အခန်း(၁၂)
" ဖိုးထင်...ဒီဘက်ကိုအုတ်လာချပေးဦး..."
" လာပြီ ကိုကြီးညိုရေ့..."
" ခန့်မောင်...မဆလာကနည်းနေပြီးထပ်ဖျော်လိုက်ဦး...ငဌေး...မင်းသွားဝိုင်းဖျော်ပေးလိုက်...သွား.."
" ဟုတ်ကဲ့ ကိုကြီးညို..."
မိုးညိုတစ်ယောက်လက်ကလည်းအုတ်စီမပြတ်သလို၊ပါးစပ်ကလည်းလိုအပ်တာတွေညွှန်ကြားနေရသည်။ပူလောင်လွန်းလှတဲ့အညာနွေကြောင့်လူကချွေးတဒီးဒီးကျနေ၏။ထို့ကြောင့်ဝတ်ထားတဲ့အဖြူရောင်စွပ်ကျယ်ကိုချွတ်လိုက်ပြီးအပေါ်ပိုင်းဗလာနဲ့အလုပ်ဆက်လုပ်နေလိုက်သည်။
ဒီနေ့တစ်ရက်ထဲအပြီးအုတ်မြစ်ချမှာဆိုတော့ခပ်မြန်မြန်လေးလုပ်နေရ၏။ဒီနေ့မှရာသီဥတုကလည်းအရင်နေ့တွေလိုမိုးအုံ့မနေပဲအစွမ်းကုန်ပူပြင်းနေလေသည်။မိုးညိုတို့အလုပ်လုပ်ပြီးဆိုရာသီဥတုကအဲလိုတစ်ဖက်တစ်လမ်းကကူညီပေးတတ်တာ...။
မိုးညိုနဲ့မျက်နှာချင်းဆိုင်အုတ်စီနေကြတဲ့ဝတုတ်တို့၊ငကျော်တို့အဖွဲ့ကတော့ပူပြင်းလှတဲ့အပူရှိန်ကြောင့်မျက်နှာကပြိုတော့မယ့်မိုးလိုညှို့မှိုင်းနေကြ၏။နားချင်ပေမယ့်လည်းအုတ်မြစ်ကအခုမှပတ်လည်ကိုတစ်ထွာလောက်ပဲတက်ရသေးသည်။
ပြီးတော့သူတို့အာစိရဲ့မျက်နှာကလည်းထန်ရည်သောက်တုန်းလိုရုပ်မျိုးမဟုတ်တဲ့အတွက်ခေါင်းပေါ်ကနေလုံးကြီးကိုအံတုကာဝတုတ်တို့အဖွဲ့ကြိတ်မှတ်ပြီးလုပ်နေရသည်။ထို့ကြောင့်သူတို့ခမျာနေ့လယ်စာစားချိန်မြန်မြန်ရောက်ဖို့ကိုသာကြိတ်ပြီးဆုတောင်းနေမိကြသည်။
" ဟေ့...ငဌေး...မဆလာရရင်ယူခဲ့တော့လေကွာ..."
" ဟုတ်...လာပြီ...ကိုကြီးညို..."
ကျောင်းတစ်ဝန်းလုံးမှာအရိပ်ရတာဆိုလို့တမာပင်ကြီးတစ်ပင်တည်းသာရှိ၏။ရှိတဲ့တမာပင်ကလည်းကျောင်းဆောက်တဲ့နေရာနဲ့အလှမ်းဝေးတော့သူတို့အားလုံးမောရင်တမာပင်ရဲ့အရိပ်ကိုခိုလို့မရပေ...။ဒါကြောင့်အလုပ်လုပ်လို့မောတဲ့အခါခဏနားလိုက်သည်။ပြီးရင်ဆက်လုပ်လိုက်သည်။
သို့ပေမယ့်ဤအခြေအနေကလွန်ခဲ့တဲ့နှစ်နာရီလောက်ကတည်းကပြီးဆုံးသွားပြီဖြစ်သည်။နေလုံးကြီးခေါင်းပေါ်တည့်တည့်ရောက်လာကတည်းကသူတို့ရဲ့ခေါင်းဆောင်မိုးညိုကအားလုံးကိုနားခွင့်မပြုတော့ပေ...။အကြောင်းအရင်းကတော့အလုပ်မပြီးမှာစိုးပါသတဲ့လေ...။
အခုလည်းမဆာလာဖျော်တဲ့ငဌေးတို့အဖွဲ့ကမဆာလာဖျော်ပြီးလို့ခဏမတ်တပ်ရပ်ပြီးနားနေခြင်းပင်...။ဒါကိုအလုပ်မပြီးမှာစိုးရိမ်နေတဲ့မိုးညိုကအုတ်စီရင်းလှမ်းတွေ့တော့ငဌေးတို့အဖွဲ့ကိုအော်လေတော့သည်။
ငဌေးဆိုသည်မှာလည်းတစ်ရွာလုံးရဲ့ကာလသားခေါင်းဖြစ်ပေမယ့်မိုးညိုနဲ့တွေ့ရင်တော့ဦးကျိုးနေရ၏။အခုလည်းမိုးညိုလှမ်းအော်တာကြောင့်မဆာလာထည့်တဲ့ကောင်ကထည့်၊သယ်တဲ့ကောင်ကသယ်နဲ့ပြာယာခပ်ကုန်ကြလေသည်။
" ဟေ့...အားလုံးပဲ...ခဏလောက်နားကြပါဦးဟ...ဒီမှာနေ့လယ်စာစားဖို့ယူလာခဲ့ပြီ...နားလိုက်ကြဦး...မောင်မိုးညိုတို့...ဟေ့...ဟိုဘက်ကထွန်းရွှေတို့...လာကြဦး...ဒီမှာထမင်းလာစားလိုက်ဦး...ပြီးမှဆက်လုပ်ကြ..."
ထမင်းတောင်း၊ဟင်းတောင်းတွေသယ်ပြီးကျောင်းဝန်းထဲကိုဝင်လာကြတဲ့သူကြီးတို့အဖွဲ့ကြောင့်ဝတုတ်တို့၊ငကျော်တို့ကတော့စိတ်ကူးထဲမှာမောင်ရွှေရိုးအက,ကနေကြပြီဖြစ်သည်။
မိုးညိုကတော့သူကြီးစကားကိုစိတ်မဝင်စားအားပေ..။စီနေတဲ့အုတ်တန်းမပြည့်သေးတဲ့အတွက်ထမင်းမစားခင်ပြည့်ဖို့ကိုသာကြိုးကြိုးစားစားလုပ်နေလေသည်။
" အာစိ...ထမင်းစားလို့ရပြီတဲ့..."
" အေ...သွားနှင့်...ငါလိုက်လာမယ်..."
ဝတုတ်ကိုအုတ်စီရင်းမိုးညိုပြောလိုက်၏။ထိုအခါဝတုတ်ကသူ့ကိုနှုတ်ဆက်ပြီးထမင်းစားမယ့်နေရာကိုထွက်သွားတော့သည်။အကုန်လုံးလည်းထမင်းစားမယ့်နေရာအသီသီးကိုထွက်သွားကြပြီးဖြစ်တာကြောင့်အုတ်စီတဲ့နေရာမှာသူ့တစ်ယောက်တည်းသာကျန်နေခဲ့တော့သည်။
" ဟေ့...မိုးညို...မနားသေးဘူးလားကွ..."
" လာခဲ့မယ်ဗျို့..."
အုတ်တန်းကအလျားသုံးတောင်စာလောက်သာရှိတော့သည်။ဒါကြောင့်ဆာနေတဲ့ဗိုက်ကိုလျစ်လျူရှုကာအုတ်တန်းပြည့်သွားအောင်ကြိုးစားပြီးခပ်မြန်မြန်လေးမိုးညိုစီနေမိသည်။
" ဘုတ်..."
ဘေးနားကိုအုတ်ပစ်ချလိုက်တဲ့အသံကြောင့်သူ့လိုအလုပ်ဆက်လုပ်နေတဲ့လူရှိသေးတာပဲလားဆိုပြီးမိုးညိုတွေးလိုက်မိသည်။ဒါကြောင့်အုတ်ပစ်ချတဲ့လူကိုထမင်းစားနားရန်ပြောဖို့အတွက်သူမော့ကြည့်လိုက်စဥ်...
" ထမင်းသွားစား...ဟင်...လူချောလေး..."
ဟုတ်တယ်...။
သူအမြင်မမှားပါ...။
လူချောလေးမှလူချောလေးအစစ်ပါ....။
နံ့သာရောင်လည်းဂတုံးအင်္ကျီလက်တိုလေးနဲ့ပုဆိုးခပ်နွမ်းနွမ်းလေးကိုဝတ်ထားပြီးနှီးခမောက်အဝိုင်းလေးဆောင်းထားတဲ့သူ့ရဲ့လူချောလေး...။မတောက်ပပေမယ့်ထည်ဝါနေတဲ့လူချောလေးကိုမိုးညိုကြောင်အကာကြည့်နေမိသည်။သူ့ရင်တွေအေးသွားအောင်လူချောလေးကတမင်သက်သက်ကိုယ်ထင်လာပြတာများလား...။
" ခင်ဗျား...ထမင်းမစားသေးဘူးလား..."
ချစ်ဖို့ကောင်းလိုက်တာလူချောလေးရယ်...။ဒီကကိုမိုးညိုကြီးကိုရူးသွာစေချင်တာလား...။သုံးတောင်လောက်သာကျန်တော့တဲ့အုတ်တန်းသည်လည်းအခုတော့ဖြင့်လူချောလေးကြောင့်ဘေးရောက်နေလေပြီ...။အရေးမကြီးတော့ပေ...။ပြီးချင်တဲ့အချိန်မှပြီးလည်းကိစ္စမရှိတော့ပေ...။
" ဟေ့လူ..."
" ဟမ်...သြော်...ဟင်...ဘာ...ဘာလဲ...လူချောလေး..."
လူချောလေးရဲ့ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုကြည့်နေတာနဲ့တင်လူချောလေးဘာပြောလိုက်မှန်းမိုးညိုမသိပေ...။သတိပြန်ဝင်လာတော့လူချောရဲ့မျက်နှာကစူပုပ်ပုပ်လေးဖြစ်နေလေပြီ...။
" ခင်ဗျား...ထမင်းမစားသေးဘူးလားလို့..."
" သြော်...အင်...စား..စား...အာ့...ကျွတ်...အာလားလား...လုပ်ပါဦးလူချောလေးရယ်...ကိုမိုးညိုကိုကယ်ပါဦး...အာ့...ကျွတ်...ကျွတ်..."
" ဟင်...ဘာ...ဘာဖြစ်တာလဲ...ခင်ဗျား...ဘာဖြစ်တာလဲ..."
ရုတ်တရက်ကြီးထညဥ်းကာနာကျင်ဟန်ပြနေတဲ့သူ့ပုံစံကြောင့်လူချောလေးခမျာအထိတ်လန့်ဖြစ်သွားလေ၏။မျက်လုံးပြူး၊မျက်ဆံပြူးကာခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့လူချောရဲ့ပုံစံကသူ့မျက်စိထဲမှာအရမ်းကိုချစ်ဖို့ကောင်းလွန်းနေသည်။
အဟွင်း...။
လူချောလေးကသူ့အကွက်ထဲဝင်လာပြီ...။
" ကိုမိုးညို...ကိုမိုညိုခြေထောက်ဘာဖြစ်တာလဲမသိဘူး...အာ့...ကျွတ်...ကျွတ်... ထောက်...ထောက်လို့မရတော့ဘူး..."
" ဟင်...ဟုတ်လား...ဒါဆို...နေဦး...သူကြီး...သူ...သူ..."
ဟာ...ဒုက္ခပါပဲ...။
ခုတ်ရာတခြား...ရှရာတစ်လွဲ...။
သူဖြစ်စေချင်တာဒီလိုမှဟုတ်တာ...။သို့နှင့်မိုးညိုတစ်ယောက်သူကြီးကိုလှမ်းအော်ခေါ်ဖို့ပြင်နေတဲ့လူချောလေးရဲ့ပါးစပ်ကိုလှမ်းပိတ်ရတော့သည်။
" ဟာ...ခင်ဗျားဘာလုပ်တာလဲ..."
" ဟို...လူချောလေးရယ်...ကိုမိုးညိုရဲ့ခြေထောက်...ခြေထောက်ကလေ...ဟို...ကျဥ်သလိုလို...ကြွက်တက်သလိုလိုဖြစ်နေတာဖြစ်မယ်...ခဏလောက်နေရင်သက်သာသွားမှာပါ..."
" ဒါပေမယ့်...ဟို...ကိုမိုးညိုမနက်ကတည်းကလေဘာမှမစားရသေးတော့..."
ဘာမှမစားရသေးဘူးတဲ့လား...။
ဒီစကားကိုသာဝတုတ်တို့၊ငကျော်တို့ကြားရင်အူနာလိုက်မယ့်ဖြစ်ခြင်း...။မနက်ကသူကြီးကျွေးတဲ့ကောက်ညှင်းပေါင်းကိုတစ်ဖြဲ၊နှစ်ဖြဲစားခဲ့တာမိုးညိုဆိုတဲ့ကောင်ကသူမဟုတ်လို့ဘယ်သူရှိရမှာလဲ...။
" ဗိုက်ကအရမ်းဆာနေပြီ...အဲဒါ...ဟို...ဖြစ်နိုင်ရင်လေ..."
" ကျွန်တော်ကခင်ဗျားစားဖို့အတွက်ထမင်းနဲ့ဟင်းသွားယူပေးရမယ်ပေါ့..."
" ကူညီပါ လူချောလေးရယ်..."
မျက်နှာကိုအတတ်နိုင်ဆုံးအိုချကာ(၁၅)မိနစ်အတွင်းထမင်းမစားရရင်သေတော့မလိုဖြစ်နေတဲ့သူ့ပုံစံကိုလူချောလေးကယုံသွားပုံရသည်။သူ့အနားကနေထသွားပြီးထမင်းထိုင်စားနေကြတဲ့လူအုပ်ဆီကိုထွက်သွားလေသည်။
ငါကွ...။
လူချောလေးရဲ့ကျောပြင်ကိုကြည့်ပြီးစိတ်ထဲမှာလက်သီးလက်မောင်းတန်းကာမိုးညိုအောင်ပွဲခံနေမိသည်။ခဏနေတော့လူချောလေးကထမင်းပန်းကန်ကိုင်ပြီးသူ့ဆီကိုပြန်လာလေသည်။ထိုအခါမိုးညိုတစ်ယောက်မှိုရသလိုဖြစ်နေတဲ့မျက်နှာကိုလူချောလေးမမြင်အောင်ချက်ခြင်းပြန်ထိန်းလိုက်၏။
" ကဲ...စားလို့ရပြီ...ရော့..."
" ဟို...လူချောလေးရယ်...ဒီနေရာကနေအရမ်းပူတယ်...ဟိုနားကနည်းနည်းနေရိပ်သလိုပဲ...အဲဒီ...အဲ့ဒီကိုတွဲပို့ပေးပါလားဟင်...နော်..."
ရုပ်ကြမ်းကြီးနဲ့နွဲ့ပြနေရတဲ့သူ့အဖြစ်ရယ်ပါ...။ခြေထောက်ကိုအကြောင်းပြပြီးထမင်းယူခိုင်းလိုက်၊တွဲပို့ခိုင်းလိုက်လုပ်နေတဲ့သူ့ကိုလူချောလေးကကြည့်မရတော့ဘူးဖြစ်မည်။လူချောလေးရဲ့မျက်နှာကတဖြည်းဖြည်းပုပ်သိုးလာ၏။သို့သော်သူ့ပုံစံကိုကြည့်ပြီးဘာမှတော့မပြောပေ...။
" ကဲ...လာဗျာ..."
ဒီလိုနဲ့နှစ်ယောက်သားအရိပ်နည်းနည်းရတဲ့သစ်ပုံနားကိုရောက်ရှိလာခဲ့ကြတော့သည်။လူချောလေးယုံကြည်ဖို့အတွက်သဏ္ဍာန်လုပ်သရုပ်တူအောင်သူ့မှာခြေထောက်လေးကိုထော့နင်း၊ထော့နင်းလုပ်ပြနေရ၏။
" ရပြီလား..."
" အင်း...ရပြီ..."
" အဲဒါဆို...ရော့...ထမင်းပန်းကန်..."
" ဟို...ဟိုလေ..."
" ကျစ်...ဘာဖြစ်ရပြန်ပြီလဲဗျာ..."
" ဒီတစ်ခါပါပဲ...နောက်ဆုံးတစ်ခေါက်ပါပဲ...နော်..."
လက်ညှိုးလေးတစ်ချောင်းထောင်ပြီးရုပ်နဲ့မလိုက်အောင်မျက်နှာအိုနေတဲ့မိုးညိုဆိုတဲ့လူကြောင့်ထွက်နေတဲ့ဒေါသကိုရဝေအတင်းမြိုချနေရ၏။ဒီလူကြီးအတော့်ကိုတရားလွန်နေပြီ... ။ရုတ်တရက်ထနာလာတဲ့ခြေထောက်ကိုအကြောင်းပြပြီးသူ့ကိုခိုင်းစားနေတာ...။
ဒီတစ်ခေါက်ပဲ...။
ဒါနောက်ဆုံးတစ်ခေါက်ပဲ...။
စိတ်လျှော့ရဝေ...စိတ်လျှော့...။
ဟုတ်ပြီ...။
" ကဲ...ဘာလုပ်ပေးရဦးမလဲပြော..."
" ဟို...ဒီမှာလေ...ကိုမိုးညိုလက်တွေကဘိလပ်မြေတွေပေးနေတာ...အဲဒါ...လူချောလေးကကိုမိုးညိုကိုထမင်းခွံ့ကျွေးပါလားဟင်..."
" ဘာ...."
ဒီလူတော်တော်တရားလွန်နေပြီ...။ကိုယ်ကပဲသူ့ကိုထမင်းခွံ့ကျွေးရဦးမယ်တဲ့လား...။
" လုပ်ပါ...လူချောလေးရယ်...ကိုမိုးညိုဗိုက်ဆာနေပြီး...အာ့...ကျွတ်...ကျွတ်...ဗိုက်အောင့်လိုက်တာ..."
ဖြစ်ရပြန်ပြီ...။ပြောတော့ဖြင့်ခြေထောက်နာတယ်ဆိုပြီး၊အခုတော့ဗိုက်ကအောင့်ပြန်ပြီတဲ့လား...။ဒီလူကြီးအမျိုးမျိုးလုပ်တတ်လွန်းသည်။အခုလည်းကြည့်...။ပုံစံကမသိရင်သေတော့မယ့်အတိုင်းပဲ...။
ဝဠ်ကြွေးရှိသမျှတော့ခံပေဦးပေါ့ ရဝေရေ...။
" ဟ...."
ထမင်းနဲ့ဟင်းကိုနယ်ပြီးခွံပေးဖို့လုပ်တော့မျက်နှာကခုနကပုံစံနဲ့လားလားမျှမဆိုင်သလိုဖြီးနေလေရဲ့...။
တတ်လည်းတတ်နိုင်တဲ့လူ...။
" အာ...စားကောင်းလိုက်တာ..."
" အာ...နောက်တစ်လုတ်..."
" ဟ..."
" ငါးဖက်လေးပါထည့်ပေ..."
" ဒီငါးလား..."
" အင်..."
အခုဆိုရင်ဖြင့်သစ်ပုံကိုမှီပြီးမိန့်မိန့်ကြီးထိုင်နေတဲ့အင်္ကျီဗလာ၊အသားညိုညိုနဲ့ကိုလူလည်တစ်ယောက်ကတော့စူပုပ်ပုပ်ရုပ်နဲ့ကောင်လေးခွံ့ကျွေးတဲ့ထမင်းကိုပြုံးပြုံးကြီးစားနေလေရဲ့...။
🌿🌿🌿
---------------------------------------------------------
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
" ဖိုးထင္...ဒီဘက္ကိုအုတ္လာခ်ေပးပါဦး..."
" လာၿပီး...ကိုႀကီးညိုေရ႕..."
" ခန့္ေမာင္...မဆလာကနည္းေနၿပီးထပ္ေဖ်ာ္လိုက္ဦး...ငေဌး မင္းသြားဝိုင္းေဖ်ာ္ေပးလိုက္...သြား.."
" ဟုတ္ကဲ့...ကိုႀကီးညို..."
မိုးညိုတစ္ေယာက္လက္ကလည္းအုတ္စီမျပတ္သလိုပါးစပ္ကလည္းလိုအပ္တာေတြၫႊန္ၾကားေနရသည္။ပူေလာင္လြန္းလွတဲ့အညာေႏြေၾကာင့္လူကေခြၽးတဒီးဒီးက်ေန၏။ထို႔ေၾကာင့္ဝတ္ထားတဲ့အျဖဴေရာင္စြပ္က်ယ္ကိုခြၽတ္လိုက္ၿပီးအေပၚပိုင္းဗလာနဲ႕အလုပ္ဆက္လုပ္ေနလိုက္သည္။
ဒီေန႕တစ္ရက္ထဲအၿပီးအုတ္ျမစ္ခ်မွာဆိုေတာ့ခပ္ျမန္ျမန္ေလးလုပ္ေနရ၏။ဒီေန႕မွရာသီဥတုကလည္းအရင္ေန႕ေတြလိုမိုးအုံ႕မေနပဲအစြမ္းကုန္ပူျပင္းေနေလသည္။မိုးညိုတို႔အလုပ္လုပ္ၿပီးဆိုရာသီဥတုကအဲ့လိုတစ္ဖက္တစ္လမ္းကကူညီေပးတတ္တာ...။
မိုးညိုနဲ႕မ်က္ႏွာခ်င္းဆိုင္အုတ္စီေနရတဲ့ဝတုတ္တို႔၊ငေက်ာ္တို႔အဖြဲ႕ကေတာ့ပူျပင္းလွတဲ့အပူရွိန္ေၾကာင့္မ်က္ႏွာကၿပိဳေတာ့မယ့္မိုးလိုညွို႔မွိုင္းေနၾက၏။နားခ်င္ေပမယ့္လည္းအုတ္ျမစ္ကအခုမွပတ္လည္ကိုတစ္ထြာေလာက္ပဲတက္ရေသးသည္။
ၿပီးေတာ့သူတို႔အာစိမ်က္ႏွာကလည္းထန္ရည္ေသာက္တုန္း႐ုပ္မ်ိဳးမဟုတ္တဲ့အတြက္ေခါင္းေပၚကေနလုံးႀကီးကိုအံတုကာဝတုတ္တို႔အဖြဲ႕ႀကိတ္မွတ္ၿပီးလုပ္ေနရသည္။ဒါေၾကာင့္သူတို႔ခမ်ာေန႕လယ္စာစားခ်ိန္ျမန္ျမန္ေရာက္ဖို႔ကိုသာႀကိတ္ၿပီးဆုေတာင္းေနမိၾကသည္။
" ေဟ့...ငေဌး...မဆလာရရင္ယူခဲ့ေတာ့ေလကြာ..."
" ဟုတ္...လာၿပီး...ကိုႀကီးညို..."
ေက်ာင္းတစ္ဝန္းလုံးမွာအရိပ္ရတာဆိုလို႔တမာပင္ႀကီးတစ္ပင္တည္းသာရွိ၏။ရွိတဲ့တမာပင္ကလည္းေက်ာင္းေဆာက္တဲ့ေနရာနဲ႕အလွမ္းေဝးေတာ့သူတို႔အားလုံးေမာရင္တမာပင္ရဲ႕အရိပ္ကိုခိုလို႔မရေပ...။ဒါေၾကာင့္အလုပ္လုပ္ေနရင္းနဲ႕ေမာတဲ့အခါခဏနားလိုက္သည္။ၿပီးရင္ဆက္လုပ္လိုက္သည္။
သို႔ေပမယ့္ဤအေျခအေနကလြန္ခဲ့တဲ့ႏွစ္နာရီေလာက္ကတည္းကၿပီးဆုံးသြားၿပီျဖစ္သည္။ေနလုံးႀကီးေခါင္းေပၚတည့္တည့္ေရာက္လာကတည္းကသူတို႔ရဲ႕ေခါင္းေဆာင္မိုးညိုကအားလုံးကိုနားခြင့္မျပဳေတာ့ေပ...။အေၾကာင္းအရင္းကေတာ့အလုပ္မၿပီးမွာစိုးပါသတဲ့ေလ...။
အခုလည္းမဆာလာေဖ်ာ္တဲ့ငေဌးတို႔အဖြဲ႕ကမဆာလာေဖ်ာ္ၿပီးလို႔ခဏမတ္တပ္ရပ္ၿပီးနားေနတာျဖစ္သည္။ဒါကိုအလုပ္မၿပီးမွာစိုးရိမ္ေနတဲ့မိုးညိုကအုတ္စီရင္းလွမ္းေတြ႕ေတာ့ငေဌးတို႔အဖြဲ႕ကိုေအာ္ေလေတာ့သည္။
ငေဌးဆိုသည္မွာလည္းတစ္႐ြာလုံးရဲ႕ကာလသားေခါင္းသာျဖစ္ေနတာမိုးညိုနဲ႕ေတြ႕ရင္ေတာ့ဦးက်ိဳးေနရ၏။အခုလည္းမိုးညိုလွမ္းေအာ္တာေၾကာင့္မဆာလာထည့္တဲ့ေကာင္ကထည့္၊သယ္တဲ့ေကာင္ကသယ္နဲ႕ျပာယာခပ္ကုန္ၾကေလသည္။
" ေဟ့...အားလုံးပဲ...ခဏေလာက္နားၾကပါဦးဟ...ဒီမွာေန႕လယ္စာစားဖို႔ယူလာခဲ့ၿပီး...နားလိုက္ၾကဦး...ေမာင္မိုးညိုတို႔...ေဟ့...ဟိုဘက္ကထြန္းေ႐ႊတို႔...လာၾကဦး...ဒီမွာထမင္းလာစားလိုက္ဦး...ၿပီးမွဆက္လုပ္ၾက..."
ထမင္းေတာင္း၊ဟင္းေတာင္းေတြသယ္ၿပီးေက်ာင္းဝန္းထဲကိုဝင္လာၾကတဲ့သူႀကီးတို႔အဖြဲ႕ေၾကာင့္ဝတုတ္တို႔၊ငေက်ာ္တို႔ကေတာ့စိတ္ကူးထဲမွာေမာင္ေ႐ႊရိုးအက,ကေနၾကၿပီးျဖစ္သည္။
မိုးညိုကေတာ့သူႀကီးစကားကိုစိတ္မဝင္စားအားေပ..။စီေနတဲ့အုတ္တန္းမျပည့္ေသးတဲ့အတြက္ထမင္းမစားခင္ျပည့္ဖို႔ကိုသာႀကိဳးႀကိဳးစားစားလုပ္ေနေလသည္။
" အာစိ...ထမင္းစားလို႔ရၿပီတဲ့..."
" ေအ...သြားႏွင့္...ငါလိုက္လာမယ္..."
ဝတုတ္ကိုအုတ္စီရင္းသူေျပာလိုက္၏။ထိုအခါဝတုတ္ကသူ႕ကိုႏႈတ္ဆက္ၿပီးထမင္းစားမယ့္ေနရာကိုထြက္သြားေတာ့သည္။အကုန္လုံးလည္းထမင္းစားမယ့္ေနရာအသီသီးကိုထြက္သြားၾကၿပီးျဖစ္တာေၾကာင့္အုတ္စီတဲ့ေနရာမွာသူ႕တစ္ေယာက္တည္းသာက်န္ေနခဲ့ေတာ့သည္။
" ေဟ့...မိုးညို...မနားေသးဘူးလားကြ..."
" လာခဲ့မယ္ဗ်ိဳ႕..."
အုတ္တန္းကအလ်ားသုံးေတာင္စာေလာက္သာရွိေတာ့သည္။ဒါေၾကာင့္ဆာေနတဲ့ဗိုက္ကိုလ်စ္လ်ဴရႈကာအုတ္တန္းျပည့္သြားေအာင္ႀကိဳးစားၿပီးသူစီေနျခင္းျဖစ္သည္။
" ဘုတ္..."
ေဘးနားကိုအုတ္ပစ္ခ်လိဳက္တဲ့အသံေၾကာင့္သူ႕လိုအလုပ္ဆက္လုပ္ေနတဲ့လူရွိေသးတာပဲလားဆိုၿပီးမိုးညိုေတြးလိုက္မိသည္။ဒါေၾကာင့္အုတ္ပစ္ခ်တဲ့လူကိုထမင္းစားနားရန္ေျပာဖို႔အတြက္သူေမာ့ၾကည့္လိုက္စဥ္...
" ထမင္းသြားစား..ဟင္...လူေခ်ာေလး..."
ဟုတ္တယ္...။
သူအျမင္မမွားပါ...။
လူေခ်ာေလးမွလူေခ်ာေလးအစစ္ပါ....။
နံ႕သာေရာင္လည္းဂတုံးအကၤ်ီလက္တိုေလးနဲ႕ပုဆိုခပ္ႏြမ္းႏြမ္းေလးကိုဝတ္ထားၿပီးႏွီးခေမာက္အဝိုင္းေလးေဆာင္းထားတဲ့လူေခ်ာေလး...။မေတာက္ပေပမယ့္ထည္ဝါေနတဲ့လူေခ်ာေလးကိုမိုးညိုတစ္ေယာက္ေၾကာင္အကာၾကည့္ေနမိသည္။သူ႕ရင္ေတြေအးသြားေအာင္လူေခ်ာေလးကတမင္သက္သက္ကိုယ္ထင္လာျပတာမ်ားလား...။
" ခင္ဗ်ား...ထမင္းမစားေသးဘူးလား..."
ခ်စ္ဖို႔ေကာင္းလိုက္တာလူေခ်ာေလးရယ္...။ဒီကကိုမိုးညိုႀကီးကို႐ူးသြာေစခ်င္တာလား...။သုံေတာင္ေလာက္သာက်န္ေတာ့လည္းအုတ္တန္းလည္းအခုေတာ့လူေခ်ာေလးေၾကာင့္ေဘးေရာက္ေနေလၿပီး...။
" ေဟ့လူ..."
" ဟမ္...ေၾသာ္...ဟင္...ဘာ...ဘာလဲ...လူေခ်ာေလး..."
လူေခ်ာေလးရဲ႕ခ်စ္ဖို႔ေကာင္းတဲ့မ်က္ႏွာေလးကိုၾကည့္ေနတာနဲ႕တင္လူေခ်ာေလးဘာေျပာလိုက္မွန္းမိုးညိုမသိေပ...။သတိျပန္ဝင္လာေတာ့လူေခ်ာရဲ႕မ်က္ႏွာကစူပုပ္ပုပ္ေလးျဖစ္ေနေလၿပီး...။
" ခင္ဗ်ား...ထမင္းမစားေသးဘူးလားလို႔..."
" ေၾသာ္...အင္...စား..စား...အာ့...ကြၽတ္...အာလားလား...လုပ္ပါဦးလူေခ်ာေလးရယ္...ကိုမိုးညိုကိုကယ္ပါဦး...အာ့...ကြၽတ္...ကြၽတ္..."
" ဟင္...ဘာ...ဘာျဖစ္တာလဲ...ခင္ဗ်ား...ဘာျဖစ္တာလဲ..."
႐ုတ္တရက္ႀကီးထညဥ္းကာနာက်င္ဟန္ျပေနတဲ့သူ႕ပုံစံေၾကာင့္လူေခ်ာေလးခမ်ာအထိတ္လန့္ျဖစ္သြားေလ၏။မ်က္လုံးျပဴး၊မ်က္ဆံျပဴးကာ၊ေျခမကိုင္မိ၊လက္မကိုင္မိျဖစ္ေနတဲ့လူေခ်ာရဲ႕ပုံစံသူ႕မ်က္စိထဲမွာအရမ္းကိုခ်စ္ဖို႔ေကာင္းလြန္းေနသည္။
အဟြင္း...။
လူေခ်ာေလးကသူ႕အကြက္ထဲဝင္လာၿပီး...။
" ကိုမိုးညို...ကိုမိုညိုေျခေထာက္ဘာျဖစ္တာလဲမသိဘူး...အာ့...ကြၽတ္...ကြၽတ္... ေထာက္...ေထာက္လို႔မရေတာ့ဘူး..."
" ဟင္...ဟုတ္လား...ဒါဆို...ေနဦး...သူႀကီး...သူ..သူ..."
ဟာ...ဒုကၡပါပဲ...။
ခုတ္ရာတျခား..ရွရာတစ္လြဲ...။
သူျဖစ္ေစခ်င္တာဒီလိုမွဟုတ္တာ...။သို႔ႏွင့္မိုးညိုတစ္ေယာက္သူႀကီးကိုလွမ္းေအာ္ေခၚဖို႔ျပင္ေနတဲ့လူေခ်ာေလးရဲ႕ပါးစပ္ကိုလွမ္းပိတ္ရေတာ့သည္။
" ဟာ...ခင္ဗ်ားဘာလုပ္တာလဲ..."
" ဟို...လူေခ်ာေလးရယ္...ကိုမိုးညိုရဲ႕ေျခေထာက္...ေျခေထာက္ကေလ...ဟို...က်ဥ္သလိုလို...ႂကြက္တက္သလိုလိုျဖစ္ေနတာျဖစ္မယ္...ခဏေလာက္ေနရင္သက္သာသြားမွာပါ..."
" ဒါေပမယ့္...ဟို...ကိုမိုးညိုမနက္ကတည္းကေလဘာမွမစားရေသးေတာ့..."
ဘာမွမစားရေသးဘူးတဲ့လား...။
ဒီစကားကိုသာဝတုတ္တို႔၊ငေက်ာ္တို႔ၾကားရင္အူနာလိုက္မယ့္ျဖစ္ျခင္း...။မနက္ကသူႀကီးေကြၽးတဲ့ေကာက္ညွင္းေပါင္းကိုတစ္ၿဖဲႏွစ္ၿဖဲစားခဲ့တာမိုးညိုဆိုတဲ့ေကာင္ကသူမဟုတ္လို႔ဘယ္သူရွိရမွာလဲ...။
" ဗိုက္ကအရမ္းဆာေနၿပီး...အဲ့ဒါ..ဟို...ျဖစ္နိုင္ရင္ေလ..."
" ကြၽန္ေတာ္ကခင္ဗ်ားစားဖို႔အတြက္ထမင္းနဲ႕ဟင္းသြားယူေပးရမယ္ေပါ့..."
" ကူညီပါလူေခ်ာေလးရယ္..."
မ်က္ႏွာကိုအတတ္နိုင္ဆုံးအိုခ်ကာ(၁၅)မိနစ္အတြင္းထမင္းမစားရရင္ေသေတာ့မလိုျဖစ္ေနတဲ့သူ႕ပုံစံကိုလူေခ်ာေလးကယုံသြားပုံရသည္။သူ႕အနားကေနထကာထမင္းထိုင္စားေနၾကတဲ့လူအုပ္ဆီကိုထြက္သြားေလသည္။
ငါကြ...။
လူေခ်ာေလးရဲ႕ေက်ာျပင္ကိုၾကည့္ၿပီးမိုးညိုတစ္ေယာက္စိတ္ထဲမွာလက္သီးလက္ေမာင္းတန္းကာေအာင္ပြဲခံေနမိသည္။ခဏေနေတာ့လူေခ်ာေလးကထမင္းပန္းကန္ကိုင္ၿပီးသူ႕ဆီကိုျပန္လာေလသည္။ထို႔ေၾကာင့္မိုးညိုတစ္ေယာက္လူေခ်ာေလးမျမင္ေအာင္မွိုရသလိုျဖစ္ေနတဲ့မ်က္ႏွာကိုခ်က္ျခင္းျပန္ထိန္းလိုက္၏။
" ကဲ...စားလို႔ရၿပီး...ေရာ့..."
" ဟို...လူေခ်ာေလးရယ္...ဒီေနရာကေနအရမ္းပူတယ္...ဟိုနားကနည္းနည္းေနရိပ္သလိုပဲ...အဲ့ဒီ...အဲ့ဒီကိုတြဲပို႔ေပးပါလားဟင္...ေနာ္..."
႐ုပ္ၾကမ္းႀကီးနဲ႕ႏြဲ႕ျပေနရတဲ့သူ႕အျဖစ္ရယ္ပါ...။ေျခေထာက္ကိုအေၾကာင္းျပၿပီးထမင္းယူခိုင္းလိုက္၊တြဲပို႔ခိုင္းလိုက္လုပ္ေနတဲ့သူ႕ကိုလူေခ်ာေလးကၾကည့္မရေတာ့ဘူးျဖစ္မည္။လူေခ်ာေလးရဲ႕မ်က္ႏွာကတျဖည္းျဖည္းပုပ္သိုးလာ၏။သို႔ေသာ္သူ႕ပုံစံကိုၾကည့္ၿပီးဘာမွေတာ့မေျပာေပ...။
" ကဲ...လာဗ်ာ..."
ဒီလိုနဲ႕ႏွစ္ေယာက္သားအရိပ္နည္းနည္းရတဲ့သစ္ပုံနားကိုေရာက္ရွိလာခဲ့ၾကေတာ့သည္။သူကေတာ့သ႑ာန္လုပ္သ႐ုပ္တူေအာင္ေျခေထာက္ေလးေတာ့ေထာ့နင္းေထာ့နင္းလုပ္ျပရတာေပါ့...။
" ရၿပီးလား..."
" အင္း...ရၿပီး...လူေခ်ာေလး..."
" အဲ့ဒါဆို...ေရာ့...ထမင္းပန္းကန္..."
" ဟို...ဟိုေလ..."
" က်စ္...ဘာျဖစ္ရျပန္ၿပီလဲဗ်ာ..."
" ဒီတစ္ခါပါပဲ...ေနာက္ဆုံးတစ္ေခါက္ပါပဲ...ေနာ္..."
လက္ညွိုးေလးတစ္ေခ်ာင္းေထာင္ၿပီး႐ုပ္နဲ႕မလိုက္ေအာင္မ်က္ႏွာအိုေနတဲ့မိုးညိုဆိုတဲ့လူေၾကာင့္ရေဝတစ္ေယာက္ထြက္ေနတဲ့ေဒါသကိုအတင္းၿမိဳခ်ေနရ၏။ဒီလူႀကီးအေတာ့္ကိုတရားလြန္ေနၿပီး... ။႐ုတ္တရက္ထနာလာတဲ့ေျခေထာက္ကိုအေၾကာင္းျပၿပီးသူ႕ကိုခိုင္းစာေနတာ...။
ဒီတစ္ေခါက္ပဲ...။
ဒါေနာက္ဆုံးတစ္ေခါက္ပဲ...။
စိတ္ေလွ်ာ့ရေဝ...စိတ္ေလွ်ာ့...။
ဟုတ္ၿပီး...။
" ကဲ...ဘာလုပ္ေပးရဦးမလဲေျပာ..."
" ဟို...ဒီမွာေလ...ကိုမိုးညိုလက္ေတြကဘိလပ္ေျမေတြေပးေနတာ...အဲ့ဒါ...လူေခ်ာေလးကကိုမိုးညိုကိုထမင္းခြံ႕ေကြၽးပါလားဟင္..."
" ဘာ...."
ဒီလူေတာ္ေတာ္တရားလြန္ေနၿပီး...။ကိုယ္ကဘဲသူ႕ကိုထမင္းခြံ႕ေကြၽးရဦးမယ္တဲ့လား...။
" လုပ္ပါ...လူေခ်ာေလးရယ္...ကိုမိုးညိုဗိုက္ဆာေနၿပီး...အာ့...ကြၽတ္...ကြၽတ္...ဗိုက္ေအာင့္လိုက္တာ..."
ျဖစ္ရျပန္ၿပီး...။ေျပာေတာ့ျဖင့္ေျခေထာက္နာတယ္ဆိုၿပီး၊အခုေတာ့ဗိုက္ကေအာင့္ျပန္ၿပီတဲ့လား...။ဒီလူႀကီးအမ်ိဳးမ်ိဳးလုပ္တတ္လြန္းသည္။အခုလည္းၾကည့္...။ပုံစံကမသိရင္ေသေတာ့မယ့္အတိုင္းဘဲ...။
ဝဠ္ေႂကြးရွိသမွ်ေတာ့ခံေပဦးေပါ့ရေဝေရ...။
" ဟ...."
ထမင္းနဲ႕ဟင္းကိုနယ္ၿပီးခြံေပးဖို႔လုပ္ေတာ့မ်က္ႏွာကခုနကပုံစံနဲ႕လားလားမွ်မဆိုင္သလိုၿဖီးေနေလရဲ႕...။
တတ္လည္းတတ္နိုင္တဲ့လူ...။
" အာ...စားေကာင္းလိုက္တာ..."
" အာ...ေနာက္တစ္လုတ္..."
" ဟ..."
" ငါးဖက္ေလးပါထည့္ေပ..."
" ဒီငါးလား..."
" အင္..."
အခုဆိုရင္ျဖင့္သစ္ပုံကိုမွီၿပီးမိန့္မိန့္ႀကီးထိုင္ေနတဲ့အကၤ်ီဗလာ၊အသားညိုညိုနဲ႕လူကေတာ့စူပုပ္ပုပ္႐ုပ္နဲ႕ေကာင္ေလးခြံ႕ေကြၽးသမွ်ကိုၿပဳံးၿပဳံးႀကီးစားေနေလရဲ႕...။
---------------------------------------------------------
ေဝဖန္အႀကံျပဳခ်က္မ်ားကိုႀကိဳဆိုလွ်က္...။