"ဦးခန့် တူတူကြည့်မယ်လေ...
သားကိုရဲပြ...သားမမြင်ရဘူး...""မျက်လုံးနားက ခွာကြည့်ရမှာလေ စစ်ရာ...
ဒီလိုလေးပဲ ကြည့်မယ်နော်...""အွန်း အွန်း..."
"စစ် ဘယ်လို့ပြောနေတာလဲ?..."
"ဟုတ် လို့ပြောတာ ဟီးဟီး..."
"စစ်နော် ပါပါးသင်ပေးထားရက်နဲ့..."
"နောက်ခါပြောတော့ဝူး..."
"အင်းအင်း...ကာတွန်းပြီးတာနဲ့ အိပ်မယ်နော်..."
"ဟုတ်..."
မောင်ခန့်ရဲ့ဖုန်းထဲက ကာတွန်းကားကိုအတူကြည့်နေကြခြင်းဖြစ်သည်..။
"ဦးခန့် ပြီးသွားပြီလား..."
"ပြီးပြီလေကွာ...
မင်းသားလေးနဲ့မင်းသမီးလေး ညားသွားပြီဆိုတော့ ပြီးပြီပေါ့...""မြန်ရိုက်တာ..."
နှာခေါင်းရှုံ့ပြီး ပြောနေတဲ့စစ်ကိုကြည့်ပြီး ရိုးစေပြုံးမိသည်..။ ဘယ်သူနဲ့တူလို့ ဒီလောက်ချစ်ဖို့ကောင်းနေတာလဲမသိဘူး..။
"ကဲ ကာတွန်းကားပြီးပြီဆိုတော့ အိပ်ချိန်ရောက်ပြီ...
ဖုန်းကိုသိမ်းတော့...
ထ သွားအိပ်မယ်...""ဟုတ်...good night စစ်...
မနက်ဖြန်ကျရင် နောက်ထပ်တစ်ပုဒ်ကြည့်ကြမယ်...""ဟုတ်...ဒွတ်နိုက် ဦးခန့်..."
"အဟက်...ဟုတ်ပါပြီကွာ..."
"မောင်ခန့် တံခါးတွေသေချာပိတ်ဦးနော်..."
"ဟုတ် ကိုလေး..."
"အဲ့တာဆို ကိုလေးတို့ဝင်ပြီနော်..."
"ဟုတ်..."
ရိုးစေလည်း စစ်ကိုချီပြီး အခန်းထဲကိုဝင်လာလိုက်သည်..။
"ပါပါး...TVဝယ်ပေးပါရား...
ဖုန်းနဲ့ကြည့်တာ သေးသေးရေး...
ဖိုးဖိုးအိမ်မှာတုန်းကရို အကောင်ကြီးကြီးလေးကြည့်ချင်တယ်...""အင်း...ပါပါးနောက်နေ့ကျ ဝယ်ပေးမယ်နော်.."
"ဟုတ်.. အဲ့တာကြောင့် ပါပါးကိုချစ်နေရတာ..မွမွ..."
"အဟက်...ဟုတ်ပါပြီ...
အိပ်တော့နော်...""ဟုတ်..."