"ဗျာ....မေမေ အခုဘာပြောလိုက်တာလဲ?...
ကျွန်တော်အခုနားကြားမှားနေတာလား...""မေမေ တကယ်ပြောနေတာ နေလ...
မင်း သူ့ကိုယူမှဖြစ်မယ်..."အံ့သြလွန်းလို့ နေလမှာ ပြောစရာစကားပျောက်သွားသည်..။
ကျွန်တော့်ကိုယောက်ျားတစ်ယောက်နဲ့လက်ထပ်ရမည်တဲ့..။ လက်ထပ်ရမည့်သူကလည်း ကလေးတစ်ယောက်အဖေတဲ့..။မေမေဆေးစားမှားပြီးများပြောသလားလို့တောင် နေလတွေးမိသည်..။
"ကျွန်တော်မယူနိုင်ဘူးမေမေ...
ကျွန်တော့်မှာ ဝသုန်တစ်ယောက်လုံးရှိနေတယ်လေ...
မေမေကိုယ်တိုင်လည်း ဝသုန်နဲ့သဘောတူတယ်လို့ပြောထားတယ်လေ...""ဟုတ်တယ် မေမေပြောထားတယ်...
ဒါပေမယ့် အခြေအနေက ဒီလိုပဲဖြစ်လာတယ်သား...
မင်း သူ့ကိုယူမှကိုဖြစ်မှာ...""ကျစ်...ကျွန်တော်က သူ့ကိုဘာကြောင့်ယူရမှာလဲ?မေမေ...
ဘာအကြောင်းကြောင့် မေမေက သူနဲ့အတင်းလက်ထပ်စေချင်ရတာလဲ?...""ဟင်း...........
မေမေ သူ့အဖေကို ဆပ်ရမယ့်အကြွေးတွေရှိနေတယ်သား...""ဗျာ....
အကြွေး?...
ဘယ်လောက်လဲ?..သားပြန်ဆပ်မယ်...""၅၀၀၀...သိန်း၅၀၀၀ သား..."
ကြားလိုက်ရတဲ့ ငွေပမာဏကြောင့် နေလဆိုဖာပေါ်မှာထိုင်ချမိသွားသည်..။
"အဲ့လောက်များတဲ့ပိုက်ဆံ မေမေဘယ်လိုသုံးလိုက်တာလဲဗျာ..."
"မင်းဖေဖေနေမကောင်းတုန်းက ယူထားတဲ့အကြွေးတွေရယ်...
မေမေ လောင်းကစားလုပ်မိသွားလို့ပါ...""မေမေ ဘာလို့ဒီလောက်တောင် သုံးပြစ်လိုက်ရတာလဲဗျာ...."
"မင်း အမေကိုအပြစ်တင်နေတာလား...
ငါလည်း တဖက်တလမ်းက ဝင်ငွေရအောင်ရှာနေတာပါ...
မင်းဖေဖေဆုံးသွားကတည်းက အိမ်ရဲ့စီးပွားရေးက ဘယ်လိုဖြစ်နေလဲဆိုတာ မင်းအသိဆုံးပဲဖြစ်မှာပါ...
မေမေ့မှာ အခြေအနေမပျက်အောင် မနည်းနေနေရတာ...
တကယ်လို့ မင်းမှာသိန်း၅၀၀၀ရှိရင်ရပြီ...
သူ့ကိုလက်ထပ်စရာမလိုတော့ဘူး...""ကျွန်တော့်မှာ အဲ့လောက်ပိုက်ဆံ ဘယ်ကရှိမှာလဲဗျာ...
companyကိုတောင် မနည်းလည်ပတ်နိုင်အောင်ကြိုးစားနေရတာကို ဘယ်လိုလုပ်သိန်း၅၀၀၀ကရှိမှာလဲ?..."