အချစ် (သို့မဟုတ်) ကျွန်တော့်ယ...
By Egophyoe
2.1M 171K 7.2K
အချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်... More
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း​(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)(🦋🦋🦋🦋)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉) - ပထမပိုင်း
အခန်း(၂၉) - ဒုတိယပိုင်း (🌚🌚🌚)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)-ပထမပိုင်း
အခန်း(၄၂)-ဒုတိယပိုင်း
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)(ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ
Extra - ( 1 )
Extra - ( 2 )
Extra - ( 3 )
Extra - ( 4 ) {End}
Book Announcement
Book Details
အခန်း(၂၄)
37.3K 2.8K 77
By Egophyoe
အခန်း(၂၄)
" ဆွမ်းတော်ဗျို့...ဆွမ်းတော်ဗျို့..."
" ဟော့ဒီကပဲပြုတ်...."
မနက်ခင်းရောင်နီဦးကပြတင်းပေါက်ကနေတစ်ဆင့်အခန်းထဲကိုတိုက်ရိုက်ဖြာကျနေသည်။မပူပြင်းတဲ့နေခြည်နုနုလေးဖြစ်တာကြောင့်လေးလံနေတဲ့မျက်ခွံကိုအတင်းကြိုးစားပြီးဖွင့်မနေတော့ပဲရင်ခွင်ထဲကလူသားလေးကိုဖက်ကာမိုးညိုဆက်အိပ်နေလိုက်၏။သို့သော်ခြံရှေ့လမ်းမပေါ်ကထွက်လာတဲ့ပဲပြုတ်သည်ဒေါ်ကုလားမရဲ့အသံနဲ့ဘုန်းကြီးကျောင်းသားလေးရဲ့အသံတို့ကနားထဲကိုစူးစူးရှရှဝင်ရောက်လာလေတဲ့အခါခေါင်းကိုတဗျင်းဗျင်းကုတ်ရင်းမိုးညိုထထိုင်လိုက်မိတော့သည်။
" ကျစ်..."
ညကသောက်တာများသွားတဲ့အပြင်အိပ်ရေးပါပျက်ထားတဲ့အတွက်မိုးညိုရဲ့မျက်နှာကမှုန်ကုပ်ကုပ်ဖြစ်နေသည်။ဆက်အိပ်လို့လည်းမရတော့မယ့်အတူတူမျက်နှာသစ်ပြီးထန်းတောကိုသွားဖို့သူစဥ်းစားလိုက်၏။သို့နှင့်ခြုံထားတဲ့စောင်ကိုဆွဲဖယ်ပြီးထဖို့ပြင်လိုက်စဥ်ဘာအဝတ်အစားမှမရှိပဲကိုယ်ဗလာဖြစ်နေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုသတိထားလိုက်မိတော့သည်။
" ဟင်..."
အောက်ပိုင်းဗလာဖြစ်နေတဲ့အတွက်ဘေးနားကစောင်ကိုဆွဲယူပြီးကိုယ်ပေါ်ကိုပြန်ခြုံလိုက်ရသည်။ပြီးနောက်မျက်လုံးကိုအခန်းတစ်ပတ်ဟိုဟိုဒီဒီတစ်ချက်ဝေ့ကာမိုးညိုကြည့်လိုက်၏။
သူ့ကိုယ်ကဘာဖြစ်လို့အဝတ်အစားမရှိရတာလဲ...။
ညကငကျော်တို့၊င​ဌေးတို့အရက်အတင်းတိုက်တဲ့အတွက်သူသောက်လိုက်မိသည်။ပြီးတော့အရက်မူးပြီးလမ်းမလျှောက်နိုင်တော့လို့ငကျော်ကသူ့ကိုတွဲကာအိမ်ပြန်ပို့ပေး​၏။
အဲဒီနောက်မှာတော့...။
စဥ်းစားရင်း၊တွေးရင်းနဲ့သူ့မျက်လုံးကဘေးနားမှာအိပ်မောကျနေတဲ့လူသားလေးဆီကိုရောက်သွားလေသည်။ဘေးတစ်စောင်းအိပ်ပျော်နေတဲ့လူသားလေးကသူ့လိုပဲကိုယ်ခန္ဓာဗလာကျင်းလို့နေ၏။
" ဝေ..."
သူ့ကိုကျောခိုင်းပြီးအိပ်နေတဲ့ ဝေ...။
ကျောပြင်တစ်ခုလုံးမှာလည်းသူပေးထားတဲ့အညိုရောင်အမှတ်အသားတွေကဟိုတစ်ကွက်ဒီတစ်ကွက်ပြည့်နှက်နေလေရဲ့...။
ပြီးတော့...။
သူ့လိုပဲဝေ့ရဲ့ခန္ဓာကိုယ်မှာလည်းဘာအဝတ်အစားမှမရှိပါလား...။
ညကသူနဲ့ဝေ...။
ခေါင်းအေးအေးထားပြီးပြန်စဥ်းစားလိုက်မိတဲ့အခါညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကသူ့ရဲ့ခေါင်းထဲကိုအစီအရီပြန်ပေါ်လာခဲ့တော့သည်။တပြိုင်နက်တည်းမှာပဲအေးစက်နေတဲ့သူ့ရဲ့ရင်ခုန်သံတွေသည်လည်းပြန်လည်နိုးထလာခဲ့၏။
ဒါဆို​သူနဲ့ဝေနဲ့က...။
အဟက်...။
အကြောင်းအရာအာလုံးကိုပြန်မှတ်မိလာခဲ့တာကြောင့်လူကအရူးတစ်ယောက်လိုမျက်နှာကြီးဖြီးနေမိတော့သည်။ထိန်းချုပ်မရတော့တဲ့အတွေးတို့ကသူ့ကိုလေထဲမှာဝဲသလိုခံစားရစေ၏။
ငါကွ...။
ဝေလေးမကြားအောင်လက်သီးလက်မောင်းတန်းပြီးတိတ်တိတ်လေးသူကြွေးကြော်လိုက်မိသည်။အိပ်ပျော်နေတဲ့ဝေလေးသာသူ့မျက်နှာနဲ့သူ့ပုံစံအနေအထားကိုတွေ့လို့ကတော့စိတ်တိုလိုက်မယ့်ဖြစ်ခြင်း...။
နောက်ဆုံးတော့ဝေလေးကိုသူပိုင်ဆိုင်ရပြီပေါ့...။
ချစ်သည်ဖြစ်စေ၊မုန်းသည်ဖြစ်စေဒီကောင်လေးကသူ့အပိုင်ဖြစ်သွားပြီဆိုတဲ့စိတ်ကလူကိုမရိုးမရွဖြစ်စေ၏။ရင်ထဲမှာလည်းကြည်နူးမိစေသည်။ဘယ်လိုပဲဖြစ်ဖြစ်အကြိုမင်္ဂလာဦးနိုင်တဲ့သူ့ကိုယ်သူလည်းဂုဏ်ယူမိသည်။
ကုတင်ပေါ်မှာတစ်ယောက်တည်းပြုံးလိုက်၊ရယ်လိုက်နဲ့အမျိုးစုံကြိုးခုန်နေတဲ့မိုးညိုတစ်ယောက်ပျော်ရွှင်မှုတွေကိုမထိန်းချုပ်နိုင်တဲ့အဆုံးသူ့ကိုကျောပေးပြီးအိပ်နေတဲ့ရဝေရဲ့ကိုယ်လုံးလေးကိုအနောက်ကနေတင်းကြပ်စွာဖက်တွယ်လိုက်သည်။
အား...။
ကိုမိုးညိုရဲ့ခင်ပွန်းလေး...။
🪴🪴
နားထဲမှာအသံဗလံတွေကြားနေရပေမယ့်လူကမထချင်သေးတာကြောင့်ဆက်အိပ်နေမိသည်။ဖွင့်မရတဲ့မျက်လုံးတွေကြောင့်လည်းပါမည်ထင်သည်။ထိုခဏသူ့ကိုနောက်ကျောကနေတစ်စုံတစ်ယောက်ကတင်းတင်းကြပ်ကြပ်ပွေ့ဖက်လာခဲ့တာကြောင့်လေးလံနေတဲ့သူ့ရဲ့မျက်ခွံတွေကပြူးတက်သွားတော့သည်။ထိုလူကသူ့ရဲ့ခန္ဓာကိုယ်ကိုဖက်ထားရုံနဲ့အားမရသေးဘူးဖြစ်မည်။အရုပ်တစ်ရုပ်လိုလှုပ်ယမ်းနေပြန်၏။
" ဟာ...ခင်ဗျားဘယ်သူလဲ...လွှတ်စမ်း..."
" လွှတ်ဘူး...လွှတ်ဘူး...ကိုမိုးညိုကဝေလေးကိုအပိုင်ဖမ်းထားမှာ...အဟီး...ဟီး..."
ဟင်...။
ကိုမိုးညို...။
ကိုမိုးညိုကသူ့အခန်းထဲကိုဘယ်လိုဖြစ်ပြီးရောက်နေတာလဲ...။
" အဟီး...ချစ်လိုက်တာဝေလေးရယ်...မွ...မွ..."
လူကိုအရုပ်တစ်ခုလိုလှုပ်ယမ်းနေတဲ့ကိုမိုးညိုကသူ့ရဲ့ကျောပြင်တစ်ခုလုံးကိုလည်းတမွမွနဲ့လိုက်နမ်းနေပြန်၏။ဒီလူကြီးကသူ့ကိုဘာတွေလိုက်လုပ်နေတာလဲ...။လူကအတွေးထဲမှာမျောနေတုန်းအောက်ဘက်တစ်နေရာကရုတ်တရပ်နာကျင်လာခဲ့တာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးစိမ့်တက်သွားလေသည်။
" အား..."
" ဟင်...ဝေ...ဝေလေး...ဘာဖြစ်လို့လဲ..."
သူ့ရဲ့အော်သံကြောင့်ကိုမိုးညိုကလှုပ်ယမ်းနေတာကိုရပ်လိုက်ပြီးဘေးတစ်စောင်းအိပ်နေတဲ့သူ့ကိုယ်လုံးလေးကိုပက်လက်လှန်ချလိုက်၏။ပြီးနောက်အပေါ်ကနေအုပ်မိုးကာသူ့ကိုပြူတူးပြဲနဲ့ကြည့်နေလေသည်။
ဟင်...။
ဒီလိုပုံစံ၊ဒီအနေအထား...။
ပြီးတော့...။
အခုခံစားနေရတဲ့နာကျင်မှု...။
စဥ်းစားရင်း၊စဥ်းစားရင်းနဲ့ညကအကြောင်းအရာတွေကိုသူပြန်ပြီးသတိရလာခဲ့တော့သည်။
ညကသူနဲ့ကိုမိုးညို...။
ဟင့်အင်း...။
ကိုမိုးညိုကသာသူ့ကို...။
" အား...လူယုတ်မာ...ခင်ဗျားကိုကျုပ်သတ်မယ်..."
" ခွပ်..."
" အာ့..."
သူ့ကိုအုပ်မိုးကာပြူးတူးပြဲတဲကြည့်နေတဲ့ကိုမိုးညိုရဲ့မျက်နှာကိုအားကုန်သူထိုးချပစ်လိုက်၏။ရဝေ့ရဲ့လက်သီးချက်ကြောင့်ဘေးကိုအတုံးအရုံးမိုးညိုလဲကျသွားလေသည်။အခုမှရဝေသတိထားမိသည်။သူရော၊ကိုမိုးညိုပါဘာမှမဝတ်ထားကြပါ​လား...။သို့နှင့်ဘေးနားမှာရှိတဲ့စောင်ကိုဆွဲယူပြီးခန္ဓာကိုယ်မှာသူပတ်ထားလိုက်၏။
" လူယုတ်မာကြီး...ခင်ဗျားကိုဒီနေ့ကျုပ်သတ်ရမှကျေနပ်မယ်..."
မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးနဲ့သူ့ကိုစူးစိုက်ကာကြည့်ပြီးပြောလာတဲ့ဝေလေးကြောင့်ရှိသမျှအပေါ်မွှေ၊အောက်မွှေးအကုန်ထောင်ကုန်၏။ဒါ့အပြင်သူ့အနားကိုတဖြည်းဖြည်းတိုးကပ်လာတဲ့ဝေလေးကိုကြည့်ပြီးမိုးညိုခမျာတံတွေးကိုမသိမသာမြိုချလိုက်သည်။
" သေပေတော့..."
" အား..."
🪴🪴
ဖုန်ထူထူလမ်းမကြီးတစ်လျှောက်တွင်လူတစ်စုကရေးကြီးသုတ်ပြာနဲ့တစ်နေရာကိုဦးတည်ကာလျှောက်လှမ်းနေကြသည်။ပုံမှန်ထက်မြန်တဲ့ခြေလှမ်းတို့ကြောင့်အနီးအနားမှာရှိတဲ့လူတွေကထိုသူတို့ကိုအထူးအဆန်းကြည့်နေ​ကြ၏။
" မြန်မြန်လာပါဗျာ..."
" အေးပါဟ..."
အရှေ့ကလူမှာအရေးကြီးသုတ်ပြာနဲ့လျှောက်နေသလို၊အနောက်ကလူတွေကလည်းအရှေ့ကလူရဲ့ခြေလှမ်းကိုမှီအောင်ပြေးလိုက်နေရ၏။မကြာမီထိုလူတစ်စုသည်ကျယ်ဝန်းတဲ့ခြံကြီးတစ်ခြံထဲကိုဝင်ရောက်သွားကြလေတော့သည်။
" ဟူး...မောလိုက်တာ..."
မပြေးရုံတမယ်လျှောက်လာရတာကြောင့်သူကြီးဦးသာဒွေးတစ်ယောက်သစ်သားခုံပေါ်မှာတင်ထားတဲ့ရေအိုးထဲကရေကိုကမန်းကတန်းခပ်သောက်လိုက်၏။​မနက်စောစောစီးစီးချွေးစို့နေတဲ့ကိုယ်ကရေသောက်လိုက်မှပဲနေသာထိုင်သာရှိသွားတာ့သည်။
" ကဲ...ဝတုတ်...သွားခေါ်စမ်း...မောင်မိုးညိုတို့ကို..."
" ဟုတ်ကဲ့ သူကြီး..."
အိမ်ပေါ်ပြေးတက်သွားတဲ့ဝတုတ်ရဲ့နောက်ကိုငကျော်ကလည်းပြေးလိုက်သွား၏။သူကြီးဦးသာဒွေးတို့အဖွဲ့ကတော့စားပွဲခုံမှာထိုင်ပြီးဝတုတ်တို့ပြန်အလာကိုစောင့်နေလိုက်ကြသည်။
" အား...နာတယ်...အာ့..."
" အား...တော်ပါတော့ ဝေလေးရယ်...အာ့..."
အခန်းထဲကအော်သံတွေကြောင့်အိမ်ပေါ်တက်လာတဲ့ဝတုတ်နဲ့ငကျော်တို့နှစ်ယောက်ရဲ့ခြေလှမ်းတွေကအခန်းရှေ့မှာတင်ရပ်တန့်သွားလေသည်။ထို့နောက်တစ်ယောက်ကိုတစ်ယောက်မျက်စပြစ်ပြရင်းအခန်းရှေ့မှာခဏမတ်တပ်ရပ်နေလိုက်ကြ၏။
အာစိတို့မိုက်ချက်ကွာ...။
ညရော၊မနက်ပါမင်္ဂလာဦးနေပါလားဟေ့...။
" အား...နာတယ် ဝေလေးရဲ့..."
" အား..."
ဟမ်း...။
အာစိအသံကြီးပါလား...။
အသားညိုညိုဗလတောင့်တောင့်နဲ့သူတို့ရဲ့အာစိကဟိုကောင်လေးလုပ်တာကိုခံနေရတာလား...။
ဗလကြီးမှအားမနာ...။
အခန်းထဲမှာအော်ဟစ်နေရတဲ့အာစိကိုဝတုတ်သနားမိသည်။သူ့​ဘေးနားကငကျော့်ကိုကြည့်လိုက်တော့လည်းအာစိအတွက်ကြိတ်မနိုင်ခဲမရဖြစ်နေပုံရသည်။အံတကြိတ်ကြိတ်ဖြစ်လို့နေ၏။
" အာ့...တော်ပါတော့ ဝေလေးရယ်...နော်...ကိုမိုးညိုမခံနိုင်တော့ဘူးကွ..."
" မတော်ဘူးဗျာ..."
" အား..."
တော်တော်ဆိုးတဲ့ကောင်လေးပါလား...။အာစိဒီလောက်တောင်းပန်နေတာတောင်မရပ်ပေးပါလားဟ...။
" ငကျော်..."
ပါစပ်လေးလှုပ်ရုံခေါ်လိုက်တဲ့ဝတုတ်ရဲ့အသံကိုငကျော်ကကြားသွားပုံရသည်။ဝတုတ်ကိုလှည့်ကြည့်လာခဲ့၏။
" ဘာလဲ..."
ငကျော့်ရဲ့အမေးကိုဝတုတ်ကအခန်းထဲကိုလက်ညိုးထိုးပြရင်းပြန်ဖြေလိုက်၏။ဝတုတ်ဘာကိုဆိုလိုလည်းဆိုတာငကျော်ကသိပုံရသည်။ချက်ခြင်းခေါင်းငြိမ့်ပြလေသည်။သို့နှင့်ဝတုတ်နဲ့ငကျော်တို့နှစ်ယောက်သူတို့ရဲ့အာစိအော်နေရတဲ့အကြောင်းအရင်းကိုသိရဖို့အတွက်ခြေဖွဖွလေးနင်းကာအခန်းတံခါးနားကိုဖြည်းဖြည်းချင်ကပ်လိုက်ကြသည်။
အခန်းတံခါးနားရောက်တာနဲ့နှစ်ယောက်သားအခန်းတံခါးကိုကျောကပ်ပြီးအထဲကအသံကိုနားစွင့်နေမိသည်။ကံဆိုးသည်ပဲပြောရမလား...။ဂလန့်မထိုးထားတဲ့တံခါးကမသိမသာလေးမှီလိုက်တဲ့ဝတုတ်ရဲ့ခန္ဓာကိုယ်ကြောင့်အရှိန်နဲ့ပွင့်သွားလေတော့သည်။
" ကျွီ...."
" ဟာ..."
" ဘုန်း..အင့်..."
" အောင့်မယ်လေးဗျ...သေပါပြီ..."
ဟန်ချက်ပျက်ပြီးပက်လက်လှန်လဲကျတဲ့ငကျော်ရဲ့ကိုယ်ပေါ်ကိုဝတုတ်ရဲ့ခန္ဓာကိုယ်ကအရှိန်နဲ့ပြုတ်ကျလေတော့သည်။ကိုယ်ပေါ်ကိုအရှိန်နဲ့ပြုတ်ကျလာတဲ့ဖွဲအိတ်လိုကိုယ်လုံးကြောင့်ငကျော်လျှာထွက်သွားမိတော့သည်။
" ​ဖယ်...ဖယ်...ညဥ်းဖယ်...အဲ...မဟုတ်ပါဘူး...ဖယ်စမ်း...အောင့်မယ်လေးဟ...သေပါပြီ...ခါးရိုးကျိုးပြီးလားမသိပါဘူး...အာ့...ကျွတ်... ကျွတ်...နာလိုက်တာ..."
သူ့ခန္ဓာကိုယ်ပေါ်ကိုအရှိန်နဲ့ပြုတ်ကျလာတဲ့ဝတုတ်ကိုယ်လုံးကိုတွန်းဖယ်ကာငကျော်ညဥ်းတွားနေရသည်။တစ်ကိုယ်လုံးကအသားမပါပဲအရိုးတွေနဲ့ပဲတည်ဆောက်ထားပါတယ်ဆို...။
" သူများမကောင်းကြံကိုယ်သာခံ " တဲ့...။
သွေးထွက်အောင်မှန်လိုက်တဲ့စကား...။
အခုတော့အာစိကိုမမြင်ရခင်ကိုယ်ကအရင်ခံနေရလေပြီ...။
" ဟာ...ဟျောင့်တွေ..."
" ဟာ...အာစိ..."
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
" ဟော့ဒီကပဲပြုတ်...."
မနက်ခင်းပိုင်းရောင်နီဦးကပြတင်းပေါက်ကနေတစ်ဆင့်အခန်းထဲကိုတိုက်ရိုက်ဖြာကျနေသည်။မပူပြင်းတဲ့နေခြည်နုနုလေးဖြစ်တဲ့အတွက်မိုးညိုမောင်တစ်ယောက်လေးလံနေတဲ့မျက်ခွံကိုအတင်းကြိုးစားပြီးဖွင့်မနေတော့ဘဲရင်ခွင်ထဲကလူသားလေးကိုဖက်ကာဆက်အိပ်နေလိုက်၏။
သို့သော်ခြံရှေ့လမ်းမပေါ်ကထွက်လာတဲ့ပဲပြုတ်သည်ဒေါ်ကုလားမအသံနဲ့ဘုန်းကြီးကျောင်းသားလေးရဲ့အသံတို့ကနားထဲကိုစူးစူးရှရှဝင်ရောက်လာခဲ့တာကြောင့်မိုးညိုမောင်တစ်ယောက်ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်းထထိုင်လိုက်မိတော့သည်။
" ကျစ်..."
" ဟင်..."
အဲ့ဒီနောက်မှာတော့...။
စဉ်းစားရင်း၊တွေးရင်းနဲ့သူ့မျက်လုံးကဘေးနားမှာအိပ်မောကျနေတဲ့လူသားလေးဆီကိုရောက်သွားလေတော့သည်။ဘေးတစ်စောင်းအိပ်ပျော်နေတဲ့လူသားလေးကသူ့လို့ဘဲဗလာကျင်းနေ၏။
" ဝေ..."
ပြီးတော့...။
သူ့လိုဘဲဝေ့ရဲ့ခန္ဓာကိုယ်မှာလည်းဘာအဝတ်အစားမှမရှိပါလား...။
ညကသူနဲ့ဝေ...။
ခေါင်းအေးအေးထားပြီးပြန်ကာစဉ်းစားလိုက်မိတဲ့အခါမှာတော့ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကသူ့ခေါင်းထဲကိုအစီအရီပြန်ပေါ်လာခဲ့လေတော့သည်။ပြီးတော့သူ့ရဲ့ရင်ခုန်သံတွေလည်းပြန်လည်နိုးထလာခဲ့၏။
ဒါဆို​သူနဲ့ဝေနဲ့က...။
အဟက်...။
အကြောင်းအရာတွေကိုပြန်မှတ်မိလာတဲ့အတွက်လူကအရူးတစ်ယောက်လိုမျက်နှာကြီးဖြီးနေမိသည်။ထိန်းချုပ်မရတော့တဲ့အတွေးတို့ကလည်းသူ့ကိုလေထဲမှာဝဲသလိုခံစားရစေ၏။
ငါကွ...။
ဝေလေးမကြားအောင်လက်သီးလက်မောင်းတန်းကာတိတ်တိတ်လေးသူကြွေးကြော်လိုက်မိသည်။အိပ်ပျော်နေတဲ့ဝေလေးသာသူ့မျက်နှာကိုတွေ့လို့ကတော့စိတ်တိုလိုက်မယ့်ဖြစ်ခြင်း...။
ကုတင်ပေါ်မှာတစ်ယောက်တည်းပြုံးလိုက်၊ရယ်လိုက်နဲ့အမျိုးစုံကြိုးခုန်နေတဲ့မိုးညိုတစ်ယောက်ပျော်ရွှင်မှုတွေကိုမထိန်းချုပ်နိုင်တဲ့အဆုံးသူ့ကိုကျောပေးပြီးအိပ်နေတဲ့ရဝေရဲ့ကိုယ်လုံးလေးကိုအနောက်ကနေတင်းကြပ်စွာဖက်တွယ်လိုက်လေတော့သည်။
အား...။
ဟင်...။
ကိုမိုးညို...။
" အား..."
ဟင်...။
ဒီလိုပုံစံ၊ဒီအနေအထား...။
ပြီးတော့...။
ညကသူနဲ့ကိုမိုးညို...။
ဟင့်အင်း...။
ကိုမိုးညိုကသာသူ့ကို...။
" ခွပ်..."
" အာ့..."
" လူယုတ်မာကြီး...ခင်ဗျားကိုဒီနေ့ကျုပ်သတ်ရမှကျေနပ်မယ်...သေပေတော့..."
မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးနဲ့သူ့ကိုစူးစိုက်ကာကြည့်ပြီးပြောလာတဲ့ဝေလေးကြောင့်မိုးညိုတစ်ယောက်​ရှိသမျှအပေါ်မွှေ၊အောက်မွှေးအကုန်ထောင်ကုန်၏။ဒါ့အပြင်သူ့အနားကိုတဖြည်းဖြည်းတိုးကပ်လာတဲ့ဝေလေးကိုကြည့်ပြီးမိုးညိုခမျာတံတွေးကိုမသိမသာမြိုချမိလိုက်တော့သည်။
" သေပေတော့..."
" အား..."
---------------------------------------------------------
လမ်းမထက်ကလူတစ်စုကတော့ရေးကြီးသုတ်ပြာနဲ့တစ်နေရာကိုဦးတည်ကာလျှောက်လှမ်းနေကြသည်။ပုံမှန်ထက်မြန်တဲ့ခြေလှမ်းတို့ကြောင့်အနီးအနားကဖြတ်လျှောက်သွားတဲ့လူတွေကသူတို့ကိုအထူးအဆန်းကြည့်နေ​ကြလေ၏။
" မြန်မြန်လာပါဗျာ..."
" အေးပါဟ..."
" ဟူး...မောလိုက်တာ..."
" ဟုတ်ကဲ့...သူကြီး..."
အိမ်ပေါ်ပြေးတက်သွားတဲ့ဝတုတ်ရဲ့နောက်ကိုငကျော်လည်းပြေးလိုက်သွား၏။သူကြီးဦးသာဒွေးတို့အဖွဲ့ကတော့စားပွဲခုံမှာထိုင်ပြီးဝတုတ်တို့ပြန်အလာကိုစောင့်နေကြလေသည်။
" အား...နာတယ်...အာ့..."
" အား...နာတယ်ဝေလေးရဲ့..."
" အား..."
ဟမ်း...။
အာစိအသံကြီးပါလား...။
ဗလကြီးမှအားမနာ...။
" မတော်ဘူးဗျာ..."
" အား..."
" ငကျော်..."
" ဘာလဲ..."
" ကျွီ...."
" ဟာ..."
" ဘုန်း..အင့်..."
" အောင့်မလေးဗျ...သေပါပြီး..."
ဟန်ချက်ပျက်ပြီးပက်လက်လှန်လဲကျတဲ့ငကျော်ရဲ့ကိုယ်ပေါ်ကိုဝတုတ်ရဲ့ခန္ဓာကိုယ်ကအရှိန်နဲ့ပြုတ်လေတော့သည်။ကိုယ်ပေါ်ကိုအရှိန်နဲ့ပြုတ်ကျလာတဲ့ဖွဲအိတ်လိုကိုယ်လုံးကြောင့်ငကျော်ခမျာလျှာထွက်သွားမိတော့သည်။
" ​ဖယ်...ဖယ်...ညဉ်းဖယ်...အဲ...မဟုတ်ပါဘူး...ဖယ်စမ်း...အောင့်မလေးဟ...သေပါပြီး...ခါးရိုးကျိုးပြီးလားမသိပါဘူး...အာ့...ကျွတ်... ကျွတ်...နာလိုက်တာ..."
သူ့ခန္ဓာကိုယ်ပေါ်ကိုအရှိန်နဲ့ပြုတ်ကျလာတဲ့ဝတုတ်ကိုယ်လုံးကိုတွန်းဖယ်ကာငကျော်တစ်ယောက်ညဉ်းတွားနေမိသည်။သူ့တစ်ကိုယ်လုံးကိုအသားမပါပဲအရိုးတွေနဲ့ပဲတည်ဆောက်ထားပါတယ်ဆို...။
အခုတော့အာစိကိုမမြင်ရခင်ကိုယ်ကအရင်ခံနေရလေပြီး...။
" ဟာ...ဟျောင့်တွေ..."
" ဟာ...အာစိ..."
---------------------------------------------------------
Continue Reading
You'll Also Like
260K 6.9K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
519K 34.1K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary