"ပါပါး ဟီး ထ ပါပါး..."
ရင်ဘက်ပေါ်ကို ခန္ဓာကိုယ်သေးသေးလေးက ကုတ်တက်လာတာမို့ ရိုးစေလည်း နိုးလာခဲ့သည်..။ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ စစ်ဖြစ်နေသည်..။
"စစ် နိုးပြီလား..."
"ဟုတ် ဖေဖေ အိပ်နေရယ်..."
"အင်း ဖေဖေကအိပ်နေတယ်...
ပါပါးတို့မျက်နှာသွားသစ်ရအောင်...""No ဆော့ ဆော့..."
"မျက်နှာသစ်ပြီးမှ ဆော့မယ်လေ...
အခုထမယ်နော်...""No..."
ခေါင်းကိုတွင်တွင်ခါပြီး ရိုးစေရဲ့ဗိုက်ပေါ်မှာထိုင်နေလေသည်..။
"ဗိုက်ပေါ်မထိုင်ရဘူး အောက်ကိုဆင်းနော်..."
"ထိုင်မှာ ထိုင်မှာ..."
ရိုးစေနဲ့စစ်တို့ရဲ့အသံကြောင့် နေလလည်းနိုးလာခဲ့သည်..။
"သား ပါပါးဗိုက်ထဲမှာကလေးလေးရှိနေတယ်...
အဲ့တာကြောင့်မို့ မထိုင်ရဘူးနော်...""ဟင် ကလေး...
ဖေဖေ တဂယ်ပြောတာလား..""အင်း တကယ်ပြောတာ..."
"ညီလေးရတော့မှာ ဟီး..."
"ဟုတ်တာပေါ့ စစ် ညီလေးရတော့မှာ..."
"ရေး ညီလေးရတော့မယ် ဟီးဟီး..."
သူ့ပါပါးကိုအတင်းဖက်ပြီး ပြောလာတဲ့စစ်က တကယ်ပျော်ရွှင်နေသလိုပင်..။
"ပါပါးကိုချစ်ရယ် မွ မွ..."
"အဟက် ဟုတ်ပါပြီဗျာ ပါပါးကလည်းပါပါးသားလေးကိုချစ်ပါတယ် ရွှတ်..."
"အဲ့တာဆို စစ်က ဖေဖေ့ကိုကျမချစ်ဘူးပေါ့..."
"ဖေဖေ့ကိုလည်းချစ်ပါရယ်..."
"အဟက်...လူလည်လေး..."
"ထ ပါပါးတို့မျက်နှာသွားသစ်မယ်နော်..."
"ဟုတ် ပီးရင် ဖိုးဖိုးရီးတို့ကိုသွားပြောမယ်..."
"ဟုတ်ပါပြီဗျာ စစ်လေးသဘော..."
"ဟီး..."
ရိုးစေလည်း စစ်ကိုချီလိုက်ပြီး မျက်နှာသစ်ပေးလိုက်သည်..။ မျက်နှာသစ်ပြီးတာနဲ့ သူ့ဖိုးဖိုးကြီးသွားကြွားမယ်ဆိုပြီး စစ်က အောက်ကိုပြေးဆင်းသွားသည်..။