးတာနဲ့ဘေးနားမှာထိုင်နေတဲ့သားဖြစ်သူရဲ့လက်လေးကိုကိုင်ကာနဖူးလေးစမ်းလိုက်၊ပါးလေးကိုင်လိုက်နဲ့အလုပ်ရှုပ်နေလေရဲ့...။
အဲ့ဒါသာကြည့်...။
ဒီကောင်လေးသူ(မ)ကိုမခန့်တာ...။
သားဖြစ်သူကလည်းမိုးညိုလုပ်သမျှကိုကျောက်ရုပ်ကြီးလိုငြိမ်ခံနေ၏။မသိရင်ဒီနေရာမှာသူတို့နှစ်ယောက်ပဲရှိနေသလိုလို...။သူ(မ)ကိုတော့အသက်မရှိတဲ့စာခြောက်ရုပ်ကြီးလိုသဘောထားနေကြတာလာမသိပေ...။သားဖြစ်သူနဲ့သမက်ဖြစ်သူကိုကြည့်ပြီးစောင်ကိုက်ရမယ့်အစားသူ(မ)တောင်တက်ချင်သွားသည်။
တစ်ယောက်တည်းယောက်ယက်ခတ်နေတဲ့သမက်ဖြစ်သူကိုကြည့်ပြီးဒေါ်ချိုမြခေါင်းတွေမူးနှောက်လာ၏။အသစ်စက်စက်သမက်လေးရဲ့အကျိုးကျေးဇူးတွေကိုဒေါ်ချိုမြခမျာချက်ခြင်းလက်ငင်းခံစားနေရလေပြီ...။
အမယ်လေး...ငါသွေးတက်...။
ဒီကောင်လေးနှယ်...။
အရင်ဘဝကမျောက်သေလို့ဝင်စားသလားအောက်မေ့ရတယ်...။သားဖြစ်သူကိုစမ်းလိုက်၊ကိုင်လိုက်၊တို့လိုက်၊ထိလိုက်နဲ့အငြိမ်ကိုမနေပါလား...။
သေချာသည်။ဒီကောင်လေးမျောက်သေလို့ဝင်စားတာပဲဖြစ်ရမည်။မျောက်တောင်မှမျောက်လွှဲကျော်ကလွဲပြီးမဖြစ်နိုင်ပေ...။
ကြည့်ပါလား...။
သူပဲလှုပ်ရွနေတာ...။
သားဖြစ်သူကတော့ဘုန်းကြီးသေလို့ဝင်စားသလားအောက်မေ့ရ၏။ငြိမ်လိုက်တာမှ...။ဘေးနားကသူ့ယောက်ျားဘာလုပ်လုပ်ငြိမ်ပြီးတော့ကိုခံနေတာ...။
ငြိမ်ကုတ်နေတဲ့သားဖြစ်သူကိုကြည့်ပြီးဒေါ်ချိုမြအားမလိုအားမရဖြစ်မိသည်။အိမ်ထောင်ကျတာတစ်ရက်မပြည့်သေးဘူး၊ယောက်ျားရှေ့မှာဒီကောင်လေးပြားပြားဝပ်နေရပြီ...။
မချစ်ဘူးသာပြောတယ်...။
သူ့ယောက်ျားဘာပဲလုပ်လုပ်ငြိမ်ပြီးတော့ကိုခံနေတာ...။
ဟင်...။
အခုမှသားဖြစ်သူရဲ့မျက်နှာကိုဒေါ်ချိုမြသေချာကြည့်မိသည်။သားရဲ့မျက်နှာလေးကနွမ်းဖက်နေပါလား...။ပြီးတော့နှုတ်ခမ်းကလည်းဖူးယောင်ပြီးပေါက်ပြဲနေ၏။
ဒီခလေးနှစ်ကောင်ရန်ဖြစ်ထားကြတာများလား...။
" သား...ရဝေ..."
" ဗျာ..."
" နေမကောင်းဘူးလားသား..."
" ကောင်း...ကောင်းပါတယ်အမေရဲ့..."
မိခင်ဖြစ်သူရဲ့အမေးကိုအထစ်ထစ်အငေါ့ငေါ့နဲ့ရဝေပြန်ဖြေလိုက်၏။သူ့ပုံစံကအဲ့လောက်တောင်သိသာနေတာလား...။
ညကကိစ္စကြောင့်လူကစိတ်သွားတိုင်းကိုယ်မပါနိုင်အောင်ပင်ပန်းနွမ်းနယ်နေသည်။ပြုံးလိုက်တိုင်းအသက်မပါသလိုဖြစ်နေတဲ့အတွက်ဘယ်သူ့ကိုမှလည်းပြုံးမပြဖြစ်တော့ပေ...။ညကတစ်ညလုံးရန်ရှာခံခဲ့ရတဲ့သူ့နှုတ်ခမ်းကလည်းစကားများများပြောလို့မရအောင်ထုံပြီးနာကျင်နေ၏။မဖျားလို့သာတော်သေးသည်။
ဘေးနားကလူကတော့အခုလိုဖြစ်ရတာသူ့ကြောင့်ပါဆိုပြီးမနက်မိုးလင်းကတည်းကသူ့ကိုခလေးတစ်ယောက်လိုပြုစုလုပ်ကိုင်ပေးသည်။အိမ်သာသွားချင်တယ်ဆိုလည်းပွေ့ချီပြီးလိုက်ပို့ပေးသည်။ရှူးပေါက်ချင်ဆိုလည်းကုန်ပိုးပြီးပို့ပေး၏။
မလုပ်ပေးနဲ့ဆိုလည်းမရ...။
သူ့ကြောင့်ဝေလေးအခုလိုဖြစ်နေရတာသူစိတ်မကောင်းပါဘူးတဲ့လေ...။ဒါကြောင့်သူလုပ်ပေးတာကိုမငြင်းပါနဲ့တဲ့...။တကယ်လည်းသူအခုလိုဖြစ်ရတာဒီလူကြီးကြောင့်ပင်မဟုတ်လား...။
ဗိုက်ဆာတယ်လို့ပြောမိပြန်တော့သူ့ကိုလာကျွေးတာကဆန်ပြုတ်...။ဒီလိုဖြစ်ရင်အမာစာမစားရဘူးလို့သူကြားဖူးတယ်တဲ့...။ဒါကြောင့်ဗိုက်ဆာရင်ဆန်ပြုတ်ပဲသောက်ပါတဲ့လေ...။ကိုမိုးညိုရဲ့စကားကြောင့်လူကထိုင်ငိုချင်သွားသည်။တစ်ညလုံးလည်းဒုက္ခခံခဲ့ရပြီးပြီလေ...။အခုလည်းအစားအသောက်ဒုက္ခခံရဦးမယ်တဲ့လား...။ပြီးတော့လည်းမနေ့ညကဘာမှမစားထားတဲ့သူ့ဗိုက်ကဒီဆန်ပြုတ်သောက်ရုံနဲ့ဗိုက်ပြည့်မှာတဲ့လား...။
" ဆန်ပြုတ်မသောက်ချင်ဘူး၊ထမင်းပဲစားချင်တယ် " လို့ပြောမယ်ကြံကာရှိသေး၊သူ့ရဲ့ဒုက္ခအိုးက " အခုလိုကျွေးရတာသူ့အတွက်ပါ " ဆိုလို့မသောက်ချင်တဲ့ဆန်ပြုတ်ကိုကြိတ်မှိတ်ပြီးသူသောက်ရတော့သည်။စိတ်ထဲမှာတော့ဆန်ပြုတ်တိုက်တဲ့လူကိုမေတ္တာအခါခါသူပို့နေမိ၏။
လူယုတ်မာကြီး...။
သူ့အဝှာသရမ်းတာအရေးမကြီဘူး...။အခုတော့လူကဆန်ပြုတ်ကိုမနက်စာအဖြစ်နဲ့စားနေရပြီ...။
သူမေတ္တာပို့တာထိရောက်သည်ဖြစ်မည်။ဒုက္ခအိုးတိုက်တဲ့ဆန်ပြုတ်နှစ်ပန်းကန်ကိုပြောင်စင်အောင်သူသောက်လိုက်ရ၏။ပြဿနာတစ်ခုပြီးသွားပြန်တော့လည်းနောက်ပြဿနာတစ်ခုကစလာပြန်သည်။
အခြားတော့မဟုတ်...။
အမေတို့အိမ်လာတော့လည်းလမ်းမလျှောက်နိုင်တဲ့သူ့ကိုကျောပိုးပြီးခေါ်မယ်တဲ့လေ...။
ထိုစကားကြောင့်ကိုမိုးညိုကိုအကြောက်အကန်သူငြင်းရပါတော့သည်။သူ့ကိုကျောပိုးပြီးအမေ့တို့အိမ်ကိုသွားမယ်တဲ့လား...။
ဒီလူကြီးစဥ်းစားဉာဏ်မရှိဘူးလား...။
ဒါမှမဟုတ်သူ့ကိုတမင်သက်သက်အရှက်ခွဲနေတာများလား...။မနေ့ကပဲမင်္ဂလာဆောင်သည်။ဒီနေ့တော့သွားလေရာကိုကျောပိုးပြီးခေါ်နေရပြီဆိုရင်...။
ဟင့်အင်း...။
စဥ်းစားကြည့်ရုံနဲ့လူကမီကင်ခံရသလိုတစ်ကိုယ်လုံးပူထူလာခဲ့သည်။သွားမှာကအိမ်ပေါ်နဲ့အိမ်အောက်မဟုတ်ပဲဟိုဘက်ပိုင်းနဲ့ဒီဘက်ပိုင်း...။ဒီလိုနဲ့သူအကြောက်အကန်ငြင်းမှုကြောင့်ကျောပိုးပြီးခေါ်မယ့်အစီအစဥ်ကပျက်သွားရသည်။
ကျောပိုးပြီးခေါ်မသွားတော့ဘူးဆိုလို့လူကစိတ်သက်သာရတုန်းရှိသေးနောက်ဆက်တွဲစကားကြောင့်ခြေဆင်းပြီးခလေးတစ်ယောက်လိုအော်ဟစ်ပြီးသာသူငိုပစ်လိုက်ချင်တော့သည်။
ကျောပိုးပြီးခေါ်တာကိုမလိုက်ချင်ရင်လှည်နဲ့သွားကြမယ်တဲ့လေ...။သူ့ဒဏ်ကိုတစ်ညလုံးအလူးအလှိမ့်ခံခဲ့ရတဲ့ကိုယ်ကလှည်းစီးရမယ်တဲ့လား...။
" အသေသာသတ်လိုက်ပါတော့ကိုမိုးညိုရယ် " လို့သာသူအော်ဟစ်ပြီးပြောလိုက်ချင်သည်။
ဒီလူကြီးရဲ့အတွေးကသူလိုက်မမှီနိုင်တဲ့ Level တစ်ခုကိုရောက်နေလေပြီ...။သူ့ကိုရဖို့ဆိုရင်တော့ဦးနှောက်ကဉာဏ်နီ၊ဉာဏ်နက်၊ဉာဏ်ပြာ၊ဉာဏ်ရောင်စုံထွက်သည်။ဒါမျိုးကျတော့အဲ့ဒီဦးနှောက်ကဘာမှကိုသုံးစားမရတော့ပါလား...။လူကအပေါ်ရောအောက်ပါမကျန်တစ်ကိုယ်လုံးကိုက်ခဲနေပါတယ်ဆိုလှည်းသာစီးလိုက်လို့ကတော့...။
သို့နှင့်ရဝေတစ်ယောက်ယောက်ျားဖြစ်သူကိုလှည်းနဲ့မသွားဖို့ပြောရပြန်၏။ဒီတစ်ခါတော့သူ့ရဲ့စကားကို,ကိုမိုးညိုကလက်မခံတော့ပေ...။
ကုန်းပိုးမစီးချင်ရင်လှည်းနဲ့သွားရမယ်တဲ့လေ...။လှည်းစီးရတာအဆင်ပြေအောင်လှည်းပေါ်မှာဂွမ်းကပ်ခင်းပေးပါ့မယ်တဲ့...။
ကိုမိုးညိုရဲ့စကားကိုအသည်းအသန်ခေါင်းခါပြီးသူငြင်းဆန်လိုက်၏။သူများတွေတောင်လှည်းကိုဒီလိုပဲစီးနေကျတာလေ...။သူ့အလှည့်ကျမှဂွမ်းကပ်ကိုဖင်ခုပြီးလှည့်စီးရမယ်တဲ့လား...။
အဓိပ္ပါယ်မရှိလိုက်တာ...။
ဟိုဟာဆိုလည်းဟင့်အင်း၊ဒီဟာဆိုလည်းခေါင်းခါပြနေတဲ့သူ့ကို,ကိုမိုးညိုကစိတ်မရှည်တော့ဘူးထင်ပါရဲ့...။ဒီလိုနဲ့နှစ်ယောက်သားအမေ့အိမ်လာဖို့ကိစ္စနဲ့ပတ်သတ်ပြီးသူတစ်ခွန်း၊ကိုယ်တစ်ခွန်းစကားများကြတော့သည်။ကိုယ့်ကိုသက်တောင့်သက်သာဖြစ်အောင်ဖန်တီးပေးတာမှန်ပေမယ့်သူများထက်ထူးပြီးတော့သူမရူးချင်ပါ...။
နောက်ဆုံးတော့လည်းကိုမိုးညိုကသူ့သဘောဆန္ဒအတိုင်းပင်...။
ဒီလိုနဲ့နှစ်ယောက်သားအမေတို့အိမ်ကိုလမ်းလျှောက်ပြီးလာခဲ့ကြသည်။ကုန်းပိုးမစီးချင်၊လှည်းလည်းမစီးချင်တဲ့သူ့ကို,ကိုမိုးညိုကဖြည်းဖြည်းချင်းတွဲခေါ်လာခဲ့၏။စိတ်ရှည်ရှည်နဲ့တွဲခေါ်နေတာဆိုပိုမှန်လိမ့်မည်။သူ့ယောက်ျားကစိတ်ရှည်တတ်တဲ့လူစားမျိုးမဟုတ်ဘူးဆိုတာရဝေသိသည်။
သို့ပေမယ့်...။
စိတ်မရှည်တတ်တဲ့ဒီလူကြီးကပါးစပ်ကသာပွစိပွစိနဲ့ရေပက်မဝင်အောင်တတွတ်တွတ်ပြောနေတာသူ့ကိုတော့အရမ်းဂရုစိုက်တတ်သည်။သူနေပူမှာစိုးလို့ထီးမိုးပေးရတာနဲ့၊ရေအိုင်တွေ၊ချိုင့်ခွက်တွေတွေ့ရင်ကွေ့ပတ်ပြီးခေါ်ရတာနဲ့လိုလေသင့်မရှိအောင်ဂရုစိုက်လုပ်ပေးရှာသည်။
နှစ်ယောက်သားအမေ့အိမ်ကိုမနက်နေထွက်ကတည်းကလာခဲ့ပေမယ့်ဒီကိုရောက်တော့နေ့လယ်ခင်းတောင်ရောက်နေပြီဖြစ်သည်။ဒါတောင်လမ်းမှာတွေ့တဲ့လူတွေကိုပြုံးပြနှုတ်ဆက်ရုံသာ...။မဟုတ်ရင်သူတို့နှစ်ယောက်အမေ့အိမ်ကိုမိုးချုပ်မှပဲရောက်လာလိမ့်မည်။
" ဝေ..."
" ဟင်...အင်..."
" နေရတာအဆင်ပြေလား..."
" ပြေပါတယ်..."
ကိုမိုးညိုရဲ့အမေးကိုခပ်တိုးတိုးလေးရဝေပြန်ဖြေလိုက်၏။တကယ်လည်းအရင်ကထက်စာရင်သူအဆင်ပြေနေပြီဖြစ်သည်။သို့သော်ကိုမိုးညိုကတော့သူ့ကိုစိုးရိမ်တဲ့အကြည့်တွေနဲ့ကြည့်နေဆဲပင်...။အမေကတော့သူတို့နှစ်ယောက်ကိုအကဲခတ်နေပုံရသည်။
" မောင်မိုးညို..."
" ခင်ဗျာ..."
" ဒေါ်လေးမင်းကိုတစ်ခုလောက်တော့ပြောချင်တယ်ကွယ်..."
" ဟုတ်ကဲ့...ပြောပါဒေါ်လေး..."
စကားမပြောခင်သူ(မ)ရှေ့ကသားနဲ့သမက်ဖြစ်သူကိုအရင်ဆုံးဒေါ်ချိုမြကြည့်လိုက်သည်။အခုပြောမယ့်စကားကိုဒေါ်ချိုမြမပြောချင်ပေမယ့်လည်းဒီခလေးနှစ်ယောက်ရဲ့အနာဂတ်နဲ့သက်ဆိုင်နေတာကြောင့်သူ(မ)ပြောမှဖြစ်မည်။သို့နှင့်ဒေါ်ချိုမြကသက်ပြင်းကိုမသိမသာလေးချရင်းစကားပြောဖို့အားယူလိုက်သည်။
" အရင်ဆုံးပြောချင်တာကတော့သားနဲ့ပတ်သတ်ရင်မောင်မိုးညိုကလည်းဒေါ်လေးရဲ့သားတစ်ယောက်လိုပါပဲ...အဲ့တော့...ဒေါ်လေးအခုပြောမယ့်စကားကိုသေသေချာချာလေးနားထောင်ပေး...ဟုတ်ပြီလား..."
" ဟုတ်ကဲ့...ကျွန်တော်နားထောင်ပါ့မယ်..."
ဒေါ်ချိူမြပြောလာမယ့်စကားကိုမိုးညိုကောရဝေပါနားစွင့်နေမိကြ၏။ဒေါ်ချိုမြရဲ့ပုံစံကအကြောင်းအရာတစ်ခုကိုလေးလေးနက်နက်ပြောချင်နေပုံရသည်။
" ဒေါ်လေးရဲ့သားနဲ့မောင်းမိုးညိုနဲ့ကတရားဝင်လက်ထပ်ယူပြီးပြီဆိုတော့မောင်မိုးညိုအနေနဲ့...အရင်လို...ဘဝကိုဖြစ်သလိုမနေသင့်တော့ဘူးလို့ဒေါ်လေးထင်တယ်...မောင်မိုးညိုကအရင်လိုလူလွတ်လည်းမဟုတ်တော့ဘူးလေ..."
" အိမ်ထောင်တစ်ခုကိုထူထောင်လိုက်ပြီဆိုကတည်းကဒီအိမ်ထောင်စုရဲ့အခြေခံလိုအပ်ချက်ထောင့်တိုင်တွေကိုမင်းတို့နှစ်ယောက်လုံးဖန်တီးရတော့မယ်မဟုတ်လား...ဒေါ်လေးဘာကိုဆိုလိုလည်းဆိုတာမောင်မိုးညိုနားလည်မှာပါကွယ်..."
" ဟုတ်ကဲ့...ကျွန်တော်နားလည်ပါတယ်ဒေါ်လေး..."
" အေအေ..."
သူ(မ)ပြောတဲ့စကားကိုနားလည်တယ်ဆိုရင်ပဲကျေနပ်စရာကောင်းလှပါပြီ...။
" သား...ရဝေ..."
" ဟုတ်ကဲ့... အမေ..."
" သားကအိမ်ထောင်သည်ဖြစ်နေပြီနော်...အရင်လိုလူလွတ်မဟုတ်တော့ဘူး...ကိုယ့်ရဲ့လက်တွဲဖော်အပေါ်မှာနားလည်မှု၊ယုံကြည်မှု၊ခွင့်လွှတ်မှုတွေထားရတော့မယ်...သဘောထားမတိုက်ဆိုင်တာတွေရှိလာခဲ့ရင်လည်းနှစ်ယောက်သာခေါင်းချင်းဆိုင်ပြီးပွင့်ပွင့်လင်းလင်းနဲ့ညှိနှိုင်းအဖြေရှာကြ...ဟုတ်ပြီလား..."
" ဟုတ်ကဲ့ပါ...အမေ..."
" အေအေ...သားတို့နှစ်ယောက်ကအရွယ်ရောက်ပြီးသားလူတွေပဲကွယ်...အမေအများကြီးမပြောလည်းသိလောက်မှာပါ..."
" ဟုတ်ကဲ့...သိပါတယ်အမေ..."
ယောက်ျားလေးနှစ်ယောက်ဖန်တီးထားတဲ့ဘဝတစ်ခုမို့ဒေါ်ချိုမြစိုးရိမ်စိတ်ဖြစ်မိတာတော့အမှန်ပင်...။
သို့သော်နှစ်ယောက်လုံးကအရွယ်ရောက်ပြီးသားလူတွေဖြစ်တဲ့အတွက်ကြောင့်အစစအရာရာအဆင်ပြေလိမ့်မယ်လို့ဒေါ်ချိုမြယုံကြည်မိသည်။ဒါပေမယ့်လည်းအချိန်တစ်ခုထိတော့ဘေးကနေသူမတည့်မတ်ပေးနေရဦးမှာပေါ့...။
" အမေ...ရသော်လည်းမတွေ့ပါလား..."
" ဘေးအိမ်ကနှင်းဝေနဲ့ဟိုဘက်ရွာသွားတယ်လေ...သူ့သူငယ်ချင်းမင်္ဂလာဆောင်အလုပ်အကိုင်ဆိုလား..."
" သြော်..."
" သားတို့ထမင်းစားခဲ့ပြီးပြီလား...မစားရသေးရင်အိမ်မှာစားသွားလိုက်..."
" မ...မစားတော့ဘူးအမေ..."
" ဘာလို့လဲသားရဲ့...အိမ်မှာသားကြိုက်တဲ့က,ကတစ်ကြော်နဲ့ဘူးသီးအချိုလေးချက်ထားတယ်...စားသွား..."
စားချင်တာပေါ့အမေရယ်...။
အမေ့သမက်သာအဝှာမသရမ်းခဲ့ရင်အခုချိန်လောက်ဆိုအမေ့သားကထမင်းဝိုင်းထဲဝင်ထိုင်နေလောက်ပြီ...။
အခုတော့...။
ဘဝက " မြင်သာမြင်၊မကြင်ရ " ဆိုသလိုလူစင်စစ်ကနေနတ်ဘဝရောက်နေရ၏။
" ဟို...ဟို..."
" ကျွန်တော်တို့စားခဲ့ပြီးပါပြီဒေါ်လေး..."
တဟိုဟိုနဲ့ခြေကုတ်ခေါင်းကုတ်ဖြစ်နေတဲ့ရဝေ့အစားမိုးညိုကအဆင်ပြေမယ့်မုသားစကားသုံးကာဒေါ်ချိုမြရဲ့ဖိတ်ခေါ်မှုကိုငြင်းဆိုလိုက်၏။မဟုတ်ရင်သာအမိနှစ်ယောက်မုန့်လုံးစက္ကူကပ်နေလိမ့်မည်။
" သြော်...အေအေ..."
သမက်စကားတစ်ခွန်းဆိုတစ်ခွန်းပဲ...။ဒေါ်ချိုမြအထွန့်မတက်ပေ...။ရဝေကတော့မိုးညိုကိုဘုကြည့်ကြည့်နေလေရဲ့...။
အချိန်အနည်းငယ်ကြာပြီးတဲ့နောက်ဒေါ်ချိုမြကိုနှုတ်ဆက်ပြီးမိုးညိုတို့အိမ်ပြန်လာခဲ့ကြသည်။အပြန်ကျတော့လည်းအလာတုန်းကအတိုင်းပင်...။တစ်လမ်းချင်းဖြည်းဖြည်းလေးလျှောက်ရပြန်၏။ထမင်းမစားရတာရော၊တစ်ကိုယ်လုံးနာကျင်နေတာပါပေါင်းပြီးရဝေစိတ်တွေတိုလာမိသည်။
လူယုတ်မာကြီး...။
နောက်ခါကျရင်သရမ်းရဲရင်သရမ်းကြည့်...။အဲ့ဒီဟာကိုဓားနဲ့နုတ်နုတ်စင်းပြမယ်...။
" ဝေ...ကိုမိုးညိုအနားကိုတိုးစမ်း...နေပူတယ်..."
" တိုးဘူးဗျာ...ပူပါစေ..."
မိုးညိုရဲ့စကားကိုရဝေကဘုတောပြီးပြန်ဖြေလိုက်၏။လူကဒီလိုသာဖြစ်မနေရင်နေပူပူ၊မိုးရွာရွာခပ်မြန်မြန်လေးလျှောက်လို့ရသည်။စားချင်တာတွေလည်းစားလို့ရသည်။
အခုတော့...။
ရင်ထဲမှာဖြစ်တည်လာတဲ့ဒေါသကြောင့်ဘေးကလူကိုရဝေစွေပြီးကြည့်လိုက်မိသည်။ပြီးနောက်ဘေးနားကနေသူ့လက်ကိုဆုပ်ကိုင်ထားတဲ့ထိုလူကြီးရဲ့လက်ထဲကနေရဝေရုန်းထွက်လိုက်သည်။
သွားဗျာ...။
လာမကိုင်နဲ့...။
အခုမှလာဂရုစိုက်ပြနေလည်းအပိုပဲ...။
ထိုလူကြီးရဲ့လက်ထဲကနေရုန်းထွက်လိုက်ရုံတင်မကပဲထိုလူကြီးဆောင်းပေးတဲ့ထီးအောက်ကနေထွက်ပြီးနေပူကြီးထဲမှာရဝေလမ်းလျှောက်နေလိုက်သည်။အခုတော့လူကဝမ်းလည်းပူ၊နေလည်းပူတဲ့ဘဝကိုရောက်သွားရ၏။
" ဟ...နေပူနေတယ်လေကွာ..."
" ပူပါစေ..."
" ဝေ...မဆိုးစမ်းနဲ့...လာခဲ့...ဒီကို..."
" လာဘူးဗျာ..."
စိတ်တိုတိုနဲ့ဘေးကလူပြောသမျှကိုဂျစ်ကန်ကန်နဲ့ရဝေပြန်ဖြေနေမိသည်။သူအခုလိုဖြစ်နေရတာဒီလူကြီးကြောင့်...။ဒီလူကြီးလုပ်လို့သူထမင်းလည်းငတ်ရသည်။လမ်းလည်းထော့နင်းထော့နင်းနဲ့လျှောက်နေရသည်။
ဒီလူကြီးကသူ့အတွက်တော့ဒုက္ခအိုးကြီး...။
ရဝေတစ်ယောက်ဘေးကလူကိုဂျစ်တိုက်ပြီးနေပူကြီးထဲမှာလမ်းလျှောက်နေမိသည်။သူ့ကိုဂျစ်တိုက်ပြီးမျက်နှာစူပုပ်ပုပ်နဲ့နေပူကြီးထဲမှာလမ်းလျှောက်နေတဲ့ဂျစ်တူးလေးကိုမိုးညိုတစ်ယောက်အနောက်ကနေထီးလိုက်မိုးပေးနေရ၏။ဒီခလေးဘာတွေအလိုမကျဖြစ်နေပြန်ပြီလည်းမသိပေ...။
" ဝေ...မဆိုးစမ်းနဲ့..."
ပါးစပ်ကလည်းပြော၊လက်ကလည်းအသက်လေးသွားရာနောက်ကိုထီးလိုက်မိုးနေပေးနေရသည်။ဒီခလေးအလာတုန်းကအကောင်း၊အပြန်ကျမှဘာထဖြစ်လည်းမသိပေ...။
" ဝေ...ဒီလိုလုပ်နေရင်ကိုမိုးညိုပွေ့ချီလိုက်မှာနော်..."
ဒါလည်းဒီခလေးဂရုမစိုက်ပေ...။
သွားနေဆဲ...သွားနေမြဲပင်...။
အရှေ့ကလှုပ်တုပ်လှုပ်တုပ်နဲ့လမ်းလျှောက်နေတဲ့ဂျစ်တူလေးကိုကြည့်ပြီးမိုးညိုစိတ်မရှည်တော့ပေ...။နေဒီလောက်ပူနေတာကိုသူ့စိတ်ထဲမှာလသာတယ်ထင်နေလားမသိပေ...။ပူပြင်းတဲ့နေရောင်အောက်မှာလမ်းလျှောက်နေတဲ့အတွက်ဖြူနုနုအသားအရည်ကနီရဲတက်လာလေပြီ...။ပါးဖောင်းဖောင်းလေးနှစ်ဖက်ကလည်းပါးနီဆိုးထားသလားအောက်မေ့ရအောင်နီရဲတွတ်နေ၏။
မဖြစ်တော့...။
ဒီခလေးဆိုးလေးကိုသူအလိုလိုက်လို့မရတော့ပေ...။ကြာရင်ဒီခလေးဒုက္ခရောက်လိမ့်မည်။သို့နှင့်အရှေ့ကလှုပ်တုပ်လှုပ်တုပ်သွားနေတဲ့ဂျစ်တူးလေးကိုစွေ့ခနဲ့မိုးညိုပွေ့ချီပစ်လိုက်သည်။
ကဲ...လာစမ်း...။
ဂျစ်တူးလေး...။
" ဟာ...ဘာလုပ်တာလဲ...ပြန်ချပေး..."
" ငြိမ်ငြိမ်နေစမ်း...နေပူကြီးထဲမှာလမ်းလျှောက်နေစရာလား...ဟမ်း..."
အောက်ကိုကော့လန်ချနေတဲ့အဆိုးလေးကိုမိုးညိုခက်ဆက်ဆက်လေးပိတ်ဟောက်လိုက်သည်။လက်တစ်ဖက်ကထီးကိုကိုင်ထားရတာကြောင့်သူ့ပုံစံကလမ်းမပေါ်မှာကိုးယိုကားယားဖြစ်နေ၏။လမ်းမပေါ်မှာလူရှင်းနေလို့တော်သေးသည်။
" ပြန်ချပေး...ပြန်ချပေးလို့..."
" ငြိမ်ငြိမ်နေလို့ကိုယ်ပြောနေတယ်လေ...ဘာလဲ...အသိဝင်အောင်ဖင်ကိုရိုက်လိုက်ရမလား..."
မိုးညိုရဲ့စကားကြောင့်လှုပ်ရွနေတဲ့ရဝေ့ကိုယ်လုံးလေးကငြိမ်သက်သွားလေသည်။မျက်နှာခပ်တည်တည်နဲ့စကားပြောနေတဲ့မိုးညိုကပြောတဲ့အတိုင်းတကယ်လုပ်မည့်ပုံ...။တစ်ရှက်ကနေ၊နှစ်ရှက်မဖြစ်ချင်တော့တာကြောင့်ကိုမိုးညိုပြောတဲ့အတိုင်းရဝေငြိမ်ကုပ်နေလိုက်သည်။သို့သော်နီရဲရဲမျက်နှာလေးကတော့စူပုပ်နေဆဲပင်...။လှုပ်ရွနေတဲ့ကိုယ်လုံးလေးကငြိမ်ကုပ်သွားတာကြောင့်မိုးညိုပြုံးလိုက်မိသည်။
ဂျစ်တူးလေး...။
သူ့ကိုတော့ကြောက်သား...။
" ရော့...ထီးကိုင်..."
ကိုယ်လုံးလေးကိုပွေ့ချီထားရတဲ့အတွက်စူပုပ်လေးကိုထီးဆောင်းပေးလို့မရပေ...။ထို့ကြောင့်ထီးကိုဂျစ်တူလေးရဲ့လက်ထဲမိုးညိုထည့်ပေးလိုက်၏။
အဟက်...။
ထီးယူတာတောင်သူ့ကိုစွေပြီးကြည့်လိုက်သေးတယ်...။
ဒီခလေးညကကိစ္စနဲ့ပတ်သတ်ပြီးသူ့ကိုစိတ်ဆိုးနေတာဖြစ်မည်။ဒါကြောင့်သူဘာပြောပြောကန့်လန့်တိုက်နေတာ...။
အဟက်...။
ဒီလိုဆိုတော့သူ့ယောက်ျားကအဆိုးလေး...။
ပြီးတော့...။
ချစ်စရာစူပုပ်လေး...။
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
" ဒီလင္နဲ႕ဒီလင္ဘဝတစ္သက္လုံးအိုေအာင္မင္းေအာင္ေပါင္းရေစ...တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ခင္ျခင္း၊ၾကင္နာျခင္းမျပတ္ပဲႏွစ္တစ္ရာတိုင္လက္တြဲသြားနိုင္ပါေစကြယ္...စီးပြားေတြလည္းဒီေရအလားတိုးတက္ၾကပါေစကြယ္..."
" ေပးတဲ့ဆုနဲ႕ျပည့္မွာပါ...ေဒၚေလး..."
" ေပးတဲ့ဆုနဲ႕ျပည့္ပါေစအေမ..."
အိမ္ဦးခန္းမွာထိုင္ေနတဲ့ေဒၚခ်ိဳျမတစ္ေယာက္မိုးညိုရဲ႕ဆႏၵျပဳလိုက္တဲ့စကားေၾကာင့္ႏႈတ္ခမ္းကို႐ြဲ႕လိုက္မိသည္။
သူမေပးတဲ့ဆုကျပည့္မွာပါတဲ့လား...။
ေျပာပုံက...။
မသိရင္ပဲႏွစ္ေယာက္သားကႏွစ္တစ္ရာတိုင္မခြဲနိုင္လို႔လက္ထပ္ထားၾကသလိုလို...။
ဒီေကာင္ေလးဟာေလ...။
ဒီေန႕ပဲသူမရဲ႕သမက္ရာထူးကိုရတယ္...။
အခုေတာ့ၾကည့္...။
စကားကိုလူလိုမေျပာပဲဂဏန္းလိုေျပာေနတယ္...။
ေဒၚခ်ိဳျမတစ္ေယာက္အသစ္စက္စက္သမက္ေလးရဲ႕ယဥ္ေက်းလိမၼာတဲ့အေျပာစကားေလးေတြကိုသေဘာက်လြန္းတာေၾကာင့္အမွတ္ေတြဇြတ္ေလွ်ာ့ေနလိုက္သည္။
သြား...(၁၀)မွတ္...။
အခုလည္းသူမကိုကန္ေတာ့ၿပီးတာနဲ႕ေဘးနားမွာထိုင္ေနတဲ့သားျဖစ္သူရဲ႕လက္ေလးကိုကိုင္ၿပီးနဖူးေလးစမ္းလိုက္၊ပါးေလးကိုင္လိုက္နဲ႕အလုပ္ရႈပ္ေနေလရဲ႕...။
အဲ့ဒါသာၾကည့္...။
ဒီေကာင္ေလးသူမကိုမခန့္တာ...။
သားျဖစ္သူကလည္းမိုးညိုလုပ္သမွ်ကိုေက်ာက္႐ုပ္ႀကီးလိုၿငိမ္ခံေန၏။မသိရင္ဒီေနရာမွာသူတို႔ႏွစ္ေယာက္ပဲရွိေနသလိုလို...။သူမကိုေတာ့အသက္မရွိတဲ့စာေျခာက္႐ုပ္ႀကီးလိုသေဘာထားေနၾကတာလာမသိေပ...။ေဒၚခ်ိဳျမတစ္ေယာက္အေရွ႕ကသားျဖစ္သူနဲ႕သမက္ျဖစ္သူကိုၾကည့္ၿပီးေစာင္ကိုက္ရမယ့္အစားေသြးေတာင္တက္ခ်င္သြား၏။
တစ္ေယာက္တည္းေယာက္ယက္ခတ္ေနတဲ့သမက္ျဖစ္သူကိုၾကည့္ၿပီးေဒၚခ်ိဳျမတစ္ေယာက္ေခါင္းေတြမူးေႏွာက္လာေတာ့သည္။အသစ္စက္စက္သမက္ေလးရဲ႕အက်ိဳးေက်းဇူးေတြကိုေဒၚခ်ိဳျမခမ်ာခံစားေနရေလၿပီး...။
အမယ္ေလး...ငါေသြးတက္...။
ဒီေကာင္ေလးႏွယ္...။
အရင္ဘဝကေမ်ာက္ေသလို႔ဝင္စားသလားေအာက္ေမ့ရတယ္...။သားျဖစ္သူကိုစမ္းလိုက္၊ကိုင္လိုက္၊တို႔လိုက္၊ထိလိုက္နဲ႕အၿငိမ္ကိုမေနပါလား...။
ေသခ်ာသည္။ဒီေကာင္ေလးေမ်ာက္ေသလို႔ဝင္စားတာပဲျဖစ္ရမည္။ေမ်ာက္ေတာင္မွေမ်ာက္လႊဲေက်ာ္ကလြဲၿပီးမျဖစ္နိုင္ေပ...။
ၾကည့္ပါလား...။
သူပဲလႈပ္႐ြေနတာ...။
သားျဖစ္သူကေတာ့ဘုန္းႀကီးေသလို႔ဝင္စားသလားေအာက္ေမ့ရတယ္...။ၿငိမ္လိုက္တာမွ...။ေဘးနားကသူ႕ေယာက္်ားဘာလုပ္လုပ္ၿငိမ္ၿပီးေတာ့ကိုခံေနတာ...။
ေဒၚခ်ိဳျမတစ္ေယာက္ၿငိမ္ကုတ္ေနတဲ့သားျဖစ္သူကိုၾကည့္ရင္းအားမလိုအားမရျဖစ္ေနမိသည္။အိမ္ေထာင္က်တာတစ္ရက္မျပည့္ေသးဘူး၊ေယာက္်ားေရွ႕မွာျပားျပားဝပ္ေနရေလၿပီး...။
ၿပီးေတာ့...။
မခ်စ္ဘူးသာေျပာတယ္...။
သူ႕ေယာက္်ားဘာပဲလုပ္လုပ္ၿငိမ္ၿပီးေတာ့ကိုခံေနတာ...။
ဟင္...။
အခုမွသားျဖစ္သူရဲ႕မ်က္ႏွာကိုေဒၚခ်ိဳျမေသခ်ာၾကည့္မိသည္။သားရဲ႕မ်က္ႏွာေလးကႏြမ္းဖက္ေနပါလား...။ၿပီးေတာ့ႏႈတ္ခမ္းကလည္းဖူးေယာင္ၿပီးေပါက္ၿပဲေန၏။
ဒီခေလးႏွစ္ေကာင္ရန္ျဖစ္ထားၾကတာမ်ားလား...။
" သား...ရေဝ..."
" ဗ်ာ..."
" ေနမေကာင္းဘူးလားသား..."
" ေကာင္း...ေကာင္းပါတယ္အေမရဲ႕..."
မိခင္ျဖစ္သူရဲ႕အေမးကိုရေဝတစ္ေယာက္ထစ္ထစ္ေငါ့ေငါ့ျပန္ေျဖလိုက္၏။သူ႕ပုံစံကအဲ့ေလာက္ေတာင္သိသာေနတာလား...။
ညကကိစၥေၾကာင့္လူကစိတ္သြားတိုင္းကိုယ္မပါနိုင္ေအာင္ပင္ပန္းႏြမ္းနယ္ေနသည္။ၿပဳံးလိုက္တိုင္းလည္းအသက္မပါသလိုျဖစ္ေနတဲ့အတြက္ဘယ္သူ႕ကိုမွလည္းၿပဳံးမျပျဖစ္ေတာ့ေပ...။ညကတစ္ညလုံးရန္ရွာခံခဲ့ရတဲ့သူ႕ႏႈတ္ခမ္းကလည္းစကားမ်ားမ်ားေျပာလို႔မရေအာင္ထုံၿပီးနာက်င္ေန၏။မဖ်ားလို႔သာေတာ္ေတာ့သည္။
ေဘးနားကလူကေတာ့အခုလိုျဖစ္ရတာသူေၾကာင့္ပါဆိုၿပီးမနက္မိုးလင္းကတည္းကသူ႕ကိုခေလးတစ္ေယာက္လိုျပဳစုလုပ္ကိုင္ေပးေလ၏။အိမ္သာသြားခ်င္တယ္ဆိုလည္းေပြ႕ခ်ီၿပီးလိုက္ပို႔ေပးသည္။ရႉးေပါက္ခ်င္ဆိုလည္းကုန္ပိုးၿပီးပို႔ေပး၏။
မလုပ္ေပးနဲ႕ဆိုလည္းမရ...။
သူ႕ေၾကာင့္ေဝေလးအခုလိုျဖစ္ေနရတာသူစိတ္မေကာင္းပါဘူးတဲ့ေလ...။ဒါေၾကာင့္သူလုပ္ေပးတာကိုမျငင္းပါနဲ႕တဲ့...။
တကယ္လည္းသူအခုလိုျဖစ္ရတာဒီလူႀကီးေၾကာင့္မဟုတ္လား...။
ဗိုက္ဆာတယ္လို႔ေျပာမိျပန္ေတာ့သူ႕ကိုလာေကြၽတာကဆန္ျပဳတ္...။ဒီလိုျဖစ္ရင္အမာစာမစားရဘူးလို႔သူၾကားဖူးတယ္တဲ့...။ဒါေၾကာင့္ဗိုက္ဆာရင္ဆန္ျပဳတ္ပဲေသာက္ပါတဲ့ေလ...။ကိုမိုးညိုရဲ႕စကားေၾကာင့္သူထိုင္ငိုခ်င္သြားေတာ့သည္။တစ္ညလုံးလည္းဒုကၡခံခဲ့ရၿပီးၿပီေလ...။အခုလည္းအစားအေသာက္ဒုကၡခံရဦးမယ္တဲ့လား...။ၿပီးေတာ့လည္းမေန႕ညကဘာမွမစားထားတဲ့သူ႕ဗိုက္ကဒီဆန္ျပဳတ္ေသာက္႐ုံနဲ႕ဗိုက္ျပည့္မွာတဲ့လား...။
သို႔ႏွင့္ရေဝတစ္ေယာက္ " ဆန္ျပဳတ္မေသာက္ခ်င္ဘူး၊ထမင္းပဲစားခ်င္တယ္ " လို႔ေျပာမယ္ႀကံကာရွိေသး၊သူ႕ရဲ႕ဒုကၡအိုးက " အခုလိုေကြၽးရတာသူ႕အတြက္ပါ " ဆိုလို႔ရေဝတစ္ေယာက္မေသာက္ခ်င္တဲ့ဆန္ျပဳတ္ကိုႀကိတ္မွိတ္ၿပီးေသာက္ရေတာ့သည္။စိတ္ထဲမွာေတာ့ဆန္ျပဳတ္တိုက္တဲ့လူကိုေမတၱာအခါခါပို႔ေနမိ၏။
လူယုတ္မာႀကီး...။
သူ႕အဝွာသရမ္းတာအေရးမႀကီဘူး...။အခုေတာ့လူကဆန္ျပဳတ္ကိုမနက္စာအျဖစ္နဲ႕စားေနရၿပီး...။
သူေမတၱာပို႔တာထိေရာက္သည္ျဖစ္မည္။ဒုကၡအိုးတိုက္တဲ့ဆန္ျပဳတ္ႏွစ္ပန္းကန္ကိုေျပာင္စင္ေအာင္သူေသာက္လိုက္ရ၏။ျပႆနာတစ္ခုၿပီးသြားျပန္ေတာ့လည္းေနာက္ျပႆနာတစ္ခုကစလာျပန္သည္။
အျခားေတာ့မဟုတ္...။
အေမတို႔အိမ္လာေတာ့လည္းလမ္းမေလွ်ာက္နိုင္တဲ့သူ႕ကိုေက်ာပိုးၿပီးေခၚမယ္တဲ့ေလ...။
ထိုစကားေၾကာင့္ကိုမိုးညိုကိုအေၾကာက္အကန္သူျငင္းရပါေတာ့သည္။သူ႕ကိုေက်ာပိုးၿပီးအေမ့တို႔အိမ္ကိုသြားမယ္တဲ့လား...။
ဒီလူႀကီးစဥ္းစားဉာဏ္မရွိဘူးလား...။
ဒါမွမဟုတ္သူ႕ကိုတမင္သက္သက္အရွက္ခြဲေနတာမ်ားလား...။မေန႕ကပဲမဂၤလာေဆာင္သည္။ဒီေန႕ေတာ့သြားေလရာကိုေက်ာပိုးၿပီးေခၚေနရၿပီးဆိုရင္...။
စဥ္းစားၾကည့္ယုံနဲ႕လူကမီကင္ခံရသလိုတစ္ကိုယ္လုံးပူထူလာခဲ့ေလသည္။သြားမွာကအိမ္ေပၚနဲ႕အိမ္ေအာက္မဟုတ္ပဲ၊ဟိုဘက္ပိုင္း၊ဒီဘက္ပိုင္းမဟုတ္လား...။ဒီလိုနဲ႕သူအေၾကာက္အကန္ျငင္းမႈေၾကာင့္ေက်ာပိုးၿပီးေခၚမယ့္အစီအစဥ္ပ်က္သြားေလေတာ့၏။
ေက်ာပိုးၿပီးေခၚမသြားေတာ့ဘူးဆိုလိုလူကစိတ္သက္သာရတုန္းရွိေသးေနာက္ဆက္တြဲစကားေၾကာင့္ရေဝတစ္ေယာက္ေျခဆင္းၿပီးခေလးတစ္ေယာက္လိုေအာ္ဟစ္ၿပီးသာငိုပစ္လိုက္ခ်င္ေတာ့သည္။
ေက်ာပိုးၿပီးေခၚတာကိုမလိုက္ခ်င္ရင္လွည္နဲ႕သြားၾကမယ္တဲ့ေလ...။သူ႕ဒဏ္ကိုတစ္ညလုံးအလူးလွိမ့္ခံခဲ့ရတဲ့ကိုယ္ကလွည္းစီးရမယ္တဲ့လား...။
" အေသသာသတ္လိုက္ပါေတာ့ကိုမိုးညိုရယ္ " လို႔သာသူေအာ္ဟစ္ၿပီးေျပာလိုက္ခ်င္ေတာ့သည္။
ဒီလူႀကီးရဲ႕အေတြးကသူလိုက္မမွီနိုင္တဲ့ Level တစ္ခုကိုေရာက္ေနေလၿပီး...။သူ႕ကိုရဖို႔ဆိုရင္ေတာ့ဦးေႏွာက္ကဉာဏ္နီ၊ဉာဏ္နက္၊ဉာဏ္ျပာ၊ဉာဏ္ေရာင္စုံထြက္သည္။ဒါမ်ိဳးက်ေတာ့အဲ့ဒီဦးေႏွာက္ကဘာမွကိုသုံးစားမရေတာ့ပါလား...။လူကအေပၚေရာ၊ေအာက္ပါမက်န္တစ္ကိုယ္လုံးကိုက္ခဲေနပါတယ္ဆိုလွည္းသာစီးလိုက္လို႔ကေတာ့...။
သို႔ႏွင့္ရေဝတစ္ေယာက္ေယာက္်ားျဖစ္သူကိုလွည္းနဲ႕မသြားဖို႔ေျပာရျပန္၏။ဒီတစ္ခါေတာ့သူ႕ရဲ႕ကိုမိုးညိုကလက္မခံေတာ့ေပ...။
ကုန္းပိုးမစီးခ်င္ရင္လွည္းနဲ႕သြားရမယ္တဲ့ေလ...။သူစီးရတာအဆင္ေျပေအာင္လွည္းေပၚမွာဂြမ္းကပ္ခင္းေပးပါ့မယ္တဲ့...။
ကိုမိုးညိုရဲ႕စကားကိုအသည္းအသန္ေခါင္းခါၿပီးသူျငင္းဆန္လိုက္၏။သူမ်ားေတြေတာင္လွည္းကိုဒီလိုပဲစီးေနက်တာေလ...။သူ႕အလွည့္က်မွဂြမ္းကပ္ကိုဖင္ခုၿပီးလွည့္စီးရမယ္တဲ့လား...။
အဓိပၸါယ္မရွိလိုက္တာ...။
ဟိုဟာဆိုလည္းဟင့္အင္း၊ဒီဟာဆိုလည္းေခါင္းခါျပေနတဲ့သူ႕ကိုကိုမိုးညိုကစိတ္မရွည္ေတာ့ဘူးထင္ပါရဲ႕...။ဒီလိုနဲ႕ႏွစ္ေယာက္သားအေမ့အိမ္လာဖို႔ကိစၥနဲ႕သူတစ္ခြန္း၊ကိုယ္တစ္ခြန္းစကားမ်ားၾကေတာ့သည္။ကိုယ့္ကိုသက္ေတာင့္သက္သာျဖစ္ေအာင္ဖန္တီးေပးတာမွန္ေပမယ့္သူမ်ားထက္ထူးၿပီးေတာ့သူမ႐ူးခ်င္ပါ...။
ေနာက္ဆုံးေတာ့လည္းကိုမိုးညိုကသူ႕သေဘာဆႏၵအတိုင္းပင္...။
ဒီလိုနဲ႕ႏွစ္ေယာက္သားအေမတို႔အိမ္ကိုလမ္းေလွ်ာက္ၿပီးလာခဲ့ၾကေတာ့သည္။ကုန္းပိုမစီးခ်င္၊လွည္းလည္းမစီးခ်င္တဲ့သူ႕ကိုကိုမိုးညိုကေျဖေျဖခ်င္းတြဲေခၚလာခဲ့၏။စိတ္ရွည္ရွည္နဲ႕တြဲေခၚေနတာဆိုပိုမွန္လိမ့္မည္။သူ႕ေယာက္်ားကစိတ္ရွည္တတ္တဲ့လူစားမ်ိဳးမဟုတ္ဘူးဆိုတာရေဝသိသည္။
သို႔ေပမယ့္...။
စိတ္မရွည္တတ္တဲ့ဒီလူႀကီးကပါးစပ္ကသာပြစိပြစိနဲ႕ေရပက္မဝင္ေအာင္တတြတ္တြတ္ေျပာေနတာ၊သူ႕ကိုေတာ့အရမ္းဂ႐ုစိုက္တတ္သည္။သူေနပူမွာစိုးလို႔ထီးမိုးေပးရတာနဲ႕၊ေရအိုင္ေတြ၊ခ်ိဳင့္ခြက္ေတြေတြ႕ရင္ေကြ႕ပတ္ၿပီးေခၚရတာနဲ႕လိုေလသင့္မရွိေအာင္လုပ္ေပးရွာသည္။
ႏွစ္ေယာက္သားအေမ့အိမ္ကိုမနက္ေနထြက္ကတည္းကလာခဲ့ေပမယ့္ဒီကိုေရာက္ေတာ့ေန႕လယ္ခင္းေတာင္ေရာက္ေနၿပီးျဖစ္သည္။ဒါေတာင္လမ္းမွာေတြ႕တဲ့လူေတြကိုၿပဳံးျပႏႈတ္ဆက္ယုံသာ...။မဟုတ္ရင္သူတို႔ႏွစ္ေယာက္အေမ့အိမ္ကိုမိုးခ်ဳပ္မွပဲေရာက္လာလိမ့္မည္။
" ေဝ..."
" ဟင္...အင္..."
" ေနရတာအဆင္ေျပလား..."
" ေျပပါတယ္..."
ကိုမိုးညိုရဲ႕အေမးကိုခပ္တိုးတိုးေလးသူျပန္ေျဖလိုက္၏။တကယ္လည္းအရင္ကထက္စာရင္သူအဆင္ေျပေနၿပီးျဖစ္သည္။သို႔ေသာ္ကိုမိုးညိုကေတာ့သူ႕ကိုစိုးရိမ္တဲ့အၾကည့္ေတြနဲ႕ၾကည့္ေနဆဲပင္...။အေမကေတာ့သူတို႔ႏွစ္ေယာက္ကိုအကဲခတ္ေနေလရဲ႕...။
" ေမာင္မိုးညို..."
" ခင္ဗ်ာ..."
" ေဒၚေလးမင္းကိုတစ္ခုေလာက္ေတာ့ေျပာခ်င္တယ္ကြယ္..."
" ဟုတ္ကဲ့...ေျပာပါေဒၚေလး..."
စကားမေျပာခင္သူမေရွ႕ကသားနဲ႕သမက္ျဖစ္သူကိုအရင္ဆုံးေဒၚခ်ိဳျမၾကည့္လိုက္သည္။အခုေျပာမယ့္စကားကိုေဒၚခ်ိဳျမမေျပာခ်င္ေပမယ့္လည္းဒီခေလးႏွစ္ေယာက္ရဲ႕အနာဂတ္နဲ႕သက္ဆိုင္ေနတာေၾကာင့္သူမေျပာမွျဖစ္မည္။သို႔ႏွင့္ေဒၚခ်ိဳျမတစ္ေယာက္သက္ျပင္းကိုမသိမသာေလးခ်ရင္းစကားေျပာဖို႔အားယူလိုက္ေလေတာ့သည္။
" အရင္ဆုံးေျပာခ်င္တာကေတာ့သားနဲ႕ပတ္သတ္ရင္ေမာင္မိုးညိုကလည္းေဒၚေလးရဲ႕သားတစ္ေယာက္လိုပါပဲ...အဲ့ေတာ့...ေဒၚေလးအခုေျပာမယ့္စကားကိုေသေသခ်ာခ်ာေလးနားေထာင္ေပးပါ..."
" ဟုတ္ကဲ့...ကြၽန္ေတာ္နားေထာင္ပါ့မယ္..."
ေဒၚခ်ိဴျမေျပာလာမယ့္စကားကိုမိုးညိုေကာ၊ရေဝပါနားစြင့္ေနမိၾက၏။ေဒၚခ်ိဳျမရဲ႕ပုံစံကအေၾကာင္းအရာတစ္ခုကိုေလးေလးနက္နက္ေျပာခ်င္ေနပုံရသည္။
" ေဒၚေလးရဲ႕သားနဲ႕ေမာင္းမိုးညိုနဲ႕ကတရားဝင္လက္ထပ္ယူၿပီးၿပီဆိုေတာ့...ေမာင္မိုးညိုအေနနဲ႕...အရင္လို...ဘဝကိုျဖစ္သလိုမေနသင့္ေတာ့ဘူးလို႔ေဒၚေလးထင္တယ္...ေမာင္မိုးညိုကအရင္လိုလူလြတ္လည္းမဟုတ္ေတာ့ဘူးေလ..."
" အိမ္ေထာင္တစ္ခုကိုထူေထာင္လိုက္ၿပီးဆိုကတည္းကဒီအိမ္ေထာင္စုရဲ႕အေျခခံလိုအပ္ခ်က္ေထာင့္တိုင္ေတြကိုမင္းတို႔ႏွစ္ေယာက္လုံးဖန္းတီးရေတာ့မယ္မဟုတ္လား...ေဒၚေလးဘာကိုဆိုလိုလည္းဆိုတာေမာင္မိုးညိုနားလည္မွာပါကြယ္..."
" ဟုတ္ကဲ့...ကြၽန္ေတာ္နားလည္ပါတယ္ေဒၚေလး..."
" ေအေအ..."
" သား...ရေဝ..."
" ဟုတ္ကဲ့... အေမ..."
" သားကအိမ္ေထာင္သည္ျဖစ္ေနၿပီေနာ္...အရင္လိုလူလြတ္မဟုတ္ေတာ့ဘူး...ကိုယ့္ရဲ႕လက္တြဲေဖာ္အေပၚမွာနားလည္မႈ၊ယုံၾကည္မႈ၊ခြင့္လႊတ္မႈေတြထားရေတာ့မယ္...သေဘာထားမတိုက္ဆိုင္တာေတြရွိလာခဲ့ရင္လည္းႏွစ္ေယာက္သာေခါင္းခ်င္းဆိုင္ၿပီးပြင့္ပြင့္လင္းလင္းနဲ႕ညွိႏွိုင္းအေျဖရွာၾက...ဟုတ္ၿပီလား..."
" ဟုတ္ကဲ့ပါ...အေမ..."
" ေအေအ...သားတို႔ႏွစ္ေယာက္ကအ႐ြယ္ေရာက္ၿပီးသားလူေတြပဲကြယ္...အေမအမ်ားႀကီးမေျပာလည္းသိေလာက္မွာပါ..."
" ဟုတ္ကဲ့...သိပါတယ္အေမ..."
ေယာက္်ားေလးႏွစ္ေယာက္ဖန္တီးထားတဲ့ဘဝတစ္ခုမို႔ေဒၚခ်ိဳျမစိုးရိမ္စိတ္ျဖစ္မိတာေတာ့အမွန္ပင္...။
သို႔ေသာ္ႏွစ္ေယာက္လုံးကအ႐ြယ္ေရာက္ၿပီးသားလူေတြျဖစ္တဲ့အတြက္ေၾကာင့္အစစအရာရာအဆင္ေျပလိမ့္မယ္လို႔ေဒၚခ်ိဳျမယုံၾကည္မိသည္။ဒါေပမယ့္လည္းအခ်ိန္တစ္ခုထိေတာ့ေဘးကေနသူမတည့္မတ္ေပးေနရဦးမွာေပါ့...။
" အေမ...ရေသာ္လည္းမေတြ႕ပါလား..."
" ေဘးအိမ္ကႏွင္းေဝနဲ႕ဟိုဘက္႐ြာသြားတယ္ေလ...သူ႕သူငယ္ခ်င္းမဂၤလာေဆာင္အလုပ္အကိုင္ဆိုလား..."
" ေၾသာ္..."
" သားတို႔ထမင္းစားခဲ့ၿပီၿပီလား...မစားရေသးရင္အိမ္မွာစားသြားလိုက္..."
" မ...မစားေတာ့ဘူးအေမ..."
" ဘာလို႔လဲသားရဲ႕...အိမ္မွာသားႀကိဳက္တဲ့က,ကတစ္ေၾကာ္နဲ႕ဘူးသီးအခ်ိဳေလးခ်က္ထားတယ္...စားသြား..."
စားခ်င္တာေပါ့အေမရယ္...။
အေမ့သမက္သာအဝွာမသရမ္းခဲ့ရင္အခုခ်ိန္ေလာက္ဆိုအေမ့သားကထမင္းဝိုင္းထဲဝင္ထိုင္ေနေလာက္ၿပီး...။
အခုေတာ့...။
ဘဝက " ျမင္သာျမင္၊မၾကင္ရ " ဆိုသလိုလူစင္စစ္ကေနနတ္ဘဝေရာက္ေနရ၏။
" ဟို...ဟို..."
" ကြၽန္ေတာ္တို႔စားခဲ့ၿပီးပါၿပီးေဒၚေလး..."
တဟိုဟိုနဲ႕ေျခကုတ္ေခါင္းကုတ္ျဖစ္ေနတဲ့ရေဝ့အစားမိုးညိုကအဆင္ေျပမယ့္မုသားစကားသုံးကာေဒၚခ်ိဳျမရဲ႕ဖိတ္ေခၚမႈကိုျငင္းဆိုလိုက္၏။မဟုတ္ရင္သာအမိႏွစ္ေယာက္မုန့္လုံးစကၠဴကပ္ေနလိမ့္မည္။
" ေၾသာ္...ေအေအ..."
သမက္စကားတစ္ခြန္းဆိုတစ္ခြန္းပဲ...။ေဒၚခ်ိဳျမအထြန့္မတက္ေပ...။ရေဝကေတာ့မိုးညိုကိုဘုၾကည့္ၾကည့္ေနေလရဲ႕...။
အခ်ိန္အနည္းငယ္ၾကာၿပီးတဲ့ေနာက္မွာေတာ့မိုးညိုတို႔ႏွစ္ေယာက္ေဒၚခ်ိဳျမကိုႏႈတ္ဆက္ၿပီးအိမ္ျပန္လာခဲ့ၾကသည္။အျပန္က်ေတာ့လည္းအလာတုန္းကအတိုင္းပင္...။တစ္လမ္းခ်င္းျဖည္းျဖည္းေလးေလွ်ာက္ရျပန္၏။ရေဝတစ္ေယာက္ထမင္းမစားရတာေရာ၊တစ္ကိုယ္လုံးနာက်င္ေနတာပါေပါင္းၿပီးစိတ္ေတြတိုလာခဲ့ေတာ့သည္။
လူယုတ္မာႀကီး...။
ေနာက္ခါက်ရင္သရမ္းရဲရင္သရမ္းၾကည့္...။အဲ့ဒီဟာကိုဓားနဲ႕ႏုတ္ႏုတ္စင္းျပမယ္...။
" ေဝ...ကိုမိုးညိုအနားကိုတိုးစမ္း...ေနပူတယ္..."
" တိုးဘူးဗ်ာ...ပူပါေစ..."
မိုးညိုရဲ႕စကားကိုရေဝကဘုေတာၿပီးျပန္ေျဖလိုက္၏။လူကဒီလိုသာျဖစ္မေနရင္ေနပူပူ၊မိုး႐ြာ႐ြာခပ္ျမန္ျမန္ေလးေလွ်ာက္လို႔ရသည္။စားခ်င္တာေတြလည္းစားလို႔ရသည္။
အခုေတာ့...။
ရင္ထဲမွာျဖစ္တည္လာတဲ့ေဒါသေၾကာင့္ရေဝတစ္ေယာက္ေဘးကလူကိုေစြၿပီးၾကည့္လိုက္မိသည္။ၿပီးေနာက္ေဘးနားကေနသူ႕လက္ကိုဆုပ္ကိုင္ထားတဲ့ထိုလူႀကီးရဲ႕လက္ထဲကေနရေဝ႐ုန္းထြက္လိုက္၏။
သြားဗ်ာ...။
လာမကိုင္နဲ႕...။
အခုမွလာဂ႐ုစိုက္ျပေနလည္းအပိုပဲ...။
ရေဝတစ္ေယာက္ထိုလူႀကီးရဲ႕လက္ထဲကေန႐ုန္းထြက္လိုက္ယုံတင္မကပဲထိုလူႀကီးေဆာင္းေပးတဲ့ထီးေအာက္ကေနထြက္ၿပီးေနပူႀကီးထဲမွာလမ္းေလွ်ာက္ေနလိုက္သည္။အခုေတာ့လူကဝမ္းလည္းပူ၊ေနလည္းပူတဲ့ဘဝကိုေရာက္သြားေတာ့၏။
" ဟ...ေနပူေနတယ္ေလကြာ..."
" ပူပါေစ..."
" ေဝ...မဆိုးစမ္းနဲ႕...လာခဲ့...ဒီကို..."
" လာဘူးဗ်ာ..."
စိတ္တိုတိုနဲ႕ေဘးကလူေျပာသမွ်ကိုဂ်စ္ကန္ကန္နဲ႕ရေဝျပန္ေျဖလိုက္၏။သူအခုလိုျဖစ္ေနရတာဒီလူႀကီးေၾကာင့္...။ဒီလူႀကီးလုပ္လို႔သူထမင္းလည္းငတ္ရသည္။လမ္းလည္းေထာ့နင္း၊ေထာ့နင္းနဲ႕ေလွ်ာက္ေနရသည္။
ဒီလူႀကီးကသူ႕အတြက္ေတာ့ဒုကၡအိုးႀကီး...။
ရေဝတစ္ေယာက္ေဘးကလူကိုဂ်စ္တိုက္ၿပီးေနပူႀကီးထဲမွာလမ္းေလွ်ာက္ေနလိုက္သည္။သူ႕ကိုဂ်စ္တိုက္ၿပီးမ်က္ႏွာစူပုပ္ပုပ္နဲ႕ေနပူႀကီးထဲမွာလမ္းေလွ်ာက္ေနတဲ့ဂ်စ္တူးေလးကိုမိုးညိုတစ္ေယာက္အေနာက္ကေနထီးလိုက္မိုးေပးေနရ၏။ဒီခေလးဘာေတြအလိုမက်ျဖစ္ေနျပန္ၿပီးလည္းမသိေပ...။
" ေဝ...မဆိုးစမ္းနဲ႕..."
မိုးညိုတစ္ေယာက္ပါးစပ္ကလည္းေျပာ၊လက္ကလည္းအသက္ေလးသြားရာေနာက္ကိုထီးလိုက္မိုးေနေပးေနရ၏။ဒီခေလးအလာတုန္းကအေကာင္း၊အျပန္က်မွဘာထျဖစ္လည္းမသိေပ...။
" ေဝ...ဒီလိုလုပ္ေနရင္ကိုမိုးညိုေပြ႕ခ်ီလိုက္မွာေနာ္..."
ဒါလည္းဒီခေလးဂ႐ုမစိုက္ေပ...။
သြားေနဆဲ...သြားေနၿမဲပင္...။
အေရွ႕ကလႈပ္တုပ္လႈပ္တုပ္နဲ႕လမ္းေလွ်ာက္ေနတဲ့ဂ်စ္တူေလးကိုၾကည့္ၿပီးမိုးညိုစိတ္မရွည္ေတာ့ေပ...။ေနဒီေလာက္ပူေနတာကိုသူ႕စိတ္ထဲမွာလသာတယ္ထင္ေနလားမသိေပ...။ပူျပင္တဲ့ေနေရာင္ေအာက္မွာလမ္းေလွ်ာက္ေနေတာ့ျဖဴႏုတဲ့အသားအရည္ကနီရဲတက္လာေလၿပီး...။ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ကလည္းပါးနီဆိုးထားသလားေအာက္ေမ့ရေအာင္နီရဲတြတ္ေန၏။
မျဖစ္ေတာ့...။
ဒီခေလးဆိုးေလးကိုသူအလိုလိုက္လို႔မရေတာ့ေပ...။ၾကာရင္ဒီခေလးဒုကၡေရာက္လိမ့္မည္။သို႔ႏွင့္မိုးညိုတစ္ေယာက္အေရွ႕ကလႈပ္တုပ္လႈပ္တုပ္သြားေနတဲ့ဂ်စ္တူးေလးကိုေစြ႕ခနဲ႕ေပြ႕ခ်ီလိုက္သည္။
ကဲ...လာစမ္း...။
ဂ်စ္တူးေလး...။
" ဟာ...ဘာလုပ္တာလဲ...ျပန္ခ်ေပး..."
" ၿငိမ္ၿငိမ္ေနစမ္း...ေနပူႀကီးထဲမွာလမ္းေလွ်ာက္ေနစရာလား...ဟမ္း..."
ေအာက္ကိုေကာ့လန္ခ်ေနတဲ့အဆိုးေလးကိုမိုးညိုခက္ဆက္ဆက္ေလးပိတ္ေဟာက္လိုက္၏။လက္တစ္ဖက္ကထီးကိုကိုင္ထားရတာေၾကာင့္သူ႕ပုံစံကလမ္းမေပၚမွာကိုးယိုကားယားျဖစ္ေန၏။လမ္းမေပၚမွာလူရွင္းေနလို႔ေတာ္ေသးသည္။
" ျပန္ခ်ေပး...ျပန္ခ်ေပးလို႔..."
" ၿငိမ္ၿငိမ္ေနလို႔ကိုယ္ေျပာေနတယ္ေလ...ဘာလဲ...အသိဝင္ေအာင္ဖင္ကိုရိုက္လိုက္ရမလား..."
မိုးညိုရဲ႕စကားေၾကာင့္လႈပ္႐ြေနတဲ့ရေဝ့ကိုယ္လုံးေလးကၿငိမ္သက္သြားေတာ့သည္။မ်က္ႏွာခပ္တည္တည္နဲ႕စကားေျပာေနတဲ့မိုးညိုကေျပာတဲ့အတိုင္းတကယ္လုပ္မည့္ပုံ...။တစ္ရွက္ကေန၊ႏွစ္ရွက္မျဖစ္ခ်င္ေတာ့တာေၾကာင့္မိုးညိုလက္ေပၚမွာရေဝၿငိမ္ကုပ္ေနလိုက္သည္။မ်က္ႏွာကေတာ့စူပုပ္ေနဆဲပင္...။လႈပ္႐ြေနတဲ့ကိုယ္လုံးေလးကၿငိမ္ကုပ္သြားတာေၾကာင့္မိုးညိုၿပဳံးလိုက္မိသည္။
ဂ်စ္တူးေလး...။
သူ႕ကိုေတာ့ေၾကာက္သား...။
" ေရာ့...ထီးကိုင္..."
ကိုယ္လုံးေလးကိုေပြ႕ခ်ီထားရတဲ့အတြက္စူပုပ္ေလးကိုထီးေဆာင္းေပးလို႔မရေတာ့ေပ...။ဒါေၾကာင့္ထီးကိုဂ်စ္တူေလးရဲ႕လက္ထဲသူထည့္ေပးလိုက္၏။
အဟက္...။
ထီးယူတာေတာင္သူ႕ကိုေစြၿပီးၾကည့္လိုက္ေသးတယ္...။
ဒီခေလးညကကိစၥနဲ႕ပတ္သတ္ၿပီးသူ႕ကိုစိတ္ဆိုးေနတာျဖစ္မည္။ဒါေၾကာင့္သူဘာေျပာေျပာကန့္လန့္တိုက္ေနတာ...။
အဟက္...။
ဒီလိုဆိုေတာ့သူ႕ေယာက္်ားကအဆိုးေလး...။
ၿပီေတာ့...။
ခ်စ္စရာစူပုပ္ေလး...။
မိုးညိုတစ္ေယာက္ခ်စ္စရာခင္ပြန္းစူပုပ္ပုပ္ေလးကိုေပြ႕ခ်ီကာအညာေႏြရဲ႕ပူျပင္တဲ့ဒဏ္ကိုအံတုရင္းအိမ္အျပန္လမ္းကိုေလွ်ာက္လွမ္းေနေလရဲ႕...။
---------------------------------------------------------
ေဝဖန္အႀကံျပဳခ်က္မ်ားကိုႀကိဳဆိုလွ်က္...။