"အင့်!..."
ဗိုက်ပေါ်ကို တစ်ခုခုပြုတ်ကျသလိုခံစားရတာကြောင့် ရိုးစေနိုးလာခဲ့သည်..။ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ စစ်ဖြစ်နေသည်..။
"စစ် နိုးလာပြီလား..."
"ဟုတ်..."
"ပါပါးဗိုက်ပေါ်မထိုင်နဲ့နော်...
အောက်ကိုဆင်း..."ရိုးစေလည်း စစ်ကိုဂျိုင်းကနေမလိုက်ပြီး ဘေးနားကိုချကာ ဖက်ထားလိုက်သည်..။
"ဘာလို့ ပါပါးဗိုက်ပေါ်မထိုင်ခိုင်းတာလဲ?..."
"ဟင်...
သြော် ပါပါးဗိုက်ဗိုက်နာလို့..."ဘာကြောင့်မှန်းမသိ စစ်ကိုဗိုက်ပေါ်မှာမထိုင်စေချင်..။ စစ်ကိုယ်ကလည်း နင့်နေတော့ စိတ်ထဲမှာတစ်မျိုးလေးဖြစ်နေသည်..။
"ဟုတ်လား...နာသေးလားဟင်..."
"မနာတော့ပါဘူး...
ပါပါးသားလေးဘေးမှာရှိနေလို့..""ခစ် ခစ်..."
ကြားလိုက်ရတဲ့စကားကြောင့်စစ်ကရယ်ပြီး ရိုးစေကိုအတင်းဖက်နေသည်..။
"ပါပါးသားလေးကို ချစ်လိုက်တာကွာ..."
"သားလည်းချစ်ရယ်..."
"အဟက် ဟုတ်ပါပြီ ရွှတ် ရွှတ်..."
ရိုးစေလည်း စကားတတ်လွန်းတဲ့စစ်ရဲ့ပါးလေးကို ငုံ့နမ်းလိုက်သည်..။ စစ်ကလည်း သူ့ပါပါးနမ်းသမျှကိုငြိမ်ခံကာ ရယ်နေလေသည်..။
"ပါပါး ညီလေးလိုချင်ရယ်..."
"ဟင်..."
"ညီလေးနဲ့ ဘောလုံးကန်ချင်ရယ်...
ညီလေးမွေးပေး...""ဟင်...အဲ့တာ အဲ့တာက နောက်ကျတော့မွေးပေးမယ်နော်...
အခုမျက်နှာသစ်ကြမယ်နော်...""နောက်ကျရင် တဂယ်ညီလေးမွေးပေးမှာနော်...
ကတိပေး...""အင်းအင်း ပါပါးကတိပေးတယ်...
အခုမျက်နှာသစ်ကြမယ်နော်...""ဟီး ဟုတ်..."
ရိုးစေလည်း စစ်ကိုချီပြီး အခန်းထဲကထွက်လာလိုက်သည်..။ ဘာလို့ဒီလောက်တောင် ညီလေးလိုချင်မှန်းမသိဘူး..။ စစ်ဆီက ညီလေးလိုချင်တယ်လို့ကြားလိုက်ရရင် စိတ်ထဲမှာဘယ်လိုဖြစ်သွားမှန်းကို မသိဘူး..။