အချစ် (သို့မဟုတ်) ကျွန်တော့်ယ...
By Egophyoe
2.1M 171K 7.2K
အချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်... More
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း​(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)(🦋🦋🦋🦋)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉) - ပထမပိုင်း
အခန်း(၂၉) - ဒုတိယပိုင်း (🌚🌚🌚)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)-ပထမပိုင်း
အခန်း(၄၂)-ဒုတိယပိုင်း
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)(ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ
Extra - ( 1 )
Extra - ( 2 )
Extra - ( 3 )
Extra - ( 4 ) {End}
Book Announcement
Book Details
အခန်း(၁၈)
29K 2.8K 95
By Egophyoe
အခန်း(၁၈)
အလုပ်တွေရှုပ်နေတဲ့အတွက်ထန်းတောဘက်ကိုဒီနေ့မှာသူခြေဦးမလှည့်နိုင်ပေ...။ထို့ကြောင့်လူကမနက်အိပ်ရာကနိုးကတည်းကပါးစပ်ချဥ်ကာလေချဥ်တွေခဏခဏတက်လို့နေ၏။
" နောက်တစ်ယောက်..."
သူ့ဘေးနားမှာထိုင်နေတဲ့ငကျော်ရဲ့ကျယ်လောင်လှတဲ့အသံကြောင့်ခြံရှေ့မြေကွက်လပ်မှာစုဝေးထိုင်နေကြတဲ့လူအုပ်ကြီးကလှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ပြီးနောက်သူ့ထက်ငါအပြိုင်တွတ်ထိုးရင်မိုးညိုရဲ့အနားကိုလျှောက်လာကြ၏။
" ကဲ...ထိုင်...ဒေါ်လုံးတင်... ဒီတစ်ခေါက်ကဘာလဲ...အတိုးပဲသတ်မှာလား...ဒါမှမဟုတ်...အတိုးကော၊အရင်းကောဆပ်မှာလား..."
" ဟို...မောင်မိုးညိုရယ်...အဒေါ်တို့ကစားအိုးကြီးတော့..."
" ကဲပါဗျာ...ဒီလောက်ဆို ကျွန်တော်သဘောပေါက်ပြီ...အတိုးပဲသတ်မှာမဟုတ်လား..."
မိုးညိုရဲ့အမေးကိုဒေါ်လုံးတင်ဆိုတဲ့အမျိုးသမီးကခေါင်းပြုတ်ထွက်မတတ်ငြိမ့်ပြပြီး...
" ဟုတ်ပါတယ်ကွယ်...ဟုတ်ပါတယ်..."
" ဝတုတ်...စာအုပ်ထဲမှာဒေါ်လုံးတင်နာမည်ကိုရှာကြည့်စမ်း..."
" အို့ဂေ...အာစိ..."
မိုးညိုရဲ့စကားအဆုံးဝတုတ်ကအရှေ့မှာရှိတဲ့စာရင်းစာအုပ်ကိုဖင်တပြန်၊ခေါင်းတပြန်လှန်လှောလိုက်၏။
" တွေ့လား..."
" တွေ့ပြီ အာစိ..."
" အေ...အတိုးဘယ်လောက်ပဲ..."
" အင်း...ယူထားတာကသီတင်းကျွတ်လကွယ်ကဆိုတော့...အခုက...တပေါင်းလကုန်ဆိုတော့..."
အတိုးစာအုပ်ကြီးကိုအရှေ့မှာချရင်းလက်နှစ်ဖက်မြှောက်ကာပါးစပ်ကနေတစ်တွတ်တွတ်ရွတ်နေတဲ့ဝတုတ်ရယ်ပါ...။ယူထားတဲ့ရက်လေးကြည့်ခိုင်းတာကိုလက်တွေမြှောက်ပြီးသင်္ချာတွက်နေတဲ့ဝတုတ်ကိုကြည့်ပြီးသူစိတ်မရှည်တော့ချေ...။
အံမယ်...။
ခြေထောက်တောင်ငုံ့ကြည့်လိုက်သေး၏။လက်ချိုးရေရုံနဲ့လုံလောက်သေးပုံမရပေ...။ခဏကြာတော့သကောင့်သားကတွက်လို့ပြီးသွားပြီဖြစ်မည်။သူ့ကိုလှမ်းကြည့်လာခဲ့၏။
" တွက်လို့ပြီးသွားပြီလား..."
" ဟဲ...ဟဲ...အာစိ...ဟိုလေ..."
ဒီလောက်ဆိုသူသဘောပေါက်လိုက်ပြီ...။
ဒီကောင်သီတင်းကျွတ်လနဲ့တပေါင်းလကြားမှာတိုင်ပတ်နေလေပြီ...။
" ပေးစမ်း စာအုပ်.."
အပြောထက်လက်ကပိုမြန်တဲ့မိုးညိုကဝတုတ်ရဲ့ရှေ့မှာရှိတဲ့စာရင်းစာအုပ်ကိုဆွဲယူလိုက်ပြီး...
" ဒီလအတိုးက(၅၂၀၀)...ပြီးတော့ အရင်လကကျွန်တော့်ကိုအတိုးအပြည့်မပေးသွားဘူးနော်.."
" ဟုတ်ပါတယ်ကွယ်..."
" အင်း...အရင်လကဒေါ်လုံးတင် ကျွန်တော့်ကိုပေးရမှာက(၄၉၀၀)...တစ်ဝက်ကျန်သေးတယ်ဆိုတော့(၂၄၅၀)...ဒီလကငါးထောင်နဲ့နှစ်ရာဆိုတော့...အားလုံးပေါင်း(၇၆၅၀)...ကျွန်တော့်ကိုဒေါ်လုံးတင်ပေးရမှာ..."
" ၇၆၅၀ နော်..."
" ဟုတ်တယ်(၇၆၅၀)ပေးရမှာ..."
" အဲဒါဆို...ရော့...ဒီမှာက(၇၅၀၀)...ရော့... ဒါက(၁၀၀)...ငါးဆယ်ကတော့လျှော့ပေးလိုက်တော့နော် မောင်းမိုးညို..."
ဒေါ်လုံးတင်ရဲ့အပြောကြောင့်မိုးညိုရဲ့ခပ်ထင်းထင်းမျက်ခုံးတန်းနှစ်ဖက်ကတွန့်ချိုးသွားလေတော့သည်။ထို့နောက်မိုးညိုကပိုက်ဆံပေါ်ဝေ့ဝဲကျနေတဲ့အကြည့်တို့ကိုအရှေ့မှာထိုင်နေတဲ့ဒေါ်လုံးတင်ဆီရွေ့လျားလိုက်ပြီး...
" ဟာဗျာ...လျှော့ပေးလို့ရမလားဗျ...အမြတ်လိုချင်လို့အတိုးချေးစားပါတယ်ဆို...မပါရင်မှတ်ထားမယ်...နောက်လမှပေါင်းပေး...ကျန်တဲ့ငါးဆယ်ကို..."
" ဟျောင့် ဝတုတ်...မှတ်ထားစမ်း...ဒေါ်လုံးတင်အကြွေးငါးဆယ်ကျန်လို့..."
" အို့ဂေ...အာစိ..."
တစ်ပြားကနေနှစ်ပြားလိုချင်လို့ငွေတိုးချေးစားပါတယ်ဆိုမှလူကိုဘုရားဒကာ၊ကျောင်းဒကာ၊အလှူ့ဒကာလာလုပ်ခိုင်းနေရတယ်လို့...။
" အမယ်လေးတော်...ငါးဆယ်တည်းနဲ့ကို..."
" မသိဘူးဗျာ...ငါးဆယ်လည်းဖင်ကချီးထွက်အောင်လုပ်လို့ရတယ်...ဟျောင့်...ငကျော်...နောက်တစ်ယောက်ခေါ်..."
တော်တော်တရားကျဖို့ကောင်းတဲ့လူတွေပဲ...။အကြွေးယူတော့ပြုံးပြုံး၊တောင်းတော့မုန်းမုန်းဆိုတာဒီလိုလူမျိုးတွေကိုပြောတာဖြစ်မည်။
" နောက်တစ်ယောက်လာမယ်..."
" ကဲ...ထိုင်...မခင်တုတ်...အတိုးလား၊အရင်းလား.."
" အတိုးကော၊အရင်းပါပေးမှာပါ မောင်လေးရယ်...ပြီးတော့လေ...အပိုအနေနဲ့အမကိုယူပါလားဟင်...ဗက်...ဟက်...ဟက်..."
" ဟာဗျာ...ထွီး...ယူစရာလားဗျ..."
လာပြန်ပြီ...။
နောက်ထပ်တစ်ယောက်...။
" ဘာဖြစ်လို့လဲ မောင်လေးရယ်..."
" ခင်ဗျားကိုကျွန်တော်ယူလိုက်ရင် ကျွန်တော်လုပ်နေရမှာပေါ့..."
" အို...မောင်လေးလုပ်စရာမလိုဘူး...အမ ကိုယ်တိုင်လုပ်မှာ..."
" ဟမ်..."
" သြော်...မောင်လေးရှာကျွေးစရာမလိုဘူးလို့...အမကိုယ်တိုင်မောင်လေးကိုရှာကျွေးမယ်လို့...အဲဒါပြောတာ...ဗက်...ဟက်...ဟက်..."
" ဟာဗျာ...ဘာတွေလာပြောနေလဲမသိပါဘူး...ပေးဗျာ..ပေး...အတိုးက(၁၅၀၀)၊အရင်းက(၆၀၀၀)..."
" ကဲ...ရော့..."
" ဟုတ်ပြီ...ကဲ...ငကျော်...နောက်တစ်ယောက်ခေါ်..."
သူ့အရှေ့မှာထိုင်နေတဲ့မခင်တုတ်ကတော့ခေါနေတဲ့သွားလေးနဲ့လိုက်အောင်သူ့ကိုနှုတ်ခမ်းစူပြလာ၏။ပြီးနောက်ထိုင်ရာကနေထကာကြူကြူသင်းနီးပါးလောက်ရှိတဲ့ဖင်နှစ်လုံးနောက်ပစ်ပြီးဘောက်ဆက်ဘောက်ဆက်နဲ့ခြံထဲကနေထွက်သွားလေတော့သည်။
မိုးညိုတစ်ယောက်ပြန်သွားတဲ့မခင်တုတ်ကိုကြည့်ပြီးရှိသမျှနှစ်လုံးအကုန်တုန်တက်သွားမိ၏။ဒါကြီးကိုသာသူယူမိလို့ကတော့...။
အမယ်လေး...။
တွေးရင်းနဲ့လူကကြက်သီးတွေထလာခဲ့၏။
" ဘာဖြစ်လို့လဲ အာစိ..."
" ဘာမှမဖြစ်ဘူး...နောက်တစ်ယောက်ခေါ်လိုက်..."
" ကဲ...နောက်တစ်ယောက်လာမယ်..."
ဒီလိုနဲ့မိုးညိုတို့ဆရာတပည့်သုံးယောက်မနက်နေထွက်ကတည်းကနေစပြီးအတိုးသိမ်းနေတာအခုမွန်းတည့်ချိန်ရောက်တဲ့အထိပင်...။ဒါတောင်လူကမကုန်သေးပေ...။တစ်ယောက်၊နှစ်ယောက်ကျန်သေး၏။
" ဘယ်နှစ်ယောက်ကျန်သေးလဲ...ငကျော်..."
" တစ်ယောက်ပဲကျန်တော့တယ် အာစိ..."
" ​မြန်မြန်ခေါ်လိုက်ကွာ...ဒီမှာထိုင်ရတာညောင်းချိနေပြီ...ကြာရင် လေးဘက်နာဖြစ်တော့မယ်..."
မိုးညိုရဲ့စကားကြောင့်ဝတုတ်တစ်ယောက်မိုးညိုမသိအောင်မျက်နှာလေးရွဲ့လိုက်၏။ထိုင်ပါများရင်လေးဘက်နာဖြစ်မယ်တဲ့လားအာစိရယ်...။အဲဒါဆိုထန်းတောမှာကမထိုင်ပဲအိပ်နေတာကျလို့...။
" ကဲ...ထိုင် ငညို..."
" ဟုတ်....ဟုတ်...ဟုတ်ကဲ့..."
" အတိုးလား၊အရင်းလား..."
" နှ...နှ...နှစ်ခု...နှစ်ခုလုံး..."
သူ့အရှေ့ကငညိုဆိုတဲ့ကောင်လေးကိုကြည့်ပြီးမိုးညိုထိုင်ငိုချင်သွားတော့သည်။လူကညောင်းကိုက်နေပါတယ်ဆိုမှငထစ်နဲ့လာတွေ့နေရတယ်လို့...။လူကိုယ်တိုင်မလာပဲသားဖြစ်သူကိုလွှတ်ပေးလိုက်တဲ့ဒေါ်မြိုင်ကိုလည်းစိတ်ထဲကနေမိုးညိုဦးသုံးကြိမ်ချလိုက်မိသည်။
ဒေါ်မြိုင်တစ်ယောက်ကျန်းမာပါစေ၊ချမ်းသာပါစေ၊နှစ်ခုလပ်သုံးလင်ကွာဘဝကနေလွှတ်ပါစေ...။
" ဟုတ်ပြီ...အရင်းက(၄၀၀၀)၊အတိုးက(၁၇၀၀)...အားလုံးပေါင်း(၅၇၀၀)..."
" ဒီ...ဒီ...ဒီ...ဒီမှာပါ...ပိုက်...ပိုက်ဆံ...ပိုက်ဆံ.."
ငညိုကမ်းပေးတဲ့ပိုက်ဆံကိုသူလှမ်းယူကာစစ်လိုက်ပြီး...
" အင်...ဟုတ်ပြီ...ပြည့်တယ်..."
" အဲ...အဲဒါ...အဲဒါဆို...ခွင့်...ခွင့်...ခွင့်ပြု...ခွင့်ပြုပါဦး...ကို...ကိုကြီးညို..."
တော်ပါသေးရဲ့...။
စကားဆုံးသွားလို့...။
" ဟုတ်ပြီ...အဲ...နေဦး..."
အခုမှသူသတိရသည်။ငညိုနဲ့ဝေလေးတို့ရဲ့အိမ်ကခြေရင်း၊ခေါင်းရင်းပဲ...။ပြန်ဖို့ပြင်နေတဲ့ငညိုကမိုးညိုရဲ့စကားကြောင့်ကြောင်တောင်တောင်နဲ့ခုံမှာပြန်ထိုင်ချလိုက်လေသည်။
" ငညို...မင်းကို ငါအလုပ်တစ်ခုပေးမယ်...မင်းလုပ်မလား..."
" ဗျာ..."
ငညိုကသူ့စကားကိုနားမလည်ဘူးဖြစ်မည်။သူ့ကိုမျက်လုံးလေးကလယ်၊ကလယ်နဲ့ပြူးပြီးကြည့်နေလေ၏။
" လာ...ရှေ့နားတိုး..ငါပြောပြမယ်..."
လက်ကလေးလှုပ်ပြီးခေါ်လိုက်တဲ့မိုးညိုရဲ့အနားကိုငညိုကတွန့်ဆုတ်၊တွန့်ဆုတ်နဲ့တိုးကပ်လာလေသည်။ငညို့လိုပဲဝတုတ်နဲ့ငကျော်တို့နှစ်ယောက်ကလည်းသူ့တို့ရဲ့အာစိကိုနားမလည်သလိုလှမ်းကာကြည့်နေမိကြ၏။
တွန့်ဆုတ်၊တွန့်ဆုတ်လုပ်နေတဲ့ငညို့ကိုမိုးညိုစိတ်မရှည်တော့ပေ...။ထို့ကြောင့်ငညို့ရဲ့နားရွက်ကိုဆောင့်ဆွဲပြီးသူ့အနားကိုခေါ်လိုက်သည်။ပြီးနောက်အနားရောက်လာတဲ့ငညို့ကိုတိုးတိုးလေးကပ်ပြီးသူပြောလိုက်၏။ထိုအခါခုနကနာမလည်လို့မျက်လုံးလေးကလယ်၊ကလယ်ဖြစ်နေတဲ့ငညိုကအခုတော့မျက်လုံးကော၊ပါးစပ်ကြီးပါပြူးပြဲအောင်ပြုံးနေလေတော့သည်။
" တ...တ...တကယ်လား...ကို...ကိုကြီး...ကိုကြီးညို..."
" ငါစကားနှစ်ခွန်းမပြောတတ်ဘူး..."
သူ့စကားကြောင့်ငညို့ရဲ့ရင်ထဲမှာကုလားမီးနင်းနေလောက်ပြီ...။
" မင်းဘက်ကအဲဒါလေးပဲလုပ်ရမှာ..."
" ဟုတ်...ဟုတ်...ကဲ့...ဟုတ်ကဲ့..."
" ဟုတ်ပြီ...အဲဒါဆိုမင်းသွားလို့ရပြီ...တာဝန်တော့ကျေပါစေနော် လူကလေး..."
" ရက်...ရက်...ဆား..."
ထိုသို့ဆိုရင်းငညိုကလက်တစ်ဖက်ကိုနဖူးနဲ့ကပ်ကာအလေးပြုဟန်လုပ်ပြလေ၏။ပြီးနောက်ခြံဝိုင်းထဲကနေခုန်ပေါ်ကာပြေးထွက်သွားလေတော့သည်။
အဟက်...ဟက်...ဟက်...။
မိုးညိုမောင်ပါ...။
မပိုင်ရင်ငွေအကုန်မခံဘူး...။
လူယုတ်မာပုံစံနဲ့ပြုံးစိစိဖြစ်နေတဲ့အာစိကိုကြည့်ပြီးဝတုတ်နဲ့ငကျော်တို့နှစ်ယောက်မှာတော့ခေါင်းကိုတဗျင်းဗျင်းနဲ့ကုတ်နေမိတော့သည်။
အာစိတစ်ယောက်ဘာတွေထပ်မွှေဦးမှာပါလိမ့်...။
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
(updateလေးကြာသွားရင်တောင်းပန်ပါတယ်🙏🙏🙏)
ဒီနေ့မိုးညိုတစ်ယောက်အလုပ်တွေရှုပ်နေတဲ့အတွက်ထန်းတောဘက်ကိုခြေဦးလှည့်လို့မရပေ...။ဒါကြောင့်မနက်ကတည်းကပါးစပ်ချဉ်ကာလေချဉ်တွေခဏခဏတက်နေ၏။
" နောက်တစ်ယောက်..."
သူ့ဘေးနားမှာထိုင်နေတဲ့ငကျော်ရဲ့ကျယ်လောင်လှတဲ့အသံကြောင့်ခြံရှေ့မြေကွက်လပ်မှာစုဝေးထိုင်နေကြတဲ့လူအုပ်ကြီးကလှုပ်လှုပ်ရှားရှားဖြစ်သွားလေတော့သည်။ပြီးနောက်သူ့ထက်ငါအပြိုင်အဆိုင်တွတ်ထိုးရင်သူ့ရဲ့အနားကိုလျှောက်လာ၏။
" ကဲပါဗျာ...ဒီလောက်ဆိုကျွန်တော်သဘောပေါက်ပြီး...အတိုးပဲသတ်မှာမဟုတ်လား..."
" ဟျောင့်...ဝတုတ်...စာအုပ်ထဲမှာဒေါ်လုံးတင်နာမည်ကိုရှာကြည့်စမ်း..."
" အို့ဂေ...အာစိ..."
" တွေ့လား..."
" တွေ့ပြီ...အာစိ..."
" အေ...အတိုးဘယ်လောက်ပဲ..."
အံမယ်...။
" ဟဲ...ဟဲ...အာစိ...ဟိုလေ..."
ဒီလောက်ဆိုသူသဘောပေါက်လိုက်ပြီး...။
ဒီကောင်သီတင်းကျွတ်လနဲ့တပေါင်းလကြားမှာတိုင်ပတ်နေလေပြီး...။
" ပေးစမ်း..စာအုပ်.."
ဝတုတ်ရဲ့ရှေ့မှာရှိတဲ့စာရင်းစာအုပ်ကိုသူဆွဲယူလိုက်ပြီး...
" ဒီလအတိုးက(၅၂၀၀)...ပြီတော့...အရင်လကကျွန်တော့်ကိုအတိုးအပြည့်မပေးသွားဘူးနော်.."
" ဟုတ်ပါတယ်ကွယ်..."
" ၇၆၅၀ နော်..."
" ဟုတ်တယ်(၇၆၅၀)ပေးရမှာ..."
" အဲ့ဒါဆို...ရော့...ဒီမှာက(၇၅၀၀)...ရော့... ဒါက(၁၀၀)...ငါးဆယ်ကတော့လျှော့ပေးလိုက်တော့နော်...မောင်းမိုးညို..."
" အို့ဂေ...အာစိ..."
" အမလေးတော်...ငါးဆယ်တည်းနဲ့ကို..."
" မသိဘူးဗျာ...ငါးဆယ်လည်းဖင်ကချီးထွက်အောင်လုပ်နိုင်တယ်...ဟျောင့်...ငကျော်...နောက်တစ်ယောက်ခေါ်..."
" နောက်တစ်ယောက်လာမယ်...*
" ဟာဗျာ...ထွီး...ယူစရာလားဗျ..."
" ဟမ်..."
" သြော်...မောင်လေးရှာကျွေးစရာမလိုဘူးလို့...အမကိုယ်တိုင်မောင်လေးကိုရှာကျွေးမယ်လို့...အဲ့ဒါပြောတာ...ဗက်...ဟက်...ဟက်..."
" ကဲ...ရော့..."
" ဟုတ်ပြီး...ကဲ...ငကျော်...နောက်တစ်ယောက်ခေါ်..."
" ဘာဖြစ်လို့လဲ...အာစိ..."
" ​မြန်မြန်ခေါ်လိုက်ကွာ...ဒီမှာထိုင်ရတာညောင်းချိနေပြီး...ကြာရင်လေးဘက်နာဖြစ်တော့မယ်...လူက..."
" ကဲ...ထိုင်...ငညို..."
" ဟုတ်....ဟုတ်...ဟုတ်ကဲ့..."
" အတိုးလား..အရင်းလား..."
" ဟုတ်ပြီး...အရင်းက(၄၀၀၀)၊အတိုးက(၁၇၀၀)...အားလုံးပေါင်း(၅၇၀၀)..."
" ဒီ...ဒီ...ဒီ...ဒီမှာပါ...ပတ်...ပတ်ဆံ...ပတ်ဆံ.."
" အင်...ဟုတ်ပြီး...ပြည့်တယ်..."
" အဲ့...အဲ့ဒါ...အဲ့ဒါဆို...ခွင့်...ခွင့်...ခွင့်ပြု...ခွင့်ပြုပါဦး...ကို...ကို...ကိုကြီးညို..."
တော်ပါသေးရဲ့...။
စကားဆုံးသွားလို့...။
" ဟုတ်ပြီး...အဲ...နေဦး..."
အခုမှသူသတိရသည်။ငညိုနဲ့ဝေလေးတို့ရဲ့အိမ်ကခြေရင်း၊ခေါင်းရင်းဘဲ...။ပြန်ဖို့ပြင်နေတဲ့ငညိုကမိုးညိုရဲ့စကားကြောင့်ကြောင်တောင်တောင်နဲ့ခုံမှာပြန်ထိုင်လိုက်လေသည်။
" ဗျာ..."
မိုးညိုကလက်လေးလှုပ်ပြီးခေါ်လိုက်တာကြောင့်ငညိုတစ်ယောက်တွန့်ဆုတ်တွန့်ဆုတ်နဲ့မိုးညိုရဲ့အနားကိုတိုးလာခဲ့လေသည်။ငညို့လိုဘဲဝတုတ်နဲ့ငကျော်တို့နှစ်ယောက်ကလည်းသူ့တို့ရဲ့အာစိကိုနားမလည်သလိုလှမ်းကာကြည့်နေမိကြ၏။
သူ့စကားကြောင့်ငညို့ရဲ့ရင်ထဲမှာကုလားမီးနင်းနေလောက်ပြီး...။
" မင်းဘက်ကအဲ့ဒါလေးဘဲလုပ်ရမှာ..."
" ဟုတ်...ဟုတ်...ကဲ့...ဟုတ်ကဲ့..."
" ဟုတ်ပြီး...အဲ့ဒါဆိုမင်းသွားလို့ရပြီး...တာဝန်တော့ကျေပါစေနော်လူကလေး..."
" ရက်...ရက်...ဆား..."
ငညိုတစ်ယောက်အပျော်လွန်ပြီးသူ့ခြံထဲကနေခုန်ပေါ်ကာပြေးထွက်သွားလေရဲ့...။
အဟက်...ဟက်...ဟက်...။
မိုးညိုမောင်ပါ...။
လူယုတ်မာပုံစံနဲ့ပြုံးစိစိဖြစ်နေတဲ့အာစိကိုကြည့်ပြီးဝတုတ်နဲ့ငကျော်တို့နှစ်ယောက်မှာတော့ခေါင်းကိုသာတဗျင်းဗျင်းနဲ့ကုတ်နေမိတော့သည်။
---------------------------------------------------------
Continue Reading
You'll Also Like
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
519K 34.1K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary