# စာတွေပြန်ပြင်ထားတဲ့အတွက် Library ထဲကနေထုတ်ပြီးပြန်ထည့်ပြီးမှဖတ်စေချင်ပါတယ် #
အခန်း(၁)
" ဟဲ့ သမီး...ရသော်...ညဥ်းအစ်ကိုကအခုထိရောက်မလာသေးပါလား...အချိန်ကိုလည်းကြည့်ပါဦး..."
ဒေါ်ချိုမြကဘေးမှာရပ်နေတဲ့သမီးဖြစ်သူကိုလက်တို့ကာအနောက်အရပ်ဆီဝင်လုဆဲဆဲနေလုံးကြီးကိုလက်ညှိုးထိုးပြရင်းဆိုလိုက်၏။ထိုအခါရသော်မှာမိခင်ဖြစ်သူလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်ပြီးမျက်နှာမဲ့သွားလေတော့သည်။
" ဟုတ်ပါရဲ့...ညနေတောင်စောင်းတော့မယ်..."
သမီးဖြစ်သူရဲ့စကားကြောင့်ဒေါ်ချိုမြမှာလမ်းမဘက်ကိုမျှော်ငေးရင်းသက်ပြင်းချလိုက်မိသည်။ဒီနေ့သူမရဲ့သားကြီးကကျောင်းပြီးလို့မြို့ကနေပြန်လာမှာဖြစ်သည်။ဒါကြောင့်သူ(မ)တို့သားအမိနှစ်ယောက်ကရွာထိပ်မှာလာထွက်စောင့်နေကြခြင်းဖြစ်၏။
စောင့်နေကြတာကလည်းမနက်ကတည်းကပင်...။
ပေါ်လာနိုး၊ပေါ်လာနိုးနဲ့မျှော်နေမိတာသူ(မ)တို့သားအမိနှစ်ယောက်ရဲ့လည်ပင်းတောင်မှညောင်ရေအိုးလောက်ရှိတော့မည်။သားဖြစ်သူရဲ့အရိပ်အယောင်ကအခုထိပေါ်မလာသေးပေ...။အချိန်ကလည်းညနေစောင်းလို့မိုးတောင်ချုပ်တော့မှာဖြစ်၏။အခုထိပေါ်မလာသေးတဲ့သားဖြစ်သူကြောင့်ဒေါ်ချိုမြတို့သားအမိနှစ်ယောက်မှာနေမထိထိုင်မသာဖြစ်ကြရတော့သည်။
" အမေ...အမေ...ဟိုမှာကားတစ်စီးလာနေပြီ...ကိုကြီးပါလောက်မယ်..."
သမီးဖြစ်သူညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ခပ်ဝေးဝေးကလာနေတဲ့မှုန်ပြပြကားလေးတစ်စီး...။
ပါလောက်မှာပါ...။
အဲဒီကားထဲမှာသူ(မ)ရဲ့သားလေးပါလောက်မှာပါ...။
'ပါပါစေ'လို့လည်းစိတ်ထဲကနေအကြိမ်ကြိမ်ဆုတောင်းနေမိသည်။မကြာမီထိုကားလေးကသူ(မ)တို့သားအမိနှစ်ယောက်ရဲ့အရှေ့တွင်ထိုးရပ်လိုက်၏။
" ဟယ်...အမေ...အမေ...ကိုကြီးပါတယ်...ကိုကြီးပါတယ်...ကိုကြီး..."
ကားရပ်လိုက်တယ်ဆိုရင်ပဲရသော်ကအပျော်လွန်ပြီးထအော်တော့သည်။သမီးနည်းတူသူ(မ)လည်းနှစ်အတော်ကြာခွဲခွာနေရတဲ့သားဖြစ်သူကိုပြန်ပြီးတွေ့ရတော့မှာဖြစ်တဲ့အတွက်အရမ်းကိုဝမ်းသာနေမိသည်။
ကားပေါ်ကဆင်းလာတဲ့သားကြီးကိုတွေ့တယ်ဆိုရင်ပဲသမီးဖြစ်သူရသော်ကကားအနားကိုပြေးသွားလေ၏။ထိုအခါဒေါ်ချိုမြလည်းသမီးဖြစ်သူရဲ့အနောက်ကိုလှုပ်တုပ်၊လှုပ်တုပ်နဲ့ပြေးလိုက်ရတော့သည်။
" ဆွဲမယ်...ဆရာရေ့..."
သားကြီးကားပေါ်ကဆင်းပြီးတာနဲ့ရပ်ထားတဲ့ကားကမောင်းထွက်သွားလေသည်။ကားပေါ်ကနေဆင်းလာတဲ့သားကြီးကပြေးလာနေကြတဲ့သူ(မ)တို့သားအမိနှစ်ယောက်ကိုတွေ့တဲ့အခါလက်ထဲကအထုပ်တွေကိုပစ်ချပြီးဝမ်းသာအားရလှမ်းခေါ်တော့သည်။
" အမေ...."
" အမလေး...မေ့သားကြီး..မေ့သားကြီးရဝေ..."
အနားကိုရောက်တာနဲ့သားဖြစ်သူရဲ့ကိုယ်လုံးကိုအားပါးတရဒေါ်ချိုမြထွေးဖက်လိုက်၏။ဒေါ်ချိုမြနည်းတူရဝေကလည်းမိခင်ဖြစ်သူရဲ့ကိုယ်လုံးကိုတင်းတင်းကြပ်ကြပ်ထွေးဖက်လိုက်သည်။
" ချောလာလိုက်တာသားရယ်...မတွေ့ရတဲ့နှစ်တွေမှာအသားတွေလည်းဖြူလာလိုက်တာဟယ်...ကြည့်စမ်းပါဦး..."
" အဟား...ဟား..."
မိခင်ဖြစ်သူဒေါ်ချိုမြရဲ့စကားကိုရဝေကသဘောကျသွားပုံရသည်။ဟက်ဟက်ပက်ပက်ကိုရယ်မောလေတော့၏။
" ဟုတ်ပ...ငါတို့ကိုကြီးကအရမ်း၊အရမ်းကိုချောလာတယ်..."
ဒေါ်ချိုမြရဲ့စကားကိုရသော်ကလည်းဝမ်းသာအားရထောက်ခံလေရဲ့...။
" ဟော့ဒီကအမေလှလှလေးကမွေးထားမှတော့သားချောတာအဆန်းလားဗျာ...အဟား...ဟား..."
" အမလေး...ဟုတ်ပါပြီ...ဟုတ်ပါပြီ...."
မတွေ့တာကြာတော့သားအမိသုံးယောက်မှာစကားကိုမကုန်နိုင်၊မခမ်းနိုင်အောင်ပြောနေမိကြသည်။ဒေါ်ချိုမြကိုကြည့်ရတာသားဖြစ်သူပြန်ရောက်လာတဲ့အတွက်အပျော်လွန်ပြီးအိမ်ပြန်ဖို့ကိုတောင်မေ့နေပုံရသည်။
" ဟေ့...ချိုမြရေ...အိမ်ရောက်မှအလွမ်းသယ်ကြတော့ဟ...မြန်မြန်လာကြ...မိုးချုပ်တော့မယ်..."
ထိုစဥ်သူတို့နဲ့မနီးမဝေးမှာရပ်စောင့်နေတဲ့လှည်းပိုင်ရှင်ကိုထင်ပေါ်ကဒေါ်ချိုမြတို့သားအမိသုံးယောက်ကိုလှမ်းခေါ်လေသည်။ထိုအခါမှသာအိမ်ပြန်ဖို့မေ့နေကြတဲ့ဒေါ်ချိုမြတို့သားအမိသုံးယောက်မှာလှုပ်လှုပ်ရှားရှားထဖြစ်ကြတော့သည်။
" ဟုတ်ပါရဲ့...ကဲ...လာကြ...လာကြ...အိမ်ရောက်မှစကားအေးဆေးပြောကြမယ်...အငယ်မ...နင့်အစ်ကိုအထုပ်တွေသယ်ခဲ့..."
" ရတယ်...အမေ...သားပဲသယ်ခဲ့လိုက်တော့မယ်...သွား...သွား..အငယ်မ..."
မြို့ကပြန်လာတယ်ဆိုပေမယ့်အထုပ်ကသိပ်မများပေ...။ကျောပိုးအိတ်တစ်လုံးနဲ့အမေတို့အတွက်ဝယ်လာတဲ့လက်ဆောင်ပစ္စည်းများသာပါသည်။
" ကဲ...ကဲ...ထွက်မယ်ဟေ့..."
" ဟေ့...ဖြောင်း...ရွှီး..."
သူတို့သုံးယောက်လုံးလှည်ပေါ်တက်ပြီးတာနဲ့ကိုထင်ပေါ်ကလှည်းကိုမောင်းထွက်လိုက်၏။အခုမှသေချာကြည့်မိသည်။ခုနကဝင်လုဆဲဆဲနေလုံးကြီးကအခုတော့အနောက်အရပ်ကိုဝင်ဖို့တာစူးနေပါရော့လား...။
_______________________________________
" ဟျောင့်...ဖိုးစီ..."
" ဖိုးစီ..."
ဒီခွေးသူတောင်းစားကတော့ခေါ်မကြားအော်မကြားနဲ့...။
" ဟျောင့်...ဖိုးစည်..."
" ဗျို့...ဗျို့....လာပြီ...လာပြီ..."
" အသံကိုနောက်မှာထား...လူအရင်လာခဲ့စမ်း..."
လူကခေါ်နေတာအသက်ထွက်တော့မယ်..။
ဒါတောင်အသံပဲကြားရသေးသည်။လူကအခုထိပေါ်မလာသေးပေ...။
" ဟျောင့် ဖိုးစီ...မင်းသေချင်ပြီလား...လာခဲ့စမ်း..ခပ်မြန်မြန်..."
" ဟောဟဲ...ဟောဟဲ...မောလိုက်တာ ကိုကြီးညိုရာ..."
" မင်းအမေ့လင်...မင်းပထွေးငါခေါ်တာကြာနေပြီ...မင်းဘာသေလုပ်နေတာလဲဟျောင့်...ဟမ်း..."
ပါးစပ်ထဲအရည်မဝင်သေးတော့လူကစိတ်သိပ်မရှည်ချင်ပေ...။ဒါကိုဒီကောင်တွေသိရဲ့သားနဲ့...။သိသိကြီးနဲ့ကိုလုပ်နေတာ...။
ဒီကောင်တွေက...။
" မဟုတ်ပါဘူးဗျာ...ကျွန်တော်ခုနကထန်းပင်ပေါ်ရောက်နေလို့ပါ...ကိုကြီးညိုအသံကြားတာနဲ့ချက်ခြင်းဆင်းလာခဲ့တယ်လေ..."
" တော်...ငါ့ကိုဘာမှလာမပြောနဲ့...သွား..ခုချက်ခြင်းထန်းရည်နဲ့ကြွက်ကင်သွားယူ...သွား..."
" ဟုတ်ကဲ့...ဟုတ်ကဲ့..."
ပါးစပ်နဲ့ပြောနေတုန်းဖိုးစီတစ်ယောက်ကိုကြီးညိုရဲ့အနားကနေချက်ခြင်းပြေးထွက်လာမိသည်။မဟုတ်ရင်ဘေးနားမှာရှိတဲ့အုတ်ကျိုးကသူ့ရဲ့နဖူးကိုလာမိတ်ဆက်နိုင်သည်မဟုတ်လား...။ပါးစပ်ကလည်းအပြောမချိုသလို၊လက်ကလည်းစက်တပ်ထားသလားအောက်မေ့ရအောင်မြန်တဲ့ကိုကြီးညိုကိုဖိုးစီသာမကတစ်ရွာလုံးကကြောက်ကြသည်။
သူကြီးကအစပေါ့...။
ဒီရွာမှာမိုးညိုမောင်ဆိုတဲ့အသံကြားတာနဲ့တစ်ရွာလုံးငြိမ်ကြရသည်။မငြိမ်လို့လည်းမရ...။မိုးညိုမောင်ဆိုတာဒီရွာမှာအချမ်းသာဆုံးသူဌေးသားတစ်ယောက်...။သူ့ထက်ချမ်းသာတဲ့လူဒီရွာမှာအခုထိမပေါ်လာသေးပေ...။
မိုးညိုမောင်ရဲ့ပိုင်ဆိုင်မှုတွေကဒီရွာမှာလက်ညှိုးထိုးမလွဲအောင်များပြားလွန်းလှသည်။ပြီးတော့ " မိုးညိုမောင် " ဆိုတဲ့လူကဒီရွာရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုနောက်ကွယ်ကနေအဓိကပံ့ပိုးနေသူတစ်ယောက်ဆိုရင်လည်းမမှားပေ...။
ဒါကြောင့်သူကြီးကအစသူ့ကိုရှိန်တာမဆန်းပေ...။တစ်ခုခုဆို "မောင်မိုးညိုရေလုပ်ပါဦး " ၊"မောင်မိုးညိုရေကူညီပါဦး " နဲ့မိုးညိုမောင်ဆီကိုပဲအားလုံးကပြေးပြေးလာကြ၏။အဲဒီလိုလာတိုင်း " မိုးညိုမောင် " ဆိုတဲ့လူကငြင်းတယ်ဆိုတာမရှိပေ...။ဒါကြောင့်မိုးညိုမောင်ကိုဆိုအားလုံးကရှိန်ကြတာဖြစ်၏။
သို့ပေမယ့်...။
မိုးညိုမောင်မှာဉာဥ့်ဆိုးတစ်ခုတော့ရှိသည်။အဲဒါကတော့မနက်တိုင်းထန်းရည်နဲ့မျက်နှာသစ်တတ်တဲ့အကျင့်ပင်...။မိုးလင်းလို့မျက်လုံးနှစ်လုံးပွင့်တာနဲ့မိုးညိုမောင်ရဲ့ဦးတည်ရာကထန်းတောကိုဖြစ်သည်။သို့သော်အမူသမားပေမယ့်မယုတ်မာတတ်တဲ့အတွက်တစ်ရွာလုံးကထိုအချက်ကိုလျစ်လျူရှုထားကြ၏။
ဒါ့အပြင်အသားညိုညို၊အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနဲ့အသက်သုံးဆယ်ဝန်းကျင်သာရှိသေးတဲ့အမူးသမားမိုးညိုမောင်ကိုသမက်တော်ချင်တဲ့မိဘတွေကလည်းဒီရွာမှာဒုနဲ့ဒေပင်...။သို့သော်မိုးညိုမောင်ဆိုတဲ့လူကတော့သူ့အာရုံထဲမှာထန်းရည်သောက်ဖို့ကလွဲပြီးကျန်တာခေါင်းထဲမရှိပေ...။
" ဟျောင့် ဖိုးစီ...မင်းထန်းရည်နဲ့ကြွက်ကင်ကမရသေးဘူးလားဟ...."
ဟိန်းခနဲ့ထွက်လာတဲ့ကိုကြီးညိုရဲ့အသံကြောင့်ထန်းရည်ထည့်နေတဲ့ဖိုးစီခမျာတွန့်ခနဲ့ဖြစ်သွားလေ၏။ဒီလေသံအရဆိုရင်အချိန်ဆွဲနေလို့မဖြစ်တော့ပေ...။မြန်မြန်လုပ်မှရမည်။မဟုတ်ရင်ကိုကြီးညိုရဲ့လက်ချက်နဲ့သူ့ရဲ့မရှိမဲ့ရှိမဲ့အရင်းလေးပြုတ်သွားနိုင်သည်။
" လာပြီ...ကိုကြီးညိုရေ့...လာပြီဗျ..."
ဖိုးစီတစ်ယောက်ပါးစပ်ကလည်းအော်ပြောရင်းလက်ကလည်းထန်းရည်အိုးတစ်မြူနဲ့အဆင်သင့်ထည့်ထားတဲ့ကြွက်ကင်ပန်းကန်ကိုယူကာကိုကြီးညိုရှိတဲ့ဝိုင်းကိုသုတ်ခြေတင်ရတော့သည်။
ဒီနေ့ကျွန်တော်မောင်ဖိုးစီကံမကောင်းပါလား...။
🌿🌿🌿
_____________________________________
ဝေဖန်အကြံပြုချက်များကိုကြိုဆိုလျှက်...။
" ဟဲ့...သမီး..ရသော်...ညဉ်းအစ်ကိုအခုထိမရောက်သေးပါလား...အချိန်ကိုလည်းကြည့်ဦး..."
ဒေါ်ချိုမြတစ်ယောက်ဘေးမှာမတ်တပ်ရပ်နေတဲ့သမီးဖြစ်သူကိုလက်တို့ကာအနောက်အရပ်ဆီဝင်လုဆဲဆဲနေလုံးကြီးကိုလက်ညှိုးထိုးပြလိုက်၏။ထိုအခါသမီးဖြစ်သူရသော်မှာမိခင်ဖြစ်သူလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်ပြီးမျက်နှာမဲ့သွားလေသည်။
လာစောင့်နေတာလည်းမနက်ကတည်းကပင်...။
" အမေ...အမေ...ဟိုမှာကားတစ်စီလာနေပြီး...ကိုကြီးပါလောက်မယ်..."
ပါလောက်မှာပါ...။
အဲ့ဒီကားထဲမှာသူ့သားလေးပါလောက်မှာပါ...။
ထိုစဉ်ကားပေါ်ကဆင်းလာတဲ့သူမရဲ့သားကြီး...။
ကားပေါ်ကဆင်းလာတဲ့သားကြီးကိုတွေ့တယ်ဆိုရင်ဘဲသမီးဖြစ်သူကကားအနားကိုပြေးသွားလေ၏။ထိုအခါဒေါ်ချိုမြခမျာသမီးဖြစ်သူရဲ့အနောက်ကိုလှုပ်တုပ်လှုပ်တုပ်နဲ့ပြေးလိုက်ရတော့သည်။
" ဆွဲမယ်...ဆရာရေ့..."
သားကြီးကားပေါ်ကဆင်းပြီးတာနဲ့ကားကမောင်းထွက်သွားလေသည်။သူ့ဆီကိုပြေးလာနေကြတဲ့သူမတို့သားအမိနှစ်ယောက်ကိုတွေ့တယ်ဆိုရင်ဘဲသားကြီးကလက်ထဲကအထုပ်တွေကိုပစ်ချပြီးဝမ်းသာအားရလှမ်းခေါ်တော့သည်။
" အမေ...."
ဒေါ်ချိုမြတစ်ယောက်သားဖြစ်သူရဲ့အနားကိုရောက်တယ်ဆိုရင်ဘဲသားဖြစ်သူရဲ့ကိုယ်လုံးကိုအားပါးတရထွေးဖက်လိုက်၏။ဒေါ်ချိုမြနည်းတူရဝေကလည်းမိခင်ဖြစ်သူရဲ့ကိုယ်လုံးကိုတင်းတင်းကြပ်ကြပ်ထွေးဖက်လိုက်လေသည်။
" အဟား...ဟား..."
" ဟုတ်ပ...ငါတို့ကိုကြီးအရမ်းအရမ်းကိုချောလာတယ်..."
ဒေါ်ချိုမြရဲ့စကားကိုရသော်ကလည်းဝမ်းသာအာရဝင်ထောက်ခံလေရဲ့...။
" ဟော့ဒီအမေလှလှလေးကမွေးထားတော့...သားချောတာအဆန်းလားဗျာ...အဟား...ဟား..."
" အမလေး...ဟုတ်ပါပြီး...ဟုတ်ပါပြီး...."
" ကဲ...ကဲ...ထွက်မယ်ဟေ့..."
" ဟေ့...ဖြောင်း...ရွှီး..."
_______________________________________
" ဟျောင့်...ဖိုးစီ..."
" ဖိုးစီ..."
" ဟျောင့်...ဖိုးစည်..."
" ဗျို့...ဗျို့....လာပြီး...လာပြီး..."
ဒါတောင်အသံဘဲကြားရသေးသည်။လူကအခုထိပေါ်မလာသေး...။
" ဟျောင့်...ဖိုးစီ...မင်းသေချင်ပြီးလား...လာခဲ့စမ်း..ခပ်မြန်မြန်..."
" မင်းအမေ့လင်...မင်းပထွေးငါခေါ်တာကြာနေပြီး...မင်းဘာသေလုပ်နေတာလဲဟျောင့်...ဟမ်း..."
" တော်ပြီး...ငါ့ကိုဘာမှလာမပြောနဲ့...သွား..ခုချက်ခြင်းထန်းရည်နဲ့ကြွက်ကင်သွားယူ...သွား..."
" ဟုတ်ကဲ့...ဟုတ်ကဲ့..."
သူကြီးကအစပေါ့...။
ဒီရွာမှာမိုးညိုမောင်ဆိုတဲ့အသံကြားတာနဲ့တစ်ရွာလုံးကငြိမ်ကြရသည်။မငြိမ်လို့လည်းမရ...။မိုးညိုမောင်ဆိုတာကဒီရွာမှာအချမ်းသာဆုံးသူဌေးသားတစ်ယောက်...။သူ့ထက်ချမ်းသာတဲ့လူဒီရွာမှာမပေါ်လာသေးပေ...။
သို့ပေမယ့်...။
" လာပြီး...ကိုကြီးညိုရေ့...လာပြီးဗျ..."
_____________________________________