အခန်း(၃)
" ဟေ့...ရပ်စမ်း...ရပ်လိုက်စမ်း..."
လမ်းအလယ်တည့်တည့်မှာသုံးယောက်သားမတ်တပ်ရပ်ကာသူ့တို့ဆီတည့်တည့်လာနေတဲ့နွားလှည်းကိုဝတုတ်ကလှမ်းအော်ပြီးတားလိုက်ကြ၏။မတ်တပ်ရပ်နေကြပေမယ့်မူးနေတဲ့အတွက်သုံးယောက်လုံးရဲ့ခန္ဓာကိုယ်ကစပါးပင်တွေလိုလေယူရာယိမ်းနေကြလေသည်။ထိုအခါလှည်းမောင်းနေတဲ့လူကသူတို့သုံးယောက်ကိုကြောက်သွားလို့ဖြစ်မည်။လှည်းကိုချက်ခြင်းရပ်လိုက်လေသည်။
အရှေ့ကနေကိုးရို့ကားယားနဲ့လှည်းကိုတားနေတဲ့ငမူးသုံးကောင်ကြောင့်လှည်းမောင်းသမားကိုထင်ပေါ်ခမျာနွားကိုချော့ပြီးရပ်လိုက်ရ၏။လှည်းကိုရပ်လိုက်တာနဲ့ထင်ပေါ်ရဲ့အနားမှာထိုင်နေတဲ့ဒေါ်ချိုမြဆီကနေကျွတ်စီ၊ကျွတ်စီအသံကတိုးတိုးတိတ်တိတ်ထွက်ပေါ်လာခဲ့လေတော့သည်။
" ကျွတ်...ကျွတ်...ဟေ့...ဝတုတ်နဲ့ငကျော်...ဘာဖြစ်လို့လဲကွ..."
" နိုး...နိုး...အေ့...ဘာမှမဖြစ်...ဘူး...ခင်ဗျားလှည်းကိုကျုပ်တို့ရဲ့အာစိကတားခိုင်လို့ တားလိုက်တာ...ကဲ...အာစိ...ပြောချင်တာပြောလို့ရပြီ..."
လူကတင်ယိုင်နေတာမဟုတ်၊ထိုးနေတဲ့လက်ညှိုးကလည်းဘယ်ပြီးရင်ညာ၊ညာပြီးရင်ဘယ်ကိုယမ်းနေတာကြောင့်ထင်ပေါ်တစ်ယောက်ဆံပင်မွှေးမရှိတဲ့ခေါင်းကိုအားရပါးရကုတ်လိုက်မိသည်။မိုးချုပ်မှာကြောက်လို့မြန်မြန်ပြန်လာပါတယ်ဆိုမှရွာရဲ့မဟာစည်သူကျက်သရေငမူးသုံးကောင်နဲ့လာတိုးနေရတယ်လို့...။ဒါကြောင့်ညကခေါင်းကိုဆင်တက်နင်းတယ်လို့အိပ်မက်မက်တာကိုး...။
ငမူးနှစ်ကောင်ရဲ့နောက်မှာတော့ခြေထောက်နှစ်ချောင်းကိုကားပြီးခါးထောက်ကာမိန့်မိန့်ကြီးရပ်နေတဲ့ရွာရဲ့ကျက်သရေဆောင်ငမူးထိပ်ခေါင်...။တစ်ရွာလုံးရဲ့ခေါင်းကိုင်ဖခင်ကြီးကအနောက်မှာပါနေတဲ့အတွက်ထင်ပေါ်တစ်ယောက်ပါးစပ်ကထွက်ချင်တဲ့စကားလုံးများကိုဗိုက်ထဲအတင်းပြန်မြိုချလိုက်ရသည်။သူ့နံဘေးမှာထိုင်နေတဲ့ဒေါ်ချိုမြကိုကြည့်လိုက်ပြန်တော့လည်းသူလိုသာပင်...။
" ဖယ်စမ်း..."
အရှေ့ကနေပိတ်ရပ်ကာနှစ်ယောက်သားပူးကပ်ပြီးဖိုက်တာလုပ်နေကြတဲ့တပည့်ကျော်နှစ်ကောင်ကိုလက်နှစ်ဖက်နဲ့မိုးညိုဆွဲခွာပစ်လိုက်၏။ပြီးနောက်ပြေလျော့နေတဲ့လုံချည်ကိုပြင်ဝတ်ရင်းနံဘေးကိုတံထွေးတစ်ချက်ထွေးကာ...
" ဒီမှာ ကိုထင်ပေါ်....
" ဟုတ်...ဟုတ်ကဲ့...မောင်မိုးညို..."
" ကျွန်တော်တို့သုံးယောက်ကိုခင်ဗျားလှည်းနဲ့အိမ်ကိုမောင်းပို့ပေး..."
မိုးညိုရဲ့စကားကြောင့်ထင်ပေါ်တစ်ယောက်နောက်တစ်ကြိမ်ခေါင်းကုတ်ရပြန်လေပြီ...။နံဘေးကဒေါ်ချိုမြကိုကြည့်လိုက်တော့သူ့ကိုမျက်ဖြူကြီးလှန်ကာကြည့်လို့နေ၏။
ဒုက္ခပဲ...။
" ဟို..မောင်မိုးညိုရယ်...လှည်းပေါ်မှာကဧည့်...ဧည့်..."
" တိတ်စမ်း..."
စကားတောင်ပြောလို့မဆုံးသေး...။ဖြတ်အော်လာတဲ့မိုးညိုကြောင့်ထင်ပေါ်တစ်ယောက်တွန့်ခနဲ့ဖြစ်သွားလေ၏။ပြီးနောက်ကိုယ့်ကိုကိုယ်အမှားလုပ်ပြီဆိုတဲ့ပုံစံနဲ့ပါးစပ်ကိုလက်နှစ်ဖက်နဲ့အလျင်အမြန်ပိတ်လိုက်မိသည်။
" ဘာဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်မှမကြားချင်ဘူး...လိုက်ပို့မလား၊မလိုက်ပို့ဘူးလား...ဒါပဲပြော..."
" ဟို...ဟို..."
" ကဲပါ ကိုထင်ပေါ်ရယ်...မိုးညိုအကြောင်းလည်းရှင်သိရဲ့သားနဲ့...ခေါ်တင်လိုက်ပါတော့...မဟုတ်ရင် ဒီမှာပဲမိုးချုပ်သွားတော့မယ်..."
" အေး...အေးပါ...ချိုမြရယ်..."
ဒေါ်ချိုမြရဲ့စကားကြောင့်ကျဥ်းထဲကျပ်ထဲရောက်နေတဲ့ထင်ပေါ်ခမျာအခုမှပဲအသက်ရှူချောင်သွားရတော့သည်။ဒေါ်ချိုမြကိုကြည့်ရတာဒီပြဿနာကိုအမြန်ရှောင်တိမ်းချင်နေဟန်...။
" ကဲ...ကဲ...တက်...တက်..."
" ကဲ...ဟျောင့်တွေ...ကြားတယ်နော်...တက်တဲ့...ကဲ...တက်ကြစို့..."
ယိုင်တိယိုင်တိုင်နဲ့လှည်းပေါ်ကုပ်တက်လာကြတဲ့အမူးသမားတွေကြောင့်နံဘေးကိုကျုံ့ကျုံ့လေးရဝေတိုးကပ်လိုက်မိသည်။သူ့လိုပဲရသော်ကလည်းဘေးကိုကျုံ့ကျုံ့လေးကပ်ထားလေသည်။
လှည်းပေါ်တက်လာတဲ့အမူးသမားသုံးယောက်ထဲမှာမှနှစ်ယောက်ကသူတို့မောင်နှမနှစ်
ယောက်ရဲ့အရှေ့တွင်ဘုတ်ခနဲ့ထိုင်ချလိုက်၏။တစ်ယောက်ကတော့လှည်းအရှေ့ပိုင်းမှာတက်ထိုင်ပြီးကြိမ်လုံးနဲ့နွားဖားကြိုးကိုလှည်းမောင်းတဲ့ဦးလေးကြီးဆီကနေဆွဲယူကာလှည်းမောင်းဖို့ပြင်လေတော့သည်။
ဗုဒ္ဓေါ...။
ဒီငမူးမောင်းတဲ့လှည်းကိုသူတို့စီးရတော့မှာလား...။
ဟိုဦးလေးကြီးကိုကြည့်လိုက်တော့ဒီငမူးတွေကိုကြောက်ပုံရသည်။မျက်စိ၊မျက်နှာတွေပျက်ပြီးဆံပင်ကျိန်စာသင့်နေတဲ့ခေါင်းကိုသာတဗျင်းဗျင်းကုတ်နေ၏။အမေ့ကိုကြည့်လိုက်ပြန်တော့လည်းဒီအမူးသမားတွေရဲ့လုပ်ရပ်ကိုမသိကျိုးကျွံပြုရင်းအဝေးကိုသာငေးကြည့်နေလေရဲ့...။တခါတခါတော့အမေ့ရဲ့သက်ပြင်းချသံကိုသူကြားရသည်။
" ရသော်...ညီမလေး...ဒီလူတွေကဘယ်သူတွေလဲ.."
သိချင်ဇောနဲ့ဘေးကညီမဖြစ်သူရသော်ကိုတိုးတိုးလေးရဝေမေးလိုက်မိသည်။ထိုအခါရသော်ကနှုတ်ခမ်းကိုလက်ညှိုးနဲ့ပိတ်ထားတဲ့ပုံစံမျိုးသူ့ကိုလုပ်ပြလေသည်။ရသော့်ရဲ့ပုံစံကြောင့်သူလည်းဆက်မမေးတော့ပဲဒီအတိုင်းငြိမ်နေလိုက်တော့သည်။
ဒီငမူးတွေကိုအမေတို့ကဘာကြောင့်ကြောက်နေရတာလဲ...။
ဒီလူတွေကဘယ်သူတွေမို့လို့လဲ...။
လူကြီးတွေကတောင်ကြောက်နေရတယ်ဆိုတော့ဟုတ်တော့မဟုတ်သေးဘူး...။
" ရှူး...တိုးတိုး ကိုကြီး ...အိမ်ရောက်မှညီမလေးပြောပြမယ်..."
ရသော်ကသူမေးတာကိုလှည်းပေါ်မှာဖြေချင်ပုံမရပေ..။
" အေ့.."
ထိုစဥ်သူ့အရှေ့မှာထိုင်နေတဲ့အင်္ကျီရင်ဘတ်ဟပြဲနဲ့ပုဆိုးတိုတိုဝတ်ထားတဲ့လူကလေချဥ်တက်လိုက်တာကြောင့်ချဥ်စုပ်စုပ်အနံ့ကသူ့နှာခေါင်းထဲကိုစူးခနဲ့ဝင်ရောက်လာလေတော့သည်။ထိုအနံ့အသက်ကြောင့်လူကပျို့အန်ချင်သလိုတောင်ဖြစ်သွားမိသည်။ရိုင်းစိုင်းလွန်းတဲ့အပြုအမှုကြောင့်ထိုအမူးသမားကိုကြည့်ပြီးသူနှာခေါင်းရှုံ့လိုက်မိသည်။
ရိုင်းလိုက်တာ...။
ဒီလူ...။
ယဥ်ကျေးမှုဆိုတာနာမလည်းဘူးလားမသိဘူး..။
ထိုသို့တွေးမိနေတုန်းသူ့အရှေ့ကငမူးကသူ့ခြေထောက်ရှည်ကြီးတွေကိုထိုင်နေတဲ့သူ့ဘက်ဆီဆန့်ထုတ်လိုက်ပြန်လေသည်။ဒီအခြေအနေမျိုးမှာသူကသာဘေးကြပ်၊နံကြပ်ဖြစ်နေပေမယ့်ထိုလူကတော့အခုမှပဲဇိမ်ကျသွားဟန်...။
ကျစ်...။
စိတ်ပျက်ဖို့ကောင်းလိုက်တာ...။
ဘယ်လိုလူမျိုးနဲ့မှလာပြီးဆုံနေရတာပါလိမ့်...။
သူကသာအရှေ့ကလူကိုကြည့်ပြီးကမ္ဘာပျက်နေပေမယ့်ထိုလူကတော့လုံချည်စ,ကိုကိုင်ပြီးတစ်ဖျက်ဖျက်နဲ့ယပ်ခပ်နေလေသည်။ဒီလူကလှည်းပေါ်မှာသူ့တစ်ယောက်တည်းရှိနေတယ်လို့ထင်နေတာလားမသိပေ...။
ပုံစံကထောင့်မကျိုး၊အပြုအမူကလည်းရိုင်းလိုက်တာ...။
" ကဲ...ဆွဲပြီအာစိရေ့...ဟဲ့...နွား..."
" အောင့်မလေး..."
" အောင့်မလေးဗျ..."
လှည်းကရုတ်တရက်ဆောင့်ထွက်လိုက်တာကြောင့်ရဝေတစ်ယောက်အရှိန်းမထိန်းနိုင်ပဲအရှေ့ကလူရဲ့ခြေထောက်ကိုသွားကိုင်မိလေသည်။ထိုအခါယပ်ခပ်နေတဲ့ထိုလူကသူ့ကိုရီဝေပြီးရဲရဲနီနေတဲ့မျက်လုံးတွေနဲ့စူးစူးစိုက်စိုက်ကြည့်လာလေ၏။ထိုလူရဲ့အကြည့်တွေကစူးရှလွန်းတဲ့အတွက်သူလန့်သလိုရှိလာခဲ့ပြီးကိုင်ထားမိတဲ့ခြေထောက်ကိုယောင်ယမ်းကာလွှတ်လိုက်မိတော့သည်။
ဒီလူဘယ်လိုလူလဲ...။
လူကိုအဲလောက်အထိစူးစူးစိုက်စိုက်ကြည့်နေရလား...။
" ဟဲ...ဟဲ...ရသော်..."
" ဘာလဲ..."
ညီမလေးကိုစပ်ဖြဲဖြဲရယ်ပြနေတဲ့ငမူးတစ်ကောင်ကိုခပ်တည်တည်နဲ့သူကြည့်လိုက်တော့သကောင့်သားရဲ့ဖြဲနေတဲ့ပါးစပ်ကတိခနဲ့ပိတ်ကျသွားလေသည်။ပါးစပ်ကပိတ်သွားပေမယ့်မျက်နှာကတော့အခုထိငရှဥ့်တက်နေတုန်းပင်...။
အလကား...။
ဆန်ကုန်မြေလေးတွေ....။
နောက်ဆိုရင်ဒီလူတွေကိုဝေးဝေးရှောင်ဖို့ညီမလေးကိုပြောထားရမယ်...။
" ဂလုတ်..."
" အ..."
နာလိုက်တာ...။
လှည်းကကျောက်ခဲလုံးပေါ်ကိုခုန်တက်လိုက်တာကြောင့်ရဝေတစ်ယောက်ထိုင်ရာကနေကြွပြီးပြန်ပြုတ်ကျလေတော့သည်။ဆီးဖြူသီးကိုဇကောထဲထည့်လှိမ့်သလိုမောင်နေတဲ့ငမူးကြောင့်အိမ်အမြန်ရောက်ဖို့ကိုသာရဝေဆုတောင်းနေမိတော့သည်။
အိမ်အမြန်ရောက်ပါစေ...။
ဒီငမူးတွေနဲ့လည်းဝေးဝေးနေပါရစေ...။
🌿🌿🌿
♥♥♥♥♥♥♥♥♥♥♥♥♥♥
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
အရှေ့မှာကိုးရိုကားယားနဲ့လှည်းကိုလှမ်းတားနေတဲ့ငမူးသမားသုံးကောင်ကြောင့်လှည်းမောင်းနေတဲ့ကိုထင်ပေါ်ခမျာနွားကိုချော့ပြီးရပ်လိုက်ရ၏။လှည်းကိုရပ်လိုက်တာနဲ့အနောက်မှာထိုင်နေတဲ့ဒေါ်ချိုမြရဲ့ကျွတ်စီကျွတ်စီအသံကတိုးတိုးတိတ်တိတ်ထွက်ပေါ်လာခဲ့လေတော့သည်။
" နိုး..နိုး..အေ့...ဘာမှမဖြစ်...ဘူး...ခင်ဗျားလှည်းကိုကျုပ်တို့ရဲ့အာစိကတားခိုင်လို့...တားလိုက်တာ...ကဲ...အာစိ...ပြောချင်တာပြောလို့ရပါပြီး..."
" ဖယ်စမ်း..."
" ဒီမှာ...ကိုထင်ပေါ်....
" တိတ်စမ်း..."
စကားတောင်မဆုံးသေး...။ဖြတ်အော်လာတဲ့မိုးညိုကြောင့်ထင်ပေါ်တစ်ယောက်တွန့်ခနဲ့ဖြစ်သွားတော့၏။ပြီးနောက်ကိုယ့်ကိုကိုယ်အမှားလုပ်ပြီးဆိုတဲ့အထာနဲ့ထင်ပေါ်ကပါးစပ်ကိုလက်နှစ်ဖက်နဲ့အလျင်အမြန်ပိတ်လိုက်လေသည်။
" ဟို...ဟို..."
" ကဲပါ..ကိုထင်ပေါ်ရယ်...မိုးညိုအကြောင်းလည်းရှင်သိရဲ့သားနဲ့...ခေါ်တင်လိုက်ပါတော့...မဟုတ်ရင်ဒီမှာပဲမိုးလင်းသွားတော့မယ်..."
" အေး..အေးပါ..ချိုမြရယ်..."
" ကဲ..ကဲ...တက်..တက်..."
ယိုင်တိယိုင်တိုင်နဲ့လှည်းပေါ်ကုပ်တက်လာကြတဲ့အမူးသမားတွေကြောင့်ရဝေတစ်ယောက်ဘေးကိုကျုံ့ကျုံ့လေးကပ်လိုက်သည်။သူ့လိုဘဲသူ့ညီမလေးရသော်ကလည်းဘေးကိုကျုံ့ကျုံ့လေးကပ်ထားလေ၏။
ဗုဒ္ဓေါ...။
" ရသော်...ညီမလေး..ဒီလူတွေဘယ်သူတွေလဲ.."
" ရှူး...တိုးတိုး..ကိုကို...အိမ်ရောက်မှညီမလေးပြောပြမယ်..."
" အေ့.."
ထိုစဉ်သူ့အရှေ့မှာထိုင်နေတဲ့အင်္ကျီရင်ဘတ်ဟပြဲနဲ့ပုဆိုးတိုတိုဝတ်ထားတဲ့လူကလေချဉ်တက်လိုက်တာကြောင့်ချဉ်စုပ်စုပ်အနံ့ကသူ့နှာခေါင်းထဲကိုစူးခနဲ့ဝင်ရောက်လာခဲ့လေတော့သည်။ရိုင်းစိုင်းတဲ့အပြုအမှုကြောင့်ထိုအမူးသမားကိုကြည့်ပြီးသူနှာခေါင်းရှုံ့လိုက်မိသည်။
ရိုင်းလိုက်တာ...။
ဒီလူ...။
အခုလည်းကြည့်...။
သူ့ခြေထောက်ရှည်ကြီးတွေကိုထိုင်နေတဲ့ကိုယ့်ဘက်ဆီဆန့်ထုတ်ထားပြန်လေရဲ့...။
သူကသာအရှေ့ကလူကိုကြည့်ပြီးကမ္ဘာပျက်နေတာ...။ထိုလူကတော့လုံချည်စကိုကိုင်ပြီးတစ်ဖျက်ဖျက်နဲ့ယက်ခပ်နေလေရဲ့...။
" အောင့်မလေး..."
" အောင့်မလေးဗျ..."
ရုတ်တရက်လှည်းကဆောင့်ထွက်လိုက်တာကြောင့်ရဝေတစ်ယောက်အရှိန်းမထိန်းနိုင်ဘဲအရှေ့ကလူရဲ့ခြေထောက်ကိုသွားကိုင်မိလေသည်။ထိုအခါယက်ခပ်နေတဲ့ထိုလူကသူ့ကိုနီရဲနေတဲ့မျက်လုံးတွေနဲ့စူးစူးစိုက်စိုက်ကြည့်လာခဲ့၏။ထိုလူရဲ့အကြည့်တွေကိုသူလန့်သလိုရှိလာခဲ့ပြီးကိုင်ထားမိတဲ့ခြေထောက်ကိုယောင်ယမ်းကာလွှတ်လိုက်မိတော့သည်။
ဒီလူဘယ်လိုလူလဲ...။
လူကိုအဲ့လောက်ထိစူးစူးစိုက်စိုက်ကြည့်နေရလား...။
" ဟဲ..ဟဲ...ရသော်..."
" ဘာလဲ..."
အလကား...။
ဆန်ကုန်မြေလေးတွေ....။
နောက်ဆိုရင်ဒီလူတွေကိုဝေးဝေးရှောင်ဖို့ညီမလေးကိုပြောရမယ်...။
" ဂလုတ်..."
" အ..."
နာလိုက်တာ...။
လှည်းကရုတ်တရက်ကျောက်ခဲလုံးပေါ်ခုန်တက်တာကြောင့်ရဝေတစ်ယောက်ထိုင်ရာကနေကြွပြီးပြန်ပြုတ်ကျလေတော့သည်။ဆီးဖြူသီးကိုဇကောထဲထည့်လှိမ့်သလိုမောင်နေတဲ့ငမူးကြောင့်အိမ်အမြန်ရောက်ဖို့ကိုသာသူဆုတောင်းနေမိတော့သည်။
အိမ်အမြန်ရောက်ပါစေ...။
♥♥♥♥♥♥♥♥♥♥♥♥♥♥