"စစ်ရေ မထသေးဘူးလား...
နေ့လယ်စာ မစားဘူးလား..."မနက်စာစားပြီးတာနဲ့ TVကြည့်နေရင်းအိပ်ပျော်နေတဲ့စစ်ကို ရိုးစေနှိုးနေရသည်..။ ဒီနေ့မနက် Leoကလည်းမလာ မောင်ခန့်ကလည်း လရောင်နဲ့အတူစောင်တွေဝိုင်းလျှော်ပေးနေတော့ စစ်နဲ့ဘယ်သူမှအတူမကြည့်ပေးတာကြောင့် တစ်ယောက်တည်း အိပ်ပျော်နေခြင်းဖြစ်သည်..။
"ရေလည်းချိုးရဦးမှာလေ...
ထတော့....""ထချင်သေးဝူး..."
"နေ့လယ်စာမစားတော့ဘူးလား...
အဲ့တာဆို ပါပါးကိုကိုLeoကိုခေါ်ပြီး အကုန်ကျွေးလိုက်မှာနော်...""ဟွန့်...ဗိုက်ဆာရယ်..."
"ဗိုက်ဆာတာကို ဘာလို့မထတာလဲ?..."
"မထချင်လို့..."
"အဟက်...
ကဲ ထတော့...
ပါပါးရေချိုးပေးမယ်...""ချိုချို ချိုချိုတိုက်..."
"ဟာ သားကလည်း မကြီးမငယ်နဲ့...
ထတော့...ပါပါးနဲ့အတူသွားချိုးမယ်...""ချိုချိုသောက်ချင်လို့ပါဆို..."
"ထွက်မှမထွက်တာ သားကလည်း...
လာပါ ပါပါးချီသွားမယ်..."ရိုးစေလည်း ဂျီကျနေတဲ့သားကိုအမြန်ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲခေါ်လာလိုက်သည်..။
..................................
"စစ် စစ်ရေ...
ကိုလေး ကိုလေး...
ဘယ်သူမှမရှိဘူးလား...""ရှိတယ် Leoရေ...
ဒီမှာလေ စစ်က အခုမှထမင်းကျွေးနေရလို့...
Leoရော စားပြီးပြီလား...
မစားသေးရင် ဒီမှာစားသွားလေ...""စားပြီးပြီ ကိုလေး...
ကိုကို ဒီနေ့စောစောပြန်လာလို့ အတူစားလိုက်တယ်လေ...""သြော်...အဲ့တာကြောင့် မနက်ကမလာတာလား..."
"ဟုတ်...
ညက တရေးနိုးခေါက်ဆွဲပြုတ်ထစားပြီးတော့ ရေနွေးပူလောင်သွားတယ်လေ...
အဲ့တာနဲ့ ဒီမနက်နောက်ကျမှနိုးတာ...""သြော် တော်တော်လေးထိသွားလား..."
"နည်းနည်းပါးပါးပါ အခုပျောက်သွားပြီ..."
"အင်းပါ...
လာ ထိုင်လေ...
ကိုလေးတို့ TVအတူကြည့်ရအောင်...""ဟုတ်..."