Part-30(Uni)

33.4K 2.2K 85
                                    

"ဘာပြောစရာရှိလို့လဲ? ဒေါက်တာ.."

"အရင်ထိုင်ပါဦး..."

လင်းထက်လည်း ခုံမှာမထိုင်ဘဲ မေးလာတဲ့နေလကြောင့် ခုံမှာအရင်ထိုင်ခိုင်းလိုက်သည်..။

"ရိုးမှာကိုယ်ဝန်ရှိနေတယ် ကိုနေလ..."

"ဟင်!..."

"ဟုတ်ပါတယ် ကျွန်တော်တို့ဒီနေ့အတူရှိရတဲ့အကြောင်းအရင်းကလည်း ဒီကိစ္စကြောင့်ပါ..
ရိုးက စစ်ဆေးချင်တယ်ဆိုလို့ ကျွန်တော်ကခေါ်လာပေးတာပါ..."

ကျွန်တော်အခုနားကြားမှားနေတာလား..
ရိုးစေရာမှာ ကိုယ်ဝန်ရှိနေတယ်တဲ့လား..
အဲ့တာကိုတောင် ကျွန်တော်က သူ့ကိုမကောင်းတာကြံမိသွားသေးတယ်..။

"အခုချိန်ှမှာ ရိုးက အားနည်းနေတဲ့အချိန်ပါ...
အဲ့တာကို ကိုနေလက အခုလို ဟင်း......."

"ကျွန်တော်မှမသိတာ...
ပြီးတော့ ရိုးစေရာကလည်းမပြောဘူးလေ..."

"ရိုးကမပြောဘူးဆိုရင်တောင် ကိုနေလဒီလိုလုပ်တာကိုငြိမ်ခံနေခဲ့မယ်လို့တော့ ကျွန်တော်မထင်ဘူး..."

"အဟမ်း သူကမောက်မောက်မာမာပြောတော့ ကျွန်တော်လည်းစိတ်ဆိုးပြီး...."

"အင်းအင်း နောက်တစ်ခါတော့ ကိုယ့်စိတ်ကိုထိန်းပေါ့...
အခု ရိုးမှာကကိုယ်ဝန်ရှိနေတာဆိုတော့ သေချာလေးဂရုစိုက်ပေးပါ.."

"ကျွန်တော်နားလည်ပါတယ်...
ကျွန်တော်အကောင်းဆုံးစောင့်ရှောက်မှာပါ..."

"အင်း သြော် ရိုးနဲ့ကျွန်တော်ကမိတ်ဆွေတွေပါ..
ကိုနေလဘက်က ကျွန်တော်တို့ကိုအထင်မလွဲစေချင်ဘူး..."

"မိတ်ဆွေတွေဆို ခင်ဗျားဘာလို့ရိုးစေရာရဲ့မျက်နှာနားကိုကပ်ပြီး နမ်းဖို့ကြိုးစားတာလဲ?..."

"နမ်းဖို့?...
တစ်ခုခုလွဲနေပြီထင်တယ်..."

"ဘာမှမလွဲဘူး...
ကျွန်တော့်မျက်လုံးနဲ့သေချာမြင်ခဲ့တာ...
ခင်ဗျားရိုးစေရာကို ဟင်း..."

"သြော်...အဲ့တာက ရိုးစေရဲ့မျက်လုံးထဲအမှုန်ဝင်သွားလို့မှုတ်ပေးနေတာ..."

"ဟုတ်လို့လား..."

"ဟုတ်ပါတယ်...
ကိုနေလက အဲ့တာကိုအထင်လွဲပြီး ရိုးကို အင်း....
သဝန်တိုစိတ်တစ်ခုတည်းနဲ့တဲ့ ကိုယ်ချစ်ရတဲ့သူကိုနာကျင်အောင်မလုပ်ပါနဲ့..
ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး ကျွန်တော်ကပြောပြတာပါ...
ရိုးဘက်က မောက်မောက်မာမာပြန်ပြောရင်လည်း ကိုယ်ဝန်ကြောင့်မို့စိတ်ထဲမထားပါနဲ့..."

Six (စစ္) (completed)Where stories live. Discover now