အခန်း(၁၆)
" ဒေါက်...အေ့..."
ခွက်ဆောင့်ချလိုက်တဲ့အသံကြောင့်စားပွဲပေါ်မှာခေါင်တင်ပြီးအမူးဖြေနေကြတဲ့ဝတုတ်နဲ့ငကျော်တို့နှစ်ယောက်ကသူတို့ရဲ့အာစိကိုခေါင်းထောင်ကာကြည့်လိုက်ကြသည်။ငိုက်ကျပြီးရီဝေဝေဖြစ်နေတဲ့မျက်လုံးအစွမ်းကြောင့်အာစိရဲ့မျက်နှာကနှစ်ခုဖြစ်နေ၏။
" မင်းတို့သိလား...အေ့...ထွီး...အချစ်...ဆိုတာ..."
" ရယူခြင်းမှမဟုတ်ပဲမဏိစန္ဒါ..."
" ဖြောင်း..."
" အောင့်မလေးဗျ..."
ကောင်းတယ်...။
အဲဒါစောက်ခွက်ပြောင်ချင်ဦး...။
ဟိုကအပီအပြင်ခံစားပြီးအချစ်အကြောင်းတွေဖွဲ့နွဲ့မလို့ကို၊ခွေးကောင်ကမျက်ခွက်သွားပြောင်ရတယ်လို့...။အာစိရဲ့လက်သံကဘယ်လောက်ပြောင်လဲဆိုတာဒီကောင်ဝတုတ်အမူးလွန်ပြီးမေ့သွားတာလား...။
" အား...ကျွတ်...ကျွတ်...နာလိုက်တာ အာစိရာ..."
ဂုတ်ပိုးကိုပွတ်ရင်းဝတုတ်ကနာနာကျင်ကျင်ငြီးတွားလိုက်လေသည်။အာစိရဲ့လက်သံပြောင်ချက်ကမှေးနေတဲ့သူ့မျက်လုံးတောင်မှစကောလောက်ပြူးထွက်သွားစေ၏။မူးနေတာလည်းအခုချိန်မှာကြက်ပျောက်ငှက်ပျောက်...။
" ဟျောင့်...ဝတုတ်..."
" ဂျာ...အဲ...ဗျာ...အာစိ..."
" မင်ကဘာလဲ...ငါ့ကို...မရိုမသေမလေးမစားစောက်ခွက်ပြောင်တယ်ပေါ့...ဟုတ်လား...ဟင်း...ဟျောင့်..."
" မ...မဟုတ်ပါဘူး အာစိရယ်...ဝ...ဝတုတ်လေးကလေ...အာ...အာစိကိုချစ်လို့စတာ...အဟဲ...ချစ်လို့စတာ..."
" ဘာ...ချစ်လို့စတာ...ကဲကွာ...အဲဒါစချင်ဦး...စချင်ဦး..."
" အောင့်မလေးဗျ...ကြောက်ပါပြီ အာစိရဲ့...ကြောက်ပါပြီဗျ..."
ဘုတ်သိုက်ဖြစ်နေတဲ့ဆံပင်ဖုတ်ကိုဆုတ်ကိုင်ပြီးအားရပါးရနှပ်နေတဲ့မိုးညိုကြောင့်ဝတုတ်တစ်ယောက်အသံပြဲကြီးနဲ့ထအော်တော့သည်။ငကျော်ခမျာသူ့အရှေ့မှာဆော်ပလော်တီးနေတဲ့ဆရာဖြစ်သူနဲ့အတီးခံနေရတဲ့ဝတုတ်တို့နှစ်ယောက်ကိုကြည့်ပြီးဘာလုပ်လို့ဘာကိုင်မှန်းမသိဖြစ်နေမိ၏။နောက်ဆုံးမှာတော့သောက်ဖော်သောက်ဖက်ဖြစ်တဲ့ဝတုတ်ကိုကြည့်ပြီးသနားလာတာကြောင့်အာစိကိုသူဝင်ထိန်းရတော့သည်။
" တော်ပါတော့ အာစိရယ်...ဟိုကောင်ဝတုတ်အစားကျွန်တော်ကပဲတောင်းပန်ပါတယ်...မလုပ်ပါနဲ့တော့ဗျာ..."
" ဟူး...မောလိုက်တာ..."
ခွေးကောင်ကိုအားပါးတရသမလိုက်ရတော့လူကမောသွားလေပြီ...။ထို့ကြောင့်အရှေ့မှာရှိတဲ့ထန်းရည်အိုးကိုမိုးညိုမော့သောက်လိုက်၏။ရင်ထဲမှာခံစားချက်တွေကတနင့်တပို့ဖြစ်နေလို့ထန်ရည်လေးသောက်ပြီးရင်ဖွင့်မလို့ကို...။ခွေးသူတောင်းစားကအလိုက်ကမ်းဆိုးမသိမျက်ခွက်ထပြောင်ရတယ်လို့...။
မောတယ်ဆိုပြီးထန်းရည်ကိုအိုးလိုက်မော့နေတဲ့ဆရာဖြစ်သူကိုဝတုတ်ကနာကျင်ပူထူနေတဲ့ခေါင်းကိုပွတ်ရင်းမသိမသာလေးစွေကြည့်လိုက်သည်။
သြော်...။
မောသွားပြီတဲ့လား...။
ရိုက်ခံရတဲ့ကောင်ကသူပါ...။
" အား...အေ့...ဟျောင့်...ဖိုးစီ...ထန်းရည်နဲ့ကြွက်ကင်ယူခဲ့စမ်းပါဦးကွာ...မြန်မြန်လေး..."
" လာပြီ ကိုကြီးညိုရေ့..."
" မင်းတို့သိလား...အချစ်...ဆိုတာ...ပန်းလေးတစ်ပွင့်လိုပဲကွ..."
လာပြန်ပြီ...။
ဖုန်တထောင်းထောင်းထအောင်သွားနေတဲ့နွားအုပ်တွေကိုကြည့်ပြီးအချစ်အကြောင်းဖွဲ့နွဲ့နေတဲ့သူတို့ရဲ့အာစိ...။
မကြာခင်နေတောင်ဝင်တော့မည်။သူတို့ရဲ့အာစိကဒီစကားကိုမနက်ကတည်းကပြောနေတာအခုနေဝင်တော့မယ့်အထိပင်...။ပြောနေတဲ့အာစိကမမောပေမယ့်နားထောင်နေရတဲ့သူတို့နှစ်ယောက်ကတော့အော်သာငိုပစ်လိုက်ချင်တော့သည်။
" အာစိ..."
" အေ...ပြော..."
" တပည့်ကျော်တစ်ခုလောက်မေးလို့ရမလား..."
" ဘာမေးမလို့လဲ...မေး..."
" ဟိုလေ...ရွာထဲမှာအာစိသဘောကျနေတဲ့ကောင်မလေးရှိနေပြီလားဟင်..."
ဝတုတ်လည်းဒီအဖြေကိုသိချင်မိပါသည်။သူတို့ရဲ့အာစိကဒီအကြောင်းပြောနေတာလွန်ခဲ့တဲ့လကတည်းကမဟုတ်လား...။တကယ်လို့ရှိခဲ့လျှင်လည်းအာစိကိုသူတို့ကူညီပေးလို့ရအောင်...။ဒါမှသူတို့နားအေးမှာ...။
" အေ..."
!အေ!တဲ့လား...။
သောက်ဖို့နဲ့မှောက်ဖို့ပဲသိတဲ့သူတို့ရဲ့အာစိကအချစ်ကိုတွေ့သွားပြီတဲ့လား...။
ကောင်မလေးရေ...အမျှ...အမျှ...။
" ဘယ်...ဘယ်သူလဲဟင်...အာစိ..."
ဝတုတ်တစ်ယောက်သိချင်ဇောနဲ့အလောတကြီးမေးလိုက်မိသည်။အာစိရဲ့အသည်းနှလုံးကိုကြွေကျမြေခအောင်လုပ်နိုင်တဲ့ကောင်မလေးကဘယ်သူလဲဆိုတာသူတို့အမှန်တကယ်ကိုသိချင်မိပါသည်။
" နိုး...နိုး...ဘယ်သူလဲဆိုတာမင်တို့သိဖို့မလိုဘူး...အေ့.."
မိုးညိုစကားကြောင့်ဝတုတ်နဲ့ငကျော်တို့နှစ်ယောက်ရဲ့မျက်နှာကမချိုမချဥ်ဖြစ်သွားကြလေသည်။သိဖို့မလိုဘူးတဲ့လား...။အဲဒါဆိုသူတို့ကနားငြီးရဦးမှာပေါ့...။
" သိဖို့မလို့ဘူး...ဝေလေးကိုမင်းတို့သိဖို့မလိုဘူး...အဟက်...ဟက်.."
လက်တစ်ချောင်းထောင်ကာအရှေ့ကထန်းရည်အိုးကိုဘယ်ညာယမ်းပြနေတဲ့အာစိကိုကြည့်ပြီးဝတုတ်နဲ့ငကျော်ခေါင်းကိုတဗျင်းဗျင်းနဲ့သာကုတ်နေမိတော့သည်။သောက်ဖို့နဲ့မှောက်ဖို့သာသိတဲ့သူတို့ရဲ့အာစိကအခုတော့ဂေါက်တဲ့အဆင့်ကိုတောင်ရောက်နေပါပြီကော...။
🪴🪴
ဒီနေ့မြို့ကနေအထည်တွေလာပို့တဲ့အတွက်သူနဲ့ညီမလေးကရွာထိပ်မှာလာစောင့်ယူရသည်။ရွာထိပ်ကိုမနက်ကတည်းကရောက်လာပေမယ့်အထည့်လာပို့တဲ့လူတွေကနောက်ကျနေတာကြောင့်အချိန်အတော်ကြာတဲ့အထိသူတို့စောင့်လိုက်ရသေးသည်။
ရောက်လာတော့လည်းပစ္စည်းတွေကိုဟိုဒီစစ်ရပြန်သေးသည်။အားလုံးပြီးသွားတော့အချိန်ကညနေစောင်းလေပြီ...။ခဏလေးထင်ပြီးဘာမှမစားပဲထွက်လာခဲ့တာကြောင့်အခုတော့ဗိုက်ကအသံပေါင်းစုံထွက်နေတော့သည်။မကြာခင်မိုးလည်းချုပ်တော့မှာဖြစ်တဲ့အတွက်သူတို့မောင်နှမနှစ်ယောက်အလုပ်ကိုမြန်မြန်လက်စသတ်လိုက်ကြ၏။
" ရသော်...ညီမလေး...အားလုံးစုံပြီလား...ဘယ်နှစ်ထုပ်လိုသေးလဲ..."
" စုံတယ် ကိုကြီး...မလိုတော့ဘူး..."
မှာထားတဲ့ပစ္စည်းကအားလုံးစုံတဲ့အတွက်တစ်ဖက်ကလူကိုရဝေကျသင့်ငွေရှင်းပေးလိုက်၏။ပြီးနောက်တစ်ယောက်ကိုတစ်ယောက်ကျေးဇူးတင်စကားအထပ်ထပ်ပြောပြီးလမ်းခွဲလိုက်ကြသည်။
" ကျေးဇူးတင်ပါတယ် အစ်ကို..."
" ကျေးဇူးပါဗျ..."
တစ်ဖက်ကလူပြန်သွားတော့မှသူလည်းညီမလေးအနားကိုပြန်လာခဲ့လိုက်သည်။အထည်တွေကများတဲ့အတွက်ကြောင့်ညီမလေးကဟိုဒီလိုက်ကြည့်နေ၏။
" ကဲ...အဲဒါဆိုပြန်ကြစို့...တက်..."
အထည်လာယူတိုင်းသူတို့ကိုလှည်းမောင်းပို့ပေးနေကျကိုထင်ပေါ်ကဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်နေမကောင်းဖြစ်နေတာကြောင့်ဒီနေ့တော့ရဝေကိုယ်တိုင်လှည်းကိုမောင်းလာခဲ့ရသည်။သူ့အနေနဲ့တစ်ကြိမ်တစ်ခါမှလှည်းမမောင်းဖူးပေမယ့်လှည်းမောင်းတာကကားမောင်းတာလောက်မခက်ခဲတဲ့အတွက်ကိုယ်တိုင်မောင်းလာလိုက်ခြင်းဖြစ်သည်။
" ဟုတ်ကဲ့...ကိုကြီး..."
ညီမလေးလှည်းပေါ်ရောက်တော့မှသူလည်းအထုပ်တွေကိုတစ်ချက်စစ်ပြီးလှည်းပေါ်ကိုတက်လိုက်၏။အချိန်လည်းမရှိတော့သလိုဗိုက်လည်းဆာနေပြီဖြစ်တာကြောင့်အိမ်ကိုမြန်မြန်ဖို့ကိုသာတာစူနေမိတော့သည်။
" သေချာကိုင်ထားနော် ညီမလေး...ကိုကြီးမောင်းပြီ..."
" တောက်...ဟမ်း...ဖြောင်း...ရွှမ်း..."
အနောက်ဘက်ကောင်းကင်ကြီးကတဖြည်းဖြည်းနဲ့ပုစွန်ဆီရောင်သမ်းလာတဲ့အတွက်လှည်းကိုခပ်မြန်မြန်လေးသူမောင်းလိုက်သည်။မိုးမချုပ်ခင်အိမ်ကိုပြန်ရောက်မှဖြစ်မည်။အနောက်မှာထိုင်နေတဲ့ညီမလေးကတော့လမ်းမှာတွေ့တဲ့လူတိုင်းကိုလှည်းပေါ်ကနေအော်အော်ပြီးနှုတ်ဆက်နေလေရဲ့...။
" ဟေ့...တောက်...ဟမ်း...ဒီနွားကတော့..."
" ဖြောင်း..ရွှမ်း..."
ထန်းတောကနေဖြတ်သန်းတိုက်လာတဲ့လေးအေးကြောင့်ချွေးတွေထွက်နေတဲ့ကိုယ်ကအခုတော့ချမ်းစိမ့်စိမ့်လေးဖြစ်လို့နေ၏။နေဝင်ခါနီးပြီမို့ပူလောင်အိုက်စက်နေတဲ့ကိုယ်ကအခုတော့နေရထိုင်ရတာအဆင်ပြေလာခဲ့သည်။
" တောက်...ဟမ်း...ဟေ့နွား...ဖြောင်း..."
ရွာနဲ့တဖြည်းဖြည်းနီးလာတဲ့အတွက်လူကအခုမှစိတ်အေးသွားရသည်။ဒီပုံစံအတိုင်းဆိုလျှင်မိုးမချုပ်ခင်အိမ်ပြန်ရောက်လောက်ပါသည်။
ထိုစဥ်...။
" ဟာ...သွားပြီ...ဖြောင်း...ရွှမ်း...ဟေ့နွား..."
" ကိုကြီး...ဘာဖြစ်လို့လဲဟင်..."
" လှည်း..လှည်းကရပ်လို့မရတော့ဘူးဟ...လုပ်ပါဦး...ဟေ့နွား.."
" ဟမ်း...လှည်း...လှည်းကရပ်လို့မရတော့ဘူး...ဒါဆို...အမလေး...ကယ်ကြပါဦးရှင်...လာကြပါဦး..."
" ဟေ့...ဟေ့...ကျွတ်...ကျွတ်..."
အရှိန်နဲ့ပြေးနေတဲ့နွားနှစ်ကောင်ကနှဖားကြိုးဆွဲလည်းမရ၊ချော့ပြီးရပ်ခိုင်းလည်းပြေးနေဆဲပင်...။ခုနကလေအေးတိုက်လို့တိတ်သွားတဲ့ချွေးတွေကလည်းအခုတော့အပေါ်ကော၊အောက်ပါမကျန်ပြန်ထွက်လာကုန်၏။အရှိန်နဲ့ပြေးနေတဲ့လှည်းကြောင့်ရသော်ခမျာအထုပ်တွေကြားထဲကနေအရပ်လေးမျက်နှာလှည့်ပြီးအော်ကြီးဟစ်ကျယ်အကူအညီတောင်းခံတော့သည်။
" လာကြပါဦးရှင်...ကယ်ကြပါဦး..."
သူဘယ်လိုလုပ်ရမလဲ...။
လှည်းကိုပထမဆုံးမောင်းတဲ့နေကျမှဒီလိုဖြစ်ရတယ်လို့...။အရှိန်နဲ့ပြေးနေတဲ့လှည်းကြောင့်လူကတုန်ယင်လို့နေ၏။တစ်ကိုယ်လုံးမှာလည်းချွေးတွေကရေချိုးထားသလိုပင်... ။
သူသေရတော့မှာလား...။
ဟင့်အင်း...။
သေလို့မဖြစ်သေးဘူးလေ...။သူသေလို့မဖြစ်သေးဘူး...။
" ကယ်ကြပါဦး အရပ်ကတို့ရေ...လုပ်ကြပါဦး...ကယ်ကြပါဦး..."
ညီမလေးကတော့အော်ဟစ်အကူအညီတောင်းနေဆဲပင်...။
သူ့မှာသာလက်ထဲကကြိုးနှစ်ချောင်းကိုကိုင်ပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေ၏။ကြိုးကိုအားနဲ့ဆွဲပေမယ့်လည်းနွားနှစ်ကောင်ကဆွဲလေ၊ပြေးလေဖြစ်နေသည်။
ထိုစဥ်...။
ဟင်...။
လှည်းလမ်းကြောင်းတည့်တည့်မှာယိုင်တိယိုင်တိုင်နဲ့လျှောက်လာကြတဲ့လူသုံးယောက်...။
" ဟေ့...ဟေ့လူတွေ...ဖယ်...အရှေ့ကဖယ်..."
တစ်လမ်းလုံးပြည့်အောင်လျှောက်လာကြတဲ့ထိုလူသုံးယောက်ကိုအော်ဟစ်ကာသူလှမ်းပြောလိုက်သည်။သို့သော်ထိုလူသုံးယောက်ကတော့သူစကားကိုကြားပုံမရပေ...။လက်လေး၊ခြေလေးတောင်မြှောက်ပြီးကနေလိုက်ကြသေးသည်။
" ဟာ...ဒုက္ခပဲ...ဟေ့လူတွေ..."
" ကယ်ကြပါဦးရှင်...လာကြပါဦး...အမယ်လေ..."
သူတို့အရှေ့တည့်တည့်ကနေပြေးလာနေတဲ့လှည်းကိုတောင်ဒီလူတွေမမြင်ဘူးလား...။လှည်းကလည်းအရှိန်နဲ့ပြေးနေသလို၊ထိုလူသုံးယောက်ကလည်းလမ်းရဲ့အလယ်တည့်တည့်မှာကလို့၊ခုန်လို့ကောင်းနေဆဲပင်...။
ဒီလူတွေကိုသာလှည်းနဲ့တိုက်မိလို့ကတော့...။
အောင့်မယ်လေး...။
တွေးကြည့်တာနဲ့တင်လူကရှိသမျှအမွှေးတွေအကုန်ထောင်ကုန်၏။
" ဟေ့လူတွေ...ဟေ့...ဟမ်...ကိုမိုးညို..."
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
" ေဒါက္...ေအ့..."
ခြက္ေဆာင့္ခ်လိဳက္တဲ့အသံေၾကာင့္စားပြဲေပၚမွာေခါင္တင္ကာအမူးေျဖေနတဲ့ဝတုတ္နဲ႕ငေက်ာ္တို႔ႏွစ္ေယာက္ကသူတို႔ရဲ႕အာစိကိုေခါင္းေထာင္ၿပီးၾကည့္လိုက္မိၾကသည္။ငိုက္က်ၿပီးရီေဝေဝျဖစ္ေနတဲ့မ်က္လုံးအစြမ္းေၾကာင့္အာစိရဲ႕မ်က္ႏွာကႏွစ္ခုျဖစ္ေန၏။
" မင္းတို႔သိလား...ေအ့...ထြီး...အခ်စ္...ဆိုတာ..."
" ရယူျခင္းမွမဟုတ္ဘဲမဏိစႏၵါ..."
" ေျဖာင္း..."
" ေအာင့္မေလးဗ်..."
ေကာင္းတယ္...။
အဲ့ဒါေစာက္ခြက္ေျပာင္ခ်င္ဦး...။
ဟိုကအပီအျပင္ခံစားၿပီးအခ်စ္အေၾကာင္းေတြဖြဲ႕ႏြဲ႕မလို႔ကို...။ေခြးေကာင္ကမ်က္ခြက္သြားေျပာင္ရတယ္လို႔...။အာစိရဲ႕လက္သံကဘယ္ေလာက္ေျပာင္လဲဆိုတာဒီေကာင္ဝတုတ္အမူးလြန္ၿပီးေမ့သြားတာလား...။
" အား...ကြၽတ္...ကြၽတ္...နာလိုက္တာအာစိရာ..."
ဝတုတ္တစ္ေယာက္ဂုတ္ပိုးကိုပြတ္ၿပီးနာနာက်င္က်င္ၿငီးတြားလိုက္မိသည္။အာစိရဲ႕လက္သံေျပာင္ခ်က္ကေမွးေနတဲ့သူ႕မ်က္လုံးေတာင္စေကာေလာက္ျပဴးထြက္သြား၏။မူးေနတာလည္းအခုခ်ိန္မွာၾကက္ေပ်ာက္ငွက္ေပ်ာက္...။
" ေဟ်ာင့္...ဝတုတ္..."
" ဂ်ာ...အဲ...ဗ်ာ...အာစိ..."
" မင္ကဘာလဲ...ငါ့ကို...မရိုမေသမေလးမစားေစာက္ခြက္ေျပာင္တယ္ေပါ့...ဟုတ္လား...ဟင္း...ေဟ်ာင့္..."
" မ...မဟုတ္ပါဘူးအာစိရယ္...ဝ...ဝတုတ္ေလးကေလ...အာ...အာစိကိုခ်စ္လို႔စတာ...အဟဲ...ခ်စ္လို႔စတာ..."
" ဘာ...ခ်စ္လို႔စတာ...ကဲကြာ..အဲ့ဒါစခ်င္ဦး...စခ်င္ဦး..."
" ေအာင့္မေလးဗ်...ေၾကာက္ပါၿပီးအာစိရဲ႕...ေၾကာက္ပါၿပီးဗ်..."
ဘုတ္သိုက္ျဖစ္ေနတဲ့ဆံပင္ဖုတ္ကိုဆုတ္ကိုင္ၿပီးအားရပါးရႏွပ္ေနတဲ့အာစိေၾကာင့္ဝတုတ္တစ္ေယာက္အသံၿပဲႀကီးနဲ႕ထေအာ္ေတာ့သည္။ငေက်ာ္ခမ်ာသူ႕အေရွ႕မွာေဆာ္ပေလာ္တီးေနတဲ့ဆရာျဖစ္သူနဲ႕အတီးခံေနရတဲ့ဝတုတ္တို႔ႏွစ္ေယာက္ကိုၾကည့္ၿပီးဘာလုပ္လို႔ဘာကိုင္မွန္းမသိျဖစ္ေနမိ၏။ေနာက္ဆုံးမွာေတာ့ေသာက္ေဖာ္ေသာက္ဖက္ျဖစ္တဲ့ဝတုတ္ကိုၾကည့္ၿပီးသနားလာတာေၾကာင့္အာစိကိုသူဝင္ထိန္းရေတာ့သည္။
" ေတာ္ပါေတာ့အာစိရယ္...ဟိုေကာင္ဝတုတ္အစားကြၽန္ေတာ္ဘဲေတာင္းပန္ပါတယ္...မလုပ္ပါနဲ႕ေတာ့ဗ်ာ..."
" ဟူး...ေမာလိုက္တာ..."
ေခြးေကာင္ကိုအားပါးတရသမလိုက္ရေတာ့လူကေမာသြားေလၿပီး...။ထို႔ေၾကာင့္အေရွ႕မွာရွိတဲ့ထန္းရည္အိုးကိုမိုးညိုေမာ့ေသာက္လိုက္၏။ရင္ထဲမွာခံစားခ်က္ေတြကတနင့္တပို႔ျဖစ္ေနလို႔ထန္ရည္ေလးေသာက္ၿပီးရင္ဖြင့္မလို႔ကို...။ေခြးသူေတာင္းစားကအလိုက္ကမ္းဆိုးမသိမ်က္ခြက္ထေျပာင္ရတယ္လို႔...။
ေၾသာ္...။
ေမာသြားၿပီတဲ့လား...။
ရိုက္ခံရတဲ့ေကာင္ကသူပါ...။
" အား...ေအ့...ေဟ်ာင့္...ဖိုးစီ...ထန္းရည္နဲ႕ႂကြက္ကင္ယူခဲ့စမ္းပါဦးကြာ...ျမန္ျမန္ေလး..."
" လာၿပီး...ကိုႀကီးညိုေရ႕..."
" မင္းတို႔သိလား...အခ်စ္...ဆိုတာ...ပန္းေလးတစ္ပြင့္လိုပဲကြ..."
လာျပန္ၿပီး...။
ဖုန္တေထာင္းေထာင္းထေအာင္သြားေနတဲ့ႏြားအုပ္ေတြကိုၾကည့္ၿပီးအခ်စ္အေၾကာင္းဖြဲ႕ႏြဲ႕ေနတဲ့သူတို႔ရဲ႕အာစိ...။
မၾကာခင္ေနေတာင္ဝင္ေတာ့မည္။သူတို႔ရဲ႕အာစိကဒီစကားကိုမနက္ကတည္းကေျပာေနတာအခုေနဝင္ေတာ့မယ့္အထိပင္...။ေျပာေနတဲ့အာစိကမေမာေပမယ့္နားေထာင္ေနရတဲ့သူတို႔ႏွစ္ေယာက္ကေတာ့သာငိုပစ္လိုက္ခ်င္ေတာ့သည္။
" အာစိ..."
" ေအ...ေျပာ..."
" တပည့္ေက်ာ္တစ္ခုေလာက္ေမးလို႔ရမလား..."
" ဘာေမးမလို႔လဲ...ေမး..."
" ဟိုေလ...႐ြာထဲမွာအာစိသေဘာက်ေနတဲ့ေကာင္မေလးရွိေနၿပီးလားဟင္..."
ဝတုတ္လည္းဒီအေျဖကိုသိခ်င္မိပါသည္။သူတို႔ရဲ႕အာစိကဒီအေၾကာင္းေျပာေနတာလြန္ခဲ့တဲ့လကတည္းကမဟုတ္လား...။တကယ္လို႔ရွိခဲ့ရင္လည္းအာစိကိုသူတို႔ကူညီေပးလို႔ရေအာင္...။ဒါမွသူတို႔နားေအးမယ္မဟုတ္လား...။
" ေအ..."
!ေအ!တဲ့လား...။
ေသာက္ဖို႔နဲ႕ေမွာက္ဖို႔ဘဲသိတဲ့သူတို႔ရဲ႕အာစိကအခ်စ္ကိုေတြ႕သြားၿပီတဲ့လား...။
ေကာင္မေလးေရ...အမွ်...အမွ်...။
" ဘယ္...ဘယ္သူလဲဟင္...အာစိ..."
ဝတုတ္တစ္ေယာက္သိခ်င္ေဇာနဲ႕အေလာတႀကီးေမးလိုက္မိသည္။အာစိရဲ႕အသည္းႏွလုံးကိုေႂကြက်ေျမခေအာင္လုပ္နိုင္တဲ့ေကာင္မေလးကဘယ္သူလဲဆိုတာသူတို႔သိခ်င္မိသည္။
" နိုး...နိုး...ဘယ္သူလဲဆိုတာမင္တို႔သိဖို႔မလိုဘူး...ေအ့.."
အာစိစကားေၾကာင့္ဝတုတ္နဲ႕ငေက်ာ္တို႔ႏွစ္ေယာက္မ်က္ႏွာမခ်ိဳမခ်ဥ္ျဖစ္သြားၾက၏။သိဖို႔မလိုဘူးတဲ့လား...။အဲ့ဒါဆိုသူတို႔ကနားၿငီးရဦးမွာေပါ့...။
" သိဖို႔မလို႔ဘူး...ေဝေလးကိုမင္းတို႔သိဖို႔မလိုဘူး...အဟက္...ဟက္.."
လက္တစ္ေခ်ာင္းေထာင္ကာသူ႕အေရွ႕ကထန္းရည္အိုးကိုဘယ္ညာယမ္းျပေနတဲ့အာစိကိုၾကည့္ၿပီးဝတုတ္နဲ႕ငေက်ာ္ေခါင္းကိုတဗ်င္းဗ်င္းနဲ႕သာကုတ္ေနမိေတာ့သည္။ေသာက္ဖို႔နဲ႕ေမွာက္ဖို႔သာသိတဲ့သူတို႔ရဲ႕အာစိကအခုေတာ့ေဂါက္တဲ့အဆင့္ကိုေတာင္ေရာက္ေနပါၿပီးေကာ...။
---------------------------------------------------------
ဒီေန႕ၿမိဳ႕ကေနအထည္ေတြလာပို႔တဲ့အတြက္သူနဲ႕ညီမေလးက႐ြာထိပ္မွာလာေစာင့္ယူရသည္။႐ြာထိပ္ကိုမနက္ကတည္းကေရာက္လာေပမယ့္လည္းအထည့္လာပို႔တဲ့လူေတြကေနာက္က်ေနတာေၾကာင့္အခ်ိန္အေတာ္ၾကာတဲ့အထိသူတို႔ေစာင့္လိုက္ရေသးသည္။
ေရာက္လာေတာ့လည္းပစၥည္းေတြကိုဟိုဒီစစ္ရျပန္ေသးသည္။အားလုံးၿပီးသြားေတာ့အခ်ိန္ကညေနေစာင္းေလၿပီး...။ခဏေလးထင္ၿပီးဘာမွမစားဘဲထြက္လာခဲ့တာေၾကာင့္အခုေတာ့ဗိုက္ကအသံေပါင္းစုံထြက္ေနေတာ့သည္။မၾကာခင္မိုးလည္းခ်ဳပ္ေတာ့မွာျဖစ္တဲ့အတြက္သူတို႔ေမာင္ႏွမႏွစ္ေယာက္အလုပ္ကိုျမန္ျမန္လက္စသတ္လိုက္ၾက၏။
" ရေသာ္...ညီမေလး...အားလုံးစုံၿပီးလား...ဘယ္ႏွစ္ထုပ္လိုေသးလဲ..."
" စုံတယ္ကိုႀကီး...မလိုေတာ့ဘူး..."
မွာထားတဲ့ပစၥည္းကအားလုံးစုံတဲ့အတြက္တစ္ဖက္ကလူကိုရေဝက်သင့္ေငြရွင္းေပးလိုက္၏။ၿပီးေနာက္တစ္ေယာက္ကိုတစ္ေယာက္ေက်းဇူးတင္စကားအထပ္ထပ္ေျပာၿပီးလမ္းခြဲလိုက္ၾကသည္။
" ေက်းဇူးတင္ပါတယ္...အစ္ကို..."
" ေက်းဇူးပါဗ်..."
တစ္ဖက္ကလူျပန္သြားေတာ့မွသူလည္းညီမေလးအနားကိုျပန္လာခဲ့လိုက္သည္။အထည္ေတြကမ်ားတဲ့အတြက္ေၾကာင့္ညီမေလးကဟိုဒီလိုက္ၾကည့္ေန၏။
" ကဲ...အဲ့ဒါဆိုျပန္ၾကစို႔...တက္..."
အထည္လာယူတိုင္းသူတို႔ကိုလွည္းေမာင္းပို႔ေပးေနက်ကိဳထင္ေပၚကဒီေန႕မွတိုက္တိုက္ဆိုင္ဆိုင္ေနမေကာင္းျဖစ္ေန၏။ဒါေၾကာင့္ဒီေန႕ေတာ့ရေဝကိုယ္တိုင္လွည္းကိုေမာင္းလာခဲ့ရသည္။
" ဟုတ္ကဲ့...ကိုႀကီး..."
ညီမေလးလွည္းေပၚေရာက္ေတာ့မွသူလည္းအထုပ္ေတြကိုတစ္ခ်က္စစ္ၿပီးလွည္းေပၚကိုတက္လိုက္၏။အခ်ိန္လည္းမရွိေတာ့သလိုဗိုက္လည္းဆာေနၿပီးျဖစ္တာေၾကာင့္အိမ္ကိုျမန္ျမန္ဖို႔ကိုသာတာစူေနမိေတာ့သည္။
" ေသခ်ာကိုင္ထားေနာ္ညီမေလး...ကိုႀကီးေမာင္းၿပီး..."
" ေတာက္...ဟမ္း...ေျဖာင္း...႐ႊမ္း..."
အေနာက္ဘက္ေကာင္းကင္ႀကီးကတျဖည္းျဖည္းနဲ႕ပုစြန္ဆီေရာင္သန္းလာတဲ့အတြက္လွည္းကိုခပ္ျမန္ျမန္ေလးသူေမာင္းလိုက္မိသည္။မိုးမခ်ဳပ္ခင္အိမ္ကိုျပန္ေရာက္မွျဖစ္မည္။အေနာက္မွာထိုင္ေနတဲ့ညီမေလးကေတာ့လမ္းမွာေတြ႕တဲ့လူတိုင္းကိုလွည္းေပၚကေနေအာ္ေအာ္ၿပီးႏႈတ္ဆက္ေနေလရဲ႕...။
" ေဟ့...ေတာက္...ဟမ္း...ဒီႏြားကေတာ့..."
" ေျဖာင္း..႐ႊမ္း..."
ထန္းေတာကေနျဖတ္သန္းတိုက္လာတဲ့ေလးေအးေၾကာင့္ေခြၽးေတြထြက္ေနတဲ့သူ႕ကိုယ္ကအခုေတာ့ခ်မ္းစိမ့္စိမ့္ေလးျဖစ္သြား၏။ေနဝင္ခါနီးျဖစ္တာေၾကာင့္ပူေလာင္အိုက္စက္ေနတဲ့ကိုယ္ကအခုေတာ့ေနရထိုင္ရတာအဆင္ေျပလာခဲ့သည္။
" ေတာက္...ဟမ္း...ေဟ့ႏြား...ေျဖာင္း..."
႐ြာနဲ႕တျဖည္းျဖည္းနီးလာတဲ့အတြက္လူကအခုမွစိတ္ေအးသြားရေတာ့သည္။ဒီပုံအတိုင္းဆိုမိုးမခ်ဳပ္ခင္အိမ္ျပန္ေရာက္ေလာက္ပါသည္။
ထိုစဥ္...။
" ဟာ...သြားၿပီး...ေျဖာင္း...႐ႊမ္း...ေဟ့ႏြား..."
" ကိုႀကီး...ဘာျဖစ္လို႔လဲဟင္..."
" လွည္း..လွည္းကရပ္လို႔မရေတာ့ဘူးဟ...လုပ္ပါဦး...ေဟ့ႏြား.."
" ဟမ္း...လွည္း...လွည္းကရပ္လို႔မရေတာ့ဘူး...ဒါဆို...အမေလး...ကယ္ၾကပါဦးရွင္...လာၾကပါဦး..."
" ေဟ့...ေဟ့...ကြၽတ္...ကြၽတ္..."
အရွိန္နဲ႕ေျပးေနတဲ့ႏြားႏွစ္ေကာင္ကႏွဖားႀကိဳးဆြဲလည္းမရ၊ေခ်ာ့ၿပီးရပ္ခိုင္းလည္းေျပးေနဆဲပင္...။ခုနကေလေအးတိုက္လို႔တိတ္သြားတဲ့ေခြၽးေတြကလည္းအခုေတာ့အေပၚေကာ၊ေအာက္ပါမက်န္ျပန္ထြက္လာကုန္၏။အေနာက္ကညီမေလးခမ်ာအထုပ္ေတြၾကားထဲကေနအရပ္ေလးမ်က္ႏွာလွည့္ၿပီးေအာ္ႀကီးဟစ္က်ယ္အကူအညီေတာင္းခံေတာ့သည္။
" လာၾကပါဦးရွင္...ကယ္ၾကပါဦး..."
သူဘယ္လိုလုပ္ရမလဲ...။
လွည္းကိုပထမဆုံးေမာင္းတဲ့ေနက်မွဒီလိုျဖစ္ရတယ္လို႔...။အရွိန္နဲ႕ေျပးေနတဲ့လွည္းေပၚမွာလူကတုန္ယင္ကာေနေလ၏။တစ္ကိုယ္လုံးမွာလည္းေခြၽးေတြကေရခ်ိဳးထားသလိုပင္... ။
သူေသရေတာ့မွာလား...။
ဟင့္အင္း...။
ေသလို႔မျဖစ္ေသးဘူးေလ...။သူေသလို႔မျဖစ္ေသးဘူး...။
" ကယ္ၾကပါဦးအရပ္ကတို႔ေရ...လုပ္ၾကပါဦး...ကယ္ၾကပါဦး..."
ညီမေလးကေတာ့ေအာ္ဟစ္အကူအညီေတာင္းေနဆဲပင္...။
သူ႕မွာသာလက္ထဲကႀကိဳးႏွစ္ေခ်ာင္းကိုကိုင္ၿပီးဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေန၏။ႀကိဳးကိုအားနဲ႕ဆြဲေပမယ့္လည္းႏြားႏွစ္ေကာင္ကဆြဲေလေျပးေလျဖစ္ေနသည္။
ထိုစဥ္...။
ဟင္...။
လွည္းလမ္းေၾကာင္းတည့္တည့္မွာယိုင္တိယိုင္တိုင္နဲ႕ေလွ်ာက္လာၾကတဲ့လူသုံးေယာက္...။
" ေဟ့...ေဟ့လူေတြ...ဖယ္...အေရွ႕ကဖယ္..."
တစ္လမ္းလုံးျပည့္ေအာင္ေလွ်ာက္လာၾကတဲ့ထိုလူသုံးေယာက္ကိုသူေအာ္ဟစ္ကာလွမ္းေျပာလိုက္သည္။သို႔ေသာ္ထိုလူသုံးေယာက္ကေတာ့သူစကားကိုၾကားပုံမရေပ...။လက္ေလး၊ေျခေလးေတာင္ျမႇောက္ၿပီးကေနလိုက္ၾကေသးသည္။
" ဟာ...ဒုကၡပဲ...ေဟ့လူေတြ..."
" ကယ္ၾကပါဦးရွင္...လာၾကပါဦး...အမယ္ေလ..."
သူတို႔အေရွ႕တည့္တည့္ကေနေျပးလာေနတဲ့လွည္းကိုေတာင္ဒီလူေတြမျမင္ဘူးလား...။လွည္းကလည္းအရွိန္နဲ႕ေျပးေနသလို၊ထိုလူသုံးေယာက္ကလည္းလမ္းရဲ႕အလယ္တည့္တည့္မွာကလို႔ေကာင္းေနဆဲပင္...။
ဒီလူေတြကိုသာလွည္းနဲ႕တိုက္မိရင္ေတာ့...။
ေအာင့္မေလး...။
ေတြးၾကည့္တာနဲ႕တင္လူကရွိသမွ်အေမႊးေတြအကုန္ေထာင္ကုန္၏။
" ေဟ့လူေတြ...ေဟ့...ဟမ္...ကိုမိုးညို..."
---------------------------------------------------------
ေဝဖန္အႀကံျပဳခ်က္မ်ားကိုႀကိဳဆိုလွ်က္...။